[aurorageneration] အစိုးရက ထိရောက်စွာ မကိုင်တွယ်လျှင် ရခိုင်တွင် တတိယအကြိမ်မြောက် တကျော့ပြန် ဆူပူ အကြမ်းဖက်မူ ပြန်လည် ဖြစ်ပွားနိုင်


အစိုးရက ထိရောက်စွာ မကိုင်တွယ်လျှင် ရခိုင်တွင် တတိယအကြိမ်မြောက် တကျော့ပြန် ဆူပူ အကြမ်းဖက်မူ ပြန်လည် ဖြစ်ပွားနိုင်


သက်ဆိုင်ရာ အစိုးရ တာဝန်ရှိသူများက ထိထိရောက်ရောက် မကိုင်တွင်လျှင် တတိယ အကြိမ်မြောက် တကျော့ပြန် ဆူပူအကြမ်းဖက်မူများ ရခိုင်ပြည်နယ်တွင် ပြန်လည် ဖြစ်ပွား လာနိုင်ဖွယ် ရှိသည်ဟု ပန်းမြောင်း ဒေသခံ တစ်ဦးက နိရဉ္စရာသို့ ပြောသည်။

အောက်တိုဘာလ ၅ ရက်နေ့က မင်းပြားမြို့နယ် ပန်းမြောင်းကျေးရွာမှ ဦးမောင်ဘေချေ၏ သားဖြစ်သူ မောင်စိုးဝင်းအား နာဂါရာကျေးရွာနှင့် လက်မ မွတ်ဆလင်ရွာမှ ဘင်္ဂလီ ၂၀ ခန့်က ဂျင်ဂလိ လေးဂွများဖြင့် ၀ိုင်းဝန်းတိုက်ခိုက်သဖြင့် ဒဏ်ရာ ပြင်းထန်စွာ ရရှိသွားပြီး မင်းပြားဆေးရုံသို့ ပို့ဆောင်လိုက်ရသည်ဟု သိရသည်။

မောင်စိုးဝင်း ဂျင်ဂလိဖြင့် တိုက်ခိုက်ခံရ၍ ဆေးရုံတင်ပို့ရသည့် အခြေအနေနှင့် ပတ်သက်ပြီး မေးမြန်းစဉ် ပန်းမြောင်းဒေသခံ လူကြီး တစ်ဦးက နိရဉ္စရာသို့ ထိုသို့ ပြောကြားသွားခဲ့သည်။

" အခု ကျွန်တော်တို့ ရခိုင်တွေဘက်က ဘာမှ မလုပ်တော့ဘူး။ ဘင်္ဂလီတွေဘက်က ပြန်ရစနေတယ်။ မနေ့ ညနေပိုင်းက လယ်တဲ စောင့်နေတဲ့ မောင်စိုးဝင်းဆိုတဲ့ ကောင်လေး တစ်ယောက်ကို မွတ်ဆလင်တွေက ဂျင်ဂလိတွေနဲ့ တိုက်ခိုက်တဲ့ အတွက် ဒဏ်ရာ ပြင်းထန်စွာန် ရသွားတာကြောင့် မင်းပြားမြို့နယ်ဆေးရုံကို တင်လိုက်ရတယ်။ ဒါပြင် ပန်းမြောင်းက နွားနှစ်ကောင်ကိုလည်း သူတို့ ဆွဲယူသွားပြီး သတ်စားပစ်တယ်။ ဒီလို ရန်စနေတာကို သက်ဆိုင်ရာ အစိုးရ တာဝန်ရှိသူတွေက အချိန်မှီ မတားဆီးဘူးရင် ပြဿနာ ပြန်ဖြစ်နိုင်တယ်" ဟု ဆိုသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး ကျေးရွာသားများမှ ပန်းမြောင်းကျေးရွာရှိ ရဲနှင့် စစ်တပ်သို့ သွားရောက် တိုင်ကြားခဲ့သဖြင့် အခင်းဖြစ်ရာ နေရာသို့ သွားရောက် ကြည့်ရှု့ စစ်ဆေးခဲ့သော်လည်း ယခုအချိန်ထိ တစ်စုံတစ်ရာ ဖမ်းဆီး အရေးယူခြင်း မရှိသေးကြောင်း သိရသည်။

အလားတူ ပန်းမြောင်းကျေးရွာ အနီးရှိ ဥယာဉ်တောင် ရွာ လယ်တဲ တစ်ခုတွင် စုပုံထားသော ရခိုင် လူမျိုးပိုင် ကောက်လိုင်း ၂၀၀ ကျော် ၃၀၀ ကျော်ကို ဘင်္ဂလီ မွတ်ဆလင် အုပ်စု တစ်ခုမှ လာရောက် မီးရှို့သွားခဲ့သည်ဟု သူက စွပ်စွဲပြောဆိုသည်။

၎င်းပြင် မင်းပြားမြို့သို့ စက်လှေဖြင့်သွားရာတွင်လည်း မြစ်ကမ်းဘေးရှိ မွတ်ဆလင် ကျေးရွာများမှ ဂျင်ဂလိ လေးဂွများဖြင့် တိုက်ခိုက်သဖြင့် သွားလာရေး အခက်အခဲ ရှိနေသည်ဟု ပန်းမြောင်းမှ ကျောင်းဆရာ တစ်ဦးက ပြောသည်။

" အခု ဒီမှာ ဖြစ်နေတာက ခရီးတစ်ခုသွားမယ်ဆိုရင် မလွယ်တဲ့ အခြေအနေကို ရောက်နေပါတယ်။ ကျွန်တော်တို့ အခု မင်းပြားကို သွားဖို့တောင် တော်တော် အခက်အခဲ ဖြစ်နေပါတယ်။ မွတ်ဆလင်တွေက လမ်းကနေ စက်လှေတွေကို ဂျင်ဂလိတို့ လေးဂွတို့နဲ့ တိုက်ခိုက်တာတွေ ရှိတယ်။ တရားဥပဒေ စိုးမိုးမူက လုံးဝ မရှိဘူး ဖြစ်နေပါတယ်" ဟု သူက ဆိုသည်။

ယခုအချိန်ထိ မင်းပြား၊ မြောက်ဦးမြို့နယ်များတွင် ဂျင်ဂလိ၊ လေးဂွများကို ဖမ်းဆီး သိမ်းဆည်းမူများ မရှိသေးသဖြင့် ဆက်လက်တိုက်ခိုက်မူများ ပေါ်ပေါက်နေခြင်း ဖြစ်ကြောင်းသိရသည်။

" အာဏာပိုင်တွေ၊ စစ်တပ်တွေလည်း ရခိုင်တွေကို ဖမ်းဆီးမေးမြန်းနေတယ်။ သေနတ် ပစ်သတ်ခံရတာလည်း ရခိုင်တွေ ဖြစ်တယ်။ အခု တစ်ခါ ဖမ်းဆီး စစ်ဆေးနေတာမှာလည်း ရခိုင်တွေကိုဘဲ ဖြစ်နေပါတယ်။ ဘင်္ဂလီတွေဘက်ကိုကျတော့ နိုင်ငံတကာနဲ့ မွတ်ဆလင်နိုင်ငံတွေရဲ့ ဖိအားကို ကြောက်ပြီး အထက်က ဘာမှ မလုပ်ဖို့ ညွှန်ကြားထားပုံရပါတယ်။ ခုလို ကိုယ်ထိ လက်ရောက် တိုက်ခိုက်တာတောင်မှ ဘာမှ မလုပ်ရဲဘဲ ဖြစ်နေတယ်" ဟု မြောက်ဦးမြို့ပေါ်မှ နိုင်ငံရေး လူပ်ရှား နေသူ တစ်ဦးကလည်း ပြောသည်။

အောက်တိုဘာလ ၂၁ ရက်နေ့ ဒုတိယ အကြိမ် ဆူပူ တိုက်ခိုက်မူ မဖြစ်ပွားမှီ ကျောက်တော်မြို့နယ်တွင်လည်း အလားတူ မွတ်ဆလင်များဘက်မှ ရန်စမူများ အကြီးအကျယ် ပေါ်ပေါက်ခဲ့ပြီး အာဏာပိုင်များနှင့် စစ်တပ်ကို သွားရောက် တိုင်ကြားသော်လည်း တစ်စုံတစ်ရာ အရေးယူ ဆောင်ရွက်ခြင်း မရှိခဲ့ကြောင်း သိရသည်။ နောက်ပိုင်းတွင် ပြဿနာမှာ ထိန်းသိမ်းမရအောင်ထိ ကြီးကျယ်သွားခဲ့ပြီး စစ်တပ်က ၀င်ရောက်လာကာ အရေးအခင်း အတွင်း ရခိုင်လူမျိုး တစ်ဒါဇင်နီးပါးခန့်ကို ပစ်သတ် ပစ်ခဲ့သည်။

ကျောက်တော်တွင် စစ်တပ် လက်ချက်ဖြင့် သေဆုံးခဲ့ကြရသူများ။ (ဓါတ်ပုံ- နိရဉ္စရာ)

--
          


 မာဃသစ္စာ

--
Computer နည်းပညာများ
http://groups.google.com/group/auroracomputerservice?hl=en_US
 
ဂြိုဟ်တုနှင့်အာကာသ
http://sites.google.com/site/9spacestudy/
 
Entertainment (game)
www.vaperida.com
 
Aurorageneration အတွက် facebook link ပါ။
http://www.facebook.com/groups/186830348042417
 
Aurorageneration facebook page
https://www.facebook.com/Aurorageneration (Still fixing)
 
--
သင်သည် aurorageneration group ဧ။် member တစ်ယောက်ဖြစ်သောကြောင့် ယခု mail ရရှိခြင်းဖြစ်သည်။group ဧ။်အသေးစိတ်ကိုhttp://groups.google.com/group/aurorageneration/topics?start=10&sa=N မှာကြည့်နိုင်ပါသည်။ သင်ဧ။် mail များကိုဖြန့်ဝေချင်ပါကaurorageneration@googlegroups.comသို့ပို့နိုင်ပါသည်။ group ကိုဝင်ချင်ပါက aurorageneration+subscribe@googlegroups.com သို့ mail ပို့ ခြင်းဖြင့် ၀င်နိုင်ပါတယ်။ group မှထွက်ချင်ပါက aurorageneration+unsubscribe@googlegroups.com ဖြင့်ထွက်နိုင်ပါတယ်။
 
group နှင့်ပတ်သက်ပြီး အကြံဥာဏ်များပေးလိုပါက aurorageneration+owner@googlegroups.com သို့ မေးလ်ပို့နိုင်ပါသည်။