| မြန်မာသို့ နိုဝင်္ဘာအတွင်း ဘင်္ဂလီ ၄၇၅ ဦး BGB ပို့ဆောင်ခဲ့ | ||||
|
မြန်မာလူထုနှင့် အစိုးရက ဘင်္ဂလီလူမျိုးဟု သတ်မှတ်ပြီးဖြစ်သော ၆၆ ဦးအား ဘင်္ဂလာမှ မြန်မာသို့ တရားမ၀င် နယ်စပ်မှောင်ခိုလမ်းများမှ အတင်းအဓမ္မ ယမန်နေ့က ပို့ဆောင်ခဲ့ရာ နိုဝင်္ဘာအတွင်း စုစုပေါင်း ဘင်္ဂလီ ၄၇၅ ဦး ရှိပြီးဖြစ်ကြောင်း သိရှိရသည်။
ဘင်္ဂလာ အာဏာပိုင်များက ဖမ်းဆီးပြီး အတင်းအဓမ္မ ပို့ဆောင်ခြင်းခံရသူများကို ရခိုင်ပြည်-ဘင်္ဂလာနယ်စပ် ခေါင်းတုန်း၊ တောင်ပြိုနှင့် ဘာလူခါးလီ နယ်မြေများမှ ၅၈ ဦးအား ယမန်နေ့က ဖမ်းဆီးပြီး ပို့ဆောင်ခဲ့ခြင်းဖြစ်ကြောင်း BGB အမှတ် ၁၇ က တပ်ရင်းမှူး ခါလေကူဇ္ဖာမာန်က ဆော်မူဒြကော်ထော ၀ပ်ဆိုက်သို့ ပြောဆိုကြောင်း ယနေ့ ဖေါ်ပြထားသည်။
ထို့ပြင် တာခ်နာမြို့နယ်မှ ဘင်္ဂလီ ၈ ဦးကို ဖမ်းဆီးမိပြီး စုစုပေါင်း ၆၆ ဦးအား ပို့ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ယင်းဝပ်ဆိုက်က ဆိုသည်။
BGB ၁၇ တပ်ရင်းက ဘင်္ဂလီ ၆၆ ဦးအား ရခိုင်ပြည် မောင်တောမြို့နယ်များသို့ နယ်စပ်မှ ပို့ဆောင်ခဲ့မှုအား တာခ်နာအခြေစိုက် BGB ၄၂ တပ်ရင်းမှူး ဇာဟိဒ် ဟာဆန်က ဒေသခံသတင်းထောက်များကို အတည်ပြုပြောကြောင်း သိရှိရသည်။
ကော့စ်ဘဇားမြို့ အခြေစိုက် BGB အမှတ် ၁၇ တပ်ရင်းအနေဖြင့် ဗုဒ္ဓဟူးနေ့က ခေါင်းတုန်း၊ တောင်ပြိုနှင့် ဘာလူခါးလီ နယ်မြေများမှ ဘင်္ဂလီ ၄၅ ဦးအား ပို့ဆောင်ခဲ့ပြီးဖြစ်ကြောင်း ယမန်နေ့ထုတ် ၀ပ်ဆိုက်က ဖေါ်ပြခဲ့သည်။
နစက-BGBတို့အကြား အရေးပေါ် တွေ့ဆုံဆွေးနွေးပွဲ ၄ ကြိမ်ကို ဘင်္ဂလာပိုင်နက်အခြေစိုက်သော အမည်မသိလက်နက်တပ်ဖွဲ့တခုက မြန်မာ့ GEတပ်အား ခြုံခိုတိုက်ခိုက်မှုကြောင့် တဦးသေဆုံးခဲ့ပြီး ၃ ဦးအား ဖမ်းဆီးခေါ်ဆောင်သွားခဲ့မှုအပေါ် နိုဝင်္ဘာလအတွင်း ပြုလုပ်ခဲ့ပြီးဖြစ်ကြောင်းနှင့် နစက-BGBတို့အကြား ယနေ့ဆွေးနွေးပွဲရှိနေကြောင်း နှစ်ဘက် နယ်စပ်ဒေသအတွင်း သတင်းများ ထွက်ပေါ်နေသည်။
ဘင်္ဂလာ BGBက နယ်စပ်များအတွင်း ကျူးကျော်လာသူများဟု စွပ်စွဲကာ ဘင်္ဂလီများအား လိုက်လံဖမ်းဆီးပြီး ရခိုင်ပြည် မောင်တောမြို့နယ်သို့ အတင်းစေလွှတ် ပို့ဆောင်နေခြင်းမှာ နိုဝင်္ဘာလအတွင်း စုစုပေါင်း ၄၇၅ ဦးရှိပြီးဖြစ်ကြောင်း၊ ဘင်္ဂလာက ယင်းဘင်္ဂလီများအား နေ့စဉ်ရက်ဆက် ပို့ဆောင်နေခြင်းမှာ လွန်ခဲ့သော ၂၀၀၇ ခုနှစ်ကတည်းကဖြစ်ကြောင်းနှင့် မြန်မာဘက်က နစက၊ လ၀ကနှင့် စစ်တပ်အနေဖြင့် ယင်းအတင်းပို့ဆောင်ခံရသော ဘင်္ဂလီများအား ယနေ့ထိ တစုံတရာ စစ်ဆေးမေးမြန်း အရေးယူမှုများ မရှိသည့်အပြင် ဒေသလုံခြုံကွပ်ကဲမှုကို ဘင်္ဂလာတပ်ဖွဲ့များကဲ့သို့ တာဝန်ယူထမ်းဆောင်နိုင်ခြင်း အရည်အချင်းမရှိခြင်းမှာ သမ္မတ ဦးသိန်းစိန် ညံဖျင်းမှုကြောင့် ဖြစ်သည်။
--Computer နည်းပညာများ
http://groups.google.com/group/auroracomputerservice?hl=en_US
ဂြိုဟ်တုနှင့်အာကာသ
http://sites.google.com/site/9spacestudy/
Entertainment (game)
www.vaperida.com
Aurorageneration အတွက် facebook link ပါ။
http://www.facebook.com/groups/186830348042417
Aurorageneration facebook page
https://www.facebook.com/Aurorageneration (Still fixing)
--
သင်သည် aurorageneration group ဧ။် member တစ်ယောက်ဖြစ်သောကြောင့် ယခု mail ရရှိခြင်းဖြစ်သည်။group ဧ။်အသေးစိတ်ကိုhttp://groups.google.com/group/aurorageneration/topics?start=10&sa=N မှာကြည့်နိုင်ပါသည်။ သင်ဧ။် mail များကိုဖြန့်ဝေချင်ပါကaurorageneration@googlegroups.comသို့ပို့နိုင်ပါသည်။ group ကိုဝင်ချင်ပါက aurorageneration+subscribe@googlegroups.com သို့ mail ပို့ ခြင်းဖြင့် ၀င်နိုင်ပါတယ်။ group မှထွက်ချင်ပါက aurorageneration+unsubscribe@googlegroups.com ဖြင့်ထွက်နိုင်ပါတယ်။
group နှင့်ပတ်သက်ပြီး အကြံဥာဏ်များပေးလိုပါက aurorageneration+owner@googlegroups.com သို့ မေးလ်ပို့နိုင်ပါသည်။


