Re: [mrsorcerer:35344] Re: မွတ်စလင်များ အတွက်ထောက်ပံ့သော အကူအညီ သမ္မတဦးသိန်းစိန် လက်ခံမည်

လူသားဝါဒီထွန်းကားလေ ဆရာကြီးတို့ စားပေါက်ချောင်လေပေါ့.... ဟဲဟဲ.............

2012/10/24 Lynn Htet Swe <myatchitshin@gmail.com>
ကိုင်း....... ရွှေမြန်မာ မျိုးချစ် ကိုကို မမ တို့ ရေ။ ကျုပ်တို့ သမ္မတ ကြီး ရဲ့ လူသားဝါဒီ စိတ်ဓါတ် ကို စံနမူနာယူကြပါဗျာ။

2012/10/22 Ruby Mirror <ruby.mirror786@gmail.com>

မွတ်စလင်များ အတွက်ထောက်ပံ့သော အကူအညီ သမ္မတဦးသိန်းစိန် လက်ခံမည်

လတ်တလော ဖြစ်ပွားနေသည့် ပဋိပက္ခ များကြောင့် ထိခိုက်သူ မွတ်စလင်များအတွက် နိုင်ငံတကာ အကူအညီ လက်ခံ ခြင်း သို့ မဟုတ် နိုင်ငံတကာ ၏ ပြစ်တင် ဝေဖန် ခြင်း ရှုတ်ချခံရခြင်းဆိုသည် မှတစ်ပါး အခြား ရွေးချယ်စရာမရှိ ဟု သမ္မတ ဦးသိန်းစိန် က သတင်းထောက်များ နှင့်တွေ့ဆုံ စဉ် ပြောကြားခဲ့ကြောင်း အေအက်ဖ်ပီ သတင်းတစ်ရပ်တွင်ဖော်ပြထားသည်။

ရခိုင်ဒေသရှိ ဒုက္ခရောက် နေသော မွတ်စလင် များအား ထောက်ပံ့ရန် အစ္စလာမ် ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့ OIC အား ဗုဒ္ဓဘာသာဘုန်းတော်ကြီးများ ဆန္ဒပြပွဲများ ဆက်တိုက် ပေါ်ပေါက်ပြီးနောက် သမ္မတ ဦးသိန်းစိန်က ယခုလို မှတ်ချက်ပေးခဲ့ခြင်းဖြစ်သည်။

"ကျွန်တော်တို့ လူသားချင်းစာနာထောက်ထားမှု အကူအညီလိုအပ်ပါတယ်။ တကယ်လို့ ကျွန်တော် တို့က လူသားချင်းစာနာထောက်ထားမှု အစီအစဉ်ကို ပယ်ချခဲ့မယ် ဆိုရင် နိုင်ငံတကာ မိသားစုက လက်ခံမှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ လူတွေ ကို ကျွေးမွေးရမယ်။ ကုန်ကျစရိတ်က တစ်နေ့ကို ဒေါ်လာ တစ်သောင်းရှိတယ်။ ကျွန်တော်တို့ အစိုးရ မစွမ်းဆောင်နိုင်ပါဘူး။ သာမန်နိုင်ငံ သားတွေ အထောက် အပံ့လောက်နဲ့ ဒုက္ခသည်စခန်းက လူတွေကို ကျွေးမွေးနိုင်တဲ့ အခြေအနေမှာ မရှိပါဘူး။ ဒါကြောင့် နိုင်ငံတကာ အသိုင်းအ၀ိုင်း  ရဲ့ အကူအညီကို လက်ခံရပါမယ်။ တကယ်လို့ လက်မခံ ဘူးဆို ရင် သူတို့က ကျွန်တော်တို့တွေ ဟာ လူမဟုတ်ဘူး လို့ သူတို့ပြောကြပါမယ် " ဟု သတင်း ထောက် များ နှင့် တွေ့ဆုံစဉ် ပြောကြား ခဲ့သည်။

ကုလသမဂ္ဂ  က ကမ္ဘာတွင် အဖိနှိပ်ခံရဆုံး လူမျိုးများအဖြစ် သတ်မှတ်ခံထားရသော မြန်မာနိုင်ငံရှိ ရိုဟင်ဂျာ ၈၀၀၀၀၀ကျော်အား မြန်မာအစိုးရက ဘင်္ဂလားဒေ့ရှ်က တရားမ၀င် ၀င်ရောက်လာသူများဟု ယူဆထားသည်။

"OIC နဲ့ ပတ်သက်လို့ကတော့ကျွန်တော် ဘာသာရေး လူမျိုးရေး တွေ နဲ့ မသတ်မှတ်ချင်ပါ ဘူး။သူတို့ က လူသားချင်းစာနာမှု အကူအညီပေးချင်ပါတယ်။ တချို့ကိုလည်းပေးခဲ့ပါတယ်" ဟု သမ္မတ ဦးသိန်းစိန် က သတင်းစာ ရှင်းလင်းပွဲ တွင်ပြောကြားခဲ့သည်။

ရိုဟင်ဂျာများအား လုံခြုံရေး ၀န်ထမ်းများက ပစ်ခတ်နှိမ်နင်းခဲ့သည် စွပ်စွဲချက်ထွက်ပေါ်လာပြီးနောက် နိုင်ငံပေါင်း ၅၇ နိုင်ငံပါဝင်သော အစ္စလာမ် ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ သည် လွန်ခဲ့သောလက ရခိုင်ပြည်နယ်သို့ လှည့်လည်ကြည့်ရှုခဲ့သည်။ ယင်းစွပ်စွဲချက်ကြောင့် အစ္စလာမ် ကမ္ဘာတွင် စိုးရိမ် စိတ်မြင့် တက်ခဲ့သည်။

၂၀၁၁ ခုနှစ် မတ်လ မှ စ၍ သမ္မတအဖြစ် တာဝန်ယူခဲ့သော ဦးသိန်းစိန်သည် အတိုက်အခံခေါင်းဆေင် ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်ခွင့်ပေးခြင်း၊ လွှတ်တော်သို့ ၀င်ရောက် ခွင့် ပေးခြင်း နှင့် တိုင်းရင်းသားလက်နက်ကိုင်များနှင့် အပစ်အခတ် ရပ်စဲခြင်းများ အလျင် အမြန်ပြု လုပ်ခဲ့သည်။

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ