ဆီးကျိတ်ဆိုတာဟာ သစ်ကြားသီး ပုံသဏ္ဌာန်အကျိတ်တစ်ခုဖြစ်ပြီး ဆီးအိမ် အောက်ဘက် ဆီပြွန်နဲ့ကပ်လျက် စအို အရှေ့မှာ တည်ရှိနေပါတယ်။ ဆီးကျိတ် ရဲ့တည်နေရာကို အောက်မှာ ပုံနဲ့တကွ ဖော်ပြလိုက်ပါတယ်။ှQ. အသက် ၅၁ နှစ်အရွယ် အမျိုးသား တစ်ဦးအနေနဲ့ ဆီးကျိတ်ရောဂါဖြစ်နိုင် ပါသလား၊ ရောဂါဖြစ်ရင် ဘယ်လိုဝေဒနာ တွေခံစားရနိုင်ပါသလဲ။ A. အသက်ကြီးသူတစ်ယောက်အနေနဲ့ ဆီးကျိတ်ရောဂါဖြစ်ပေါ်နိုင်ပါတယ်။ ဆီး ကျိတ်မှာ ရောဂါဝင်တာကို လိင်ဆက်ဆံ တာကို တက်ကြွမှုရှိနေတဲ့ ငယ်ရွယ်တဲ့ အမျိုးသားတွေမှာ အတွေ့များလေ့ရှိ တတ်ပါတယ်။ လွန်ခဲ့တဲ့ ဆယ်နှစ်လောက် နဲ့ ယခုအချိန် နှိုင်းယှဉ်ရင် ဆီးကျဉ်တာနဲ့ သွေးထဲမှာ ဆီးပါတာတွေကြောင့် ဆရာ ဝန်ကို လာရောက်ပြသတဲ့လူနာတွေ ပိုများပါတယ်။ အခုအချိန်မှာမူ ဆီးလမ်း ကြောင်းပိုးဝင်တာကြောင့် ဆေးခန်းကို လာပြသူတွေ ပိုများကြပါတယ်။ Q. ဆီးကျိတ်ရဲ့ လုပ်ငန်းဆောင်တာ တွေကို ဖော်ပြပါ။ A. ဆီးကျိတ်ဟာ မျိုးပွားနိုင်ဖို့ သုက်ပိုး တွေအတွက် အာဟာရတွေ ထုတ်လုပ် ပေးတာကြောင့် သုက်ရည်အတွက် အ ရေးကြီးပါတယ်။ အမျိုးသားတွေမှာ ဆီး ကျိတ်ဟာ ၃၅ နှစ်အရွယ်မှာ စတင်ပြီး ကြီးလာနိုင်ပါတယ်။ ဒီလိုကြီးလာတဲ့ ပြောင်းလဲမှုကို မှန်ပြောင်းနဲ့ ကြည့်ရှုရင် မြင်ရနိုင်ပေမယ့် ဆီးလမ်းကြောင်းနဲ့ ပတ် သက်တဲ့လက္ခဏာတွေ မပေါ်ပေါက်သေး ပါဘူး။ ဆီးအိမ်က ဆီးကျိတ်ကြီးလာတဲ့ ပြောင်းလဲမှုကို ထိန်းညှိနိုင်လို့ပါ။ ဆီးကျိတ်ကြီးလာတာဟာ အမျိုး သားလိင်ဟော်မုန်း တက်စတိုစတီရုန်းနဲ့ အကျိတ်ရဲ့ ဆဲလ်အစိတ်အပိုင်းနဲ့ သွေး ကြောအစိတ်အပိုင်းတွေ ကြီးထွားလာ တာကြောင့်ပါ။ ဒီလိုကြီးထွားလာတဲ့ဖြစ် စဉ်ဟာ တစ်ခုနဲ့တစ်ခု အချိုးအစားမညီ မျှတာကြောင့် တစ်ယောက်နဲ့တစ် ယောက်ကြားမှာလည်း ဆီးကျိတ်ကြီးထွား မှုဟာ တူညီမှုမရှိနိုင်ပါဘူး။ Q. ဆီးကျိတ်ကြီးတဲ့ ဖြစ်စဉ်ဟာ ဆီး ကျိတ်ရဲ့ဘယ်နေရာက စတင်ဖြစ်ပေါ် တတ်ပါသလဲ၊ ဘာလက္ခဏာတွေပြတတ် ပါသလဲ။ A. BPH ခေါ်တဲ့ ဆီးကျိတ်ကြီးထွားတဲ့ ဖြစ်စဉ်ဟာ ဆီးကျိတ်ရဲ့အလယ်ပိုင်းနေရာ မှာ ပိုမိုကြီးထွားတတ်တာကြောင့် ဆီးပြွန် ကို ဖိထားနိုင်ပြီး ဆီးလမ်းကြောင်းပိတ်ဆို့ တဲ့ လက္ခဏာတွေ ပြတတ်ပါတယ်။ ဆီးကျိတ်ကင်ဆာမှာမူ အကျိတ်ရဲ့ ဘေးနေရာမှာ ပိုမိုကြီးထွားတတ်ပါတယ်။ ဒါကြောင့် ဆီးပြွန်ကို ဖိထားနိုင်တဲ့အပြင် ဘေးပတ်ဝန်းကျင်မှ အစိတ်အပိုင်းတွေ ကိုလည်း ဖိထားနိုင်တဲ့အတွက် အဲဒီနေရာ တစ်ဝိုက်မှာ False capsule ဖြစ်ပေါ် တတ်ပါတယ်။ Q. BPH ရောဂါဟာ ဘယ်အသက်အရွယ်မှာ စတင်ဖြစ်ပေါ်တတ်ပါသလဲ။ ဘာကြောင့်အသက် ကြီးသူတွေမှာပဲ ဆီးလမ်းကြောင်းနဲ့ပတ်သက်တဲ့ ဝေဒနာတွေ တွေ့ရှိရပါသလဲ။ A. BPH ခေါ်တဲ့ ဆီးကျိတ်ကြီးတဲ့ ရော ဂါဟာ အမျိုးသားတွေမှာ အစောဆုံး အသက် ၃၀ အရွယ်မှာ စတင်ဖြစ်ပေါ် တတ်ပါတယ်။ အမျိုးသားတွေအနေနဲ့ အသက် ၃၀ အရွယ်မှာ ၂၅ ရာခိုင်နှုန်း၊ အသက် ၄၀ အရွယ်မှာ ၃၅ ရာခိုင်နှုန်း၊ အသက် ၅၀ အရွယ်မှာ ၅၀ ရာခိုင်နှုန်း နဲ့ အသက် ၈၀ အရွယ်မှာ ၈၀ ရာခိုင်နှုန်း ဟာ BPH ဖြစ်တတ်ပါတယ်။ ဆီးကျိတ်အနည်းငယ်ကြီးရုံနဲ့ ဆီး လမ်းကြောင်းနဲ့ဆိုင်တဲ့ ပြဿနာတွေ မပေါ်ပေါက်နိုင်သေးပါဘူး။ ဆီးကျိတ် အနေနဲ့ ဆီးအိမ်ထက်ကြီးမားလာမှသာ အောက်ပိုင်းဆီးလမ်းကြောင်းဆိုင်ရာ လက္ခဏာတွေ စတင်ပေါ်ပေါက်တတ် ပါတယ်။ ဒီအခြေအနေကို Clinical BPH လို့ ခေါ်ပါတယ်။ Clinical BPH က များသောအားဖြင့် အသက်၅၀ကျော် သူတွေမှာသာ ဖြစ်တတ်ပါတယ်။ လေ့ လာမှုအရ အသက် ၅၀ ကျော်သူတွေရဲ့ ၂၅ ရာခိုင်နှုန်းနဲ့ အသက် ၆၀ ကျော်သူ တွေရဲ့ ၄၀ ရာခိုင်နှုန်းမှာ Clinical BPH ဖြစ်ပေါ်တတ်ပါတယ်။
--Computer နည်းပညာများ
http://groups.google.com/group/auroracomputerservice?hl=en_US
ဂြိုဟ်တုနှင့်အာကာသ
http://sites.google.com/site/9spacestudy/
Entertainment (game)
www.vaperida.com
Aurorageneration အတွက် facebook link ပါ။
http://www.facebook.com/groups/186830348042417
Aurorageneration facebook page
https://www.facebook.com/Aurorageneration (Still fixing)
--
သင်သည် aurorageneration group ဧ။် member တစ်ယောက်ဖြစ်သောကြောင့် ယခု mail ရရှိခြင်းဖြစ်သည်။group ဧ။်အသေးစိတ်ကိုhttp://groups.google.com/group/aurorageneration/topics?start=10&sa=N မှာကြည့်နိုင်ပါသည်။ သင်ဧ။် mail များကိုဖြန့်ဝေချင်ပါကaurorageneration@googlegroups.comသို့ပို့နိုင်ပါသည်။ group ကိုဝင်ချင်ပါက aurorageneration+subscribe@googlegroups.com သို့ mail ပို့ ခြင်းဖြင့် ၀င်နိုင်ပါတယ်။ group မှထွက်ချင်ပါက aurorageneration+unsubscribe@googlegroups.com ဖြင့်ထွက်နိုင်ပါတယ်။
group နှင့်ပတ်သက်ပြီး အကြံဥာဏ်များပေးလိုပါက aurorageneration+owner@googlegroups.com သို့ မေးလ်ပို့နိုင်ပါသည်။