[aurorageneration] ခပ်နက်နက် ကမ္ဘာဖျက် စာသားတွေ ကို ဒီနေ့တော်လှန်တယ် ( ကဗျာ )

ခပ်နက်နက် ကမ္ဘာဖျက် စာသားတွေ ကို ဒီနေ့တော်လှန်တယ်
 
ခြွေချ . . . ကြွေကျ . . . ဝေကျ
အဲ့ဒီပြဇတ်ကို ဆက်ကြည့်စမ်းပါ
အရာရာ ဟာ မှုန်ဝါးဝါး ၊ အရာရာ ဟာ ထင်ရှားရှား
လိုက်ကာအမဲနောက် က မျက်နှာလေး
ကျောက်တုန်းတွေရန်က ဝေးပါစေ . . .
 
ဦးခေါင်းခွံကို ထက်ခြမ်းလှီး
သရဲ သဘက်စီးနေ တဲ့
အဲ့ဒီ စာအုပ်ဟာ အဆိပ်ပြင်းတယ်
စေတန်ရဲ့မြွေ တစ်ကောင်လို . . . မှားလို့ . . . ကမ္ဘာဖျက်ပိုး
အရွယ်မရောက်ခင် အထိ တွင်းဟောင်းထဲမှာ အောင်းလို့ . . .
 
××× ဟာ  အကြီးမြတ်ဆုံး
အကြီး     မြတ်ဆုံး
အ   ကြီး    မြတ်   ဆုံး
သူဟာ အကြီးမြတ်ဆုံးဆိုတဲ့ အရာတခုအတွက်အသက်ပေးတယ်
သူ့စိတ်ထဲမှာ သူဟာ ကြီးမြတ်ချင် ကြီးမြတ်လိမ့်မယ်
သူ ဇီဝန်ချုပ်ရာ ပါတ်ဝန်းကျင်က ဘုမသိဘမသိ အသက်ပေးရတယ်
အပြစ်မရှိတဲ့ သူတို့ကတော့ အမှန်တကယ်ကြီးမြတ်တယ်
သောက်တလွဲ ဆူဆိုက်များ ဟာ ဒီခေတ်ရဲ့ ဒုတိယမိ အိပ်ခ်ျအိုင်ဗွီ . . .
 
အဓိပ္ပါယ်ရဲ့ တဖက်ခြမ်းက
အပြစ်ရှိသူမှန်သမျှ သတ်နိုင်တယ်
နေဟာ ပိုပိုပြင်းလာ
လဟာ ပိုပိုရင့်လာ
အလာ . . . အလာ . . . အလာ
အလာရှိရင် အပြန်ရှိတယ်ဆိုတာ
ယုံတမ်းစကား ၊ အခုတော့ ဘယ်မိစ္ဆာ ကမှ
သွေးစေး တွေဝလင်လည်း ပျော်ပျော်ပါးပါး မပြန် . . .
 
မြင်အောင်ကြည့်
မြင်အောင် ကြည့်လိုက်စမ်း
မြေကြီးအနှံ့အပြား
ဘယ်သူ့သွေးတွေ မြေခနေသလဲ
ဘယ်သူ့ အသက်တွေ ကြွေကျနေသလဲ
မိတ်ဆွေအချင်းချင်း ဘယ်သူတွေ သတ်နေသလဲ
ညီအကိုအချင်းချင်း ဘယ်သူတွေ သတ်နေသလဲ
ရန်သူတွေကို ရက်ရက်စက်စက် ဘယ်သူတွေသတ်နေလဲ
ကိုယ့်ပိုင်နက်မြေကို စည်းတားပြီး
သူများ ပိုင်နက်မြေကို ဘယ်သူတွေ ခြေချနေသလဲ
ကိုယ့်ယုံကြည်မူ့ကိုဦးထိပ်ထားပြီး
သူများ ကိုးကွယ်မူ့ကို ဘယ်သူတွေ တားမြစ်နေသလဲ
မိန်းမလျှာဆို သေစေ
ဖောက်ပြန်ရင် သေစေ
ခိုးရင် သေစေ
အယူမတူရင် သေစေ 
ကိုယ့်လိုဘတခုပဲ ဦးထိပ်တင်
လူများ ရင် ငါတို့ ဥပဒေနဲ့ငါတို့ဆိုတာ
ဘယ် တန်ခိုးရှင် ကချမှတ်လိုက်တဲ့ ပညတ်တွေလဲ
ကောင်းကင် က အနီရောင်ဖုံးလွန်း
ငရဲ က လက်ရှိ အယူဝါဒ မျက်နှာဖုံးစွပ်အလာ မှာ
ဘုရားသခင် ဟာ အဲ့ဒီစာစုကို နုတ်တော်ကချပေးခဲ့ရင်
ဒီနေ့ ဒီရက် မှာ ငါဟာ ဘုရားသခင်သာ မက ၊ အဲ့ဒီအရာကိုထောက်ခံတဲ့
သက်ရှိ သက်မဲ့ ဟူသမျှ ကိုတော်လှန်တယ် . . .
 
 
 မာဃသစ္စာ
 
 
 

--
Computer နည်းပညာများ
http://groups.google.com/group/auroracomputerservice?hl=en_US
 
ဂြိုဟ်တုနှင့်အာကာသ
http://sites.google.com/site/9spacestudy/
 
Entertainment (game)
www.vaperida.com
 
Aurorageneration အတွက် facebook link ပါ။
http://www.facebook.com/groups/186830348042417
 
Aurorageneration facebook page
https://www.facebook.com/Aurorageneration (Still fixing)
 
--
သင်သည် aurorageneration group ဧ။် member တစ်ယောက်ဖြစ်သောကြောင့် ယခု mail ရရှိခြင်းဖြစ်သည်။group ဧ။်အသေးစိတ်ကိုhttp://groups.google.com/group/aurorageneration/topics?start=10&sa=N မှာကြည့်နိုင်ပါသည်။ သင်ဧ။် mail များကိုဖြန့်ဝေချင်ပါကaurorageneration@googlegroups.comသို့ပို့နိုင်ပါသည်။ group ကိုဝင်ချင်ပါက aurorageneration+subscribe@googlegroups.com သို့ mail ပို့ ခြင်းဖြင့် ၀င်နိုင်ပါတယ်။ group မှထွက်ချင်ပါက aurorageneration+unsubscribe@googlegroups.com ဖြင့်ထွက်နိုင်ပါတယ်။
 
group နှင့်ပတ်သက်ပြီး အကြံဥာဏ်များပေးလိုပါက aurorageneration+owner@googlegroups.com သို့ မေးလ်ပို့နိုင်ပါသည်။