[aurorageneration] Re: ယုတ်မာတဲ့မွတ်စလင်ကုလားရဲ့လက်ထဲကနေ သီသီလေးလွတ်မြောက်လာတဲ့ ၁၄ နှစ်အရွယ်မိန်းကလေး

Agree with you. All what you said are true.

On Wednesday, November 21, 2012, Haroon <roon.ha@gmail.com> wrote:
> အင်း အေမီပြောတလဲ ဟုတ်သလိုလိုရှိပေမယ့်.....
>
>
> ဘင်္ဂါလီတွေကို သနားကြပါအော်လို့ သွေးချောင်းစီးတဲ့ ပွဲဖြစ်လာမလား ဘင်္ဂါလီတွေ ဘယ်လိုမကောင်းကြောင်း အော်လို့ သွေးချောင်းစီးပွဲဖြစ်လာမလားဆိုတာတော့ စဉ်းစားတတ်ရင်သိမယ်ထင်ပါတယ်။
>
>
> ရခိုင်တိုင်းရင်းသားတွေ ခံစားနေရတာကို သိတယ်ဆိုတဲ့ မအေမီက ဘာလို့ များ လူမျိုးစုလိုက် အစုလိုက်အပြုံလိုက်အသတ်ဖြတ်ခံနေရပါတယ်ဆိုနေတဲ့ သတင်းတွေ စစ်တပ်က ဘင်္ဂါလီတွေ တခြားသူတွေနဲ့ အဆက်အသွယ်မရအောင် ၀င်ရောက် သိမ်းစည်းသွားပါတယ်ဆိုတဲ့ ဖုန်းလိုင်းတွေ (နံပါတ်ပါ အတိအကျဖော်ပြထားတာတွေ)၊ နောက်ပြီး တောင်ကုတ်လို လူသတ်မှုတွေ စတာတွေကို ကျတော့ ဘာလို့ များရေငုံနှုတ်ပိတ်နေရတာပါလဲ?
>
> ရခိုင်တိုင်းရင်းသား လေးဦးအတွက် ဆူးလေဘုရားမှာ ဆုတောင်းပွဲလုပ်ပါတယ်။
> ဘင်္ဂါလီ ရာချီသေတာအတွက်ကျတော့ သမိုင်းမှာတောင် မှတ်တမ်းတင်ခွင့်မရရင် ဒီလူတွေက အလကားသပ်သပ်သေဖို့ များမွေးဖွားလာလေသလား စဉ်းစားစရာ။
>
>
> ကျနော်က ဗမာလဲ မချစ်ဘူး၊ ရခိုင်လဲ မချစ်ဘူး၊ မွတ်ဆလင်လဲ မချစ်ဘူး၊ တရုတ်လဲ မချစ်ဘူး။
> ဒါပေမယ့် ကျနော်က လူတွေကိုတော့ ချစ်တယ်။
> ကျနော်ပြောတဲ့ လူတွေက မည်းရင် မည်းနေမယ်။ ဒါမှမဟုတ် ဖြူဆွတ်ချင်လည်း ဖြူဆွတ်နေလိမ့်မယ်။
>
> ဒါပေမယ့် ကျနော် ချစ်တာက လူတွေပါ။
>
>
> မအေမီပြောတဲ့ အမျိုးသားရေးတွေ နိုင်ငံရေးတွေကို ဖြန့် ဝေနေတဲ့ နိုင်ငံပိုင်တွေရော နိုင်ငံမပိုင်တွေရော စတဲ့ မီဒီယာတွေ တပုံကြီး။
> ဒီကနေ့ ကမ္ဘာမှာ ဘင်္ဂါလီတွေအနှိပ်စက်ခံနေရပါတယ်လို့ အော်နေတာ အတွက် အစိုးရက ဘာလို့ တိကျတဲ့ ထုချေလွှာကို မတင်ပြနိုင်ရတာလဲ?
> မျိုးသိပ်ချစ်လှတဲ့ သတင်းစာဆရာတွေ၊ ရခိုင်ပြည်ရောက် မျိုးချစ်တွေကရော ဘာလို့ များ သက်သေအခိုင်အမာနဲ့ မထုချေနိုင်ရတာလဲ?
>
> ဒီကိစ္စက ရှင်းရှင်းလေးပါ။
>
> အော်ပြီးတော့ သမ္မတကိုယ်တိုင် ကျောက်ဖြူမှာ အကြမ်းဖက်မှုတွေဖြစ်ပွားသွားခဲ့တာကို ၀န်ခံထားသလို ခပ်ညံ့ညံ့ အစွန်းရောက်ဝါဒီ မှူးဇော်ဆိုတဲ့ ကောင်ခမျာမှာလဲ အင်တာဗျူးတခုမှ သူ့ အလိမ်တွေပေါ်လို့ မေးတာတလွဲ ဖြေတာတလွဲ အင်းအဲနဲ့ နင်သွားတာကို တွေ့ ရတယ်။
>
>
>
> ကျနော်က အစကတော့ အေးအေးလူလူပါပဲ။ ကိုယ်နဲ့ မဆိုင်သလိုနေမလို့ ပဲ။ ဒါပေမယ့် အသားလွတ်ဘာသာရေးတွေပါ ဆွဲထည့် ကျန်တဲ့ မွတ်ဆလင်တွေကိုပါ ရမ်းလာတော့ ကြည့်မနေနိုင်တောဘူး။
> ဘားအံမှာ ဘာစည်းကမ်းထုတ်ခဲ့သလဲ ဘယ်သူတွေ ထုတ်ခဲ့သလဲ သိပါတယ်နော် မအေမီ?
>
> ဒါက အမျိုးဘာသာသာသနာ ကာကွယ်နေတာလား အစွန်းရောက် လက်ဝါးကြီးအုပ်ဖိနှိပ်နေတာလား သိသာတယ်။
> အော်ပြီးတော့ မဆိုင်တာတွေကို ပတ်ရမ်းနေတာလို့ လဲ ပြောလို့ ရတယ်။
>
>
> မွတ်ဆလင်တွေ မိုက်ရိုင်းတယ် ယုတ်မာတယ်ပြောတယ်နော်။ ကျနော်အခုထိ ဗမာတွေကို ပက်ပက်စက်စက်ဆဲတဲ့ မွတ်ဆလင်မ်တယောက်တောင်မတွေ့ သေးဘူး။
> မွတ်ဆလင်မ်ကို စော်ကားနေတာတော့ ဘယ်အတိုင်းအတာလဲ ခင်ဗျားကိုယ်တိုင်သိမှာပဲ။
>
> ခင်ဗျားသိတာက အမျိုးသားရေး လူမျိုးရေးနဲ့ ဘာသာသာသနာ ဒါလောက်ပဲ သိတာလား?
>
> လူသားခြင်းစာနာစိတ်ဆိုတာကို ကြားဖူးမယ်ထင်တယ်နော်။
> ပြီးတော့ သေရင် ဘာမှမပါဘူးဗျ သိလား?
>
> မြန်မာမှာနေနေ စင်္ကာပူမှာနေနေ သေရင် ဘာမှမပါသွားဘူး။
>
> ခင်ဗျားကပြောဦးမယ် နိုင်ငံအကျိုးသယ်ပိုးတဲ့ နာမည်တလုံးကျန်ခဲ့ပါတယ်လို့ ။ စိတ်ချ ခင်ဗျားတို့ ကျနော်တို့ လို့ သေးနုပ်နုပ်လူသားတွေကို သမိုင်းက သိပ်အရေးတကြီးမှတ်တမ်းတင်လိမ့်မယ်မဟုတ်။
>
>
> ခင်ဗျားက ပြောလဲရမယ့်ပုံမပေါ်တော့ လုပ်ချင်ရာ ဆက်လုပ်။
> တခုပဲ....မေးလ်ပို့ ရင် ကျနော့်မေးလ်ကို မထည့်ပါနဲ့ ။
> ကျနော် Filter ခံတတ်ပေမယ့် ခင်ဗျားကို ကျနော့်ရဲ့ "အသုံးမကျတဲ့ ချီးထုပ်များ" ဆိုတဲ့ Label အောက်ပို့ ရမှာ အားနာလို့ ပါ။
>
> :)
>
> Regards,
> Haroon1992
>
>
>

--
Computer နည်းပညာများ
http://groups.google.com/group/auroracomputerservice?hl=en_US
 
ဂြိုဟ်တုနှင့်အာကာသ
http://sites.google.com/site/9spacestudy/
 
Entertainment (game)
www.vaperida.com
 
Aurorageneration အတွက် facebook link ပါ။
http://www.facebook.com/groups/186830348042417
 
Aurorageneration facebook page
https://www.facebook.com/Aurorageneration (Still fixing)
 
--
သင်သည် aurorageneration group ဧ။် member တစ်ယောက်ဖြစ်သောကြောင့် ယခု mail ရရှိခြင်းဖြစ်သည်။group ဧ။်အသေးစိတ်ကိုhttp://groups.google.com/group/aurorageneration/topics?start=10&sa=N မှာကြည့်နိုင်ပါသည်။ သင်ဧ။် mail များကိုဖြန့်ဝေချင်ပါကaurorageneration@googlegroups.comသို့ပို့နိုင်ပါသည်။ group ကိုဝင်ချင်ပါက aurorageneration+subscribe@googlegroups.com သို့ mail ပို့ ခြင်းဖြင့် ၀င်နိုင်ပါတယ်။ group မှထွက်ချင်ပါက aurorageneration+unsubscribe@googlegroups.com ဖြင့်ထွက်နိုင်ပါတယ်။
 
group နှင့်ပတ်သက်ပြီး အကြံဥာဏ်များပေးလိုပါက aurorageneration+owner@googlegroups.com သို့ မေးလ်ပို့နိုင်ပါသည်။