သစ်ထူးလွင် |
- ငလျင်ကြောင့် ရတနာသိင်္ခ တံတားပြို၊ ဆောက်လုပ်ရေး လုပ်သား နှစ်ဦး သေ ၅ ဦး ပျောက်ဆုံး
- (မန်း)မိုးဇလမှ ငလျှင်သတင်း ထုတ်ပြန်ချက် အပြည့်အစုံ
- မလားကျေးရွာမှာ ငလျင်ဒဏ်ကြောင့် အိမ် ၁၇ လုံး ပြိုကျပျက်စီး
- ငလျင်ကြောင့် ရွှေတွင်း ပြိုကျပြီး ၁၁ ဦးပိတ်မိ
- မန္တလေးမှာ ငလျင်ထပ်လှုပ်
- ငလျင်ထပ်လှုပ်သဖြင့် ဒုတိယ သမ္မတလှည့်ပြန်
- ငလျင်လှုပ်ခတ်လျှင် အန္တရာယ်လျော့နည်းစေရန် လုပ်ဆောင်သင့်သော အချက်များ
- မိုးဇလက ယနေ့ညနေ ၅း၄၅ နာရီ ထုတ်ပြန်ချက်အရ မြေငလျင်တစ်ခု ထပ်မံလှုပ်ခတ်
- ငလျင်ဒဏ်သင့် ပြည်သူများ နေအိမ်အတွင်း ပြန်လည်နေထိုင်ရန် အခက်အခဲကြုံ
- စစ်ကိုင်းတွင် ပြင်းအား ၇ ရှိ ငလျင် လှုပ်ခတ်
- ပြီးခဲ့တဲ့ မိနစ်ပိုင်းအတွင်းမှာ မန္တလေးတိုင်း နဲ့  စစ်ကိုင်းတိုင်းမှာ အင်အားပြင်း ငလျှင်လှုပ်ခတ်
- ပြည်မြို့ မှာ ရှေးဟောင်းဝတ္ထုပစ္စည်း(၃၀၀)ကျော် မသမာ သူများမှ ပြန်လည်အပ်နှံ
- ဆီတင်ရထား တိမ်းမှောက်မှု အာဏာပိုင်တွေ စုံစမ်းနေဆဲ
- မာလာလာ နေ့ ကုလသမဂ္ဂ သတ်မှတ်
- ဒေါ်စု နိုဝင်ဘာလလယ် အိန္ဒိယ သွားမည်
- ရခိုင်မှာ ပဋိပက္ခများ ထပ်မဖြစ်ပွားစေဖို့ သမ္မတနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ICG တောင်းဆို
- ရှမ်းပြည်မြောက်ပိုင်း ပလောင်တပ်စခန်းကို အစိုးရတပ်များ ဝင်ရောက်တိုက်ခိုက်
- ရုရှားမှ လက်နက်ဝယ်မယ့် အစီအစဉ် အီရတ် ရုပ်သိမ်း
- နိုင်ငံရေးဆွေးနွေးမှုနဲ့ ဖက်ဒရယ်ကိစ္စ သဘောညီ
- မိုးထိမိုးမိရွှေလုပ်သားများ ပဲခူးတိုင်းဒေသကြီး တပ်ဦးကျောင်းသို့ ရောက်ရှိနေ
- သီရိလင်္ကာ ထောင်တခုမှာ ဆူပူမှု ဖြစ်ပွား
- မော်တော်ယာဉ် တင်သွင်းခွင့် လျှောက်ထားမှုများ အခွန်လျော့ချ ပြောင်းလဲ သတ်မှတ် တော့မည်
- ဆင်းတုတော်များကို လက်ဖြတ် လည်ပင်းဖြတ် ဗိုက်ဖောက်
| ငလျင်ကြောင့် ရတနာသိင်္ခ တံတားပြို၊ ဆောက်လုပ်ရေး လုပ်သား နှစ်ဦး သေ ၅ ဦး ပျောက်ဆုံး Posted: 11 Nov 2012 06:22 AM PST ငလျင် ဒဏ်ကြောင့် ရွှေဘိုမြို့နှင့် ၁၇ မိုင်အကွာရှိ ဆောက်လုပ်ဆဲ ရတနာသိင်္ခ တံတား ပြိုကျ ပျက်စီးမှု ဖြစ်ပွားပြီး ဆောက်လုပ်ရေး လုပ်သား နှစ်ဦး သေဆုံးကာ ငါးဦး ပျောက်ဆုံး နေကြောင်း အဆိုပါ ဆောက်လုပ်ရေး လုပ်ငန်းခွင်မှ စုံစမ်း သိရှိရသည်။ တံတား ပြိုကျမှုကြောင့် ဆောက်လုပ်ရေး လုပ်သား ၁၅ဦး ဧရာဝတီ မြစ်ထဲ မျောပါခဲ့ပြီး ---- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| |||||||||||||||||||||
| (မန်း)မိုးဇလမှ ငလျှင်သတင်း ထုတ်ပြန်ချက် အပြည့်အစုံ Posted: 11 Nov 2012 05:43 AM PST ၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက်နေ့ မြန်မာစံတော်ချိန် (၁၇) နာရီ၊ (၂၆)မိနစ်၊ (၂၀)စက္ကန့်အချိန်တွင် မန္တလေးမြေငလျင်စခန်းမှ မြောက်-အနောက်မြောက်ဘက် ၅၅ မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (ရွှေဘိုမြို့၏ မြောက်ဘက် (၁၅)မိုင်ခန့်အကွာ)ကို ဗဟိုပြု၍ အင်အားရစ်(ခ်ျ)တာစကေး (၅.၈)အဆင့်ရှိ နောက်ဆက်တွဲ အင်အားအသင့်အတင့်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးဇလက သတင်းထုတ်ပြန်ခဲ့။ DVB TV News မိုးဇလ ငလျှင် သတင်း ထုတ်ပြန်ချက် အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ ငလျင်နောက်ဆက်တွဲ - မန္တလေးမြင်ကွင်းများ (Photos: ဘကြီးအောင် Mdy iCJ) | |||||||||||||||||||||
| မလားကျေးရွာမှာ ငလျင်ဒဏ်ကြောင့် အိမ် ၁၇ လုံး ပြိုကျပျက်စီး Posted: 11 Nov 2012 05:24 AM PST
7Day News Journal | |||||||||||||||||||||
| ငလျင်ကြောင့် ရွှေတွင်း ပြိုကျပြီး ၁၁ ဦးပိတ်မိ Posted: 11 Nov 2012 06:00 AM PST စစ်ကိုင်းတိုင်း ဒေသကြီးတွင် ယနေ့ (နိုဝင်ဘာ ၁၁ ရက်နေ့) နံနက်ပိုင်းက လှုပ်ခတ်ခဲ့သော အင်အားပြင်း ငလျင်ဒဏ်ကြောင့် စဉ့်ကူး မြို့နယ် ကန်တောင် ကျေးရွာ အနီးရှိ ရွှေတွင်း တစ်ခု ပြိုကျပြီး ရွှေလုပ်သား ၁၁ ဦး ပိတ်မိနေကြောင်း ရွှေလုပ်ငန်းရှင် တစ်ဦးက The Voice Weekly သို့ ဆက်သွယ် ပြောကြားသည်။ " ငလျင်လှုပ်တော့ အလုပ်သမားတွေ မေ့မျော ကုန်တယ်။ ပြီးတော့ ပြိုကျလာတော့ အကုန် ပိတ်မိသွားတယ်။ သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| |||||||||||||||||||||
| Posted: 11 Nov 2012 05:03 AM PST မန္တလေး-နိဝင်ဘာ၁၁ ယနေ့ညနေ ၅နာရီ ၂၅မိနစ် တွင် မန္တလေး၌ ငလျင်ထပ်မံ လှုပ်ခတ်သွားကြောင်း မန္တလေးမြို့ ခံ တဦးက ပြောပါတယ်။ သပိတ်ကျင်းမြို့နယ်မှာ အသေအပျောက်များတယ်လို့ ဖုန်းသတင်းရရှိပါတယ်။ ရတနာသီဟ ကားတစ်စင်းဆိုရင် ငလျင်ကြောမိပြီး မှောက်သွားတာ လူ၆ယောက် သေသွားတယ်လို့ပြောပါတယ်။ သပိတ်ကျင်းအချုပ်ခန်းထဲက လူတွေလည်းမြေပြိုတယ်လို့ပြောပါတယ်။ Diamond plaza မန္တလေးတွင် ညနေ ၅း၃၅ နာရီ ငလျင်လှုပ်နေစဉ် မြင်းကွင်း | |||||||||||||||||||||
| ငလျင်ထပ်လှုပ်သဖြင့် ဒုတိယ သမ္မတလှည့်ပြန် Posted: 11 Nov 2012 06:23 AM PST ရန်ကုန်၊ နိုဝင်ဘာ ၁၁ ငလျင် ဒဏ်ကြောင့် ပျက်စီးပြိုကျ သွားသော ရတနာသိင်္ခ တံတားစီမံကိန်း သို့ နိုင်ငံတော် ဒုတိယ သမ္မတ လာရောက်နေစဉ် ငလျင် ထပ်မံလှုပ်ခတ် သဖြင့် ယင်းစီမံ ကိန်းသို့ မလာတော့ဘဲ လှည့်ပြန် သွားခဲ့ကြောင်း ယင်း စီမံကိန်း သို့ ရောက်ရှိနေသည့် မျက်မြင် သက်သေများက The Voice Weekly သို့ ဆက်သွယ် ပြောကြားသည်။ The Voice Weekly
| |||||||||||||||||||||
| ငလျင်လှုပ်ခတ်လျှင် အန္တရာယ်လျော့နည်းစေရန် လုပ်ဆောင်သင့်သော အချက်များ Posted: 11 Nov 2012 06:39 AM PST
ငလျင် လှုပ်ခတ်လျှင် အန္တရာယ် လျော့နည်းစေရန် လုပ်ဆောင် သင့်သော အချက်များ ငလျင်မလှုပ်မီ ဆောင်ရွက်ရန် - အခန်းတွင် ခိုင်ခံ့သော စားပွဲခုံ၊ အတွင်းနံရံ သို့မဟုတ် တိုင် တံခါး ဘောင်အောက် စသော လုံခြုံသော နေရာများကို သိအောင် လုပ်ထားရန် - ယင်းနေရာ များအောက်သို့ အမြန်ဝင်၍ အကာ အကွယ်ယူ၊ ဆွဲကိုင်ရန် လေ့ကျင့်ထားရန် အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| |||||||||||||||||||||
| မိုးဇလက ယနေ့ညနေ ၅း၄၅ နာရီ ထုတ်ပြန်ချက်အရ မြေငလျင်တစ်ခု ထပ်မံလှုပ်ခတ် Posted: 11 Nov 2012 06:49 AM PST ၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက်နေ့ မြန်မာစံတော်ချိန် (၁၇) နာရီ၊ (၂၆)မိနစ်၊ (၂၀)စက္ကန့်အချိန်တွင် မန္တလေးမြေငလျင်စခန်းမှ မြောက်-အနောက်မြောက်ဘက် ၅၅ မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (ရွှေဘိုမြို့၏ မြောက်ဘက် (၁၅)မိုင်ခန့်အကွာ)ကို ဗဟိုပြု၍ အင်အားရစ်(ခ်ျ)တာစကေး (၅.၈)အဆင့်ရှိ နောက်ဆက်တွဲ အင်အားအသင့်အတင့်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်။ သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| |||||||||||||||||||||
| ငလျင်ဒဏ်သင့် ပြည်သူများ နေအိမ်အတွင်း ပြန်လည်နေထိုင်ရန် အခက်အခဲကြုံ Posted: 11 Nov 2012 07:05 AM PST ရွှေဘိုခရိုင် ကျောက်မြောင်း မြို့နယ်ခွဲဒေသ အနီးတစ်ဝိုက် နွယ်ငြိမ်းကျေးရွာ၊ မလားကျေးရွာ၊ မခေါက်ကျေးရွာ တို့တွင် နိုဝင်ဘာလ(၁၁)ရက်က ငလျင်ဒဏ်ကြာင့် နေအိမ်များ ပျက်စီး ဆုံးရှုံးမှု ကြုံတွေ့ ခဲ့ရသည့် နောက်ပိုင်း နေအိမ်များ အတွင်း ပြန်လည် နေထိုင်ရန် အခက်အခဲ ကြုံတွေ့ နေရကြောင်း အဆိုပါကျေးရွာ သေခံများ ပြောကြားသည်။ "ဒီလို အဖြစ် အပျက်မျိုး လွန်ခဲ့တဲ့ နှစ်ပေါင်း(၆၀)ကျော်တုန်းက ပုဂံငလျင် လှုပ်ချိန်က တစ်ကြိမ်ကြုံတွေ့  ခဲ့ရဖူးတယ်။ အဲဒီအချိန်တုန်းက အသံတွေပေးပြီး တုန်ခါတယ်--- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| |||||||||||||||||||||
| စစ်ကိုင်းတွင် ပြင်းအား ၇ ရှိ ငလျင် လှုပ်ခတ် Posted: 11 Nov 2012 07:24 AM PST စစ်ကိုင်းတိုင်း ဒေသကြီး ရွှေဘိုမြို့၏ အရှေ့ မြောက်ဘက် ၁၅ မိုင်ခန့် အကွာကို ဗဟိုပြုကာ ယနေ့နံနက် ၇ နာရီ ၄၃ မိနစ် အချိန်တွင် ရစ်ချတ်တာ စကေး ၇ ဒသမ ၀ ပြင်းအားရှိ ငလျင်တစ်ခု လှုပ်ခတ် သွားကြောင်း မန္တလေးမြေ ငလျင် တိုင်းတာရေးစခန်း တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။ ယင်းငလျင်ကြောင့် ကန့်ဘလူ၊ နေပြည်တော်၊ မန္တလေး အစရှိသည့် နေရာများတွင်ပါ အဖျားခတ်ကာ ငလျင်လှုပ် ရှားခဲ့ကြောင်း--- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| |||||||||||||||||||||
| ပြီးခဲ့တဲ့ မိနစ်ပိုင်းအတွင်းမှာ မန္တလေးတိုင်း နဲ့  စစ်ကိုင်းတိုင်းမှာ အင်အားပြင်း ငလျှင်လှုပ်ခတ် Posted: 10 Nov 2012 07:05 PM PST နိုဝင်ဘာလ(၁၁)ရက်နေ့ ယနေ့ နံနက် ၇ နာရီ ၄၅ မိနစ်ခန့် က မန္တလေးတိုင်း နဲ့ စစ်ကိုင်းတိုင်းမှာ အင်အားပြင် ငလျှင် တခု လှုပ်သွားကြောင်း သိရပါတယ်။ တစ်မိနစ်ခန့် ကြာတဲ့ လှုပ်ခတ်မှု့ ကြောင့် လူတွေ ထိန့် လန့် ခဲ့ရတယ်လို့  စစ်ကိုင်းတိုင်း ငါးဇွန်မြို့ ခံတဦးက ပြောပါတယ်။ ငလျှင်ဒဏ်ကြောင့် လူတွေ မတ်တပ်မရပ်နိုင်ပဲ ထိုင်နေကြရတယ် ၊မီးလည်း ပျက်သွားတယ်လို့ ငါးဇွန်မြို့ ခံက Myanmar News Now ကို ပြောပါတယ်။ လောလောဆယ် စုံစမ်းသိရှိရ သလောက် ကတော့ မန္တလေးနဲ့ ပြင်ဦးလွင် မြို့ တွေ အပါအ၀င် အထက်မြန်မာပြည် မြို့ တော်တော်များများမှာ ငလျှင်လှုပ်ခတ်မှု ဒဏ်ကို ခံစားသိရှိရကြောင်း MNN စုံစမ်းသိရှိရပါတယ်။ | |||||||||||||||||||||
| ပြည်မြို့ မှာ ရှေးဟောင်းဝတ္ထုပစ္စည်း(၃၀၀)ကျော် မသမာ သူများမှ ပြန်လည်အပ်နှံ Posted: 10 Nov 2012 05:35 PM PST
-သံမ္ဗုဒ္ဓေ ဘုရားများပါအုတ်ခွက် ဘုရား (ကောင်း/ကျိုး) - ၁၀ ခု -အုတ်ခွက်ဘုရား ၅ လက်မ ပတ်လည် (ကောင်း) - ၁၃၈ ခု - အုတ်ခွက်ဘုရား ၅ လက်မ ပတ်လည် (အကျိုး) - ၁၅၀ ခု သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ MNN မှ ယခင် ဖော်ပြခဲ့ပြီး ဖြစ်သည့် (ပြည်မြို့ပေါ်တွင် ရှေးဟောင်း သာသနိက အဆောက်အဦးကုန်း ဖျက်ဆီးခံရခြင်း) သတင်းကို ပြန်လည် ဖတ်ရှုလိုပါက ဒီနေရာကို နှိပ်ပါ
| |||||||||||||||||||||
| ဆီတင်ရထား တိမ်းမှောက်မှု အာဏာပိုင်တွေ စုံစမ်းနေဆဲ Posted: 10 Nov 2012 04:14 PM PST မန္တလေးကနေ မြစ်ကြီးနားကို သွားတဲ့ ကုန်တင် ဆီတွဲ ရထားတစီး သောကြာနေ့က စစ်ကိုင်းတိုင်း ကန့်ဘလူ မြို့နယ်အနီး လမ်းချော် တိမ်းမှောက် ခဲ့တာမှာ သေဆုံးသူဦးရေ ၂၅ ဦးအထိ ရှိနေပြီး ဒဏ်ရာရသူပေါင်း ၁၀၀ နီးပါး ရှိတယ်လို့ မြန်မာအစိုးရ အရာရှိတွေက စနေနေ့က ပြောပါတယ်။ ရထားက ထွက်ကျလာတဲ့ ဆီတွေကို ယူဖို့ အပြေးအလွှား ကြိုးစားကြတဲ့ ရွာသားတွေ ဆီတိုင်ကီတွေ ပေါက်ကွဲတဲ့အခါမှာ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| |||||||||||||||||||||
| Posted: 10 Nov 2012 04:07 PM PST
တာလီဘန်အဖွဲ့တွေရဲ့ ရက်စက် ကြမ်းကြုတ်မှုတွေကို မှတ်တမ်းယူခဲ့တဲ့အတွက်ရော၊ မိန်းကလေး ငယ်တွေ ပညာသင်ကြားခွင့် ရရှိရေး အလေးပေး ထုတ်ဖော် ပြောဆိုခဲ့တာ တွေအတွက် တာလီဘန် လက်နက်ကိုင်တွေရဲ့ ပစ်မှတ်ထား တိုက်ခိုက်ခံခဲ့ရတဲ့ မာလာလာ ယူဆပ်ဇိုင် ကို တကမ္ဘာလုံးက ချီးကျူး ဂုဏ်ပြုတဲ့အနေနဲ့ နိုဝင်ဘာလ ၁၀ ရက် စနေနေ့ကို မာလာလာ နေ့အဖြစ် ကုလသမဂ္ဂက သတ်မှတ်လိုက်တာ ဖြစ်ပါတယ်။ မာလာလာကို ဂုဏ်ပြုတဲ့အနေနဲ့ ကရာချီးမြို့က ကျောင်းသား ကလေးငယ်တွေနဲ့ ကျောင်း ဆရာ ဆရာမတွေ ကလည်း ချီတက် ဆန္ဒပြခဲ့ကြတာပါ။ ကျောင်းသား ကလေးငယ်တွေက မာလာလာ ရဲ့ ပုံနဲ့ ပိုစတာတွေကို ကိုင်ဆောင်ပြီး "ငါဟာ မာလာလာ ဖြစ်တယ်။" I am Malala ဆိုပြီး ကြွေးကြော် ချီတက်ခဲ့ကြတာပါ။ ဆန္ဒပြလူအုပ်ဟာ တောင်ပိုင်း Sindh ညီလာခံ အဆောက်အဦး ရှိရာကို ချီတက်ခဲ့ကြပြီး အဲဒီမှာ မာလာလာ ရဲ့ဘ၀ကို ဖော်ကျူးတဲ့ ပြဇာတ်တခုကိုလည်း ကပြခဲ့ကြပါတယ်။ အခု ချီတက်ဆန္ဒပြ ကြသူတွေထဲမှာ Sindh ခရိုင်မှာရှိတဲ့ တောင်အာရှ သတင်းမီဒီယာ လွတ်လပ်ရေးအဖွဲ့ရဲ့ ဥက္ကဋ္ဌ Khursheed Haider လည်း ပါဝင်ပါတယ်။ "မာလာလာဟာ ဆ၀ပ် ဒေသမှာ မိန်းကလေးငယ်တွေ ပညာသင်ကြားခွင့် ရဖို့ ပြောဆိုခဲ့တဲ့အတွက် ပစ်ခတ် ခံခဲ့ရတယ် ဆိုတာ လူတိုင်း သိကြတဲ့အတိုင်းပါပဲ။ မိန်းကလေးတွေ ပညာသင်ကြားခွင့်ကို ဆန့်ကျင်တဲ့သူ တချို့ ရှိပါတယ်။ ဒါပေမဲ့ ယုံကြည်မှုခိုင်မာတဲ့ ဒီမိန်ကလေး (မာလာလာ) ကတော့ ဒီကိစ္စကို ထုတ်ဖော် ပြောဆိုခဲ့လို့ ပစ်ခတ် ခံခဲ့ရပါတယ်။" မာလာလာ ကို ထောက်ခံသူတွေဟာ ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်း ဆ၀ပ် တောင်ကြားဒေသမှာ ရှိတဲ့ မာလာလာ ရဲ့ မွေးရပ်ဇာတိ Mingora မြို့ အပါအ၀င် တခြား ပါကစ္စတန် မြို့ကြီးတွေမှာလည်း စနေနေ့က စုဝေးဆန္ဒပြမှုတွေ ပြုလုပ် ခဲ့ကြပါတယ်။ ကုလသမဂ္ဂရဲ့ ကမ္ဘာ့ ပညာရေးဆိုင်ရာ အထူး ကိုယ်စားလှယ် အဖြစ် တာဝန် ထမ်းဆောင်နေတဲ့ ဗြိတိန်ဝန်ကြီးချုပ် ဟောင်း ဂေါ်ဒန်ဘရောင်း ကလည်း မာလာလာ ကို ထောက်ခံတဲ့ လက်မှတ်ပေါင်း ၁ သောင်းကျော်နဲ့ စာတစောင်ကို ပါကစ္စတန် သမ္မတဆီကို ပေးပို့ခဲ့ပါတယ်။ "ဒီနေ့ ကျနော်တို့ မာလာလာ နေ့ကို ဂုဏ်ပြု ဆင်နွှဲနေပါတယ်။ သူ့ရဲ့ သတ္တိရှိလှတဲ့ စွမ်းဆောင်ချက်အတွက် တကမ္ဘာလုံးရဲ့ အာရုံစိုက်မှု၊ သနားကြင်နာမှုနဲ့ စာနာနားလည်မှုတွေ ရခဲ့တဲ့ မိန်းကလေးငယ်လေး မာလာလာ ကို ဂုဏ်ပြုတာပါ။ ကမ္ဘာတ၀ှမ်းက နိုင်ငံပေါင်း ၁၀၀ ကျော်မှာလည်း မာလာလာ ကို ထောက်ခံတဲ့ လက်မှတ် ကောက်ယူ စုဆောင်းမှုတွေ အပါအ၀င် တခြား လှုပ်ရှားဆောင်ရွက်မှုတွေ လုပ်နေကြမယ် ဆိုတာကို ကျနော် ပြောနိုင်ပါတယ်။ တကမ္ဘာလုံးက မာလာလာ ကို အသိအမှတ်ပြု ဂုဏ်ပြုချင်ကြတာပါ။ တချို့နေရာတွေမှာ ငြိမ်းချမ်းရေးနဲ့ ပညာရေး အတွက် မာလာလာ ဆိုတဲ့ ကြွေးကြော်သံတွေ ကိုလည်း ကျနော် တွေ့ရပါတယ်။ လူတွေက ဒီ မိန်းကလေး ပညာသင်ကြားခွင့် ရရမယ်၊ မိန်းကလေးငယ်တိုင်း ပညာသင်ကြားခွင့်ရ ရမယ် ဆိုပြီး ထောက်ခံ ပြောဆိုနေကြသလို ဒီအတွက် ဆောင်ရွက်သွားမယ်၊ ကိုယ့်နိုင်ငံ ငြိမ်းချမ်းတာကို မြင်ချင်တဲ့အတွက် ဒါကို လုပ်သွားကြရမယ် ဆိုပြီး ပြောနေကြတာပါ။" မာလာလာ ကို ဂုဏ်ပြုတဲ့ အနေနဲ့ အဖွဲ့အစည်းတခု ထူထောင်လိုက်တဲ့ အကြောင်းလည်း မစ္စတာ ဘရောင်း က ပြောခဲ့ပါတယ်။ ကမ္ဘာတ၀ှမ်း ကျောင်းနေခွင့်မရတဲ့ မိန်ကလေးငယ်ပေါင်း ၃၂ သန်း စာသင်ခွင့်ရရေး လှုပ်ရှား ဆောင်ရွက်ချင်တယ်လို့ သူ သေနတ်နဲ့ အပစ်မခံရခင် တပတ်အလိုမှာ မာလာလာ က သူ့သူငယ်ချင်းတွေကို ပြောခဲ့တဲ့အတိုင်း အခု ဖွဲ့စည်းလိုက်တဲ့ မာလာလာ ဖောင်ဒေးရှင်း က ဒီ အလုပ်တွေကို လုပ်သွားမှာ ဖြစ်တယ်လို့လည်း မစ္စတာ ဘရောင်းက ပြောပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလ ၉ ရက်နေ့က ဆ၀ပ် တောင်ကြားဒေသမှာ တာလီဘန် သေနတ်သမားတွေ ဟာ မာလာလာ ရဲ့ ဦးခေါင်းနဲ့ လည်ပင်း နေရာတွေကို ပစ်ခတ်ခဲ့တာပါ။ မာလာလာ ရဲ့ ဆောင်ရွက်ချက်တွေနဲ့ ပတ်သက်လို့ နိုင်ငံတကာ ကတော့ သူ့ကို ချီးကျူး ဂုဏ်ပြုခဲ့ကြပါတယ်။ မာလာလာ ကို နိုဘဲလ် ငြိမ်းချမ်းရေးဆု ပေးဖို့ လူပေါင်း ၉ သောင်းနီးပါး ကလည်း လက်မှတ် ရေးထိုး အဆိုပြုခဲ့ကြပါတယ်။ မာလာလာ ဟာ အခုဆိုရင် သေနတ်ဒဏ်ရာကနေ ပြန်လည် သက်သာ လာနေပြီဖြစ်ပြီး လောလောဆယ် ဗြိတိန်နိုင်ငံက ဆေးရုံတခုမှာ ဆေးကုသ ခံယူနေတာ ဖြစ်ပါတယ်။ မခင်ဖြူထွေး (ဗွီအိုအေ မြန်မာဌာန) | |||||||||||||||||||||
| ဒေါ်စု နိုဝင်ဘာလလယ် အိန္ဒိယ သွားမည် Posted: 10 Nov 2012 04:03 PM PST မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ အိန္ဒိယနိုင်ငံကို နိုဝင်ဘာလ ၁၃ ရက်နေ့ကနေ ၁၈ ရက်နေ့ အထိ အလည် အပတ် လာရောက်မှာ ဖြစ်တယ် လို့ အိန္ဒိယ နိုင်ငံခြားရေး ၀န်ကြီးဌာနက ထုတ်ပြန် ကြေညာ ပါတယ်။ ဒေါ်အောင်ဆန်း စုကြည် ဟာ နိုဝင်ဘာလ ၁၄ ရက်နေ့မှာ ကျင်းပမယ့် ပန်ဒစ် ဂျဝါလာနေရူး ရဲ့ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| |||||||||||||||||||||
| ရခိုင်မှာ ပဋိပက္ခများ ထပ်မဖြစ်ပွားစေဖို့ သမ္မတနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ICG တောင်းဆို Posted: 10 Nov 2012 03:53 PM PST ရခိုင်ပြည်နယ် အတွင်း ဖြစ်ပွားနေတဲ့ ပဋိပက္ခများ ထပ်ပြီး မပြန့်ပွားဖို့နဲ့ ရပ်တန့် သွားစေဖို့ သမ္မတ ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်း စုကြည် တို့ အနေနဲ့ ကြားဝင် ဆောင်ရွက်ဖို့ လိုအပ်တယ်လို့ အပြည်ပြည် ဆိုင်ရာ ပဋိပက္ခများ ဖြေရှင်းရေး အဖွဲ့ ICG က ဒီကနေ့ ထုတ်ဖေါ် ကြေညာ လိုက်ပါတယ်။ ဘယ်လ်ဂျီရမ်နိုင်ငံ ဘရပ်ဆဲလ်မြို့ အခြေစိုက် ICGအဖွဲ့ကြီးက ရခိုင်ပြည်နယ်က ဖြစ်စဉ်တွေကြောင့်--- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| |||||||||||||||||||||
| ရှမ်းပြည်မြောက်ပိုင်း ပလောင်တပ်စခန်းကို အစိုးရတပ်များ ဝင်ရောက်တိုက်ခိုက် Posted: 10 Nov 2012 03:45 PM PST ရှမ်းပြည် မြောက်ပိုင်း နမ့်ခမ်းဒေသရှိ ပလောင် တပ်ဖွဲ့ စခန်း ချထားတဲ့ တောင်ကုန်းကို အစိုရတပ်က တိုက်ခိုက် တာကြောင့် ဆုတ်ပေး လိုက်တယ်လို့ သိရပါတယ်။ အခုလို ပလောင်တပ် စခန်းကို တိုက်ခိုက် သိမ်းပိုက်တာဟာ မူးယစ် ဆေးဝါးတွေ ဖမ်းဆီးတာနဲ့ သက်ဆိုင်နေပါတယ်။ မနေ့က မနက် ၉နာရီလောက်မှာ ရှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်နဲ့ မိုင်းဝီး မြို့နယ်အစပ်ရှိ--- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | |||||||||||||||||||||
| ရုရှားမှ လက်နက်ဝယ်မယ့် အစီအစဉ် အီရတ် ရုပ်သိမ်း Posted: 10 Nov 2012 03:24 PM PST အီရတ်ဟာ ရုရှား ကနေ လက်နက်တွေ ဝယ်ယူဖို့ သဘော တူညီမှုကို ရုပ်သိမ်းလိုက် ပါတယ်။ တကယ်တော့ ရုရှား ကနေ လက်နက် ဝယ်ဖို့ သဘောတူ ခဲ့တာ ကတော့ ပြီးခဲ့တဲ့ လတုန်းက အီရတ် ဝန်ကြီးချုပ် နိုရီ အယ်လ် မာလကီ ရုရှားကို သွားရောက်စဉ်က သဘောတူ ခဲ့ကြတာ ဖြစ်ပါ တယ်။ ဒေါ်လာ သန်း ၄၂၀၀ ဖိုးလောက် ရှိတဲ့ လက်နက်တွေ ဝယ်ယူဖို့ စာချုပ်ပါ။ သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| |||||||||||||||||||||
| နိုင်ငံရေးဆွေးနွေးမှုနဲ့ ဖက်ဒရယ်ကိစ္စ သဘောညီ Posted: 10 Nov 2012 03:15 PM PST ပြည်တွင်း ငြိမ်းချမ်းရေး အတွက် ကြိုးကုတ် ဆောင်ရွက်နေတဲ့ သမ္မတရုံး ဝန်ကြီး ဦးအောင်မင်းဟာ တိုင်းရင်းသား လက်နက်ကိုင်၊ လက်နက်မဲ့ အဖွဲ့တွေနဲ့ ထိုင်းနိုင်ငံ မှာ ဆွေးနွေးပွဲတွေ ဆက်ပြန်ပါတယ်။ ဒီတခေါက်မှာ ထူးခြားမှုအဖြစ် လက်နက်ကိုင်၊ လက်နက်မဲ့ တိုင်းရင်းသား အဖွဲ့တွေ ပေါင်းစုထားတဲ့ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရက်ကောင်စီ UNFC နဲ့ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| |||||||||||||||||||||
| မိုးထိမိုးမိရွှေလုပ်သားများ ပဲခူးတိုင်းဒေသကြီး တပ်ဦးကျောင်းသို့ ရောက်ရှိနေ Posted: 10 Nov 2012 03:05 PM PST ရန်ကုန်မှ နေပြည်တော်သို့ လမ်းလျှောက် ချီတက်နေသည့် မိုးထိမိုးမိ ရွှေလုပ်သား များသည် နိုဝင်ဘာလ (၁၀) ရက်နေ့ တွင် ပဲခူးတိုင်း ဒေသကြီးရှိ တပ်ဦးကျောင်းသို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း သိရသည်။ "ဒီနေ့ မနက်ပိုင်း တပ်ဦး ကျောင်းမှာ နားပြီး (၁) နာရီလောက် စတင် ထွက်မယ်။ ဒီညတော့ ပဲခူးက ဘုရားကြီးမှာ အိပ်မှာပါ။" ဟု ရွှေလုပ်သား တစ်ဦးဖြစ်သူ ကိုနေအောင်ထွဋ်က ပြောသည်။ သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | |||||||||||||||||||||
| သီရိလင်္ကာ ထောင်တခုမှာ ဆူပူမှု ဖြစ်ပွား Posted: 10 Nov 2012 02:55 PM PST သီရိလင်္ကာ နိုင်ငံ မြို့တော် ကိုလံဘိုက ထောင်တခုမှာ လုံခြုံရေး တပ်ဖွဲ့တွေနဲ့ ထောင်သားတွေ အကြား အဓိကရုဏ်း ဖြစ်ပွားခဲ့ ပြီးနောက် ထွက်ပြေး လွတ်မြောက် သွားတဲ့ အကျဉ်းသား တွေကို သိရိလင်္ကာ ရဲတပ်ဖွဲ့ ကနေ လိုက်လံ ရှာဖွေ နေပါတယ်။ ဝီလီကားဒါ ထောင်မှာ ဖြစ်ပွားခဲ့တဲ့ ဒီ အဓိကရုဏ်း အတွင်း လူပေါင်း ၂၇ ဦး သေဆုံး သွားပြီး အများစုဟာ သေနတ် ဒဏ်ရာနဲ့ သေဆုံး သွားကြတဲ့ ထောင်သား တွေ ဖြစ်ပါ တယ်။ သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| |||||||||||||||||||||
| မော်တော်ယာဉ် တင်သွင်းခွင့် လျှောက်ထားမှုများ အခွန်လျော့ချ ပြောင်းလဲ သတ်မှတ် တော့မည် Posted: 10 Nov 2012 02:47 PM PST လာမည့် နှစ်မှ စတင်၍ မော်တော်ယာဉ် တင်သွင်းခွင့် လျှောက်ထားမှု များကို ပြောင်းလဲ သတ်မှတ်၍ ဆောင်ရွက်သွား မည်ဖြစ်ကြောင်း မော်တော်ယာဉ် တင်သွင်းခွင့် ဆိုင်ရာ ကြီးကြပ်ရေး ကော်မတီ၏ ထုတ်ပြန် ကြေညာချက် အရ သိရသည်။ "တတ်နိုင်သမျှ ကျွန်တော် တို့ဘက် ကနေပြီးတော့ မော်တော်ယာဉ် တင်သွင်းခွင့် လျှောက်ထား မှုတွေ ကို ဖြေလျော့ ဆောင်ရွက် ပေးနေကြ ပါတယ်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | |||||||||||||||||||||
| ဆင်းတုတော်များကို လက်ဖြတ် လည်ပင်းဖြတ် ဗိုက်ဖောက် Posted: 10 Nov 2012 08:22 AM PST မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ကော့က ဒွတ် ကျေးရွာ တောင်ပေါ် ရွှေဘုံသာ စေတီ တော်ဝင်း အတွင်းမှ ကြေးဆင်း တုတော်ကြီး ၀၅.၁၁.၂၀၁၂ တွင် ပျောက်ဆုံးခဲ့ ပါသည်။ ယင်းကို မသမာသူ လောဘသား တစ်စုမှ အင်္ဂတေ များကို တူးပြီး ခိုးယူ သွားသည်။ အခြား ဆင်းတုတော် များတွင်လည်း လက်ဖြတ် လည်ပင်းဖြတ် ဗိုက်ဖောက်ပြီး အင်္ဂတေများဖြင့် ပြန်လည် ဆက်ပိတ်ထား သည်ကို တွေ့ရပါသည်။ သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ တောင်ပေါ် ရွှေဘုံသာ စေတီတော်ဝင်း အတွင်းမှ ကြေးဆင်း တုတော်ကြီးများ မပျောက်ဆုံးခင် တွေ့ ရပုံ |
| You are subscribed to email updates from Thit Htoo Lwin To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
| Google Inc., 20 West Kinzie, Chicago IL USA 60610 | |
































