မမေ့မလျော့မပေါ့ သတိနဲ့ အစဉ်ထိန်းသိမ်းပေးကြပါ။
William
2012/10/26 si thu soe moe <sithusoe.moe@gmail.com>
အရှင်ရာဟုလာ (မစိုးရိမ်) ရဲ့သတိပေးစာကို FB Lucifer page ကနေကူးပေးလိုက်ခြင်းဖြစ်ပါသည်။ ဇာဂနာပြီးတော့..ဒီကိုယ်တော်...ခေါင်းကောင်းလို့ပွဲတောင်းနေကြသောသူများပေတကားဟု ဒီဂရုထဲမှရဲရဲတောက်မြန်မာ မျိုးချစ်များ အားအကြောင်းကြားလိုက်ရပါသည်......
ဘာသာရေးပဋိပက္ခဖြစ်အောင် ရည်ရွယ်ချက်ရှိရှိနဲ တိုက်ခိုက်နေတာတွေ ဖန်တီးနေတာတွေကို သတိမူကြပါ။
"လူတစ်ယောက်အနေနှင့် မိမိတစ်စုတစ်ဖွဲ့၏ အတွေးအခေါ်အယူအဆကို လေးစားကြည်ညိုယုံမျှနှင့် မပြီး။ အခြားတစ်ပါးသောသူများ၏ အတွေးအခေါ်အယူဆများကိုလည်း ကျိုးကြောင်းခိုင်လုံမှု မရှိပဲ ဝေဖန်နှိပ်နှယ်ခြင်း မပြုသင့်" ။ (အသောကကျောက်စာ) ။
"မတူသော အယူအဆများ ညှိနိုင်းဆွေးနွေးကြရာတွင်၊ အစဉ်အလာကြောင့် အယူများအပေါ်အားပြုသည်ထက်၊ ဆင်ခြင်တုံတရားကို ရှေ့တန်းတင်သည်က လူမှုရေးသဟဇာတမျှမှုကို ပိုမိုဦးတည်စေနိုင်လိမ့်မယ်" ။ (အက္ကဗာနန်းရင်ပြင်တွင် ဘာသာပေါင်းစုံ နှီးနောဖလှယ်ပွဲကျင်းပပေးခဲ့သော အက္ကဗာမူဆလင် ဘုရင်ကြီး)။
အထက်ဖေါ်ပြပါ ကောက်နှုတ်ချက်စကားတွေကို ပြောကြားခဲ့တဲ့ ဒီဘုရင်နှစ်ပါးဟာ ကိုးကွယ်တဲ့ ဘာသာတရားတွေ မတူကြပါဘူး၊ တစ်ပါးက ဗုဒ္ဓဘာသာကို ကိုးကွယ်ပြီး၊ တစ်ပါးက မူဆလင်ဘာသာကို ကိုးကွယ်ကြတာပါ။ သို့သော်လည်း သူတို့ သဘောထားတွေကို ကြည့်ခြင်းအားဖြင့် အချင်းချင်း လေးလေးစားစား အတူယှဉ်တွဲနေနိုင်ရေးကို အထူးလိုလားကြတယ်ဆိုတာ သိသာထင်ရှားလှပါတယ်။
ဦးဇင်းတို့ မြန်မာနိုင်ငံကတော့ ဘာသာတရားတွေ အချင်းချင်း မတဲ့အောင်၊ တစ်ဖွဲ့နဲ့  တစ်ဖွဲ့  မတည့်အောင် ပုံစံ အမျိုးမျိုးနဲ့ မီးမွေးနေကြတာပါ။ အာဏာရှင်တွေဟာ သူတို့ နိုင်ငံရေးအကြပ်တည်းဖြစ်တိုင်း မူဆလင်ဘာသာဝင်တွေ ခရစ်ယာန်ဘာသာဝင်တွေနဲ့ ဗုဒ္ဓဘာသာဝင်တွေကို ရန်တိုက်ပေးတာပါ။ ဒါကို ထွက်ပေါက်အနေနဲ့ အာဏာရှင်တွေက လက်နှက်တစ်ခုသဖွယ် အသုံးပြုတတ်ပါတယ်။ အာဏာရှင်တွေက လူမျိုးရေး အဓိကရုဏ်း၊ ဘာသာရေးအဓိကရုဏ်းဖြစ်အောင် ပိုဖန်တီးလေ့ ရှိပါတယ်။
မြန်မာနိုင်ငံမှာ ဗုဒ္ဓဘာသာကို အထူးဝိသေသပြုထားတာတောင်မှ နိုင်ငံတော်သံဃာ့မဟာနာယကလို အဖွဲ့မျိုးတွေဖွဲ့ပြီး သံဃာတော်အချင်းချင်း ဖိနှိပ်ချုပ်ချယ်ခိုင်းထားတာပါ၊ ယနေ့ သံဃာတွေ တိုင်းတပါးမှာ ထွက်ပြေးနေရတာတွေ၊ ထောင်တွေမှာ အကျဉ်းကျနေတာတွေ၊ ရဲဘက် အလုပ်စခန်းတွေမှာ အနှိက်စက်ခံနေရတာတွေ၊ အလုပ်ကြမ်းတွေ လုပ်နေရတာတွေ၊ စစ်ကြောရေးတွေမှာ လူမဆန်စွာ စနစ်တကျ နှိပ်စက်ခံနေတာတွေကို နိုင်ငံတော်သံဃာ့မဟာနာယကတွေ မသိဘဲ မရှိပါဘူး။ သိသိကြီးနဲ့  နှုတ်ငုံပိတ်နေတဲ့အပြင် အာဏာရှင်အလိုကျအောင်တောင် သံဃာတွေကို ဖိနှိပ်ချူပ်ချယ်နေတဲ့ သံဃာ့အာဏာရှင်အသွင်တောင် ပိုဖြစ်ပြနေပါတယ်။
အာဏာရူးအုပ်ချုပ်သူတွေရဲ့ အာဏာတည်မြဲရေးအတွက် ဖွဲ့ခဲ့တဲ့ မဟာသံဃာ့ အဖွဲ့စည်းကြီးဆိုတာ ဒီနေ့ သာမန်လူတွေတောင် နားလည်လာပါပြီ။ သံဃာထုရဲ့ ဘ၀တွေကို ဘာလုံခြုံမှုမှ မပေးနိုင်တော့ဘူးဆိုတာလည်း သိလာပါပြီ။ နယ်က တောက အဖိုးအဖွားတွေအတွက် မြို့ပေါ်တတ် စာသင်နေတဲ့ ကိုယ့်ရဲ့ မြေး ကိုရင်၊ ဦးဇင်းတွေ အန္ဒရာယ်ဖြစ်မှာ စိတ်မချရတဲ့ အနေအထားမှာ ရောက်နေပါပြီ။
အာဏာရူးတွေ မတရားအုပ်ချူပ်လာနေတဲ့ကာလတစ်လျှောက် မြန်မာနိုင်ငံသမိုင်းမှာ အာဏာရှင် မဆလ န၀တ နအဖတွ အကွက်ဆင် ဖန်တီးခဲ့လို့  တရုတ် - ဗမာ အဓိကရုဏ်းဖြစ်ကြလို့ ၊ ကုလား - ဗမာ အဓိကရုဏ်းဖြစ်ကြလို့  ပြည်သူတွေအချင်းချင်း သေကြေပျက်စီးခဲ့ရတာတွေ သာဓက ရှိပါတယ်။
အာဏာရူးတွေဟာ ဘာသာခြား လူမျိုးခြားအချင်းချင်း သွေးခွဲလှုံ့ ဆော် ပြဿနာဖြစ်အောင် လုပ်ရုံမက ဘာသာတူ လူမျိုးတူအချင်းချင်းလည်း တစ်ဦးနဲ့  တစ်ဦး ယုံကြည်မှုနည်းအောင် ပဋိပက္ခဖြစ်အောင် ယုတ်မာစွာ လုပ်ဆောင်တယ်ဆိုတာ ယနေ့  ပြည်သူတွေ သတိမူ ဂရုစိုက်ကြဖို့  လိုပါတယ်။ မူဆလင်နဲ့  ခရစ်ယာန်နဲ့  ဗုဒ္ဓဘာသာဝင်တွေ အချင်းချင်းကြားထဲ လုပ်ကြံသွေးထိုး ပြည်သူတွေအနေနဲ့  အာဏာရူးတွေ ဆင်တဲ့ ထောင်ချောက်အကွက်ထဲ မ၀င်သွားအောင် တစ်ဦးချင်းစီတိုင်းက သတိ အတော့်ကို ထားရမှာပါ။
ဘယ်သူဘယ်ဝါ ဘယ်ကမှန်းမသိဘဲ မိမိဘာသာ မိမိလူမျိုးကို ဆန့် ကျင်စော်ကားတဲ့ အပြောတွေ စာတွေ ကြားရ မြင်ရ ဖတ်ရတာနဲ့  ချက်ချင်း ခံစားမှုတွေပေါ်လာပြီး အလျင်စလို တုန့် ပြန်မိတာတွေဟာ အာဏာရူးတွေ ဆင်ထားတဲ့ ထောင်ချောက်အကွက်ထဲ အလွယ်တကူ ၀င်သွားမှာ ဖြစ်ပါတယ်။ ဒီလိုမဖြစ်ရလေအောင် သတိထားဖို့ ကတော့ ဒီလိုစော်ကားဆန့် ကျင်ပြောဆိုရေးသားသူတွေရဲ့  အပြောတွေ အရေးသားတွေကို ကြားရမြင်ရတဲ့အခါမှာ စိတ်ကို တည်ငြိမ်အောင်ထားပြီး ဒီလိုအပြောအဆိုအရေးအသားတွေ စတင်လာခဲ့တဲ့ မူလဇစ်မြစ်ကို စုံစမ်းရှာဖွေဖေါ်ထုတ်ရမှာ ဖြစ်ပါတယ်။ လူမှုရေးမှာ ဘာသာရေးမှာ ဦးဆောင်သူတွေအနေနဲ့ လည်း ဒီလိုကိစ္စမျိုးတွေမှာ မိမိတို့  လူမျိုး ဘာသာဝင်တွေကို စိတ်လိုက်မာန်ပါ မပြောဆိုကြဖို့  မလုပ်ကြဖို့  ထိန်းသိမ်းရင်း ပြဿနာရင်းမြစ်ကို ရှာဖွေပြီး လုပ်ကြံဖန်တီးမှုတွေကို ဖေါ်ထုတ်ကြရမှာပါ။
ဘာသာတရားတွေကို ဆန့် ကျင်စော်ကားတဲ့ ရေးသားမှုတွေ ရုတ်ချည်းပေါ်ထွက်လာတာဟာ မသင်္ကာဖွယ်ဆိုတာ သတိထားကြရပါမယ်။ ဘာသာရေး လူမျိုးရေးပဋိပက္ခ ဖြစ်အောင် ဖန်တီးတဲ့နေရာမှာ ဖန်တီးကြသူတွေဟာ သူတို့ အချင်းချင်း လက်ဝါးချင်းရိုက်ထားလေ့ ရှိပါတယ်။ ဒါဟာ သာမန်လိမ်လည်မှုတွေမှာ တွေ့ ရတဲ့ပုံစံနဲ့ လည်း တူပါတယ်။ တစ်ဦးက ဆန့် ကျင်ဘက်စကားပြောမယ် နောက် သူတို့ လူ တစ်ဦးက ပြန်ပြီးတုန့် ပြန်ပြမယ်၊ ဒီလိုနဲ့  ကျန်တဲ့ သတိမထားမိသူတွေ ခံစားမှုပြင်းတဲ့သူတွေ ပါလာအောင် ဆွဲခေါ်ပါတော့တယ်။ ဒီအတွက် သာမန် ခံစားမှုနဲ့ ပြောသူတွေပါ တဖြည်းဖြည်းနဲ့  များလာပြီး ကြီးမားတဲ့ အခြေအတင်စကားများရာကနေ နောက်ဆုံး အုပ်စုလိုက် ကိုယ်ထိလက်ရောက် ရိုက်ကြပုတ်ကြ သတ်ကြဖြတ်ကြတဲ့ ဘာသာရေး လူမျိုးရေးအဓိကရုဏ်းတွေ ဖြစ်ပေါ်လာပါတော့တယ်။
ဘာသာရေးဆန့် ကျင်စော်ကားမှုတွေကို ရေးသားမှုဟာ ပြဿနာဖန်တီးလိုသူတွေအတွက် အလွယ်တကူနေရာဖြစ်နေလို့  ဖတ်တဲ့သူတွေက ပိုသတိထားရပါမယ်။ မူလရေးသားသူ ဘယ်သူဘယ်ဝါဆိုတာ ထုတ်ဖေါ်သိရှိဖို့  ခက်ခဲသလိုဈ ဒီရေးသားမှုဟာ အလွယ်တကူ ပြန့် နှံ့ နိုင်ပါတယ်။ ဒီအတွက် ဖတ်မိသူတွေဟာ ကိုယ်ကိုတိုင်က ဒီလို ပြဿနာစာတွေ အရေးအသားတွေကို ထပ်မံဖြန့် ဖြူးပေးနေသလို ဖြစ်မှန်းမသိ ဖြစ်၊ ဆင်ထားတဲ့ပြဿနာထဲ ကိုယ်ကိုတိုင် ပါဝင်လို့  ပါဝင်မှန်း မသိနဲ့  ဖြစ်သွားနေတယ်ဆိုတာ သတိထားကြဖို့  သင့်ပါတယ်။
ထို့ အတူ အထက်မှာ ဖေါ်ပြရေးသားချက်ပါ သတိမူ ဂရုစိုက်ကြရမယ့် အာဏာရူးတွေရဲ့  ပြည်သူတွေအပေါ် နိုင်ငံရေးအဖြစ်အပျက်တွေကနေ အာရုံလွှဲရအောင်၊ ပြည်သူအချင်းချင်း အဖွဲ့ အစုအချင်းချင်း လူမျိုးအချင်းချင်း ဘာသာတရားတွေ အချင်းချင်း သွေးထိုးဖန်တီး အကွက်ဆင်ထောက်ချောက်လုပ်တာတွေကို မည်သို့ သော ဆန့် ကျင်ပြောဆိုမှု ရေးသားမှုကိုမဆို မစုံစမ်း မလေ့လာ ရင်းမြစ်ကို မရှာ အခြအနေအချိန်ကာလကို မကြည့်ဘဲ မိမိတို့ ရဲ့  ပကတိရိုးသားသော ခံစားမှုများဖြင့် လျင်မြန်စွာ တုန့် ပြန်ကြမယ် ဒီလို ဘသာသာတရားစော်ကားမှု လူမျိုးရေးစော်ကားမှုတွကို အခြားသူ သိစေလိုတဲ့ စေတနာအရိုးခံနဲ့  ဖြန့် ပေးကြမယ်ဆိုရင် အမှိုက် စ ပြသာဒ်မီးလောင်ဆိုတာလို လူမျိုးရေး အဓိကရုဏ်းကြီးတွေအထိ ဦးတည်သွားနိုင်မယ့် လမ်းကြောင်းထဲ မိမိကိုယ်တိုင် ပါမှန်းမသိ ပါသွားနိုင်တာကို၊ လုပ်ကြံဖန်တီးသူတွေ အကွက်ဆင်တဲ့ထဲ ၀င်သွားမှန်းမသိ ၀င်သွားနိုင်တာကို အထူးသတိထားကြပါလို့  ပြည်သူများအကျိုးကို ရှေ့ ထားပြီး မေတ္တာရပ်ခံလိုပါတယ်။
မြန်မာနိုင်ငံမှာ အာဏာရူးတွေ အုပ်ချူပ်နေစဉ်အတွင်းမှာ ပြည်သူတွေအနေနဲ့  ဘာသာမတူ လူမျိုးမတူပေမယ့် တစ်နိုင်ငံထဲနေ တစ်ရေထဲသောက်ပြီး မိမိတို့  ချစ်မြတ်နိုးတဲ့ မြန်မာနိုင်ကြီးအတွက် အချင်းချင်း ပဋိပက္ခမဖြစ်ရကြလေအောင် အစစအရာရာမှာ ဆင်ခြင်သတိနဲ့  ပိုမို လက်တွဲစည်းလုံးကြဖို့ ၊ ဘာသာရေးအဓိကရုဏ်ဖြစ်နိုင်မယ့် လူမျိုးရေးအဓိကရုဏ်းဖြစ်နိုင်မယ့် မင်္သကာဖွယ်ဖန်တီးမှုများကို ကာကွယ်တွန်းလှန်ကြဖို့  ဖန်တီးသူတွေကို ရှာဖွေဖေါ်ထုတ်ကြဖို့  အလွန်ပင်အရေးကြီးလှပါကြောင်း တိုက်တွန်းလိုက်ရပါတယ်။
အရှင်ရာဟုလာ (မစိုးရိမ်)2012/10/25 Lynn Htet Swe <myatchitshin@gmail.com>ဇာဂနာ ပြောတာ သွေးထွက်အောင် မှန်တယ် လို့ ကျွန်တော် မြင်ပါတယ်။
ဗမာ အများစု ရဲ့ စိတ်ဓါတ်နဲ့ အစွဲ တွေ ဟာ နှစ်ပေါင်းများစွာ တည်ဆောက် လာ လို့ မျိုးချစ်စိတ် နဲ့ ဇာတိမာန် တွေ စူးရှထက်သန် နေကြပါတယ်။ ခေတ်စနစ်တွေ ပြောင်း လဲ သွားပေမဲ့ လဲ ဒီ ယဉ်ကျေးမှု နဲ့ စိတ်ပိုင်းဆိုင်ရာ အဆောက်အအုံ တွေ က ပြောင်းပါဘူး။
အထူးသဖြင့် ဒီမိုကရေစီ နဲ့ လစ်ဘရယ် အတွေးအမြင် တွေ နဲ့ ယဉ်ပါးဖို့ တောင် တော်တော် အလှမ်းဝေး ပါသေးတယ်။
ဒီတော့ အများစုကြီးမှာ က==
(၁) ယုံကြည်မှု စက်ဝိုင်း (trust circle) က တိုတောင်းတယ် ကျဉ်းမြောင်းတယ်။
(၂) အရာရာ ကို လူမျိုးရေဗဟိုပြု အမြင် နဲ့ ချဉ်းကပ်တယ်။ အမျိုး ဘာသာ သာသနာ ကို ရှေ့တန်းတင်လွန်းရင် ဒီမိုကရေစီ နဲ့ ဆန့်ကျင်ဖက် ကို သွားလိမ့်မယ်။
(၃) ဘာသာရေးမှာ လဲ ငါတို့ ဘာသာပဲ အမှန်ဆုံး ဆိုတဲ့ exclusivism ကို ဆွဲကိုင်တယ်။ တစ်ခြား ဟာတွေ က ဖွဲ နဲ့ ဆန်ကွဲ။
(၄) မတူကွဲပြားသူတွေ နဲ့ နေထိုင်နိုင်ဖို့ Tolerance နည်းတယ်။ အပြုသဘောဆောင်တဲ့ နည်းထက် အပြီးတိုင် ဖယ်ရှားမောင်းထုတ်ပစ်ချင်တဲ့ ဆန္ဒ က ပဲ အားကောင်းနေပါတယ်။
(၅) အုပ်စုတောင့် ရင် ၀ိုင်းအော်ဖို့ တော့ အားရှိကြတယ်။ ဒစ်ပလို မေစီ ဆိုတာ ကို နားမလည်ဘူး။ မပါးနပ်ကြဘူး..နိုင်ငံရေးရင့်ကျက်မှု နည်းတယ်။
ဆိုတာ တွေ ကို တွေ့ရပါတယ်။ အခု အချိန် Poll စစ်တမ်းကောက်ကြည့် ရင် ရာခိုင်နှုန်းတော်တော်များများ က မွတ်စလင်မုန်းတီးရေးနဲ့ အပြုတ်တိုက်ရေး ဖက် တွေ ကို ယိုင်နေကြမှာ သေချာ ပါတယ်။ ဒီတော့ အခုလို တုန့်ပြန်မှု တွေ သောသောညံညံ ဖြစ်လာတာ မဆန်းပါ။ တစ်ဖက် ကလဲ ဒါကို အသုံးချ နိုင်တယ် ဆို တာ ကို လဲ မဆန်းဘူးလို့ သာ ဆိုရပေမယ်။
2012/10/24 si thu soe moe <sithusoe.moe@gmail.com>--FREEDOM NEWS GROUP ၏ FB စာမျက်နှာမှ ပြန်လည်ဝေငခြင်းဖြစ်ပါသည်.....ပညာရှိသတိဖြစ်ခဲ..ဆိုသောဆိုရိုးကိုအမြဲနှလုံးမူကြပါရန်...ဇာဂနာပြောတာလည်းဖြစ်နိုင်ချေအလွန်ရှိ ကြောင်း....။
မည်သည့် နိုင်ငံ တကာ အဖွဲ့ အစည်း မှ FB မှတ် ချက် ကို အရေးတယူ လုပ် ပြီး ကြည့်ရှု မနေသော်လည်း ၊ နိုင်ငံ တကာ အဖွဲ့  အစည်း ဟု စိတ် ထင်တိုင်း
ပြော ပြီး FB တွင် မြန်မာ ပြည်သား တို့  ၏ ရင် ဖွင့် မှု ၊ ကြွေးကျော်မှု ၊ လွတ်လပ် စွာ ပြော ဆို မှု ကို ဟန့် တားရန် ကြိုး စား နေသည့် ဇာဂနာ
___________________________________________
ရန်ကုန်၊ ။ ဖေ့စ်ဘုတ်ခ်ပေါ်မှာရှိတဲ့ ကိုယ့်ရဲ့စိတ်ခံစားချက်အတွက် နိုင်ငံရေး၊ လူမျိုးရေး၊ ဘာသာရေး မှတ်ချက်ရေး နေကြတာတွေမှာသည် မှတ်ချက်တွေကို တခြားနိုင်ငံတွေက ကိုယ့်နိုင်ငံကို ဖိအားပေးဖို့ လက်နက်တစ်ခုလို အသုံးပြုနေကြတယ်လို့ သိရပါတယ်။
ရခိုင်ပြည်နယ် စုံစမ်းစစ်ဆေးရေးကော်မရှင် အဖွဲ့ဝင် ဦးဇာဂနာက "ဖေ့စ်ဘုတ်ခ်မှာ နိုင်ငံရေး၊ လူမျိုးရေး၊ ဘာသာရေး မှတ်ချက် ရေးနေကြတာတွေကို ကျွန်တော်တို့က မလုပ်နဲ့ဆိုပြီး တားဆီးပိုင်ခွင့် မရှိဘူး။ ဒါပေမယ့် ကျွန်တော် မေတ္တာရပ်ခံချင်တာ တစ်ခုက စိတ်ထဲမှာရှိတဲ့ စိတ်ခံစားချက်တွေကို မရေးဖို့တောင်းဆိုချင်ပါတယ်။ အခုလိုလုပ်နေရင် ကျွန်တော်တို့ တစ်နိုင်ငံလုံးကို နိုင်ငံတကာက ဖိအားပေးဖို့ ဒီမှတ်ချက်တွေကို လက်နက်တစ်ခုလို သုံးနေတာကို အားလုံးသိစေချင်တယ်" လို့ပြောပါတယ်။
ပြည်တွင်းကဘယ်သူတွေမှန်း မသိတဲ့သူတွေက တခြားဘာသာဝင်တွေကို ဖေ့စ်ဘုတ်ခ်ကနေ နစ်နစ်နာနာ ပြောပြီး ဆဲဆိုတဲ့ မှတ်ချက်တွေကို အိုအိုင်စီလိုအဖွဲ့အစည်းက စနစ်တကျစုပြီး ကမ္ဘာ့ကုလသမဂ္ဂကို တိုင်စာပို့ထား ပါတယ်။ အခုလိုစုပြီး ပို့ထားတဲ့အခါကျတော့ ဖေ့စ်ဘုတ်ခ်မှာရှိတဲ့ မြန်မာလိုရေးနေကြတာကို ကြည့်ပြီး သူတို့ ဘာသာဝင်တွေ အပေါ် စေတနာမမှန်ဘူး၊ လူမျိုးပြုတ်စေချင်တဲ့ စိတ်တွေ ရှိနေပါတယ်ဆိုပြီး အိုအိုင်စီ အဖွဲ့အစည်းက တိုင်ကြားတာဖြစ်တယ်လို့ ဦးဇာဂနာထံမှ သိရပါတယ်။
ဒါတွေကလည်း ယူအင်န်မှာ စဉ်းစားစရာတစ်ချက် ရသွားတာပေါ့။ အကယ်၍ သည်မှာ ဘာမှ မရေးကြဘူးဆိုရင် ထောက်ပြစရာ အချက်က ရှိလာမှမဟုတ်ဘူး။ ကမ္ဘာ့အလယ်မှာ ထောက်စရာအချက်တစ်ချက် ရှိလာတာကြောင့် သူ တို့တွေမေးရင် ကော်မရှင် အနေနဲ့လည်း ရှင်းရခက်တယ်။ အစိုးရအဖွဲ့အနေနဲ့လည်း ရှင်းရခက်တယ် လို့သူကဆိုပါတယ်။
ဘက်ပေါင်းစုံရဲ့ဒဏ်ကို ပြည်တွင်းမှာခံနေရတဲ့အချိန်မှာ ဖေ့စ်ဘုတ်ခ်က ကိုယ့်ရဲ့စိတ်ခံစားချက် မှတ်ချက်တွေကို မီဒီယာ တိုက်ကွက်တစ်ခု အနေနဲ့ အသုံးချလာတဲ့အခါမှာ ကိုယ့်ဘက်မှာ ဘာအင်အားမှမရှိဘူးဆိုတာကို မှတ်ချက်ရေး တဲ့ သူတိုင်းကို အသိပေးချင်ပါတယ် လို့ ဦးဇာဂနာကဆိုပါတယ်။
ဒီအေဝိုင်
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
--
Wayan Win
Contact: 09-7316-1510 @ Yangon
144, 7th Flr, Seikkanthar Street (Lower)
Yangon
wayan.win@gmail.com
Skype: wayanwin
--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ