သစ်ထူးလွင် |
- စဉ့်ကိုင်မြို့နယ်ရှိ မြစည်းခုံ စေတီတော်ကြီး ငလျှင်ကြောင့် ပျက်စီး
- နောက်ဆက်တွဲ ငလျင်လှုပ်ခတ်မှုကြောင့် ဒေသခံတွေ စိုးရိမ်
- အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် အိန္ဒိယ ခရီးစဉ် ထွက်ခွာ
- Online Charging နှင့် Convergent Billing စနစ် ၀န်ကြီး စစ်ဆေး
- နိုဝင်ဘာလ (၁၁)ရက်နေ့ ထုတ် မော်နီတာ သတင်း ဂျာနယ် အတွဲ (၂)၊ အမှတ် (၂၇)
- ၈၈ မျိုးဆက် မွန်ပြည်နယ် ခရီးစဉ် (ရုပ်/သံ)
- တရုတ်လူမျိုးတစ်ဦးက အမှိုက်ကောက် ကလေးငယ် တစ်ဦးအား ရိုက်နှက်ခဲ့သဖြင့် ရုန်းရင်းဆန်ခတ် ဖြစ်ပွါး
- လယ်သမားနှင့် အင်းသူကြီးတို့ပြသနာ တိုင်ကြားထားသော်လည်းဖြေရှင်းပေးခြင်းမရှိသေး
- ရခိုင်ပြည်နယ်တွင် ပင်လယ်ရေကြောင်းလုံခြုံရေးအားနည်း
- ကျောက်တော်မြို့နယ် အတွင်း နိုင်ငံသားကတ် ကိုင်ဆောင် ထားသည့် ဘင်္ဂါလီ လူမျိုးမရှိ
- SHADE ဂျာနယ်၊ အတွဲ(၇)၊အမှတ်(၁)၊နိုဝင်ဘာ(၁၄)ရက်နေ့မှ(၂၀)ရက်နေ့အထိ။
- “ ပြည်တွင်းငြိမ်းချမ်းရေးကို အမှန်တကယ်တည်ဆောက်လိုကြလျှင် ”
- ငလျင်ဒဏ်ခံ ပြည်သူများအတွက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ သိန်း(၁၀၀) လှူဒါန်း
- တောင်ကုတ်မြို့နယ် NLD ကျေးရွာရုံး တိုက်ခိုက်ခံရ
- နိုဝင်ဘာ ၁၂ ရက်နေ့ထုတ် Weekly Eleven News Journal အတွဲ ၈ အမှတ် ၆
- နောက်ဆက်တွဲ ငလျင်ဒဏ် စိုးရိမ်ရ
- ငလျင်ကြီးနောက် နောက်ဆက်တွဲငလျင်တွေလှုပ်
- တပ်မတော်နဲ့ လက်နက်ကိုင် မောင်တောမှာတိုက်ပွဲဖြစ်
- ကျွန်တော်တို့ရဲ့ ရန်ကုန်ပြည်သူ့ဆေးရုံကြီး
- ပျက်စီး ၊ သေဆုံး ၊ ဒဏ်ရာရမှု တချို့ ဖြစ်ပေါ်ခဲ့တဲ့ ရွှေဘို ငလျှင် (သတင်း-ရုပ်/သံ)
- ပြည်တွင်းထုတ် ဂျာနယ်များတွင် မြန်မာ့ယဉ်ကျေးမှုနှင့် ဆန့်ကျင်သော အမျိုးသမီးပုံများ ဖော်ပြနေခြင်းကိစ္စ
- ပုဂံမှာ ဟိုတယ်တွေ တည်ဆောက် နေတာရပ်ဖို့ ဒေသခံတွေ တောင်းဆို
- ၀ါဝါ၀င်းရှေ့ကလယ်သမားတွေ ဇာတ်နာလွန်းပြီ
- စံရိပ်ငြိမ်ဖြစ်စဉ်ပါဝင်သူများ ရဲတပ်ဖွဲ့မှ စုံစမ်းနေပြီ
- ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း သပိတ်ကျင်းမြို့မှ ငလျင်ဒဏ်သင့် ဒေသခံ ပြည်သူများအား တွေ့ဆုံအားပေး
| စဉ့်ကိုင်မြို့နယ်ရှိ မြစည်းခုံ စေတီတော်ကြီး ငလျှင်ကြောင့် ပျက်စီး Posted: 12 Nov 2012 08:09 AM PST ၁၁.၁၁.၁၂ ၊ နံနက် ၇ နာရီ ၄၂ မိနစ် တွင် လှုပ်ခတ် သွားသော မြေငလျင် ဒဏ်ကြောင့် မန္တလေးတိုင်း ဒေသကြီး ကျောက်ဆည် ခရိုင် စဉ့်ကိုင်မြို့နယ် တအုံရွာ ၌ တည်ရှိသော မြစည်းခုံ စေတီ တော်ကြီးမှာ စိန်ဖူးတော် ပြတ်ထွက် သွားခြင်း၊ ကြာမှောက် ကြာလှန်များ ပျက်စီး သွားခြင်း တို့ ဖြစ်ပေါ် ခဲ့ပါသည်။ ၎င်း အဖြစ်အပျက်နှင့် ဓာတ်ပုံများကို ယင်း မြစည်းခုံ ကျောင်း ဆရာတော် ဦဿးသန မှ ပေးပို့ တင်ပြထားခြင်း ဖြစ်ပါသည်။ by Myanmar News Now | ||||
| နောက်ဆက်တွဲ ငလျင်လှုပ်ခတ်မှုကြောင့် ဒေသခံတွေ စိုးရိမ် Posted: 12 Nov 2012 07:53 AM PST မြန်မာပြည် အလယ်ပိုင်း ဒေသမှာ တနင်္ဂနွေနေ့ မနက်ပိုင်းက ပြင်းအား ၆ဒသမ၈ အဆင့်ရှိ ငလျင်ကြီး ပြင်းပြင်း ထန်ထန် လှုပ်ခတ် ပြီးတဲ့နောက် ပြင်းအား အတန်အသင့်ရှိတဲ့ ငလျင်ငယ် တွေဟာ ဒီမနက်ထိ ဆက်လက် လှုပ်ခတ် နေဆဲဖြစ်ပါတယ်။ ဒီလို ငလျင်ငယ်တွေ ဆက်တိုက် လှုပ်ခတ်နေ တာကြောင့် ဒေသခံ ပြည်သူတွေဟာ အထိတ်တလန့် ဖြစ်နေကြပြီး မိုးဇလဌာန ငလျင်ဌာနခွဲက တာဝန်ရှိသူတဦးက ငလျင်ဒဏ်ခံခဲ့ရတဲ့ အဆောက်အဦးတွေရဲ့ ကြံခိုင်မှုကို သေချာ စစ်ဆေးမှု မလုပ်ဘဲ ဆက်လက် မနေထိုင်ဖို့ အတွက် သတိပေး ပြောကြားပါတယ်။ သတင်းအပြည့်အစုံကို ထိုင်းအခြေစိုက် သတင်းထောက် ကိုမိုးဇော်က တင်ပြပါမယ်။ တနင်္ဂနွေနေ့ မနက် ၇နာရီ ၄၂မိနစ်ကျော်မှာ စစ်ကိုင်းတိုင်းဒေကြီး ရွှေဘိုမြို့ မြောက်ဖက် ၄၅မိုင်အကွာမှာ ဗဟိုပြုလှုပ်ခတ်ခဲ့တဲ ပြင်းအား ၆ဒသမ၈ အဆင့်ရှိ ငလျင်ကြီး လှုပ်ခတ်ပြီးတဲ့နောက်မှာ အဲ့ဒီ့နေ့မှာပဲ ပြင်းအား ရစ်ခ်ျတာ စကေး အဆင့် ၅လောက်ရှိတဲ့ နောက်ဆက်တွဲ ငလျင်ငယ် ၃ခု ဆက်လက်လှုပ်ခတ်ခဲ့ပါတယ်။ ဒီလိုနောက်ဆက်တွဲ ဆက်လက်ဖြစ်ပေါ်နေတဲ့ငလျင်ငယ်တွေဟာ ဒီကနေ့ အထိလည်း ဆက်လက် လှုပ်ခတ် နေဆဲဖြစ်တယ်လို့ ငလျင်ဒဏ်ကို အဆိုးဝါးဆုံး ခံခဲ့ရတဲ့ ရွှေဘိုခရိုင် ကျောက်မြောင်းမြို့နယ်ခွဲက ဒေသခံ တယောက်က ပြောပါတယ်။ "ငလျင်ကလည်းအခုထိ လှုပ်တုံး။ ဒီနေ့ မနက် ၉နာရီကျော်က အထိလှုပ်သွားသေးတယ်ဗျာ။ လူတွေ ထိတ်လန့်ယုံလောက်ပဲ ဖြစ်တယ်ဗျ။" အခြားထိခိုက်မှုများပြားခဲ့တဲ့ မန္တလေးတိုင်း ဒေသကြီးက စဉ့်ကူးမြို့က ဒေသခံတဦးကတော့ ညကလည်း ငလျင်ငယ်တွေ အဆက်မပြတ်ဆိုသလို လှုပ်ခတ်နေတာကြောင့် လူတွေ အထိတ်တလန့်နဲ့ ဖြစ်ခဲ့ကြတယ်လို့ ပြောပါတယ်။ "ညပိုင်းကတော့ ၃ခါလောက် ၄ခါလောက် ဆက်တိုက်ပေါ့ဗျာ။ မနေ့ညကတော့ မအိပ်ရဘူးပေါ့ဗျာ။ လူတွေကတော့ အပြင်ဖက်ထွက်အိပ်နေကြတာပေါ့။ ဒါပေမဲ့ မအိပ်ရဘူး။ ခဏလေး နာရီ တနာရီ နှစ်နာရီလောက်ခြားပြီးရင် တခါ လှုပ်လိုက်ပေါ့။ သူက လင်းပိုင်းလောက်ထိ ၄နာရီလောက်ထိ လှုပ်တယ်ဗျ။ လှုပ်တာက ကျနော်တို့ ၁၂ခွဲလောက်က တော်တော်လေး လှုပ်လိုက်သေးတယ်ဗျ။ နောက်တခါ ၂နာရီလောက်က တခါ လှုပ်လိုက်သေးတယ်ဗျ။ ညပိုင်းကိုက ၃ခါ ၄ခါလောက်က အတော်လှုပ်တယ်ဗျ။ အရင်နီးပါးလောက် မပြင်းပေမဲ့လည်း အတော်ကို သိသာတယ်ဗျ။" မိုးလေ၀သနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဒီနေ့ထုတ်ပြန်တဲ့သတင်းမှာတော့ သန်းခေါင်ကျော် ၁နာရီအချိန်လောက်မှာ ပြင်းအား ၅ဒသမ၇ ရစ်ခ်ျတာစကေးရှိတဲ့ ငလျင်တခု ထပ်မံလှုပ်ခတ်ခဲ့ကြောင်း ဖော်ပြပါတယ်။ မိုးဇလဌာန ငလျင်ဌာနခွဲ၊ ဦးစီးအရာရှိ ဦးကျော်ကျော်လင်းကတော့ ငလျင်ကြီးတခုလှုပ်ပြီးတဲ့နောက် ရက်ပိုင်းကနေ လပိုင်းကြာအောင်အထိ ငလျင်ငယ်တွေ ဆက်တိုက်ဆိုလို ဆက်လက်လှုပ်ခတ်တတ်ကြောင်း ပြောပါတယ်။ တချို့ ပြင်းအား ၃လောက်သာ ရှိတဲ့ ငလျင်ငယ်တွေကိုတော့ သက်ဆိုင်ရာဌာနက တိုင်းထွာဖို့ ခက်ခဲကြောင်း ပြောပါတယ်။ "သူတို့ဒေသမှာတော့ အသေးလေးတွေပေါ့ဗျာ။ အသေးလေးတွေဆိုတာက ၃အဆင့်လောက်ပဲ ရှိတဲ့ ဟာမျိုးတွေပေါ့။ ၃ဆင့်လောက်ရှိတဲ့ဟာကျ ကျနော်တို့ တိုင်းထွာရေးစက်တွေနဲ့ နည်းနည်း ဝေးကွာ နေတဲ့အခါကျ တခါတလေ record မရတတ်ဘဲ ရှိတတ်တယ်။ ကျနော်တို့ရဲ့ တိုင်းထွာရေး စခန်းတွေက ဘယ်မှာရှိလဲဆို အဲဒီဖက်နဲ့ အနီးဆုံးဆို မန္တလေးမှာ ရှိတယ်။ မန္တလေးစက်က အဲဒီနားဆိုရင် ၄ အဆင့်၊ ၅အဆင့်လောက်မှ တိုင်းထွာလို့ ရတာ။ ၃အဆင့်လောက်ကျ ဒီစက်တွေက record မ၀င်ဘူး။ ဒါပေမဲ့ ဒေသခံတွေကတော့ ၃လောက်ဆိုရင်ကို ဘာပဲ ပြောပြော ငလျင်လှုပ်တယ်ဆိုပြီးတော့ သတိပြုမိတာပေါ့။" ဒီလိုနောက်ဆက်တွဲငလျင်ငယ်တွေ ဆက်လက်လှုပ်ခတ်တတ်တာကြောင့် ငလျင်ကြီးလှုပ်စဉ်က ထိခိုက်ပျက်ဆီးခဲ့တဲ့နေအိမ်တွေကို သေချာစစ်ဆေးမှုမရှိဘဲ မနေထိုင်ဖို့ကိုလည်း ဦးကျော်ကျော်လင်းက အကြံပြုထားပါတယ်။ "ငလျင်ကြီးလှုပ်ခဲ့တဲ့အချိန်တုံးက ကိုယ်အိမ်တွေဘာတွေ ပျက်ဆီးသွားတယ်။ တချို့အိမ်တွေ ပြိုကျသွားတယ်ဆို အဲဒီပြိုကျနေတဲ့အဆောက်အဦးတွေ ပျက်ဆီးနေတဲ့ အဆောက်အဦးတွေကိုတော့ သေချာ အင်ဂျင်နီယာတွေနဲ့ စစ်ဆေးပြီးမှပဲ ပြန်လည်နေထိုင်တာတော့ ပိုပြီး သင့်တော်ပါတယ်။ အဲ့လို ပြိုပျက်သွားတဲ့ အဆောက်အဦး တွေက နောက်ထပ် ငလျင်ငယ်လေးတွေ လှုပ်လည်း ပြန်ပြီးတော့ နံရံတွေ ပြိုကျတာတို့ ဘာတို့ စသည့်ဖြင့် ပိုပြီးတော့ ပျက်နိုင်ပါတယ်။ ပျက်နိုင်တဲ့ အတွက်ပေါ့လေ။ အဲ့လိုအဆောက်အဦး ဆိုရင်တော့ သေချာ ပြုပြင်ပြီးမှ ပြန်နေတာက ပိုသင့်တော်ပါတယ်။ လောလောဆည်တော့ အဲလို ပျက်ဆီးနေတဲ့ နေအိမ်တွေမှာ မနေဘဲနဲ့ တခြား ဆွေမျိုးသားချင်းအိမ်ပေါ့။ သို့မဟုတ် ယာယီအိမ်တွေမှာ သွားပြီး ရွှေ့ပြောင်းနေတာက ပိုပြီး သင့်တော်ပါတယ်။" အစိုးရပိုင်သတင်းစာတွေမှာလည်း ငလျင်လှုပ်ချိန်နဲ့ လှုပ်ပြီးနောက် လိုက်နာဆောင်ရွက်ရမဲ့ အချက်တွေကို ဖော်ပြပြီး သတိပေးနိုးဆော်ထားပါတယ်။ တနင်္ဂနွေနေ့က လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် ကျောက်မြောင်းနဲ့ စဉ်ကူးမြို့ကို ဆက်သွယ်ဖို့ ဆောက်လုပ်နေတဲ့ ရတနာသိင်္ဃခေါ် ဧရာဝတီ မြစ်ကူးတံတားပျက်ဆီးခဲ့သလို ဘုရားစေတီတွေ၊ ဘုန်းတော်ကြီးကျောင်းတွေနဲ့ အဆောက်အဦးတွေပျက်ဆီးခဲ့ရပြီး အနည်းဆုံး လူ တဒါဇင်လောက် သေဆုံးခဲ့ပါတယ်။ သမ္မတရုံး Website မှာတော့ ခြောက်ဦးသေဆုံးကြောင်း ဖော်ပြပါတယ်။ ငလျင်လှုပ်ခတ်ပြီးနောက်မှာတော့ နိုင်ငံတော် ဒုသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းနဲ့အဖွဲ့ဟာ ငလျင်ဘေးသင့်တဲ့ဒေသကို ချက်ချင်းသွားရောက်ပြီး ဆေးဝါး၊ အစားအသောက်နဲ့ ထောက်ပံ့ငွေတွေ ပေးအပ်နေပါတယ်။ လောလောဆယ်မှာ စစ်ကိုင်းနဲ့ မန္တလေးတိုင်းဒေသကြီးက အာဏာပိုင်တွေနဲ့ လူမှုအဖွဲ့အစည်းတွေကလည်း ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေကို ဆောင်ရွက်နေပါတယ်။ ပြီးခဲ့တဲ့နှစ် မတ်လအတွင်းကလည်း ရှမ်းပြည်နယ်အရှေ့ပိုင်း လွယ်မွေမြို့အနီးမှာ ဗဟိုပြုပြီး ပြင်းအားအဆင့် ၇ ရှိ ငလျင်လှုပ်ခတ်ခဲ့တာကြောင့် လူ ၇၀ကျော်သေဆုံးကြောင်း အစိုးရက သတင်းထုတ်ပြန်ပါတယ်။ ဒေသခံတွေကတော့ အနည်းဆုံး လူ ၁၃၀ကျော်လောက် သေဆုံးခဲ့တယ်လို့ ခန့်မှန်းပြီး ဒီငလျင်ကြီးလှုပ်ခတ်ပြီးတဲ့နောက်မှာ လနဲ့ချီပြီး ငလျင်ငယ်လေးတွေ မကြာခဏဆိုသလို လှုပ်ခတ်ခဲ့ပါတယ်။ ကိုမိုးဇော် (ဗွီအိုအေ) | ||||
| အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် အိန္ဒိယ ခရီးစဉ် ထွက်ခွာ Posted: 12 Nov 2012 07:06 AM PST အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ည (၇)နာရီ မိနစ်(၄၀)တွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ အိန္ဒိယနိုင်ငံ ခရီးစဉ်သို့ ထွက်ခွာ သွားခဲ့သည်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||||
| Online Charging နှင့် Convergent Billing စနစ် ၀န်ကြီး စစ်ဆေး Posted: 12 Nov 2012 06:50 AM PST ဆက်သွယ်ရေးနှင့် သတင်း အချက်အလက် နည်းပညာ ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသိန်းထွန်းသည် ယမန်နေ့မွန်းတည့် ၁၂ နာရီက မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း ရန်ကုန်မြို့ဟံသာဝတီရှိသတင်း အချက်အလက် နည်းပညာ ဌာနနှင့် အော်တိုတယ်လီဖုန်း စခန်း၌ ပြည်ပ နိုင်ငံများနှင့် အင်တာနက် ချိတ်ဆက်ထားမှု၊ ADSL သုံးစွဲသူများ လွယ်ကူ အဆင် ပြေစေရေး စီမံ ဆောင်ရွက် ထားရှိမှု၊ ကြိုးဖုန်း (Auto Phone) သုံးစွဲသူများ အတွက် ဆောင်ရွက် ထားရှိမှု များကို လည်းကောင်း၊ နံနက် ၉ နာရီခွဲတွင် မိုဘိုင်းလ် ဆက်သွယ်ရေး စခန်း ဗဟန်း အိတ်ချိန်းရှိ GSM မိုဘိုင်းလ် တယ်လီဖုန်း များအတွက် Online Charging System (OCS) ၏ ဆောင် ရွက် နေပုံများနှင့် အလုံ အိတ်ချိန်းရှိ CDMA မိုဘိုင်းလ် တယ်လီဖုန်း များအတွက် Convergent Billing System (CBS)ဆောင်ရွက်နေပုံ များကိုလည်းကောင်း လိုက်လံ ကြည့်ရှု စစ်ဆေးသည်။ တယ်လီဖုန်း သုံးစွဲသူများ အနေနှင့် အမှန်တကယ် သုံးစွဲ ခဲ့သည့်အတိုင်း တယ်လီဖုန်း သုံးစွဲခများ ပေးဆောင် နိုင်ရန် တယ်လီဖုန်း သုံးစွဲခ ကောက်ခံမှု စနစ်များသည် မှန်ကန် မြန်ဆန်ပြီး ထင်သာမြင်သာ ရှိရမည် ဖြစ်သည့်အပြင် မိမိတို့ ဌာနနှင့် ပတ်သက်၍ စမ်းသပ်စစ်ဆေး လိုပါက မှန်ကန်စွာ ရှင်းလင်း ပြောကြား ပေးကြရန်နှင့် GSM တယ်လီဖုန်းများ အတွက် ဖုန်းခေါ်ဆိုခ ကောက်ယူမှု စနစ် Online Charging System (OCS) နှင့် CDMA ဖုန်းများအတွက် ဖုန်းခေါ်ဆိုခ ကောက်ခံမှု စနစ် Convergent Billing System (CBS)တို့ကို မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း အနေဖြင့် အာမခံ တာဝန်ယူ ဆောင်ရွက် ကြရမည် ဖြစ်ကြောင်း ပြည်ထောင်စု ဝန်ကြီးက လှည့်လည်စစ်ဆေး ကြည့်ရှုစဉ် မှာကြားခဲ့သည်။ GSM မိုဘိုင်းလ် တယ်လီဖုန်း များအတွက် ဒေါ်တင်နွယ်မိုး (လက်ထောက် အင်ဂျင်နီယာ ဖုန်း ဝ၉-၅၁ဝဝ ဝဝ၁)၊ ဒေါ်ခင်ဖြိုး (အင်ဂျင်နီယာမှူး ဖုန်း ဝ၉- ၅ဝ၂၁ဝ၁ဝ)၊ CDMA မိုဘိုင်းလ် တယ်လီဖုန်း များအတွက် ဦးသန့်ဇင်ထွေး (လက်ထောက် အင်ဂျင်နီယာ ဖုန်း ဝ၉- ၇၃ဝဝ ဝ၁ဝဝ)၊ ဦးကိုကိုအောင် (အင်ဂျင်နီယာမှူး ဖုန်း ဝ၉- ၈၅ဝဝ ဝဝ၁) နှင့် ကြိုးဖုန်း (Auto Phone) များအတွက် ဦးဇော်မင်းဦး (အင်ဂျင်နီယာမှူး ဖုန်း ဝ၉- ၅၄၂ ၁ဝ၇၇) တို့ထံ တယ်လီဖုန်း ခေါ်ဆိုခ များနှင့် ပတ်သက်၍ ဆက်သွယ် မေးမြန်းနိုင်ကြောင်း သိရသည်။ မြ၀တီ | ||||
| နိုဝင်ဘာလ (၁၁)ရက်နေ့ ထုတ် မော်နီတာ သတင်း ဂျာနယ် အတွဲ (၂)၊ အမှတ် (၂၇) Posted: 12 Nov 2012 06:34 AM PST နိုဝင်ဘာလ (၁၁)ရက်နေ့ ထုတ် မော်နီတာ သတင်း ဂျာနယ် အတွဲ (၂)၊ အမှတ် (၂၇) ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ | ||||
| ၈၈ မျိုးဆက် မွန်ပြည်နယ် ခရီးစဉ် (ရုပ်/သံ) Posted: 12 Nov 2012 06:30 AM PST ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် တွေဟာ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့စည်း ဖော်ဆောင်ရေး ခရီးစဉ် အဖြစ် မွန်ပြည်နယ်ကို ၅ ရက်ကြာ ရောက်ရှိ နေပါတယ်။ တင်ဆက်-ရဲဝင့်သူ။ ရိုက်ကူး- အောင်စိုးထိုက် DVB TV News ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ | ||||
| တရုတ်လူမျိုးတစ်ဦးက အမှိုက်ကောက် ကလေးငယ် တစ်ဦးအား ရိုက်နှက်ခဲ့သဖြင့် ရုန်းရင်းဆန်ခတ် ဖြစ်ပွါး Posted: 12 Nov 2012 04:49 AM PST ကွမ်ကျိုးမှ လာရောက်သော တရုတ်လူမျိုး တစ်ဦးက အမှိုက်ကောက် ကလေး ငယ်တစ်ဦးအား မဟာအောင်မြေ ကျောက်မျက် ရတနာ ရောင်းဝယ်ရေး စခန်းအတွင်း ရိုက်နှက်ခဲ့သဖြင့် အများ ပြည်သူများ မကျေမနပ် ဖြစ်ကာ အထိကရုဏ်း အသွင်ဆောင်သည့် အခြေတစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ကွမ်းကျိုးမှ လာသော ကျောက်ကုန်သည် တစ်ဦး ---- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||||
| လယ်သမားနှင့် အင်းသူကြီးတို့ပြသနာ တိုင်ကြားထားသော်လည်းဖြေရှင်းပေးခြင်းမရှိသေး Posted: 12 Nov 2012 04:29 AM PST ဧရာဝတီတိုင်း၊ ပန်းတနော် မြို့နယ် ခနွဲ့ကဘို ကျေးရွာနေ လယ်သမား သုံးဦးနှင့် အင်းသူကြီး အပါအဝင်၊ တပည့် အယောက်(၂၀)ခန့်တို့ ပဋိပက္ခ ဖြစ်ပွားခဲ့ရာ လယ်သမားများမှ နယ်မြေခံ ရဲစခန်းသို့ တိုင်ကြား ထားသော်လည်း ယနေ့ချိန်ထိ တစုံ တရာ ဖြေရှင်းပေးခြင်း မရှိသေးကြောင်း လေးခွဖြင့် ပစ်ခတ်ခံရသူ ကိုဝင်းထိုက်စိုးကပြောသည် ။ သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||||
| ရခိုင်ပြည်နယ်တွင် ပင်လယ်ရေကြောင်းလုံခြုံရေးအားနည်း Posted: 12 Nov 2012 04:31 AM PST ရခိုင် ပြည်နယ် တွင်းတွင် လက်ရှိ ကုန်းတွင်းပိုင်း လုံခြုံရေး အဆင့် တိုးမြှင့်ထား သော်လည်း ရေကြောင်း လုံခြုံရေး အားနည်း ချက် ရှိကြောင်းနှင့် ပင်လယ်တွင်း ရေကြောင်း လုံခြုံရေး အတွက် တိုးမြှင့်ထားရန် လိုအပ်ကြောင်း ရခိုင် ပြည်နယ်တွင်း ရှိ ပြည်နယ် လွှတ်တော်မှ အမတ်များ၊ ဒေသတွင်းရှိ အင်အားကြီး ပါတီများနှင့် ပြည်နယ်တွင်း တာဝန် ကျလျက်ရှိသော လုံခြုံရေး တပ်များက ဆိုကြသည်။ သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||||
| ကျောက်တော်မြို့နယ် အတွင်း နိုင်ငံသားကတ် ကိုင်ဆောင် ထားသည့် ဘင်္ဂါလီ လူမျိုးမရှိ Posted: 12 Nov 2012 04:09 AM PST ရခိုင်ပြည်နယ် အတွင်း ၁၉၈၂ နိုင်ငံသား ဥပဒေဖြင့် ဆောင်ရွက်လျက်ရှိရာ ကျောက်တော် မြို့နယ်တွင်း၌ တရားဝင် နိုင်ငံသားကဒ် ဆောင်ထားသော ဘင်္ဂါလီလူမျိုးများ မရှိကြောင်း ကျောက်တော်မြို့နယ် လူဝင်မှု ကြီးကြပ်ရေးမှ အရာရှိ က ထုတ်ဖော် ပြောကြားသည်။ ၁၉၆၀ ခုနှစ် မတိုင်ခင် ကာလတွင်း ၀င်ရောက်လာသော တိုင်းရင်းသား မဟုတ်သည့် မျိုးနွယ်စု များသည် အမျိုးသား မှတ်ပုံတင် ကတ်များ သာ ကိုင်ဆောင်ခွင့် ရရှိခဲ့ပြီး ---- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||||
| SHADE ဂျာနယ်၊ အတွဲ(၇)၊အမှတ်(၁)၊နိုဝင်ဘာ(၁၄)ရက်နေ့မှ(၂၀)ရက်နေ့အထိ။ Posted: 12 Nov 2012 03:58 AM PST | ||||
| “ ပြည်တွင်းငြိမ်းချမ်းရေးကို အမှန်တကယ်တည်ဆောက်လိုကြလျှင် ” Posted: 11 Nov 2012 10:52 PM PST မြန်မာ ပြည်သူ ပြည်သား အများစု ပြောကြသော စကား တစ်ခွန်း ရှိပါသည် " အေးအေး ဆေးဆေးပဲ နေချင်တယ် ၊ နိုင်ငံရေး တွေ ဘာတွေလည်း စိတ်မ၀င်စားပါဘူး ၊ ဘယ်အစိုးရ တက်တက် ကိုယ့်ထမင်း ကိုယ်ရှာစားရမှာပဲ" ဟူသောစကား ဖြစ်ပါ သည် ။ အလွန်စာနာ နားလည်ဖွယ် ကောင်းလှသော စကားတစ်ခွန်း ဖြစ်ပါသည် ။ ထို့ထက်ပို၍ ဆိုခွင့်ရလျှင် အလွန် လူသားပီသသော စကား တစ်ခွန်းလည်း ဖြစ်သည်ဟု ဆိုချင် ပါသည် ။ လူ့ဘ၀၏ အဓိက လိုအပ်ချက်မှာ စားဝတ်နေရေး ဖြစ်ပါသည် ။ မိမိတို့ အသက်ခန္ဓာ တည်မြဲရေး အတွက် အဓိက လိုအပ်သော အစားအစာ (ထမင်းတစ်နပ်) ။ မိမိတို့ ကာအိနြေ္ဒ ထိမ်းသိမ်း ကာကွယ်ရန် ဖုံးလွှမ်းအပ်သော အ၀တ်တန်ဆာ ၊ မိမိတို့ မိသားစု အတွက် မှီခိုရန် နားနေရန် အိပ်စက်ရန် လိုအပ်သောနေစရာတို့သည် လူသားတို့အတွက်မရှိမဖြစ်တောင့်တ ကြောင့်ကြနေရ သော အရာများဖြစ် ပါသည် ။ သာမန်ပြည်သူများ အဖို့ သမ္မတဖြစ်ရေး ၊၀န်ကြီးဖြစ်ရေး၊လွှတ်တော် အမတ် ဖြစ်ရေး ၊ ပါတီ ခေါင်းဆောင်ဖြစ်ရေး ဆိုသည်တို့ မှာ အိမ်မက်ထဲတွင်ပင် ပေါ်မလာသည့် အကြောင်းတရားများဖြစ်ပါသည် ။ နေစရာ တစ်ခုရှိ၍ စားရေးနှင့်ဝတ်ရေးကိုအဆင်ပြေပြေဖွေရှာ စားသောက်နေကြနိုင်လျှင် သူတို့၏ ဘ၀မှာ ပြီးပြည့်စုံ နေပြီ ဖြစ်ပါသည် ။ ထိုသို့ ရိုးစင်းလှစွာ ဘ၀ကိုဖြတ်သန်းလိုကြသော ပြည်သူပြည်သားများသည် " စစ် " ဆိုသည့်အသံကို နားမှ လေသံ ပင် မကြားလိုကြ ပါ ။ အမြောက်သံ ၊ ကျည်သံ ၊ ဗုံးသံများကို မကြားလိုကြပါ ။ ကူးသန်းရောင်းဝယ်ကြသူများ ဖြစ်စေ ၊တောင်ယာလယ်လုပ်ဓါးမခုတ် လုပ်ကိုင်စားသောက်သူများဖြစ်စေ ငြိမ်းချမ်းသောဘ၀ကို ဖြတ်သန်းလိုကြသူများ ချည်းသာဖြစ်ကြပါသည် ။ ထိုသို့ဆိုလျှင် အဘယ်ကြောင့် ပြည်တွင်းမငြိမ်းချမ်းမှုများဖြစ်ပွားနေရပါသနည်း ။ အဘယ်ကြောင့် တစ်မြေတည်း နေ တစ်ရေ တည်းသောက်ကြသော ညီနောင်သားချင်း တိုင်းရင်းသားချင်း တိုက်ခိုက်သတ်ဖြတ်နေကြရပါသနည်း ။ အဘယ်ကြောင့် အပြစ်မဲ့ ပြည်သူ ပြည်သား တိုင်းရင်းသားများ အသက်အိုးအိမ်စည်းစိမ်တို့ ပျက်ပြားနေရပါသနည်း ။ ဤပြဿနာများကို အမြန်ဆုံး ဘယ်လိုအဆုံးသတ်ကြမည်နည်း ။ အဓိကပြဿနာများကို သွေးနုသားနု ဒီမိုကရေစီနိုင်ငံသစ် ဆောင်းပါး နောက်ဆက်တွဲ ဖွဲ့စည်းပုံ အခြေခံဥပဒေ ခုံရုံး၏ တာဝန်များ ၊ ဖက်ဒရယ်မူ တစ္ဆေ နှင့် အာဏာ(၃)ရပ်၏ တကယ့်ပိုင်ရှင်အစစ်အမှန် ဆောင်းပါးတွင် ဖော်ပြခဲ့ပြီးဖြစ်ပါ သည် ။ ယင်း တွင် " ယခု အရေးတကြီး ဖြေရှင်းရန်လိုအပ်နေ သည့် ကချင် ပြည်နယ် ပြဿနာ နှင့် အခြား တိုင်းရင်း သား လက်နက်စွဲကိုင်မှု ပြဿနာများ သည် မည်သည့်အတွက်ကြောင့် ဖြစ်ပွားနေရသည် ဆိုသည်ကို အခြေခံကျကျ လေ့လာ (Conflict Analysisလုပ်)ကြည့်ပါ" ဟု တင်ပြခဲ့ ပါသည်။ ထို့အပြင် " အထူးသဖြင့် …… တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုကို အရှိန် အဟုန်မြှင့် တည်ဆောက် နိုင်ရန် ပြည်တွင်းငြိမ်းချမ်းရေးကို အမြန်ဆုံး ပြန်လည်တည်ဆောက်ရန်လိုသည်။ ထိုသို့ ငြိမ်းချမ်း ရေး ကိုတည်ဆောက်နိုင်ရန်မှာ နှစ်ဦး နှစ်ဘက် အကြေအလည် စေ့စပ် ညှိနိုင်းကြရန်လိုသည် ။ထိုသို့စေ့စပ်ညှိနိုင်းရန် ပြဿနာ ၏ရင်းမြစ် (root cause)နှစ်ဦးနှစ်ဘက်၏လိုအင် ဆန္ဒများ (needs and desires) တန်ဖိုးထားမှုများ (values) များကို သိရှိနားလည်ရန်လိုအပ်သည်။ တိုင်းရင်းသား ညီနောင်အချင်းချင်း တိုက်ခိုက်သတ်ဖြတ်နေကြရသည့် ပြဿနာ များသည် လူမျိုးရေး ပဋိပက္ခ (Conflict of national cause)လော၊ အယူဝါဒရေးရာပဋိပက္ခ (Conflict of political conviction) လော။ ဖွဲ့စည်းပုံအခြေခံဆိုင်ရာ အကျပ်အတည်း (Constitutional Crisis) လော ဆိုသည် တို့ကို အခြေခံ ကျကျ ဆန်းစစ် လေ့လာမှုများ မပါရှိဘဲ ပြည်တွင်း ငြိမ်းချမ်းရေးအစစ်အမှန်ကိုဘယ်သို့စေ့စပ်ညှိနှိုင်းတည်ဆောက် ကြမည် နည်း " ဟုလည်း တင်ပြခဲ့ပါသည် ။ ထိုဆောင်းပါးပါအပြီး ရက်များမကြာမီ ၀န်ကြီး ဦးအောင်မင်း ဦးဆောင်သော ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင် ရေး အဖွဲ့ KIO နှင့် ဆွေးနွေးရန် ထွက်ခွာသွားခဲ့ပါသည် ။ အောက်တိုဘာ ၂၉ ရက်တွင် စတင် ကျင်းပ သည့် ရွှေလီငြိမ်းချမ်းရေး အစည်းအဝေးတွင် မည်သည့်အကြောင်းအရာကိုမျှ ပီပီပြင်ပြင် မဆွေးနွေးနိုင်ခဲ့ကြဘဲ နောက်တစ်ကြိမ် ထပ်မံညှိနိုင်းဆွေးနွေးကြရန် ဟုဆို၍ ပြန်လာခဲ့ကြရ ကြောင်းကိုလည်း ပြည်သူအများ သိရှိပြီးဖြစ် ပါသည် ။ ထိုဆွေးနွေးပွဲမှ ထွက်ပေါ်လာမည့် ငြိမ်းချမ်းရေးရောင်နီသစ်ကို မျှော်လင့်ခြင်းကြီး စွာဖြင့် စောင့်စားနေခဲ့ကြသော ကချင် တိုင်းရင်းသား များ နှင့်တကွ ငြိမ်းချမ်းရေး ကို အမှန်တကယ်လိုလားကြသော လူသားဆန်သည့် နှလုံးသားရှိသူ ပြည်သူပြည်သားများ အဖို့ ခဲလေသမျှ သဲရေကျခဲ့ရပြန်ပါသည် ။ " ငြိမ်းချမ်းရေး ဆွေးနွေးကြပြီတဲ့ " ဟူသော ၀မ်းသာ အားရ အားတက်သရော အသံကလေး များမှ လေ၀ယ် မပျောက်မီ ဝေသီမှုန်မှိုင်းသောအကြည့်များ မျက်ရည်စို့သော မျက်ဝန်းများဖြင့် တစ်ယောက်မျက်နှာတစ်ယောက် ကြည့် ကာဖြင့် " မအောင်မြင်ပြန်ဘူးတဲ့" ဟုယူကြုံးမရ တီးတိုးပြောဆိုကြရပြန်ပါပြီ ။ အထူးသဖြင့် သေနတ်သံများ ၊ ဗုံးသံများ ၊ အမြောက်သံ များကြားတွင် အိုးပစ် အိမ်ပစ် ၊ လင်တကွဲ မယားတကွဲ၊ မိဘတစ်ကွဲ သားသမီးတကွဲဖြင့် စစ်ဘေး စစ်ဒဏ် ကျောကော့ခံလျှက် အထုတ် ကလေးများ ပိုက်ကာ တောကြီးခေါင်ခေါင် အသက်ဘေးမှ ဝေးလွတ်ရာ တိမ်းရှောင်နေ ကြရ ရှာသည့် ကချင်ပြည်နယ်ဒေသခံ တိုင်းရင်းသားများ အဖို့တော့ မည်မျှ ကြေကွဲဝမ်းနည်းကြရှာလိမ့်မည်နည်း ။ တိုင်းရင်းသားများ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး ရွှေပြည်တော်ကြီးကဖြင့် မျှော်တိုင်း မဝေးသော်လည်း လုံးဝ မနီးသေး သည်ကတော့ အမှန် ပင် ဖြစ်ပါသည် ။ ကချင်တိုင်းရင်းသားများနှင့် ဖြစ်နေသော ပဋိပက္ခသည် လူမျိုးရေး ပြဿနာမဟုတ်ပါ ။နိုင်ငံရေး အယူအဆ ကွဲလွဲ မှု(ကွန်မြူနစ် ၊ ဆိုရှယ်လစ် .. စသည် ဖြင့် ) လည်းမဟုတ်ပါ ။ ဖွဲ့စည်းပုံ အခြေခံဥပဒေ အရ ဖြစ်ပေါ်နေသော ပြဿနာ ( Constitutional Crisis) ဖြစ်ပါသည် ။ တိုင်းရင်းသားများသည် တန်းတူညီမျှခွင် (ဗမာတစ်ကျပ် ရှမ်းတစ်ကျပ် ဟူသော စကားကို )လက်ကိုင် ထားခဲ့ ကြပြီး ဗမာသည်လည်း ပြည်နယ် တစ်ခု ၊ ရှမ်း ၊ ချင်း ၊ ကချင် ၊ ကရင် ၊ မွန် စသည့် အခြား တိုင်းရင်းသား များသည်လည်း ပြည်နယ်တစ်ခုစီ ၊ အခွင့်အရေးနှင့် အာဏာတူမျှ ရမည်ဟူ၍တောင်းဆိုခဲ့ကြသည်။အကယ် ၍ ငြိမ်းချမ်း ရေး ဆွေးနွေးပွဲ များ တွင် ထိုFederal State ကို တင်ပြတောင်းဆိုလာကြလျှင် ၊ မိမိတို့ တိုင်း/ပြည်နယ်တွင် ဥပဒေများ သီးခြား စီရှိရမည် ဖြစ်သည် ဟု ဆိုလာကြလျှင် မည်သူကဦးဆောင်ဖြေရှင်းမည်နည်း ၊ မည်သူက တာဝန်ခံ၍ မည်သို့ ဆုံးဖြတ် ကြမည်နည်း ။ခါတိုင်းလိုပင် နောက်တစ်ချိန်တွင် ထပ်မံဆွေးနွေးကြရန်ဟုဆိုကာ နောက်လှည့် ပြန်လာ ကြဦးမည်လား။ … ဤမျှတိုင်းပြည်အတွက် အရေးကြီးလှသည့် ဥပဒေရေးရာ ထိမ်းညှိ မှုများကို ဆောင်ရွက်ရန် တာဝန် ပေးအပ်ထားသော ဖွဲ့စည်းပုံအခြေခံ ဥပဒေခုံရုံးမရှိဘဲ နှင့် ထိုပြဿနာ များကိုမည်သူဖြေရှင်းမည်နည်း" ဟု ပြည်သူ တစ်ယောက်အနေဖြင့် မေးခဲ့သည် ။ ယခုလည်း ဤမေးခွန်းကိုပင် ထပ်မေးရပါတော့မည် ။ KIO ဘက်မှ ငြိမ်းချမ်းရေး အဖွဲ့ခေါင်းဆောင် ဦးဆွန်လွတ်ဂမ် ၊ အဖွဲ့ဝင် ဦးဂျီးနောင် နှင့် ကချင် လွတ်လပ်ရေး တပ်မတော် ဒ(KIA)ု စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွန်မော်တို့၏ ထိုငြိမ်းချမ်းရေး ဆွေးနွေးပွဲအပြီး မီဒီယာများနှင့် ရှင်းလင်း ပြော ကြားသော စကားများကို လေ့လာသုံးသပ်လျှင် KIO ၏ လိုလားချက်များကို တွေ့မြင်ရပါသည် ။ ထိုလိုလားချက်များမှာ .. ၁။ ၂၀၀၈ ဥပဒေက ပြည့်စုံ မှုမရှိပါ ။ ထိုအခြေခံဥပဒေထဲတွင် တိုင်းရင်းသားများ အခွင့်အရေးကို အာမခံ ချက် ပေးမထားပါ။ တိုင်းရင်းသားအခွင့်အရေးကို အာမခံချက်မျိုးကို ပေးထားနိုင် တဲ့ အခြေခံဥပဒေမျိုး၊ တိုင်းရင်းသားတွေ အတူတကွ ငြိမ်းချမ်းစွာ ယှဉ်တွဲ နေနိုင်သည့် ဥပဒေတရပ်လိုပါသည် ။ ဒါကြောင့် အခြေခံဥပဒေကို ပြောနေတာ ဖြစ်ပါ သည်။ ၂။ KIO က မူ ကို အဓိကအချက် ကိုင်စွဲပါသည် ၊ လူကို မစွဲပါ ။ KIO အား ၂၀၀၈ အခြေခံဥပဒေကို စွဲကိုင် ပြော ဆိုဆွေးနွေး လာလျှင် မည်သူနှင့်မဆို (ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်လာရောက်ပြောဆိုလျှင်ပင် ) အဆင်ပြေ မည် မဟုတ်ပါ ။ ၂၀၀၈ အခြေခံ ဥပဒေ ကို မူသေ မစွဲကိုင်ဘဲ ဘယ်လိုပဲဖြစ်ဖြစ် ညှိနှိုင်း ကြမယ်ဆိုတဲ့ ခေါင်းစဉ်အောက်တွင် ဆိုပါက မည်သူနှင့်ဆွေးနွေးရသည် မဆို အဆင် ပြေနိုင် ပါသည် ။ ၃။ အပစ် အခတ် ရပ်စဲခြင်းသည် ငြိမ်းချမ်းရေး မဟုတ်ပါ။ အပစ်အခတ် ရပ်စဲသည်ကို ယာယီ ငြိမ်းချမ်းရေး ၊ တိုင်းရင်းသား လက်နက်ကိုင်တပ်များမှ ပြည်သူ့စစ် ဖြစ်သွားသည်ကို ထာဝရ ငြိမ်းချမ်းရေးဟု အဓိပ္ပါယ်ဖွင့်ဆိုနေသည်ကို KIO အပါအ၀င် တခြား တိုင်းရင်းသားအဖွဲ့တွေလည်း လက်မခံပါ ။ ထိုအပစ်အခတ်ရပ်စဲရေး ကိစ္စသည် အချိန်မရွေး ပြန်ပြီး ပြဿနာ ဖြစ်လာနိုင်ပါသည်။ ၄။ နိုင်ငံရေး ဆွေးနွေးပွဲများ ကျင်းပနိုင်မှသာလျှင် စစ်ရေးရော အခြားကိစ္စတွေပါ အကုန်အစင် ပြေလည် သွားမည် ဟု ယုံကြည် ကြပါသည် ။ ယခုကဲ့သို့ တိုက်ပွဲများ ဖြစ်ပွားနေရခြင်းသည် နိုင်ငံရေး စနစ်ကြောင့် ဖြစ်လာရခြင်း ဖြစ်သဖြင့် ။ နိုင်ငံရေး စနစ်ကို ညှိနှိုင်း ပြီး ပြုပြင်နိုင်မည် ဆိုပါက အစွယ်အပွားဖြစ်သော ပြဿနာများ အားလုံး ပြေလည်သွားမည်ဟု KIO က ယုံကြည်သည် ။ ။ ၃၀ ရက်နေ့ အစည်းအဝေးတွင် KIO ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင် ဦးဆွန်လွတ်ဂမ်က " ကြိုတင်ကန့်သတ်ချက်များမပါရှိသော နိုင်ငံရေးဆွေးနွေး ပွဲ များကို ယခုအချိန်မှစတင်ရန်" ဟု တောင်းဆိုခဲ့သည် ။ ထိုသို့တောင်းဆိုသည်ကို အစိုးရကိုယ်စားလှယ် အဖွဲ့ ခေါင်းဆောင်က နောက် အစည်းအဝေးကို ဘယ်မှာ လုပ်မလဲလို့ မေးမြန်းခြင်းသည် ယခု အစည်းအဝေးတွင် နိုင်ငံရေးဆွေးနွေးပွဲကို မစနိုင်ဘူး ဟု ဆိုလိုရာ ရောက်သည်ဟု KIO ကယူဆသည် ။ ဤသည်မှာ KIO ဘက်မှ ထုတ်ဖော်ပြောဆိုလာသော အချက်အလက်များ ဖြစ်ပါသည် ။ ကချင်ပြည်နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဒွဲဘူ ၏ စကားကို ကိုးကားပြောဆိုရလျှင် ဤသို့ တိုင်းရင်းသားများက လိုလားပါသည် ဟူ သော အချက်အလက် များကို မဆွေးနွေး မညှိနှိုင်းဘဲနှင့် အဘယ်မည်သောပုဂ္ဂိုလ် ဦးဆောင်သော အဘယ်အဆင့်ရှိ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့ကစစ်မှန်သော ငြိမ်းချမ်းရေးကို ဖော်ဆောင် နိုင်ပါမည်နည်း ။ စာရေးသူရေးသားသော ဆောင်းပါးတိုင်းတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေ သည် အလွန်လက်ခံနိုင်ဖွယ် မရှိကြောင်း ကို ထောက်ပြ ပြောဆိုထားပါသည် ။ မြန်မာနိုင်ငံသား တစ်ယောက်ပင် လက်မခံနိုင်သော တစ်ဘက်စောင်းနင်း ဥပဒေကို မည်သည့် တိုင်းရင်းသားများ က မည်သို့လက်ခံနိုင်ကြပါမည်နည်း ။ ယခင့်ယခင် အစိုးရများလက်ထက်တွင် အခွင့်အရေး များကို မိန့်မိန့်ကြီး ခံစားခွင့် စံစားခွင့်ရခဲ့သော တိုင်းရင်းသား မည်ကာမတ္တ ပုဂ္ဂိုလ်များကတော့ လက်ခံကောင်းလက်ခံကြ ပေလိမ့်မည် ။ ဗဟိုအစိုးရ လုပ်ချင်တိုင်းလုပ်သမျှ ကျောကော့အောင်ခံခဲ့ရသည့် တိုင်းရင်းသားစစ်စစ်များကတော့မည်သည့် နည်းနှင့်မျှ လက်ခံကြလိမ့်မည် မဟုတ်ပါ ။ ဤသို့သောအကြောင်းခြင်းရာ များကြောင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ခုံရုံးကို အမြန်ဆုံးပြန်လည်ဖွဲ့စည်း၍ ဖွဲ့စည်း ပုံ အခြေခံ ဥပဒေပါ အချက်များကို တိကျသော အဓိပ္ပါယ်ဖွင့်ဆိုပေးရန် ၊ လိုအပ်သည့် ဥပဒေများကို ပြင်ဆင်ခြင်း ၊ တိုးချဲ့ ခြင်း ၊ ပယ်ဖျက်ခြင်းတို့ ပြုလုပ်ရန် တစ်စိုက်မတ်မတ် တိုက်တွန်းနေခြင်း ဖြစ်ပါ သည် ။ " ယခုဆွေးနွေးပွဲတွင် KIO ဘက်မှ အဖွဲ့ဝင် ဦးဂျီးနောင်က"ကျွန်တော်တို့ လိုချင်တာက တန်းတူရေး နဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ဖြစ်ပါတယ် " ဟု အတိအလင်း ဆိုလာပါပြီ ။ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင် ရေး အဖွဲ့ခေါင်းဆောင် " ပြည်ထောင်စု ၀န်ကြီး ဦးအောင်မင်း " ဘာတွေများ တုံ့ပြန်ခဲ့ပါသနည်း ။ ဆွေးနွေးပွဲတစ်ခုအတွက် လိုအပ်သည်များကိုမှ ပြင်ဆင်မသွားခဲ့သော ငြိမ်းချမ်းရေး အဖွဲ့ခေါင်းဆောင် တစ်ဦး အနေဖြင့် နောက်တစ်ခေါက်တွင် ဆွေးနွေးပါမည် ဟူ၍သာ ပြောခဲ့ရသည်မဟုတ်ပါလော ။ ဤလိုပုံနှင့်တော့ ဇာတ်မျောကြီး နှင့် မိုးလင်းပါလိမ့်မည် ။ အိပ်ပျော်နေသူကို နိုးထစေရန်လွယ်ကူသော်လည်း အိပ်ချင်ယောင် ဆောင်နေသူကို နှိုးရန် မလွယ်သကဲ့သို့ပင် ရှိပါတော့မည် ။ မတတ်နိုင်ပါပြီ ။ ပြောရေးရှိလာတော့လည်း ပြောရပါတော့မည် ။ ကချင် ၊ကယား၊ကရင် ၊ ချင်း ၊ မွန် ၊ ရှမ်း စသော တိုင်းရင်းသားများလိုလားတောင်းဆိုနေသည်မှာ ပြည်နယ်အသီး သီး ၏ တန်းတူအခွင့်အရေးရှိမှုနှင့် သီးခြားလွတ်လပ်သော ဥပဒေများပြဌာန်းနိုင်ခွင့်ဖြစ်ပါသည် ။ ဤအချက်သည် လက်မခံ နိုင်စရာ၊ ငြင်းပယ်စရာ မဟုတ်ပါ ။ စစ်မှန်သော ပြည်ထောင်စု နိုင်ငံတစ်ခု ၏ သဘောတရားသည် အမျိုးသား လုံခြုံရေး (နိုင်ငံတော်ကာကွယ်ရေး) ၊နိုင်ငံခြားရေးမူဝါဒ ၊ နှင့် ငွေစက္ကူထုတ်ဝေခြင်းတို့မှလွဲ၍အခြားသောလုပ်ပိုင်ခွင့်များ(အုပ်ချုပ်ရေး ၊ တရားစီရင်ရေး နှင့် ဥပဒေပြုရေး) ကို ပြည်နယ်များ တိုင်းများသို့လုံးဝပေးအပ်ရမည်သာဖြစ်ပါသည်။ထို့ပြင်ကူးသန်းရောင်း ၀ယ်ရေး ၊ ပညာရေး ၊ကျန်းမာရေး ၊ ပြည်နယ်လုံခြုံရေး (ပြည်နယ်ပြည်သူ့ရဲ) စသည့် ကဏ္ဍအသီးသီးတွင် ပြည်ထောင်စု အစိုးရ၏ လွှမ်းမိုးချုပ်ကိုင်မှုကို ဖြေလွှတ်ပေးရပါမည် ။ ပြည်နယ်တစ်ခုသည် ပြည်နယ်၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ဆောင်ချက်များကို လွတ်လပ်စွာ လုပ်ဆောင် ပိုင်ခွင့်ရှိရပါ မည် ။ ၎င်း၏ သဘာဝ သယံဇာတများ ကို ထုတ်ယူသုံးစွဲခြင်း ၊ ကာကွယ်စောင့်ရှောက်ခြင်းတို့ကို ပြည်နယ် သူ ပြည်နယ်သားများကို ကိုယ်စားပြုသော ပြည်နယ်လွှတ်တော် ပြည်နယ်အစိုးရ အဖွဲ့တို့၏ လွတ်လပ်သော ဆုံးဖြတ်ချက်များ ဖြင့် ဆောင်ရွက်ပိုင်ခွင့်ပေးရပါမည် ။ လူအရင်းအမြစ်များကို ဖွံ့ဖြိုးတိုးတက်စေရန် ဖော်ထုတ်အသုံးချရန် လွတ်လပ်စွာ လုပ် ဆောင်ပိုင်ခွင့်များ ပေးရပါမည် ။ ၎င်းပြည်နယ်တွင် ပြည်တွင်းပြည်ပ စီးပွားရေးလုပ်ငန်းများ ရင်းနှီးမြုပ်နှံမှုများကို လွတ်လပ် စွာ စီမံလုပ်ဆောင်ခွင့်ရှိရပါမည် ။ ပြည်နယ်တစ်ခု၏ စီးပွားရေးလုပ်ငန်းများ သယံဇာတများကို ဗဟိုအစိုးရမှ ချုပ်ကိုင်ထား၍ ကချင်ပြည်နယ် အသုံးစာရိတ် (budget) ကို ပြည်ထောင်စုက စီမံခန့်ခွဲပေးနေသော အနေအထားကို မည်သည့်ပြည်နယ် ကမျှ လက်ခံနိုင်လိမ့်မည်မဟုတ်ပါ ။ ပညာရေး ၊ကျန်းမာရေး စသော .. ကဏ္ဍအသီးသီးကိုလည်း လွတ်လပ်စွာ စီမံခန့်ခွဲခွင့် ပေးရပါမည် ။ ဆိုလိုသည်မှာ ကချင်ပြည်နယ်တွင် အစိုးရကျောင်းများကို ပြည်ထောင်စု အစိုးရမှ သွားဆောက်ပေးသည် ဆိုသည့် ကိစ္စမှာ ပြည်ထောင်စု ဟု အမည်ခံထားသည့် နိုင်ငံတစ်ခုတွင် ဖြစ်ကောင်းသည့် ကိစ္စမဟုတ်ပါ ။ ထိုနည်းတူ လမ်းဖောက်ခြင်း တံတားဆောက်ခြင်း စသည့်ကိစ္စများကို ပြည်ထောင်စုက အစစ အရာရာ လိုက်လုပ်ပေးနေရမည်မဟုတ် ပါ ။ ပြည်ထောင်စု နိုင်ငံတစ်ခုတွင် ပြည်နယ်များသည် ပြည်ထောင်စု အစိုးရ၏ လက်ဝေခံမဟုတ်ကြပါ ။ မည်သည့်နေရာ တွင် လမ်းဖောက်မည် ၊ မည်သည့်နေရာတွင် တံတား ဆောက်မည် ။ မည်သည့် နေရာတွင် ကျောင်း ဆောက်မည် ၊ မည်သည့် နေရာတွင်ဆေးပေးခန်းလိုအပ်သည်။မည်သည့်နေရာတွင်ဆေးရုံဆောက်လုပ်သင့်သည်၊ြ ပည်နယ်တိုးတက်ဖွံ့ဖြိုး ရေး အတွက် မည်သည့်စီမံကိန်းများကိုလုပ်ဆောင်မည် စသည့်အချက်များကို ပြည်နယ်လွှတ်တော် ပြည်နယ်အစိုးရအဖွဲ့ တို့မှ စီမံခန့်ခွဲပိုင်ခွင့်ကို အပြည့်အ၀ ပေးအပ်ရပါမည် ။ ပြည်ထောင်စု အစိုးရသည် ပြည်နယ်တစ်ခုတွင် နိုင်ငံတော်အဆင့် စီမံကိန်းတစ်ခုကို လုပ်ဆောင်လိုပါကပြည်နယ် သူ ပြည်နယ်သားများအား ကိုယ်စားပြုသော အာဏာပိုင်အဖွဲ့အစည်းနှင့် ညှိနှိုင်းဆောင်ရွက်ရပါမည် ။သို့သော် ထိုသို့ ပြည်ထောင်စု အစိုးရ မှ လုပ်ဆောင်သော စီမံချက်များသည် ပြည်နယ်အတွက် အကျိုးထက် အပြစ်ကပိုများသည့် စီမံကိန်းများဖြစ်လျှင် ပြည်နယ်သူ ပြည်နယ်သားများက လက်ခံကြလိမ့်မည် မဟုတ်ပါ ။ ပြည်နယ်တစ်ခုမှ တန်ဖိုးထားသော သဘာဝပတ်ဝန်းကျင် ပျက်ပြားစေမည့် စီမံချက်များ(ဥပမာအားဖြင့် မြစ်ဆုံစီမံကိန်းကဲ့သို့သော ကိစ္စရပ်များ)၊ ပြည်နယ် ဓလေ့ထုံးတမ်းစဉ်လာများ ယဉ်ကျေးမှုစံများနှင့် မကိုက်ညီသော စီမံချက်များဆိုပါက လက်ခံနိုင်ကြလိမ့်မည် မဟုတ်ပါ ။ ထိုသို့ ပြည်နယ်သူ ပြည်နယ်သား များက လက်မခံ သော လုပ်ဆောင်ချက်များကိုပြည်ထောင်စုအစိုးရက တစ်ဘက်သတ် ဆုံးဖြတ် လုပ်ဆောင်ခြင်း သို့မဟုတ် အတင်းအကြပ် လိုက်နာ လုပ်ဆောင်စေခြင်းတို့ကို လုပ်ဆောင်ခွင့်မရှိပါ ၊ လက်ခံလာ အောင် ညှိနှိုင်းခြင်းဖြင့်သာ လုပ်ဆောင်ရပါမည် ။ ပြည်ထောင်စု အစိုးရမှ ပြည်နယ်တစ်ခုခုသို့ နိုင်စီးလွှမ်းမိုးခြင်းဖြင့် လုပ်ဆောင် ခြင်းသည် ပြည်ထောင်စု စစ်စစ် စနစ် အသွင် သဏ္ဍာန် မှ သွေဖီသွားစေပါလိမ့်မည် ။ ဤသည်မှာ တိုင်းရင်းသားများ လိုချင်သော စစ်မှန်သော ပြည်ထောင်စု စနစ်ဖြစ်ပါသည် ။ ဤသည်ပင်လျှင် federal state စနစ်ဖြစ်ပါသည် ။ ဖက်ဒရယ်စတိတ် မူဝါဒ ဆိုသည်မှာ နိုင်ငံရေးပုရောဟိတ်အချို့ လိုရာဆွဲ အဓိပ္ပါယ် ဖွင့်ဆိုသကဲ့သို့ ပြည်နယ်တစ်ခုသည် ပြည်ထောင်စုမှ သီးခြားခွဲထွက်သွားခြင်းကို ဆိုလိုသည်မဟုတ်ပါ ။ ယူဂိုဆလား ဗီးယား ပြည်ထောင်စုမှ ပြည်နယ်များ ခွဲထွက်သွားပြီး သီးခြားနိုင်ငံများ အဖြစ်ထူထောင် ရပ်တည်ကြခြင်းမျိုးမဟုတ်ပါ ။ မိမိတို့ ပြည်နယ်တွင် မိမိတို့ ဓလေ့ထုံးတမ်းစဉ်လာများနှင့် ကိုက်ညီသော ဥပဒေ များကို ချမှတ်၍ မိမိတို့ကြမ္မာကို မိမိတို့ လွတ်လပ်စွာ ဖန်တီးနိုင်ခွင့်ကို ဆိုလိုပါသည် ။ မိမိတို့ ကြမ္မာ မိမိတို့ ဖန်တီးခွင့် ဆိုသည် မှာလည်း ၎င်းတို့ ပြည်နယ်မှ သယံဇာတ များ ၊သဘာဝပတ်ဝန်းကျင်များ ၊ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းစဉ်လာများကို ၎င်းတို့ ဘာသာ လွတ်လပ်စွာ စီမံခန့်ခွဲလိုခြင်း ဟု ရှင်းလင်းစွာ နားလည်ကြရမည်ဖြစ်ပါသည် ။ ယနေ့ ပြည်ထောင်စု မြန်မာနိုင်ငံ တော် ဆိုသည် မှာ ပင်လုံစာချုပ် မှ စတင်သန္ဓေတည်ခဲ့ခြင်းဖြစ်သည် ။ မည်သည့်တိုင်းရင်းသားမျှ ပြည်ထောင်စု မှ ခွဲထွက် လိုသည်ဟု မပြောကြပါ ။မတောင်းဆိုကြပါ ။ ပြည်ထောင်စု ဟု အမည်ခံလျှက် ဗဟိုအစိုးရမှ တိုက်ရိုက်သော်လည်းကောင်း သွယ်ဝိုက် ၍ သော်လည်းကောင်း လွှမ်းမိုးသည်ကို မခံလိုကြခြင်းသာ ဖြစ်ပါသည် ။ ပြည်ထောင်စုအတွင် တိုင်းနှင့် ပြည်နယ် ၊ မခွဲခြား ဘဲ တန်းတူညီမျှ အခွင့်အရေးကို ရလိုကြခြင်းသာဖြစ်ပါသည် ။ ဤမျှဆိုလျှင် ယခင် တိုင်းရင်းသားများနှင့် ဖြစ်ပွားနေသော တိုက်ပွဲများသည် အခြေခံဥပဒေ ဆိုင်ရာ ပြဿနာ (Constitution Crisis) ဖြစ်သည် ဆိုသည်ကို ကောင်းစွာသိရှိနိုင်ပါသည် ။ ထိုသို့ အနာသိပြီဆိုပါက ကုသရန် ဆေးရှိပါ သည် ။ ယခု ကချင်တိုင်းရင်းသားများ နှင့်ဖြစ်ပွားနေသော စစ်ပွဲများကို အမြန်ဆုံးရပ်စဲ၍ စစ်မှန်သော ငြိမ်းချမ်းရေးကို ဖော် ဆောင်နိုင်ရန်မှာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ထည့်သွင်းထားသော အချက်များမှ မည်သည့် အချက်များအား ပြင် ဆင်ရန်လိုသည် ။ မည်သည့်အချက်များကို ဖြုတ်ပယ်ရမည် ၊ မည်သည့် အချက်များကို ထည့်သွင်းရမည် ၊ဆိုသည့် အချက် များ ကို တိုင်းရင်းသားများ (ကချင်ခေါင်းဆောင်များ) နှင့်တွေ့ဆုံဆွေးနွေး၍ ညှိနှိုင်းပြင်ဆင်သွားရမည် ဖြစ်ပါသည် ။ ထိုသို့ လုပ်ဆောင်နိုင်ရန်မှာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ခုံရုံးကို ကိုယ်စားပြုနိုင်သည့် ကိုယ်စားလှယ်များကို ငြိမ်းချမ်းရေး ကိုယ်စား လှယ် အဖွဲ့တွင် ပါဝင်စေ ရမည်ဖြစ်ပါသည် .။ ထိုသို့မပါဝင်ပါက ဦးအောင်မင်းကဲ့သို့ပင် နောက်တစ်ဖန် ဘယ်နေ့ဘယ်ရက် တွင်မှ ပြန်ဆွေးနွေး ကြပါမည် ဟု ရက်ချိန်းသတ်မှတ်၍ ပြန်လာရပါဦးမည်သာဖြစ်ပါသည် ။ (ထို့ကြောင့်ပင် ဖွဲ့စည်းပုံ အခြေခံခုံရုံးကို နှုတ်ထွက်ထားစေပြီး KIO နဲ့ ငြိမ်းချမ်းရေး ဘယ်လိုသွားဆွေးနွေးကြမှာလည်း ဟု စာရေးသူက မေးခွန်းထုတ်ခဲ့ခြင်းဖြစ်ပါသည် ။) အချို့က စိုးရိမ်နေသည်မှာ သီးခြားလွတ်လပ်သော ပြည်နယ် (federal state) ခွင့်ပြုလျှင် လွတ်လပ်သော fede ral state army ကို ထူထောင်လာမည်ကို စိုးရိမ်ကြပါသည် ။ ပြည်နယ်များသည် ပြည်ထောင်စု နိုင်ငံတစ်ခုတွင် နိုင်ငံတော် ကာကွယ်ရေး အတွက် တစ်ခုတည်းသော တပ်မတော်သာ ရှိရမည်ဟူသော မူကိုလက်ခံကြရပါမည် ။ သို့သော် ပြည်နယ် အတွက် ပြည်နယ် ပြည်သူ့ရဲတပ်ဖွဲ့ကို လွတ်လပ်စွာ ဖွဲ့စည်းနိုင်ခွင့်ရှိရပါမည် ။ ငြိမ်းချမ်းရေးအစစ်အမှန်ကို တည်ဆောက် နိုင်ချိန်တွင် ယခုလက်နက်စွဲကိုင်ထားကြသော တိုင်းရင်းသားများသည် မိမိတို့ပြည်နယ်တွင်းတရားဥပဒေစိုးမိုးရေး၊ပြည်နယ် တွင်းအေးချမ်းသာယာရေးတို့အတွက် ပြည်နယ် ပြည်သူ့ရဲတပ်ဖွဲ့အဖြစ်အသွင်ပြောင်းကြမည်ဖြစ်ပါသည် ။ ထို့အပြင် နယ်ခြား စောင့်တပ်များ ဖွဲ့စည်းရာတွင် ပြည်နယ်တပ်များ အဖြစ်ဖြင့် ပြည်ထောင်စု တပ်မတော်တွင် ပါ ၀င်ကြရမည် ဖြစ်ပါသည် ။ ဤအချက်ကို ငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင် အကျေအလည်ထည့်သွင်း ဆွေးနွေးကြရပါမည် ။ ဤသည်မှာ ငြိမ်းချမ်းရေး အမှန်တကယ်လိုလားသူတို့လျောက်ကြရမည့်လမ်းဖြစ်ပါသည် ။ ငြိမ်းချမ်းရေးဆွေးနွေး သည်ဆိုသည်မှာ ဤမူ ဤဘောင်များဖြင့် ဆွေးနွေးမည်ဟု တစ်ဘက်ဘက်က ကြိုတင်သတ်မှတ်သွား၍ ရစကောင်းသည် မဟုတ်ပါ ။ နှစ်ဦး နှစ်ဘက်တွေ့ဆုံပြီးမှ ဤကိစ္စကို ဤသို့ဆွေးနွေးကြမည် စသည်ဖြင့် နှစ်ဦးနှစ်ဘက်လက်ခံနိုင်သော မူ ဘောင် များကို ချမှတ်ရပါသည် ။ သို့မှသာ ဆွေးနွေးမှုအသွင်သဏ္ဍာန်မှန်မည်ဖြစ်ပါသည် ။ ထို့အပြင် နှစ်ဘက်အဖွဲ့တိုင်း တွင် အပြည့်အ၀ဆုံးဖြတ်ပေးနိုင်သည့်ပုဂ္ဂိုလ်များပါဝင်လာရမည် ဖြစ်ပါသည် ။ ငြိမ်းချမ်းရေးအဖွဲ့ခေါင်းဆောင်ဆိုသည်မှာ ပြန်တိုင်ပင်ပါဦးမည်ဟု ခဏခဏထုတ်ပြောနေရလျှင် အလုပ်မဖြစ်ပါ ။ ထိုသို့ပြုခြင်းသည် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို တမင် နှောင့်နှေးကြန့်ကြာစေသည့် ရည်ရွယ်ချက်ဟု တစ်ဘက်ဘက်က ထင်မြင်ယူဆသွားလျှင် နောက်နောင် ထပ်မံ ဆွေးနွေး မှုများပြုလုပ်ရန် ခက်ခဲသွားစေပါလိမ့်မည် ။ ထိုအခါတွင် ရောဂါတစ်ခုကို အမြစ်ပြတ် မကုသဘဲ မြှင်း၍ ကုသ သဖြင့် ရောဂါပိုးက ဆေးနှင့်ယဉ်ပါးသွားခြင်းကဲ့သို့ နောက်တိုးပြဿနာများပေါ်ပေါက်လာပါလိမ့်မည် ။ ငြိမ်းချမ်းရေးဆိုသည်မှာ ပြည်သူပြည်သားတိုင်း ခုံမင်တောင့်တသော အရာဖြစ် ပါသည် ။ ငြိမ်းချမ်းခြင်းကို ဖော်ဆောင်နိုင်ခြင်းသည် အလွန်ပင် ကောင်းချီးနုမော် သာဓုခေါ်ထိုက်သော အမှုကိစ္စဖြစ်ပါသည် ။ ငြိမ်းချမ်းရေးသံတမန် (ငြိမ်းချမ်းမှုကို အမှန်တကယ်တည်ဆောက်ပေးနိုင်သောသံတမန်) ဟူသည်မှာလည်း အတိုင်းမသိ မွန်မြတ်သော ဂုဏ်ပုဒ်ကို ပိုင်ဆိုင်ပါသည် ။ အနှစ်နှစ်အလလက တောက်လောင်ခဲ့သော ပြည်တွင်းစစ်မီးကို အပြီးတိုင်ငြိမ်းပေးနိုင်သော ငြိမ်းချမ်းရေး သံတမန်ကောင်းများကို ပြည်သူလူထုက အမျှော်လင့်ကြီးမျှော်လင့်နေပါသည် ။ ကိုယ့်သွေးကိုယ့်သား ညီအကို မောင်နှမချင်း ရက်စက်စွာ သတ်ဖြတ်နေကြရသော အဓိပ္ပါယ်မဲ့ စစ်ပွဲများ အမြန်ဆုံး အဆုံးသတ်ရေးကိုလည်း အတောင့်တကြီး တောင့်တနေပါသည် ။ ဤအချိန်မျိုးတွင် မိမိတို့အား အပ်နှင်းထားသော အခွင့်အာဏာများကို မှန်ကန်စွာ အသုံးချလျှက် ပြည်သူတစ်ရပ်လုံး ရေဆာရေငတ်သလိုတောင့်တနေသော ပြည်တွင်းငြိမ်းချမ်းရေးကို အမြန်ဆုံးဖော်ဆောင် နိုင်ကြပါစေကြောင်း ဆန္ဒပြုလိုပါသည် ။ အစိုးရဟူသည်မှာ တိုင်းသူပြည်သားကို ရင်ဝယ်သားကဲ့သို့ မှတ်ရမည် ဆိုသည့် စကား အတိုင်း ပြည်ထောင်စု အစိုးရအနေဖြင့် ပြည်နယ်အသီးသီး၏ လိုလားတောင့်တချက်များအား သေချာစွာ လေ့လာ ဆန်းစစ်လျှက် နှစ်ဦးနှစ်ဘက် လက်ခံနိုင်သော နည်းလမ်းများဖြင့် ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်ကြပါစေကြောင်း ထပ်လောင်း ဆန္ဒပြုလိုက်ရပါသည် ။ ထင်လင်းဦး(Wisdom Villa) | ||||
| ငလျင်ဒဏ်ခံ ပြည်သူများအတွက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ သိန်း(၁၀၀) လှူဒါန်း Posted: 11 Nov 2012 10:36 PM PST ယနေ့ နိုဝင်ဘာလ(၁၂)ရက်နေ့၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည် ၏ ညွှန်ကြားချက်ဖြင့် ဗဟို အလုပ် အမှုဆောင်အဖွဲ့နှင့် လူမှု အထောက်အကူပြု အဖွဲ့တို့၏ အရေးပေါ် အစည်းအဝေး ဆုံးဖြတ်ချက်အရ မန္တလေးတိုင်းနှင့် စစ်ကိုင်းတိုင်း ဒေသကြီးရှိ ငလျင်ဒဏ်ခံ ပြည်သူများ အတွက် ငွေကျပ် သိန်း(၁၀၀) လှူဒါန်းမည် ဖြစ်ကြောင်း သိရှိရပါသည်။ လှူဒါန်းငွေများကို အမျိုး သားဒီမိုကရေစီ အဖွဲ့ချုပ် ပြည်သူ့ကိုယ်စားလှယ် များမှ တဆင့် ငလျင်ဒဏ်ခံ ပြည်သူများအား လှူဒါန်း သွားမည် ဖြစ်သည်။ နီးစပ်ရာ တိုင်းဒေသကြီးနှင့် မြို့နယ်များမှ အဖွဲ့ချုပ် ကိုယ်စားလှယ်များနှင့် အဖွဲ့ဝင်များ အနေဖြင့်လည်း မိမိတို့ တတ်အားသမျှ ငွေအား၊ လူအားဖြင့် ငလျင်ဒဏ်ခံ မြို့နယ်များသို့ လိုအပ်သော အစားအသောက်၊ ဆေးဝါးများ ထောက်ပံ့ လှူဒါန်း ကြရန်လည်း တိုက်တွန်း နှိုးဆော် ထားကြောင်း Eleven Media Group - facebook အင်တာနက် စာမျက်နှာမှာ ဖော်ပြထားပါသည်။
| ||||
| တောင်ကုတ်မြို့နယ် NLD ကျေးရွာရုံး တိုက်ခိုက်ခံရ Posted: 11 Nov 2012 10:07 PM PST ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD၏ ကျေးရွာ ရုံးတစ်ရုံး တိုက်ခိုက် ခံခဲ့ရပြီး ပါတီ အလံလည်း မီးရှို့ ဖျက်ဆီး ခံရသည်ဟု သတင်း ရရှိသည်။ တိုက်ခိုက်ခံရသည့် ရုံးမှာ တောင်ကုတ်မြို့နယ် ငရုတ်တောင် ကျေးရွာရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံုး ဖြစ်သည်။ " ဒီနေ့ နိုဝင်္ဘာလ ၁၀ ရက်နေ့ နံနက် ၉နာရီခွဲလောက်က ---- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||||
| နိုဝင်ဘာ ၁၂ ရက်နေ့ထုတ် Weekly Eleven News Journal အတွဲ ၈ အမှတ် ၆ Posted: 11 Nov 2012 09:50 PM PST | ||||
| နောက်ဆက်တွဲ ငလျင်ဒဏ် စိုးရိမ်ရ Posted: 11 Nov 2012 09:19 PM PST
တနင်္ဂနွေနေ့က လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် သပိတ်ကျင်းမှာ အိမ်ပြိုပြီး သေဆုံးသူ တဦး၊ ကျောက်မြောင်းမှာ အမျိုးသမီးတဦးနဲ့ နွယ်ရုံမှာ အမျိုးသားတဦးအပြင် ဧရာဝတီမြစ်ကူး တံတားသံဘောင် ကျိုးကျတာကြောင့် သေဆုံးရသူ တဦးရှိတယ်လို့ အစိုးရက သတင်းထုတ်ပြန်ပါတယ်။ မြန်မာနိုင်ငံထဲမှာ ကူညီကယ်ဆယ်ရေးတွေ လုပ်နေတဲ့ ဗြိတိန်အခြေစိုက် Save the Children အဖွဲ့က ဌာနေ ကိုယ်စားလှယ် Denis De Poerk ကတော့ ငလျင်ကြောင့်သေဆုံးသူ ၁၁ ဦး ရှိကြောင်း ဗွီအိုအေ ကို အတည်ပြုပြောဆိုပါတယ်။ "ငလျင်ဒဏ်ခံခဲ့ရတဲ့ ဒေသထဲမှာနေတဲ့ လူတွေကိုရော၊ ဒေသအာဏာပိုင်တွေအပြင် ဒေသထဲမှာ ကူညီကယ်ဆယ်ရေး လုပ်နေတဲ့ ကျနော်တို့လို အဖွဲ့တွေကိုပါ ဆက်သွယ် စုံစမ်းကြည့်တဲ့အခါမှာ သေဆုံးခဲ့သူက အခုထိ စုစုပေါင်း ၁၁ ဦးရှိနေပြီး အယောက် ၄၀ လောက် ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။ ဒါ့ထက်လည်း ပိုလာနိုင်ပါသေးတယ်။ ကျနော်တို့ မန္တလေး ဆေးရုံကြီးကို ပါသွားပြီးမေးပါတယ်။ အဲဒီမှာ ငလျင်ကြောင့် ရောက်လာတဲ့ လူနာ ၁၀ ဦးလောက် ဆေးရုံတင်ထားတယ်လို့ ဆိုပါတယ်။" ဒီသေဆုံးသူတွေထဲမှာ စဥ့်ကူက ရွှေတွင်းတွေ ရှိရာဒေသမှာ တွင်းပြိုပြီး သေဆုံးရသူတွေ ရှိနေတယ်လို့ လည်း ပြောပါတယ်။ " ဒီနေ့ ကျနော်တို့ ရတဲ့ သတင်းအရဆိုရင် ငလျင် ဗဟိုချက်နဲ့ နီးတဲ့ မြို့နယ်တွေထဲက တခုမှာ ၆ ယောက် သေဆုံးပြီး အဲဒီထဲမှာ ရွှေတွင်းပြိုလို့ သေဆုံးရတဲ့သူက ၂ ဦး ပါနေပါတယ်။" မြန်မာနိုင်ငံဟာ ငလျင်ရပ်ဝန်းထဲမှာ ကျရောက်နေပြီး အခုလှုပ်ခတ်ခဲ့တဲ့ ငလျင်ဟာ စစ်ကိုင်း ပြတ်ရွေ့ကြောမှာ လှုပ်ခတ်ခဲ့တာပါ။ မြေလွှာပြတ်ရွေ့မှုကြောင့် တနှစ်ကို ၂ စင်တီမီတာလောက် ရွေ့လျားနေတဲ့ စစ်ကိုင်းပြတ်ရွေ့မှာ ပုံမှန် ငလျင် လှုပ်ခတ်လေ့ရှိတယ်လို့ မြန်မာနိုင်ငံ မြေငလျင် ကော်မတီ အတွင်းရေးမှုး ဦးစိုးသူရထွန်းက ပြောပါတယ်။ "ငလျင်က မန္တလေးမြို့ရဲ့ မြောက်ဘက် ရွှေဘိုမြို့ရဲ့ အရှေ့မြောက်ဘက်မှာ သူက စစ်ကိုင်းပြတ်ရွေ့ပေါ်မှာ လှုပ်ခဲ့တယ်ဆိုတာ သိရတယ်။ စစ်ကိုင်းပြတ်ရွေ့က အလျားလိုက်ပြတ်ရွေ့ဆိုတော့ သူက ဖြစ်လေ့ဖြစ်ထရှိတဲ့ အတိုင်းပဲ။ အကြမ်းဖျင်းဆိုရင် သူက အနက် ဆယ်ကီလိုမီတာ တနည်းပြောရရင် ၆ မိုင်လောက်ပဲ ရှိတယ်ဆိုတော့ တိမ်တဲ့အထဲမှာ ပါပါတယ်။" တိမ်တဲ့ငလျင် လှုပ်ခတ်ခဲ့တဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေက ဘာတွေပါလဲ။ - "ငလျင်တိမ်ရင် လူတွေမှာ အရမ်းကို ခံစားရပါတယ်။ တော်လဲ သံကြားရတာတို့ သဲတွေ ပန်းထွက်တာတို့ ဖြစ်တတ်ပါတယ်။ ပမာဏမကြီးပေမဲ့ လူတွေအတွက် အတော်သိသာပါတယ်။" ဒီငလျင်ကြောင့် ဖြစ်ခဲ့ရတဲ့ အပျက်အစီးတွေကိုလည်း အခုလို ပြောပြပါတယ်။ "အပျက်အစီးတွေထဲမှာ သိရသလောက် အကြီးဆုံးကတော့ ဧရာဝတီမြစ်ကို ဖြတ်ဖို့လုပ်နေတဲ့ တံတား ဆောက်လုပ်ဆဲမှာ ပြိုကျသွားခဲ့တာပါ။ ကျန်တာကတော့ ငလျင်နဲ့ အနီးဆုံးဖြစ်တဲ့ ကျောက်မြောင်း တို့ မလယ်တို့ ဆိုတဲ့ ရွာတွေ မြို့လေးတွေမှာ အပြိုအပျက်တွေ ရှိတယ်။ အိမ်တွေလည်း ပြိုတယ်။ တော်တော်လေး ရှေးဟောင်းဖြစ်နေတဲ့ အဆောက်အအုံတွေ ဘုရားတွေ ပြိုတာလည်း များပါတယ်။" နောက်ဆက်တွဲ ငလျင်တွေ လှုပ်တဲ့ အနေအထားကို ရှင်းပြပေးပါလား။ - "နောက်ဆက်တွဲ ငလျင်တွေက ပထမဦးဆုံး အကြီးဆုံးငလျင် ဗဟိုချက်ရဲ့ တောင်ဘက် ကို ရောက်နေတာ တွေ့တယ်ပေါ့။ ကျနော်တို့ ရှုထောင့်ကတော့ ငလျင်ဗဟိုချက်တွေ၊ ဒီလို နောက်ဆက်တွဲ ငလျင်တွေကို ကြည့်ပြီးတော့ ဘယ်လောက်ထိ ရွေ့ ပြတ်သွားတဲ့ မြေသား ပမာဏ ရှိတယ် ဆိုတာကို ခန့်မှန်းတာပေါ့လေ။ မနက်ပိုင်း ငလျင်ကြီး လှုပ်ပြီးတဲ့အချိန်မှာ နောက်ထပ် နှစ်ကြိမ်လောက်ကို ဆက်တိုက်လှုပ်တယ်။ နောက် ညနေပိုင်းလောက်မှာ တကြိမ် နည်းနည်း ပိုအားကြီးတဲ့ ပမာဏ ၅.၈ လောက်ရှိတဲ့ ငလျင် လှုပ်တာ တွေ့ရပါတယ်။ ဆိုတော့ နောက်ထပ် နှစ်ရက် သုံးရက်၊ ဒါမှမဟုတ် တပတ်လောက် အထိလည်း ရှိနေတတ်တဲ့ သဘောတော့ ရှိပါတယ်။" ဘယ်ဒေသတွေမှာ နေထိုင်တဲ့သူတွေ အတွက် နောက်ထပ် လှုပ်တဲ့ ငလျင်တွေကို သတိထားဖို့ လိုပါလဲ။ ဒေသလေး နည်းနည်း ပိုင်းပြီးတော့ ပြောပြပေးပါလား။ - "ဟုတ်ကဲ့။ ဒေသအနေနဲ့ကတော့ အလွယ်ဆုံး ပြောရင်တော့ ပထမဆုံး ငလျင်ကြီးကို ခံစားရတဲ့ လူတွေ အားလုံးနဲ့ ဆိုင်တယ်လို့ ပြောရမှာပေါ့။ အခု ကျနော် သိရသလောက်ကတော့ မန္တလေး၊ စစ်ကိုင်း၊ မုံရွာပေါ့ ၀န်းကျင်ဒေသတွေမှာ ခံစားရတယ်။ နောက်ပြီးတော့ နည်းနည်း အလှမ်း ဝေးပေမဲ့ သိသာခံစားရတာက တောင်ကြီးနဲ့ အင်းလေး ဒေသတို့၊ နောက်တခါ အပေါ်က မူဆည်၊ ရွှေလီ၊ နန်းခမ်း ဒေသတို့ အဲဒီလောက်အထိတောင်မှ ခံရတာတွေ ရှိတယ်ပေါ့။ ဆိုတော့ သူတို့ ဒေသတွေ အားလုံးမှာလည်း နောက်ဆက်တွဲ ငလျင်ကို သတိထားသင့်ပါတယ်။ ကနဦးငလျင်ကြောင့် အက်ကြောင်းတွေ ရှိခဲ့ရင် ပြိုပျက်ဖို့အတွက် လမ်းကြောင်းတွေ ရှိခဲ့ရင် နောက်ဆက်တွဲ ငလျင်ငယ်တွေ ကနေပြီးတော့ ဖြိုဖျက်နိုင်တဲ့ အားမျိုး ဖြစ်သွားစေတယ်ပေါ့။ ဆိုတော့ အန္တရာယ် ရှိနေတယ်လို့ ပြောရမှာပေါ့။ အဓိက ကတော့ အဆောက်အဦး ပြိုပျက်တဲ့ အန္တရာယ်ပေါ့။ ကိုယ်နေတဲ့ အဆောက်အဦးတွေ ပြိုပျက်နေတဲ့ အခြေအနေတွေ ရှိ မရှိကို အရင်ဆုံး လေ့လာသင့်ပါတယ်။" အခု အားပြင်းငလျင်ကြီး လှုပ်ခတ်ခဲ့တဲ့နောက်ပိုင်းမှာ နောက်ဆက်တွဲ ငလျင်တွေရဲ့ အန္တရာယ်ကို သတိထားဖို့ လိုအပ်တယ်လို့လည်း ဦးစိုးသူရထွန်းက ပြောပါတယ်။ ဒေါ်ခင်မျိုးသက် (ဗွီအိုအေ မြန်မာဌာန) | ||||
| ငလျင်ကြီးနောက် နောက်ဆက်တွဲငလျင်တွေလှုပ် Posted: 11 Nov 2012 09:07 PM PST မန္တလေးမြို့မှာတော့ နိုဝင်ဘာ ၁၁ သန်းခေါင်ကျော် အထိကို နောက်ဆက်တွဲ ငလျင်တွေက လှုပ်နေတုန်း ဖြစ်တယ်လို့ မြို့ခံတွေက ဘီဘီစီကို ပြောပြကြပါတယ်။ စိုးရိမ်သူ တခိျု့ကတော့ ငလျင်အား ပြင်းပြင်းသာ ထပ်လှုပ်ခဲ့မယ်ဆို အဆောက်အအုံတွေထဲ ပိတ်မိတာ၊ ပြိုကျတာတွေ ဖြစ်မှာ စိုးရိမ်တဲ့အတွက် မအိပ်ရဲဘဲ ရှိကြသလို တခိျု့က လည်း ကွင်းပြင်မှာပဲ ဖြစ်သလို အိပ်စက်ခဲ့သူတွေလည်း ရှိတယ်လို့ သိရပါတယ်။---- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||||
| တပ်မတော်နဲ့ လက်နက်ကိုင် မောင်တောမှာတိုက်ပွဲဖြစ် Posted: 11 Nov 2012 08:57 PM PST မြန်မာ- ဘင်္ဂလားနယ်စပ် မောင်တောမြို့နယ် မြောက်ပိုင်း နယ်စပ် မှတ်တိုင် အမှတ် ၅၂ နဲ့ ၅၃ အနီးမှာ မနေ့ညနေ ၈ နာရီကတည်းက မြန်မာ တပ်မတော်နဲ့ လက်နက်ကိုင် တပ်ဖွဲ့ တစ်ခုတို့ အကြား တိုက်ပွဲ ဖြစ်နေတာ ည ၁၁ နာရီထိ မရပ်နား သေးဘူးလို့ သိရပါတယ်။ နိုဝင်ဘာလ ၆ ရက်နေ့ က နယ်စပ်မှာ လမ်းလုပ်နေတဲ့ ဂျီအီး တပ်သား တယောက် သတ်ဖြတ်ခံရပြီး နောက်ထပ် သုံးယောက်ကို အမည်မသိ လက်နက်ကိုင် တပ်ဖွဲ့ တစ်ခုက ဖမ်းဆီးခေါ်ဆောင်သွားပြီးတဲ့ နောက်ပိုင်းမှာ--- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||||
| ကျွန်တော်တို့ရဲ့ ရန်ကုန်ပြည်သူ့ဆေးရုံကြီး Posted: 11 Nov 2012 08:44 PM PST အမေစုက လွှတ်တော်မှာ ရန်ကုန် ဆေးရုံကြီးကို အဆင့်မြှင့် တင်ဖို့ အဆို တင်သွင်းတာ အောင်မြင် သွားပြီတဲ့… ၀မ်းသာပါတယ် အမေ… ဒါက ဖြစ်သင့်နေတာ လွန်ခဲ့တဲ့ အနှစ် ၂၀ ကျော်ကတည်းကပါ… အမေစုက သူဆေးရုံမှာ လူနာ သွားကြည့်တုန်းက မြင်တာတွေကို ပြောသွားတယ်… အမှန်တကယ် လိုအပ်တာတွေကို ထောက်ပြသွားတယ်… ဆရာဝန်တွေက စေတနာ အပြည့်အ၀နဲ့ ကုသပေးနေတယ်… ဒါပေမယ့် လိုအပ်တဲ့ ဆေးပစ္စည်း ကိရိယာတွေ ကတော့ လူနာတွေ အကုန် ယူလာရတယ် ဆိုတာလေးပါ ထည့်ပြောပေး သွားတာလည်း အခုလက်ရှိ မီဒီယာတွေရဲ့ ကောင်းမှုနဲ့ လူနာရှင်တွေရဲ့ အင်မတိ အင်မတန် နွေးထွေးတဲ့ ဆက်ဆံရေးကို ခံနေရတဲ့ အစိုးရ ဆေးရုံတွေက ဆရာဝန်တွေ အားလုံး အားလုံးရဲ့ ကိုယ်စား ကျေးဇူး အထူးတင်ပါတယ်… ဒါပေမယ့် အမေစု မသိ သေးတာတွေ ရှိသေးတယ်… အမေစု အပြင် မသိသေးတဲ့ လူတွေ အားလုံးကို ကျွန်တော် ပြောပြ ချင်တာလေးတွေ ရှိပါတယ်… အမေစုက တိုင်းသိပြည်သိ ကမ္ဘာသိလူတစ်ယောက်ဆိုတော့ အမေစုလာပြီဆိုတာကို ဆေးရုံကြီးနဲ့ မဆိုင်တဲ့ အပြင်က လူတွေကအစ သတိထားမိမှာ အသေအချာပါပဲ… ဒီတော့ အမေစုက သာမာန်လူတွေ ကြုံတွေနေရတဲ့ ဆေးရုံကြီးရဲ့ ၀င်းတံခါးမှာတစ်ခါ… ဆေးရုံကြီးအောက်ထပ်က ဂိတ်ပေါက်မှာတစ်ခါ… လူနာဆောင် ၀င်ပေါက်မှာတစ်ခါ ဆေးရုံဝန်ထမ်းတွေရဲ့ အင်မတန် နွေးထွေးတဲ့ ကြိုဆိုမှုတွေကို အလိုလိုလေး ကျော်ဖြတ်ပြီးသား ဖြစ်သွားပြီပေါ့ဗျာ… သာမာန်လူတစ်ဦး ဆေးရုံကြီးကိုလာပြီဆိုရင် ၀င်းတံခါး အ၀င်ပေါက်မှာက ၅၀ိ- ဆေးရုံကြီးအောက်ထပ်မှာက ၅၀ိ- ကြုံရင်ကြုံသလိုလေး ပေးရပါတယ်… ဆိုလိုတာကမကြုံရင် မပေးရဘူးပေါ့ဗျာ… လူနာဆောင် ၀င်ပေါက်မှာကတော့ အခြေအနေတွေက ခုနက နေရာ ၂ ခုနဲ့ လုံးဝမတူတော့ပါဘူး… လူနာဆောင်ထဲက အခြေအနေပေါ်မူတည်ပြီးတစ်မျိုး… ဧည့်တွေ့ချိန် ပေါ်မူတည်ပြီး တစ်ဖုံ… လာတွေတဲ့ လူဦးရေပေါ်မှာ တစ်သွယ်… ကြုံကြုံ မကြုံကြုံ ပိုက်ဆံတောင်းပါတယ်… ပိုက်ဆံမပေးရင် မ၀င်ရပါဘူး… ကံမကောင်းရင် အလုပ်သမား အဟောက်တောင်ခံရပါသေးတယ်… ဒီတော့ ရန်ကုန် ဆေးရုံကြီးမှာ လူနာသွားကြည့်မယ်ဆိုရင် အ၀တ်အစားသန့်သန့်လေး ၀တ်ပြီး ဟိတ်အပြည့် ဟန်အပြည့်ရှိရပါတယ်… ကိုယ့်ပုံစံက ကြောက်သလိုရွံ့သလို ဖြစ်နေရင်တော့ သေချာပါတယ်… အဟောက်ခံ အဆဲခံ အပြောခံရမှာပါပဲ… ဒါက ဆေးရုံကြီးရဲ့ လူနာဆောင်တွေ ဘယ်မှာရှိတယ်… ဘယ်လိုသွားရမယ်ဆိုတာကို သေချာသိတဲ့ လူတွေရဲ့ အခြေအနေလေးပါ… တကယ်လို့ လူနာဆောင်တွေ ဘယ်မှာရှိလဲ မသိတဲ့လူဆိုရင်တော့ လမ်းညွှန်ခလေးပါ အပိုထပ်ပြီး ပေးရပါတယ်… ဗမာလူမျိုး အလုပ်သမားဆိုရင်တော့ ၂၀၀ိ- ပေးရပြီး ဗမာမဟုတ်တဲ့ အလုပ်သမားဆိုရင်တော့ ၅၀၀ိ-ပါ… မပေးချင်ဘူးဆိုရင်တော့ သူတို့ရဲ့ ပေါက်ကရလမ်းပြပေးတာကို သွားရင်းသွားရင်းနဲ့ပဲ အချိန်တွေကုန်ပြီး လူနာဆောင် ရှာလို့မတွေ့တာနဲ့ပဲ ပိုက်ဆံပေးပြီး လိုက်ပို့ပေးခိုင်းရတဲ့ အဖြစ်ကိုရောက်ပါတယ်… အလုပ်သမားနဲ့ မတွေ့ပဲ တစ်ခြားသဘောကောင်းတဲ့ လူမျိုးတွေနဲ့ တွေ့ခဲ့ရင်တော့ ဒါဟာ ကံကောင်းတဲ့ အခြေအနေပါ… ဒီပြဿနာကလည်း ဆေးရုံကြီးမှာ Information Centre (သို့) Inquiry လို့ခေါ်တဲ့အလွယ်တကူသိချင်တာကို မေးလို့မြန်းလို့ရတဲ့ နေရာမထားပေးလို့ဖြစ်တာပါ… အမေစုကတော့ ဒီအခြေအနေကို မကြုံလိုက်ရပါဘူး… ဒါကလည်း အမေစုကိုးဗျ… အခုရေးသွားတာတွေက လူနာသတင်းလာမေးသူတွေနဲ့ လူနာစောင့်တွေ နေ့တိုင်းနေ့တိုင်း ကြုံတွေ့နေရတဲ့ အခြေအနေပါ… လူနာစောင့်တွေ လူနာတွေကြုံတွေ့ရတဲ့ နောက်ထပ်အခြေအနေတွေ ရှိပါသေးတယ်… အဲဒါကတော့ Wheel Chair (လူနာတင် တွန်းလှည်း) (သို့) Trolley (လူနာတင် တွန်းကုတင်) နဲ့ သွားရတဲ့ အချိန်အခါမျိုးတွေပါ… ပြင်ပလူနာဌာနကနေ လူနာဆောင်ကို လူနာကိုရွှေ့ရတော့မယ်ဆိုရင် ဆေးရုံက အလုပ်သမားကို ပိုက်ဆံပေးရပါတယ်… နောက် ဓါတ်မှန်၊ တီဗွီဓါတ်မှန် (Ultrasound)၊ Specialist Ward Show (အထူးကုဆောင် ဆရာဝန် သွားပြခြင်း)၊ လူနာဆောင်ပြောင်း အစရှိသဖြင့် လူနာရဲ့ ရောဂါအခြေအနေပေါ်မူတည်ပြီး လူနာဆောင်ထဲကနေ ပြင်ပကိုသွားရတဲ့ ကိစ္စတွေပါ… အလုပ်သမားတွေကို ပိုက်ဆံပေးပါတယ်ဆိုလည်းပဲ တွန်းပုံတွန်းနည်းက ကွာပါသေးတယ်… ရိုးရိုးလား၊ ပုံမှန်လား၊ ရှယ်လား၊ စပါယ်ရှယ်လား ဆိုပြီး ကွာပါတယ်… ရိုးရိုးက ၂၀၀ိ- ပုံမှန်က ၅၀၀ိ- ရှယ်က ၁၀၀၀ိ- စပါယ်ရှယ်က ၁၅၀၀ိ- ပါ… ဒါကသူတို့ တာဝန်ပဲလေ ပိုက်ဆံမပေးပါဘူးဆိုတဲ့ လူနာကတော့ Wheel Chair နဲ့ဆိုရင် ပြုတ်ကျမသွားအောင် ကိုင်ထားပေးတော့… Trolley ဆိုရင်တော့ ဘေးကပါလာတဲ့ လူနာစောင့်က မနည်းလိုက်ထိန်းရင်ထိန်း မဟုတ်ရင်လည်း ဘုရားစာတွေ အကုန်ရွတ်တတ်ဖို့လိုပါလိမ့်မယ်… လူနာပြုတ်ကျ မသွားအောင်ပါ… Special ဆိုရင်တော့ လူနာက သိန်းထောင်ကျော်တန် မော်တော်ကားစီးနေရတဲ့အတိုင်း အသေအချာ သူတို့တွန်းပို့ပေးပါတယ်… နောက် လူနာက သွေးသွင်းဖို့လိုလို့ သွေးဘဏ်မှာ သွားယူရတဲ့ အခါမျိုး၊ ဖောက်ထားတဲ့ သွေးကို ဓါတ်ခွဲခန်းကို သွားပို့ရတဲ့ အခါမျိုး၊ လူနာမှတ်တမ်းကို တစ်ခြားအဆောင်ကို သွားပို့ရတဲ့ အခါမျိုးတွေမှာလည်း သူတို့ကို ပိုက်ဆံပေးရပါတယ်… ဒါကို အမေစုသွားတွေ့တဲ့ လူနာက အမေစုကို ထည့်ပြောပေးလိုက်ပုံမရပါဘူး… ဒါမှမဟုတ် အမေစုက တစ်ခြား အရေးကြီးတာတွေကို ပြောချင်လို့ တမင်ထည့်မပြောတာလည်း ဖြစ်မှာပါ… အမေစုကို အပြစ်ပြောခြင်းမဟုတ်ပါ… ကျွန်တော့်အမြင်ကိုသာ ရေးခြင်းပါ… Cyclone Nargis - Disaster relief. May 9, 2008 9:07 AM ပြောပါဦးမယ် သူတို့ ဗမာလူမျိုး မဟုတ်တဲ့ အလုပ်သမားတွေ ဘယ်လောက်အထိ အသည်းမာနိုင်သလဲဆိုရင် နာဂစ်ဖြစ်တုန်းက ရန်ကုန် ဆေးရုံကြီးမှာ ဓါတ်လှေကားတွေ ပျက်သွားတာကြောင့် လူနာတွေကို သူတို့က ထမ်းတင်ပေးရပါတယ်… ပထမထပ်ဆို ၅၀၀၀ိ- ဒုတိယထပ်ဆို ၈၀၀၀ိ- ပေးရပါတယ်… မပေးနိုင်တဲ့လူနာတွေဆို လှေကားရင်းမှာပဲ ဒီအတိုင်း ချထားလိုက်ပါတယ်… လူနာစောင့်ကလည်း ပါလာတာကမှ ၂ ယောက်ဆိုတော့ ဘယ်လိုမှ ထမ်းမတင်နိုင်ပါဘူး… အမြင်မတော်တာကမှ တော်တော်ကြီးကိုဆိုးရွားတာပါ… ဆရာဝန်ကြီးတွေလာလို့ ဆူခံ ဆဲခံရမှ မသယ်ချင် သယ်ချင်နဲ့ သယ်ပေးပါတယ်… ဒါကလည်း ဆရာဝန်ကြီးတွေ ရှိတုန်းခဏပါ… နောက်တော့လည်း လူနာတွေက လှေကားရင်းမှာ ပြန်ပုံလာပြန်တာပါပဲ… လက်ထောက်ဆရာဝန်တို့ အလုပ်သင်ဆရာဝန်တို့ဆိုတာ သူတို့မျက်လုံးထဲရှိတာ မဟုတ်တော့ သွားပြောရင် သူတို့ရဲ့ ဘုကြည့်ပြန်ကြည့်ခံရတာပဲ အဖတ်တင်ပါတယ်… အခြေအနေမကောင်းရင် ပြန်အဟောက်တောင် ခံရပါသေးတယ်… ဒီနေရာမှာ ဗမာမဟုတ်တဲ့ လူမျိုးလို့ ကျွန်တော်သုံးရတာ ရန်ကုန်ဆေးရုံကြီးမှာ ဗမာအလုပ်သမားဦးရေက အင်မတန်နည်းတဲ့အတွက်က တစ်ကြောင်း… (ပြောမယ်ဆိုရင် မရှိသလောက်ပါပဲ)… နောက် "က" နဲ့ "လ" အက္ခရာစာလုံးကို သုံးပြန်ရင်လည်း သုံးပါတယ်ဆိုပြီး ဖြစ်နေကျမှာစိုးတာတစ်ကြောင်းမို့ပါ… တစ်ခြား လူမျိုးရေးခွဲခြားချင်လို့ ဘာကြောင့်မို့ ညာကြောင့်မို့ မဟုတ်ပါဘူး… ကျွန်တော်ဒါတွေသိတယ်… ရေးနိုင်တယ်ဆိုတာကလည်း ကျွန်တော် သူတို့တစ်တွေနဲ့ ထဲထဲဝင်ဝင်ကို ပြောဆိုဆက်ဆံ အပေါင်းအသင်းလုပ်ခဲ့လို့ပါပဲ… ဒါကြောင့်မို့ မိတ်ဆွေတို့အနေနဲ့ ရိုးရိုးလေးပဲ တွေးစေချင်ပြီး… ရိုးရိုးလေးပဲ ဖတ်သွားစေချင်ပါတယ်… ကျွန်တော်နဲ့ အပေါင်းအသင်းဖြစ်ခဲ့တဲ့ သူတွေ ဆေးရုံကြီးမှာ ကျွန်တော်နဲ့ တွေ့ရင် နှုတ်ဆက်မြဲ… လက်ဘက်ရည် တူတူသောက်ဖို့ ခေါ်မြဲပါ… ကျွန်တော့်ဘက်ကလည်း နှုတ်ဆက်မြဲ… လက်ဘက်ရည် တူတူသွားသောက်မြဲပါ… သူတို့ပြောနေကျ စကားတစ်ခွန်းရှိပါတယ်… "ဆရာနဲ့ အခုလို လက်ဘက်ရည် တူတူသောက် နေရတာ သူတို့အတွက် ထူးခြားကျေနပ်ရတဲ့ အချိန်ပါ" တဲ့… "ဆေးရုံမှာ ကျွန်တော်တို့လို လူမျိုးတွေနဲ့ ဘယ်ဆရာဝန်မှ လက်ဘက်ရည် အတူမသောက်ဘူး" တဲ့… ကျွန်တော်ဘာမှ မပြောလိုပါ… ကျွန်တော်လည်း ကျွန်တော့် ခံယူချက်နဲ့ ကျွန်တော်ဆိုတော့… ဒါတွေက ထားပါ… ရန်ကုန် ပြည်သူ့ဆေးရုံကြီးက အလုပ်သမားတွေ ဘာကြောင့် ပိုက်ဆံကို ဒီလောက်အထိ အသည်းအသန် မက်မောနေရပါသလဲ… အဖြေက သူတို့ဘ၀တွေရဲ့ နောက်ကွယ်မှာ ရှိနေပါတယ်… ဘာလဲဆိုတော့ ဂိုဏ်းသင့်မှာ ကြောက်လို့ဖြစ်ပါတယ်… ဂိုဏ်းသင့်တယ်ဆိုလို့ စိတ်ထဲမှာ တစ်မျိုးဖြစ်သွားပါသလား မိတ်ဆွေ… ဒါဟာ တစ်ကယ်ရှိနေတဲ့ စကားပါ… ဆေးရုံက အလုပ်သမားတစ်ယောက်ကို "မင်း ဂိုဏ်းသင့်သွားချင်သလား… ငါ မင်းတို့ရဲ့ အုပ်ကို ပြောလိုက်မယ်" ဆိုရင် သူတို့ အင်မတိ အင်မတန် ကြောက်ကြပါတယ်… ဘာကြောင့်လဲဆိုတော့ ဂိုဏ်းသင့်သွားတဲ့ အလုပ်သမားတစ်ယောက်က တော်တော်နဲ့ပြန်ပြီး ဂိုဏ်းသင့်တဲ့အပြစ်ကနေ မြန်မြန်မလွတ်နိုင်လို့ပါ… နောက်ထပ် ဂိုဏ်းသင့်မယ့် လူကို စောင့်ရပါတယ်… ဂိုဏ်းသင့်တယ်ဆိုတာ ဘာပါလဲ… ဂိုဏ်းသင့်တယ်ဆိုတာက အပေါ်မှာ ရေးသွားသလို လူနာတွေနဲ့ ထိတွေ့ဆက်ဆံနေရတဲ့ ဘ၀ကနေ လူနာတွေနဲ့ ထိတွေ့ဆက်ဆံလို့ မရတော့တဲ့ နေရာကို အပြောင်းခံလိုက်ရတာကို ပြောတာပါ… ဘယ်လိုနေရာတွေလဲဆိုတော့ သန့်ရှင်းရေး၊ အာရကေမဲ့ဇုံ (ပိုက်ဆံမရတဲ့ နေရာ)၊ ပြာတာဇုံ (အုပ်ချုပ်ရေးပိုင်း ဌာန) တွေကို ရောက်သွားတာပါ… ဒီတော့ အလုပ်သမားတစ်ယောက်က ဆေးရုံက ပေးထားတဲ့ လခကိုပဲ သုံးရပါတော့တယ်… လခကလည်း မစို့မပို့ဆိုတော့ သူတို့ ဂျူတီချိန် မဟုတ်တဲ့ အချိန်တွေမှာ တစ်ခြား ကျပန်းတွေထွက်လုပ်ရပါတော့တယ်… သူတို့အတွက် အရမ်းပင်ပန်းပါတယ်... ဒီတော့ လက်ရှိ ဆေးရုံက အာရကေဇုံမှာ တာဝန်ကျနေတဲ့ လူတွေဟာ ဂိုဏ်းမသင့်ဖို့ ကြိုးစားရပါတော့တယ်… စားဖို့သောက်ဖို့ အဆင်ပြေကြတာကိုးဗျ… အလုပ်သမားတွေထဲက ဘယ်လိုလူတွေ ဂိုဏ်းသင့်သလဲ… VIP လူနာတွေနဲ့ ပြဿနာတက်တဲ့အခါ… ဒါကြောင့် ဆေးရုံကြီးကို အ၀တ်အစားသန့်သန့်လေး ၀တ်ပြီး ဟိတ်အပြည့် ဟန်အပြည့်နဲ့သွားတဲ့အခါ အဆင်ပြေပြေ ဘယ်အလုပ်သမားနဲ့ မှ ပြဿနာ မတက်ပဲ ၀င်ထွက်လို့ရနေတာပါ… သက်ဆိုင်ရာ လူနာဆောင်က ဆရာဝန်ကြီးတွေက အစည်းအဝေးမှာ ထည့်ပြောတဲ့အခါ (သို့) Complaint တက်တဲ့အခါ… ဒါကြောင့် အလုပ်သမားတွေဟာ သက်ဆိုင်ရာ လူနာဆောင်တွေက ဆရာဝန်ကြီးတွေအပေါ် သိပ်ကို ရိုသေကျိုးနွံကြပါတယ်… ဒုတိယမြောက် အာရကေအောက် တဲ့အခါ… အာရကေဆိုတာက ပိုက်ဆံကိုခေါ်တာပါ… အာရကေအောက်တယ်ဆိုတာက တစ်လအတွင်း သူတို့အနေနဲ့ ဘယ်လောက်ပြန်ပေးရမယ်ဆိုပြီး သတ်မှတ်ထားတဲ့ ပိုက်ဆံပမာဏကို ရှာမပေးနိုင်တဲ့ အခြေအနေကို ခေါ်တာပါ… လူနာဆောင် (သို့) တာဝန်ကျတဲ့နေရာတွေပေါ် မူတည်ပြီး အလုပ်သမားတွေအနေနဲ့ သူတို့ရဲ့ အုပ်လေးကို ပြန်အပ်ရပါတယ်… အုပ်လေးက တစ်ဆင့် အုပ်ကြီးကို ပြန်အပ်ရပါတယ်… ဒီတော့ ၂ လမြောက် အုပ်လေးကို ပိုက်ဆံမအပ်နိုင်ရင် အလုပ်သမားအနေနဲ့ ဂိုဏ်းသင့်ပါတယ်… အုပ်လေး၊ အုပ်ကြီးဆိုတာ ဘယ်သူတွေ ဘာတွေဆိုတာ မေးလို့မရခဲ့ပါဘူး… ဒါပေမယ့် အုပ်ကြီးက အုပ်လေးကိုလည်း ပြန်ဖြုတ်လို့ရပါတယ်… အုပ်ကြီးက တစ်လအတွက် သတ်မှတ်ထားတဲ့ ငွေပမာဏကို အုပ်လေးကရှာပေးရပါတယ်… အုပ်လေးတွေက အဆိုပါ သတ်မှတ်ထားတဲ့ ငွေပမာဏကိုမူတည်ပြီး အလုပ်သမားတွေ အပေါ်မှာ ပြန်ပြီးသတ်မှတ်ပေးပါတယ်… အုပ်လေးတွေဘက်ကလည်း အာရကေအောက်လို့မရပါဘူး… အာရကေအောက်ရင် အုပ်ကြီးက အပြစ်ပေးပါတယ်… ဒီလောက်ပဲ ကျွန်တော်လည်း သိပါတယ်… ကျန်တာမသိပါ… ကျွန်တော်နဲ့ အပေါင်းအသင်းဖြစ်ခဲ့သော အလုပ်သမားများလည်း မသိကြပါ… အုပ်ကြီးဆိုတာ ဘယ်သူမှန်းပင် သူတို့ မသိကြပါ… အုပ်ကြီးဆိုသူက တစ်နှစ်စာ ကန်ထရိုက်စနစ်နဲ့ ရန်ကုန် ပြည်သူ့ဆေးရုံကြီး၏ (ရာထူးအရ) ဆေးရုံတစ်ခုလုံးအပေါ် တာဝန်အရှိဆုံး၊ အာဏာအရှိဆုံး ပုဂ္ဂိုလ်ထံမှ ယူထားသည် ဟုသာ အလုပ်သမားတွေအနေနဲ့ သိရပါတယ်… အုပ်ကြီးအနေနဲ့လည်း သတ်မှတ်ငွေပမာဏ မရလို့ အဆိုပါ ပုဂ္ဂိုလ်အား မပေးနိုင်ရင် နောက်တစ်နှစ်စာ ကန်ထရိုက် မရနိုင်တော့ကြောင်းတော့ သိခဲ့ရပါတယ်… ဒီအချက်တွေကြောင့်လည်း သူတို့၏ တစ်ဝမ်းတစ်ခါးအတွက် အလုပ်သမားများအနေနှင့် ဂိုဏ်းသင့် မခံကြရဖို့အရေး ကြိုးစားရုန်းကန်ရင်း ပိုက်ဆံမက်နေရခြင်းဖြစ်ကြောင်း ၀န်ခံပါတယ်… အဲ့ဒီအချိန်တုန်းကတော့ "သြော်… ကောင်းလိုက်တဲ့ စီးပွားရေး စနစ်ကြီးပါလား" လို့ ကျွန်တော်တွေးမိရုံမှတစ်ပါး ဘာမှမတတ်နိုင်ခဲ့ပါ… အခုလည်း ဘာမှမတတ်နိုင်သေးပါ… ဒါပေမယ့် ဒါတွေကို အမေစုအထိ မသိရင်တောင် အမေစု ပြောတဲ့ "ပြုပြင်ရေး ကော်မတီ" ကြီးမှာပါမယ့် အဖွဲ့ဝင်တစ်ယောက် တိုက်ရိုက် (သို့) သွယ်ဝိုက်စွာ သိသွားပြီး အခုလိုဖြစ်နေတဲ့ စနစ်ကြီးကို လုံးဝကောင်းသွားအောင် ပြုပြင်ပြောင်းလဲပေးခဲ့မယ်ဆိုရင်တော့… လက်ရှိကြုံတွေ့ခံစားနေရတဲ့ လူနာတွေ၊ လူနာစောင့်တွေ၊ လူနာသတင်းမေးတွေအတွက် ကျွန်တော်ရေးရကျိုးနပ်ပြီး ထင်ပါတယ်… ၂၀၀၈ ခုနှစ် အလုပ်သင် ဆရာဝန်ဘ၀တုန်းက ရန်ကုန် ပြည်သူ့ဆေးရုံကြီးမှာ အမှန်တကယ် ဖြစ်နေတဲ့အခြေအနေကို ကျွန်တော်သိသလောက်၊ မေးလို့ရသလောက် ပြန်ရေးတာဖြစ်တဲ့အတွက် လက်ရှိ ၂၀၁၂ ခုနှစ် အခြေအနေအကြောင်း ကျွန်တော် မသိတော့ပါဘူး ဆိုတာကိုလည်း ရိုးသားစွာဝန်ခံပါရစေ… နောက်ထပ်ပြောချင်ပါသေးတယ်… ဒါကတော့ ဒီစာကိုရေးတဲ့ ကျွန်တော့် အနေနဲ့ ဘယ်သူ့ ဘယ်သူကိုမှ တိုက်ခိုက်လိုစိတ်၊ ထိခိုက်လိုစိတ် လုံးဝရှိမနေပါဘူး ဆိုတာပါပဲ… ပြည်သူ့ဆေးရုံကြီးကို အားကိုးအားထားပြုနေရတဲ့ ပြည်သူတွေအတွက် တစ်ဖက်တစ်လမ်းက အထောက်အကူဖြစ်ပါစေဆိုပြီးသာ ရည်ရွယ်ပြီး ရေးသားခြင်းသာဖြစ်ပါတယ်… ရင့်သီးမိုက်ရိုင်းတဲ့ Comment ပေးတဲ့လူများကိုလည်း အဖက်လုပ်နေမည် မဟုတ်ပါကြောင်း… "မိမိစေတနာ မိမိကိုယ်သာ အကျိုးပေးပါစေ" ရေးသူ-ဒေါက်တာစိုး | ||||
| ပျက်စီး ၊ သေဆုံး ၊ ဒဏ်ရာရမှု တချို့ ဖြစ်ပေါ်ခဲ့တဲ့ ရွှေဘို ငလျှင် (သတင်း-ရုပ်/သံ) Posted: 11 Nov 2012 02:59 PM PST စစ်ကိုင်းတိုင်း ရွှေဘိုမြို့ အနီး အင်အားပြင်း ငလျင်လှုပ်ခတ်မှု ကြောင့် မန္တလေးတိုင်း ဒေသကြီး နှင့် စစ်ကိုင်းတိုင်း ဒေသကြီး အတွင်းရှိ မြို့ နယ် အချို့ တွင် ပျက်စီးမှု၊ ထိခိုက် ဒဏ်ရာရမှုနှင့် သေဆုံးမှု အချို့ ဖြစ်ပေါ် ခဲ့ပါတယ်။ ငလျှင်လှုပ် ပြီးနောက် အပျက်အစီး မြင်ကွင်းများနဲ့ ငလျှင်ဒဏ် ခံစားရတဲ့ ဒေသခံ ပြည်သူတွေနဲ့ ရိုက်တာ သတင်း ဌာနမှ တွေ့ ဆုံမေးမြန်း ထားတဲ့ (ရုပ်/သံ)ကို တင်ပြပေး လိုက်ပါတယ်။ ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ | ||||
| ပြည်တွင်းထုတ် ဂျာနယ်များတွင် မြန်မာ့ယဉ်ကျေးမှုနှင့် ဆန့်ကျင်သော အမျိုးသမီးပုံများ ဖော်ပြနေခြင်းကိစ္စ Posted: 11 Nov 2012 01:37 PM PST ပြည်တွင်းထုတ် ဂျာနယ်များတွင် မြန်မာ့ယဉ်ကျေးမှုနှင့် ဆန့်ကျင်သော အမျိုးသမီးပုံများ ဖော်ပြနေခြင်း ကိစ္စနှင့် ပတ်သက်၍ မြန်မာ့ယဉ်ကျေးမှု ဓလေ့ထုံးစံနှင့် ကိုက်ညီမှု မရှိသည့် ဖော်ပြနေမှုများ အပေါ် စာနယ်ဇင်း ကောင်စီ အနေဖြင့် လိုအပ်သလို သုံးသပ် ဆောင်ရွက် နိုင်ရန် ပြန်ကြားရေး ဝန်ကြီးဌာနက နိုဝင်ဘာလ ၉ ရက်နေ့ ရက်စွဲဖြင့် စာအမှတ် ၁-၃ (၃၂)/ ၂၀၁၂ (၃၇၆၉)ဖြင့် ပေးပို့ခဲ့ပါသည်။ ပြန်ကြားရေးဝန်ကြီးဌာနမှ စာနယ်ဇင်း ကောင်စီသို့ ပေးပို့ထားသော စာဓါတ်ပုံအား တင်ပြလိုက် ပါသည်။ သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ မှတ်ချက်။ အဆိုပါ အကြောင်း ကြားစာအား နိုဝင်ဘာလ (၁၀)ရက်နေ့တွင် စာနယ်ဇင် ကောင်စီ (ယာယီ) တွဲဖက် အတွင်းရေးမှူး ဒေါ်နန်းကလျာဝင်းထံ ပေးပို့ထားပြီး ဖြစ်ပါသည်။ Ministry of Information | ||||
| ပုဂံမှာ ဟိုတယ်တွေ တည်ဆောက် နေတာရပ်ဖို့ ဒေသခံတွေ တောင်းဆို Posted: 11 Nov 2012 01:38 PM PST မြန်မာ နိုင်ငံရဲ့ ရှေးဟောင်း အမွေ အနှစ်တွေ တစုတစည်းထဲ အများဆုံး ရှိနေတဲ့ ပုဂံ မြို့လယ်ခေါင်မှာ ဟိုတယ် ကြီးတွေ ဆယ်လုံး ထက်မနည်း တပြိုင်ထဲ ဆောက်လုပ် နေတာမို့ ဒါကို ရပ်ပေးဖို့ ဒေသခံတွေ ပါဝင်တဲ့ အဖွဲ့ တခုက တောင်းဆို နေပါတယ်။ ပုဂံ ရှေးဟောင်း ယဉ်ကျေးမှု နယ်မြေ ထိန်းသိမ်း စောင့်ရှောက်ရေး နဲ့ ဖွံ့ဖြိုးရေး အဖွဲ့က ပုဂံ မြို့လယ်ခေါင်မှာ အစဉ်အဆက် နေထိုင် ခဲ့ကြတဲ့ သာမန် အရပ်သား အိမ်တွေကို ---- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||||
| ၀ါဝါ၀င်းရှေ့ကလယ်သမားတွေ ဇာတ်နာလွန်းပြီ Posted: 11 Nov 2012 01:02 PM PST တော်ဝင် ဆန္ဒပြ အလုပ်သမား တွေဟာ သူတို့ရဲ့ ဆန္ဒပြ တောင်းဆိုမှုကို ခုံသမာဓိရဲ့ ဆုံးဖြတ်ချက် အရ တောင်းဆိုချက် (၅)ချက်မှ (၄)ချက်ကို အလုပ်ရှင် နှင့် အလုပ်သမား ပြေလည်အောင် ညှိနှိုင်းပေးခဲ့တဲ့ အတွက် ဆန္ဒဖော်ထုတ်ခြင်း (၁၈)ရက်မြောက်နေ့ ဖြစ်တဲ့ ဒီကနေ့မှာ ရပ်ဆိုင်းလိုက်ပါတယ်။ သူတို့တွေ ဆန္ဒဖော်ထုတ် နေစဉ်မှာ လှိုင်သာယာပဒံက လယ်သမားတွေဟာ ရရှိတဲ့ စားသောက်ဖွယ်ရာတွေ ခွဲဝေကူညီ ထောက်ပံ့ပေးခဲ့ တာကြောင့် လယ်သမားများ ဆန္ဒဖော်ထုတ်ရာ ၀ါဝါ၀င်း ကုမ္ပဏီရှေ့ကို ချီတက်ခဲ့ပါတယ်။ သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||||
| စံရိပ်ငြိမ်ဖြစ်စဉ်ပါဝင်သူများ ရဲတပ်ဖွဲ့မှ စုံစမ်းနေပြီ Posted: 11 Nov 2012 04:50 PM PST ရန်ကုန်မြို့ အင်းစိန်လမ်း စံရိပ်ငြိမ်မှတ်တိုင်အနီးတွင် ဖြစ်ပွားခဲ့သည့် မင်းမဲ့ စရိုက်ဆန်ဆန် ရမ်းကားမှုတွင် ပါဝင်ခဲ့သူ တရားခံ (၈)ဦးအနက် ကောင်းမြတ်၊ စည်သူမျိုးဇင်၊ ဂျပန်ကြီး(ခ)ရင်မင်းသန့် ဟိန်းထက်ဇော် (၄)ဦးတို့အား ဖမ်းဆီးရမိထား ပြီး ကျန်(၄)ဦးဖြစ်သည့် ငြိမ်းချမ်း၊ ထူးမြတ်(ခ) ထူးမြတ်အောင်၊ ဥာဏ်လင်းထက်၊ အောင်ပြည့်တို့ အား ရဲတပ်ဖွဲ့မှ လိုက်လံ စုံစမ်းလျက် ရှိကြောင်း myanmar news now မှ သတင်း ရရှိပါသည်။
| ||||
| ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း သပိတ်ကျင်းမြို့မှ ငလျင်ဒဏ်သင့် ဒေသခံ ပြည်သူများအား တွေ့ဆုံအားပေး Posted: 11 Nov 2012 12:06 PM PST ဒုတိယသမ္မတနှင့် အဖွဲ့ဝင်များသည် ယနေ့နံနက် (၇) နာရီ (၄၂) မိနစ် (၃၇) စက္ကန့်တွင် မန္တလေး မြေငလျင်စခန်း မြောက်ဘက် (၈၂) မိုင်ခန့်၊ ရွှေဘိုမြို့၏ မြောက်ဘက် (၄၅) မိုင်ခန့် နှင့် သပိတ်ကျင်းမြို့ အနောက်တောင်ဘက် (၁၂) မိုင်ခန့် နေရာတို့ကို ဗဟိုပြု၍ အင်အားရစ် (ခ်) တာစကေး (၆ ဒဿမ ၈) နှင့် (၅ ဒဿမ ၀) အဆင့်ရှိ (၃) ကြိမ် လှုပ်ခတ်ခဲ့သော ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဌာနဆိုင်ရာ အဆောက်အအုံများနှင့် လူနေအိမ် များအားလည်းကောင်း၊--- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
| You are subscribed to email updates from Thit Htoo Lwin To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
| Google Inc., 20 West Kinzie, Chicago IL USA 60610 | |
















.N0(1)01.jpg)


















