[aurorageneration] Tablet Review: Surface


ပရိသတ်တွေ မျှော်လင့်စောင့်စားနေတဲ့ Surface တက်ဘလက်ကို ဝယ်ယူနိုင်မယ့် အချိန်က မကြာခင် ကျရောက်လာတော့မှာပါ။ ဒါကြောင့် Surface တက်ဘလက်ကို ဘာကြောင့် ဝယ်သင့်တယ်ဆိုတာတွေနဲ့ ပတ်သက်ပြီး သူရဲ့ အားသာချက်တွေကို စုစည်းထားတဲ့ သုံးသပ်ချက်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

Keyboard Cover

ဈေးကွက်ထဲမှာရှိတဲ့ တခြား တက်ဘလက်တွေမှာလည်း Keyboard တစ်ပါတည်းပါတဲ့ Cover တွေ ရှိပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှ ဝယ်ယူတပ်ဆင်ရတာပါ။ Surface မှာတော့ အဲဒီအပိုင်းကို တစ်ခါတည်း ဖြည့်ဆည်းပေးထားပါတယ်။ တက်ဘလက်ကို ထောင်ပြီး အသုံးပြုလို့ ရသလို၊ လှဲပြီးတော့ သုံးဖို့လည်း အဆင်ပြေပါတယ်။ ဒီအချက်က မျက်နှာပြင်ကို အသုံးပြုပြီး သုံးစွဲလို့ မကောင်းတဲ့ Application တွေအတွက် အများကြီး ကောင်းမွန်ပါတယ်။

Connection

လူသုံးများတဲ့ iPad တက်ဘလက်ရဲ့ အဓိက အားနည်းချက်ကတော့ Connection အချိတ်အဆက်ပိုင်းမှာ ထောက်ပံ့မှု မကောင်းတာပါပဲ။ ဒီအချက်ကို သဘောပေါက်ထားပြီ ဖြစ်တဲ့ မိုက်ခရိုဆော့ဖ်က Surface မှာ  USB Port နဲ့ Micro SD Card အသုံးပြုလို့ရတဲ့ Connection ပိုင်းကို ပြုလုပ်ပေးထားပါတယ်။ ဒါကြောင့်မို့ လက်ရှိ တက်ဘလက် စတင်ကိုင်ဆောင်သူတွေ အနေနဲ့လည်း Connection ပိုင်းကို သဘောကျမယ်လို့ ယူဆရပါတယ်။ နောက်ထပ် အနေနဲ့ ပြောရမယ် ဆိုရင်တော့ Bluetooth 4.0 အချိတ်အဆက်ကို အသုံးပြုနိုင်တာပါ။

Battery Life

လတ်တလော နှိုင်းယှဉ်ချက်တစ်ခုအရ Surface ရဲ့ မျက်နှာပြင် အရောင် တောက်ပမှုဟာ iPad ထက်ပိုပြီး အားကောင်းတယ်လို့ သိရပါတယ်။ ဒီအချက်ကိုကြည့်ပြီး Surface ဟာ ထက်ထရီ သုံးစွဲမှုများတဲ့ တက်ဘလက်လို့ ယူဆရင်တော့ မှားပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ iPad နဲ့ယှဉ်တွဲပြီး Application အသုံးချမှုတွေပြုရာမှာ Surface ရဲ့ ဘက်ထရီသက်တမ်းက ပိုပြီး ကြာနေလို့ပဲ ဖြစ်ပါတယ်။

Windows RT

လတ်တလော အသုံးပြုခွင့်ရမယ့် Surface ရဲ့ စက်လည်ပတ်မှု စနစ်က Windows RT ပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ ဆက်လက် ထွက်ရှိလာမယ့် Surface Pro မှာတော့ Windows 8 Pro ကို အသုံးပြုမှာပါ။ ကွန်ပျူတာ စက်လည်ပတ်မှု စနစ်တွေထဲမှာ အသုံးပြုသူတွေနဲ့ အရင်းနှီးဆုံး အမျိုးအစား Windows က Surface ကို ရွေးချယ်စရာ အကောင်းဆုံး တက်ဘလက် ဖြစ်စေပါလိမ့်မယ်။ အသုံးပြုထားတဲ့ Processor နဲ့ အထူးပြုဆော့ဖ်ဝဲတချို့ကလည်း တက်ဘလက် စတင်သုံးစွဲမယ့်သူတွေအတွက် စွမ်းဆောင်ရည်ပိုင်း မြန်ဆန်မှုနဲ့ အသားကျတဲ့ Usage ပိုင်းကို ဖြည့်ဆည်းပေးပါလိမ့်မယ်။

Finger Point

ထိတွေ့မှု ပုံစံကို ဦးစားပေး ပြောရမှာ ဖြစ်ပေမယ့် တကယ်တော့ Surface တက်ဘလက်ရဲ့ ၁၀ ဒသမ ၆ လက်မရှိတဲ့ မျက်နှာပြင်ဟာ အရွယ်အစားကြီး တက်ဘလက် လိုချင်သူတွေအတွက် ရွေးချယ်စရာ ဖြစ်နေပါတယ်။ အမှတ်အသားတွေကို အာရုံခံပြီး Input စနစ် ပြန်လည် ပြောင်းလဲပေးမယ့် Interface ကြောင့် တက်ဘလက်တွေရဲ့ မျက်နှာပြင် နည်းပညာကို ပြောင်းလဲမှုတွေ ဖြစ်ပေါ်စေပါလိမ့်မယ်။

Price

ဈေးနှုန်းကလည်း အများကြီး သင့်တော်နေပါတယ်။ အဆင့်မြင့် တက်ဘလက် တစ်လုံးရဲ့ အနေအထားနဲ့ ချိန်ဆပြီး ပြောတာပါ။ Touch Cover မပါဝင်တဲ့ 32 GB ကို ၄၉၉ ဒေါ်လာ၊ Touch Cover ပါရင်တော့ ၅၉၉ ဒေါ်လာနဲ့ 64 GB ကို Touch Cover ပါရင် ၆၉၉ ဒေါ်လာ သတ်မှတ်ထားပါတယ်။ ဒါကြောင့်မို့ Surface တက်ဘလက်ကို ဝယ်ယူဖို့ စောင့်နေရသူတွေလည်း New iPad နဲ့ယှဉ်ရင် ဈေးနှုန်း မြင့်မားမှု မရှိတာကို တွေ့မြင်ရမှာပါ။ Windows ပလတ်ဖောင်းမှာ သီးခြား အလုပ်လုပ်မယ့် App တွေကလည်း ရွေးချယ်ချင်စရာတွေထဲက တစ်ခု ဖြစ်မှာပါ။

ကိုးကား- The IT Times ဂျာနယ်

--
Computer နည်းပညာများ
http://groups.google.com/group/auroracomputerservice?hl=en_US
 
ဂြိုဟ်တုနှင့်အာကာသ
http://sites.google.com/site/9spacestudy/
 
Entertainment (game)
www.vaperida.com
 
Aurorageneration အတွက် facebook link ပါ။
http://www.facebook.com/groups/186830348042417
 
Aurorageneration facebook page
https://www.facebook.com/Aurorageneration (Still fixing)
 
--
သင်သည် aurorageneration group ဧ။် member တစ်ယောက်ဖြစ်သောကြောင့် ယခု mail ရရှိခြင်းဖြစ်သည်။group ဧ။်အသေးစိတ်ကိုhttp://groups.google.com/group/aurorageneration/topics?start=10&sa=N မှာကြည့်နိုင်ပါသည်။ သင်ဧ။် mail များကိုဖြန့်ဝေချင်ပါကaurorageneration@googlegroups.comသို့ပို့နိုင်ပါသည်။ group ကိုဝင်ချင်ပါက aurorageneration+subscribe@googlegroups.com သို့ mail ပို့ ခြင်းဖြင့် ၀င်နိုင်ပါတယ်။ group မှထွက်ချင်ပါက aurorageneration+unsubscribe@googlegroups.com ဖြင့်ထွက်နိုင်ပါတယ်။
 
group နှင့်ပတ်သက်ပြီး အကြံဥာဏ်များပေးလိုပါက aurorageneration+owner@googlegroups.com သို့ မေးလ်ပို့နိုင်ပါသည်။