ဧဝံမေသုတံ
---------- Forwarded message ----------
From: Thaung Naing Oo
Date: 2012/10/27
ဧည့်လမ်းညွှန်တစ်ဦး ဖန်ခွက်နှင့် အထုခံရခြင်း
ယမန်နေ့ (၂၆.၁၀.၂၀၁၂) ရက်နေ့ နေ့လည်တွင် အမျိုးသားဧည့်လမ်းညွှန်တစ်ဦးဟာ
စက်ဘီးစီးဧည့်သည်များ(၁၀) ယောက်ခန့်နှင့်အတူ မန္တလေး မဟာမုနိဘုရားကြီးသို့
ဝင်ရောက်ပါတယ်။ စက်ဘီးများကို ဘုရားကြီးတောင်ဘက် ညောင်ပင်ရိပ်မှာ
ပတ်ကင်ထိုးပါတယ်။ အဲဒါကို စက်ဘီးစတင်းမှ သူတို့နေရာမှာသာထားရမယ်ဆိုပြီး
လာတားပါတယ်။ ဧည့်လမ်းညွှန်အနေနဲ့ စက်ဘီးများ၏တန်ဘိုးသည်
သိန်း၂၀ကျော်တန်ဘိုးကြီးလှသဖြင့် လုံခြုံမှုရှိပြီး
အရိပ်ရတဲ့သစ်ပင်အောက်မှာပဲ ထားပါရစေ၊
ကျသင့်တဲ့ငွေကြေးကိုလည်းပေးဆောင်ပါမယ်လို့ ဆိုပါတယ်။ သို့သော်လည်း မရပါ။
ဧည့်သည်များရှေ့မှာပင် ရန်လုပ်၍ မကြားဝံ့မနာသာ ဆဲဆိုနေသည်ဟုဆိုပါသည်။
အဲဒီနောက် ထိုးကြိတ်ကြတော့မည့်အခြေအနေထိရောက်ရှိသွားသဖြင့်
ဝိုင်းဆွဲကြရသည်ဟုဆိုပါသည်။ ခဏနေတော့ စက်ဘီးစတင်းမှလူက ဖန်ခွက်ဖြင့်
လှန်းပေါက်ခဲ့ရာ ဧည့်လမ်းညွှန်ကို ထိမှန်သွားပါတယ်။ ချက်ချင်းဆေးခန်းသွား၍
ကုသမှုခံယူခဲ့ရာ ၃ ချက်ချုပ်ခဲ့ရသည်ဟု သိရသည်။ ဘုရားကြီးဂေါပကအဖွဲ့မှ
အဘဆိုသောသူထံအကြောင်းကြားသဖြင့် ရောက်ရှိလာရာ (မင်းတို့ ဂိုက်တွေ အဲဒီလို
ရန်မဖြစ်ကြနဲ့ ဆင်ခြင်ပါ။ ဘုရားဝင်းထဲမှာ ရန်မဖြစ်ပါနဲ့) သာ ပြောပြီး
ထွက်ခွာသွားပါတယ်တဲ့၊ ဧည့်လမ်းညွှန်မှာတော့ အဲဒီနေ့က လူစားလဲလိုက်ရပြီး
အနားယူလိုက်ရကြောင်းနှင့် အဆိုပါကိစ္စနှင့်ပတ်သက်၍ အသင်းဥက္ကဌ
ဦးရဲမြတ်ထွန်း၊ ဦးဝင်းဇော်ဦးတို့က ဘုရားကြီးဂေါပကအဖွဲ့ နှင့်
ညှိနှိုင်းဆောင်နေပါကြောင်း သတိထားဖွယ်ရာများ တင်ပြလိုက်ပါသည်။
သောင်းနိုင်ဦး
မန္တလေး

--
--
♥ "Real Family Myanmar" group မှ ကြိုဆိုပါတယ် ♥
● Group ၏ မူလ လိပ်စာမှာ http://groups.google.com/group/real-family-mm?hl=en ဖြစ်ပါတယ်။ ဖေ့ဘုတ်လိပ်စာမှာ http://www.facebook.com/group.php?gid=148830205143871 ဖြစ်ပါတယ်။
● အသင်းဝင်လိုသူများအနေနှင့် မိမိ၏ အီးမေးမှ real-family-mm+subscribe@googlegroups.com သို့ လိပ်မူ၍ စာတစ်စောင်သာ ပို့ပေးပါ။ အလိုအလျောက် အသင်းဝင်ပြီးသား ဖြစ်ပါမည်။
● အသင်းဝင် မန်ဘာများမှ Post ကိုမေးကနေ တင်ချင်ရင် real-family-mm@googlegroups.com ကို မေးပို့လိုက်ပါ။ ဇော်ဂျီဖောင့်ဖြင့် ရေးတင်နိုင်ပါသည်။ အင်္ဂလိပ်လိုလည်း ရေးတင်နိုင်ပါတယ်။ ဘားဂလစ်ရှ် မသုံးရပါ။
● အကြောင်းအရာတူပါက ခေါင်းစဉ်များ မဖောင်းပွစေရန် လက်ရှိခေါင်းစဉ်အောက်မှာသာ ဆက်ရေး၍ Reply ပြန်ပေးပါ။
● အကြောင်းအမျိုးမျိုးကြောင့် အသင်းမှ နှုတ်ထွက်လိုပါက real-family-mm+unsubscribe@googlegroups.com ကို လိပ်မူ၍ စာတစ်စောင်ပို့ပါ။
● အက်တမင် မန်နေဂျာအဖွဲ့နှင့် တိုက်ရိုက် ဆက်သွယ်လိုပါလျင် မူလစာမျက်နှာမှ တဆင့် စာရေးဆက်သွယ်နိုင်ပါတယ်။