မြန်မာနိုင်ငံရဲ့ သမိုင်းဟာ အနော်ရထာက စပြီးပြောရလျှင်ပဲ နှစ်ပေါင်း ၁၀၀၀ ကျော်ရယ်ပါ ။ နှစ်ပေါင်း ၁၀၀၀ကျော် အတွင်းမှာ မြန်မာသူရဲကောင်း ၊ တိုင်းရင်းသား
သူရဲကောင်း မရည်မတွက်နိုင်အောင် ပေါ်ပေါက်ခဲ့ကြတာ ကလေးကအစသိလို့ အထူးဆွေးနွေးစရာ မလိုပါ ။ ခေတ်ပြိုင်နိုင်ငံတော် သုဝဏ္ဏဘူမိသို့ (ဗျတ်ဝိ ၊ဗျတ္တ)
ညီနောင်နှစ်ယောက် ရေမျောကမ်းတင် ရောက်လာတော့ ဘုန်းတော်ကြီးက ဘုန်းကြီးကျောင်းမှာ ခေါ်ယူကျွေးမွေး စောင့်ရှောက်ထားပါတယ် ၊ ဘုန်းကြီးကျောင်း
ဆိုတော့ သိတဲ့အတိုင်းပါပဲ ၊ အစားအစာကို ရွေးချယ်လို့မရပါဘူး ။ မြန်မာလူမျိုးတွေ ဆွမ်းဟင်းအဖြစ် အလှူ ပြုဆုံး အသားကလည်း ဝက်သားသာလျှင် ဖြစ်ပါတယ်။
ဘုန်းကြီးကျောင်းနေ ကပ္ပိယများ နံနက် အာရုံ နှင့် ညနေ ဘုရားဝတ်ပြုရမယ် (သို့ ) သံဃာတော်တွေ အတွက် ဝတ်တက်ရန် ဝေယျာဝစ္စ လုပ်ဆောင်ပေးရတတ်တယ် ။
ဒါဟာ ဘုန်းတော်ကြီး ပညာရေးကို မှီလိုက်တဲ့ ပုဂ္ဂိုလ်တွေ သိပြီးဖြစ်မှာပါ ။ (ယခုထိလည်း ရှိနေပါသေးတယ်) ။ ၎င်းအပြင် ဘာသာတရား ဆိုတာကို မသိတတ်
သေးသောအရွယ် လူမမည်ကလေးဘဝ ရေမျော ကမ်းတင်လာခြင်းဖြစ်သော ကလေးနှစ်ယောက်ဟာ ဘုန်းတော်ကြီးကျောင်းတွင် နေထိုင် စားသောက်ပြီး ၊
ကျေးဇူးတော်ကို ခံယူနေကြပါလျှက် အလ္လာ၏ ဂုဏ်ကိုဖော်ကျူးနေကြပါ၏ လို့ ပြည်တွင်းနေတို့မှ အဘယ်သို့ သတ်မှတ်လိုက်ကြပါ သနည်း ။ နောက်ပြီး ဗုဒ္ဓဘာသာ
နေလို လလို ထွန်းလင်းနေတဲ့ သုဝဏ္ဏဘူမိ လိုတိုင်းပြည်မှာနော် ၊ ရေမျောကမ်းတင်လာသော ဒုက္ခသည် လူမမည်လေး နှစ်ယောက် ၎င်းတို့၏ အမည်ကိုတောင် မသိရှိ
(ဗျဝိ ၊ ဗျတ္တ ဘုန်းကြီးပေးသော အမည်)သာရှိသော ကလေးတွေက ထူးထူးခြားခြား မွတ်ဆလင်ပါလို့ ပြောပါ့မလား စဉ်းစားလေ ။ ဒီလိုနဲ့ အလှူတော်ကျ ကျေးဇူးတရား
တွေနဲ့ ကြီးပြင်းလာပြီး ဘုရင့်ကိုဆက်မည့် ပွဲတော်အုပ်ကို ကြံစည်လေတော့ ဘုရင်မျက်ပြီး ရာဇဝတ်ဒဏ်သင့်၍ နောင်တော် ဗျတ်ဝိက ကွပ်မျက်ခံရပြီး ညီတော် ဗျတ္တက
ပေါက္ကံပြည်ကို သုတ်ခြေတင်ပါသတဲ့လေ ။ ဒီအချိန်မှာ ပေါက္ကံပြည်ကလည်း အနော်ရထာမင်းမြတ်က နိုင်ငံရေး နှင့် ဘာသာရေးကို ပြောင်းလဲနေချိန် ၊ ပြည်ထောင်စုကို
စုစည်းမည့် အချိန်မှာ သူရဲကောင်းလို အပ်နေခြင်းကြောင့် တကြောင်း ၊ ဗျတ္တသည် သုဝဏ္ဏဘူမိအကြောင်း ကောင်းကောင်းသိသော သူဖြစ်ခြင်းကြောင့်လည်ကောင်း ခိုလှုံခွင့်
ပေးခြင်းပါ ။ သုဝဏ္ဏဘူမိအား စည်းရုံးပြီး သကာလ ဗျတ္တ၏ ကဏ္ဍမှာ ပန်းဆက်သမား ရာထူးကို ထူးရှယ်ပြုပြီး ရရှိကြောင်း အထင်အရှား ရာဇဝင်များရှိပါပေသည် ။
ထို့နောက်ပန်းဆက်ခြင်းပြုခြင်းသည်ကား ဘုရင်နှင့် မိဖုရား အသုံးပြုရန်အတွက်ဖြစ်ပေသည် ၊ ပန်းတွေ အများကြီးကို ဘုရင်နှင့်မိဖုရားက အဘယ်နေရာ၌ အသုံးပြုမည်နည်း ။
ဗုဒ္ဓဘာသာကို သဒ္ဒါထက်သန်ကြည်ညို မဆုံးဖြစ်နေသော ဘုရင်နှင့် မိဖုရားတို့သည်ကား ကိုယ်တိုင်အသုံးပြုရန်အတွက်ထက် ဘုရားစေတီများတွင် ကပ်လှူပူဇော်ရန် အသုံးချခြင်း
ဖြစ်ပေလိမ့်မည် ၊ ထေရဝါဒ ဗုဒ္ဓဘာသာအား လွန်စွာတန်ဖိုးထားသော ဘုန်းကြီးလှသော မင်းတပါး၏ ခြေတော်ရင်းတွင် လူယုံတော်အဖြစ်ခစားနေသော ပုဂ္ဂိုလ်သည်ကား အခြား
ဘာသာကို ကိုးကွယ်ဝံ့ပါမည်လော ၊ ပေါက္ကံပြည် သာသနာမစည်ပင်မီကပင် ရိုးရာကိုးကွယ်လာကြသော နတ် ၊ နဂါးများကိုပင် ဖယ်ရှားခဲ့သော သာသနာပြုမင်း၏ တပည့်ကျော်
ကြီးက ဘုရင့်မျက်နှာ အိုးမဲသုတ်ဝံ့ ပါအံ့လော ။ ဒီလိုနှင့် ကိုဗျတ္တတစ်ယောက် ပုပ္ပါးနှင့် ပုဂံ ချောင်းပေါက်မတတ် ဘုရားပန်းအခူးထွက်ရင်း နဖူးစာရွာလည်တော့ မယ်ဝဏ္ဏ နှင့်
အကြောင်းပါ သားနှစ်ယောက် ရပါသတဲ့ ၊ ဘုရင်ကြီးက လည်း မြေးတော်အသွင် မြှောက်စားပြီး ရွှေအိုးနှစ်လုံး လက်ဆောင်ပေးခြင်းအား အစွဲပြု၍ ရွှေဖျင်းကြီး ရွှေဖျင်းလေး မည်ပါ၏ ။
ဘုရင်၏ ချစ်မြတ်နိုးတော်ကို ခံယူရသော ကလေးနှစ်ယောက်သည်ကား ဂါရဝတရားကင်းကွာလျက် သောက်စားမူးယစ်ကာ အိမ်ယာကျူးကျော်မှု ပြုခြင်းကြောင့် သာသနာရေးမှာ
လစ်လပ်၍ အပစ်ပေးကွပ်မျက်ခံရလေသည် ။ ဤတွင် အခြားဘာသာကို ကိုးကွယ်ဖို့ မဆိုထားနှင့် စေတီတည်ရန် အုတ်နှစ်ချပ် လွတ်နေခြင်းကြောင့် အသက်စတေးရလေသော
ခေတ်တွင် အဘယ်သို့ မွတ်ဆလင်ဟု ပြည်တွင်းနေတွေက သတ်မှတ်လိုက်လေသနည်း ။ ထိုနောက်လွန်လေသော အခါ ကျန်စစ်သား မင်းပြုစဉ် ကာလ တလျောက်လုံးတွင် အယူတိမ်း၍ နတ်စိမ်းဖြစ်နေသော ညီနောင် နှစ်ပါးသည်ကား ပျောက်ခြင်းမလှ ပျောက်လေပြီးမှ ကျန်စစ်မင်း၏ မြေးတော် နန်းတက်ပြီး ဖောင်တော်လှည့်စဉ်တွင်မှ ဖောင်တော်ကို
တား၍ အသနားခံသဖြင့် နတ်နှစ်ပါးအဖြစ် သတ်မှတ်စေကာ ယခု တောင်ပြုံးနယ်ကို ပေးသနားတော်မူ၏ ဟု မှတ်သားရပါပေသည် ။ အဲဒီကနေ ခေတ်ကာလ တလျောက်ပူဇော်
ပသလာခဲ့ကြတာဖြင့် မျိုးခြားကပြားဖြစ်တာကို အကြောင်းပြုပြီး ဘယ်ခေတ်ကာလမှာ ဘယ်လို မွတ်ဆလင်ဇာတ်သွင်းခံရပြီး ဝက်သားမစား အရက်မသောက်သော ကိုယ်တော်တွေ အဖြစ်ရောက်သွားလည်းမသိရပါ ။ လူ့ဘဝမှာ ထန်းတောတွင်း အချိန်ကုန်ခဲ့သော ကိုယ်တော်တွေက နတ်သမိုင်းရေးကာမှ နတ်ကတော် လုံးကညာပြားတွေက ဘယ်ကုလားနဲ့ပေါင်းကာမြှောက်လိုက်လေတယ် ၊ သြော် ခက်လှချေတကား ။ နတ်ကတော် ပျိုကညာလုံးတွေကြောင့် ပြည်တွင်းနေတွေ ဂုဏ်ယူကာ ပြောနေကြတာကို ကြည့်ခြင်းအားဖြင့် မသိနားမလည် ၊ အူလည်ခြာလည် လိုက်နေသော နတ်ကတော်တွေပြောသော စကားအပေါ်မှာ နင်းပြီး မွတ်ဆလင်ကို မြန်မာတွေက ကိုးကွယ်နေသယောင် စကားအရာနှင့်ပင်လျှင် တင်တင်စီးစီး အမြတ်ထုတ် လွှမ်းမိုးချင်သော သရုပ်မှာ ပေါ်လွင်လှပေသည် ။ စိတ်ထဲ ကသိကအောက်ဖြစ်လို့ ကြုံကြိုက်မိတုန်းမှာ နတ်ကတော် လုံးကညာပြား တစ်ယောက်ကို မေးကြည့်မိဖူးပါသည် ၊ သူတို့အဖေက ကုလားပြည်က ရေမျောလာတဲ့ အတွက် မွတ်ဆလင်လို့ သတ်မှတ်တာပါတဲ့လေ ၊ကဲ ဒီတော့ သုဝဏ္ဏဘူမိ
ကိုသိသလားလို့မေးပြန်တော့ ၊ ပြန်ဖြေတယ်ဗျ ...အမယ်လေး...လေး ဘုရင်နောင်ရဲ့ နေပြည်တော်ကို မသိရလောက်အောင် ဒီက မအ"သေးပါဘူးတဲ့ဗျို့ ။
ကဲ...............အဲဒါသာကြည့်ပေရော့ ။
ဦးယဉ်ကျေး ။ ။
-- ညီနောင်နှစ်ယောက် ရေမျောကမ်းတင် ရောက်လာတော့ ဘုန်းတော်ကြီးက ဘုန်းကြီးကျောင်းမှာ ခေါ်ယူကျွေးမွေး စောင့်ရှောက်ထားပါတယ် ၊ ဘုန်းကြီးကျောင်း

Computer နည်းပညာများ
http://groups.google.com/group/auroracomputerservice?hl=en_US
ဂြိုဟ်တုနှင့်အာကာသ
http://sites.google.com/site/9spacestudy/
Entertainment (game)
www.vaperida.com
Aurorageneration အတွက် facebook link ပါ။
http://www.facebook.com/groups/186830348042417
Aurorageneration facebook page
https://www.facebook.com/Aurorageneration (Still fixing)
--
သင်သည် aurorageneration group ဧ။် member တစ်ယောက်ဖြစ်သောကြောင့် ယခု mail ရရှိခြင်းဖြစ်သည်။group ဧ။်အသေးစိတ်ကိုhttp://groups.google.com/group/aurorageneration/topics?start=10&sa=N မှာကြည့်နိုင်ပါသည်။ သင်ဧ။် mail များကိုဖြန့်ဝေချင်ပါကaurorageneration@googlegroups.comသို့ပို့နိုင်ပါသည်။ group ကိုဝင်ချင်ပါက aurorageneration+subscribe@googlegroups.com သို့ mail ပို့ ခြင်းဖြင့် ၀င်နိုင်ပါတယ်။ group မှထွက်ချင်ပါက aurorageneration+unsubscribe@googlegroups.com ဖြင့်ထွက်နိုင်ပါတယ်။
group နှင့်ပတ်သက်ပြီး အကြံဥာဏ်များပေးလိုပါက aurorageneration+owner@googlegroups.com သို့ မေးလ်ပို့နိုင်ပါသည်။