သစ်ထူးလွင်

သစ်ထူးလွင်


အိုစမာဘင်လာဒင်သည် စီအိုင်အေ အေးဂျင့်တစ်ဦးဖြစ်ခဲ့

Posted: 21 Nov 2012 07:13 AM PST

အိုစမာဘင် လာဒင်ဟာ စီအိုင်အေရဲ့  အေးဂျင့် တစ်ဦး ဖြစ်ခဲ့ဖူးတယ် ဆိုတာ ၁၀ ယောက်မှာ ၇ ယောက် မသိတဲ့ ကိစ္စ ဖြစ်ပါတယ်။ ငြင်းဆိုချက်တွေ အမျိုးမျိုးကို အမေရိကန်တို့ ထုတ်ပြန်ခဲ့ပေမယ့် သက်သေ အထောက်အထား အခိုင်အမာ ချပြတဲ့အခါ ငြင်းဆန်ရန် ခက်ခဲသွားပါတယ်။ အမေရိကန် စီအိုင်အေ
 (လျှို့ ဝှက်ထောက်လှမ်းရေး အေဂျင်စီ)မှာ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



ဝန်ကြီးချုပ်ဟောင်း ဦးခင်ညွန့်ကို လုပ်ကြံရန် ကြံစည်မှုဖြင့် အကျဉ်းကျ ခံခဲ့ရသော နိုင်ငံရေး အကျဉ်းသား လွတ်မြောက်

Posted: 21 Nov 2012 06:58 AM PST

တပ်မတော် အစိုးရ လက်ထက်တွင် ဗိုလ်ချုပ်ကြီး ဦးခင်ညွန့်ကို လုပ်ကြံရန် ကြံစည်မှုဖြင့် သေဒဏ် ကျခံ ခဲ့ရသော နိုင်ငံရေး အကျဉ်းသား တစ်ဦး ဖြစ်သော ဦးသိန်းထွန်းသည် အမေရိကန် သမ္မတ အိုဘားမား ခရီးစဉ် အတွင်း ပြစ်ဒဏ် လွတ်ငြိမ်း သက်သာခွင့် အရ လွတ်မြောက် လာခဲ့ကြောင်း နိုင်ငံရေး အကျဉ်းသားဟောင်း များ အဖွဲ့ဝင်များ ၏ ပြောကြားချက် အရ သိရသည်။

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

နိုဝင်ဘာ ၁၉ရက်နေ့က လွတ်မြောက်လာသော နိုင်ငံရေး အကျဉ်းသား ၆၆ယောက် တွင်ပါဝင်သည့် လွိုင်ကော်နှင့် သာယာဝတီ ထောင်မှ နိုင်ငံရေး အကျဉ်းသား ၆ယောက် က ၄င်းတို့ ထောင်ကျ ခဲ့ရသော အမှု နှင့် စပ်လျဉ်း၍ နိုဝင်ဘာ ၂၀ရက်နေ့၊ မွန်းလွဲ ၃နာရီ တွင် ဗဟန်း ရွှေဂုံတိုင် လမ်းပေါ်ရှိ တော်ဝင်နှင်းဆီ ခန်းမတွင် သတင်းစာဆရာများအား တွေ့ဆုံ ရှင်းလင်းပွဲ ပြုလုပ်သည်။ ဓါတ်ပုံ-The Voice Weekly


ကျန်းမာရေး အခြေအနေမှာ နှလုံးခုန်နှုန်း ထိန်းညှိစက်ပေါ် မူတည်ကြောင်း သမ္မတ ပြောကြား

Posted: 21 Nov 2012 06:52 AM PST

နှလုံးခုန်နှုန်း ထိန်းညှိစက် ဒုတိယ အကြိမ် အသစ်ထပ်မံ လဲထား ရသော သမ္မတ ဦးသိန်းစိန်သည် အဆိုပါစက် ကောင်းနေသမျှ ဘာမှ မဖြစ်ဘူးဟု ပြောရမည် ဖြစ်ပြီး စက်ပေါ်တွင်သာ မူတည်ကြောင်း ၄င်းက နိုဝင်ဘာလ ၂၁ ရက်နေ့ နံနက် ပိုင်းတွင် ကမ္ဘောဒီးယား နိုင်ငံ ဖနွမ်းပင် မြို့ရှိ ကမ္ဘောဒီးယားနား ဟိုတယ်တွင် ပြုလုပ်သော ဖနွမ်းပင် ရောက် မြန်မာ သတင်းစာ ဆရာများနှင့် တွေ့ဆုံပွဲတွင် ပြောကြားသည်။

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

သမ္မတဦးသိန်းစိန်နှင့် ဖနွမ်းပင် အာဆီယံ အစည်းအဝေးသို့ တက်ရောက် သတင်းယူ ခဲ့ကြသော သတင်း မီဒီယာများမှ သတင်း သမားများ ယနေ့ နံနက်ပိုင်းတွင် ကမ္ဘောဒီးယား နားဟိုတယ်တွင် တွေ့ဆုံခဲ့ကြသည်။ ဓတ်ပုံ-မြနှင်းအေး The Voice Weekly


ရိုဟင်ဂျာကို လက်မခံဟု နယ်စပ်ရေးရာ ဝန်ကြီးဆို

Posted: 21 Nov 2012 06:24 AM PST

ရိုဟင်ဂျာ အခေါ်အဝေါ်နှင့် ရိုဟင်ဂျာ တိုင်းရင်းသား ဆိုသည့် အသုံး အနှုန်း ကို ပြည်ထောင်စု အစိုးရ က လက်ခံမည် မဟုတ်ကြောင်း နယ်စပ် ရေးရာ ဝန်ကြီးဌာန ပြည်ထောင် စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဌေးက သတင်း မီဒီယာ များကို ယနေ့ ပြောကြားသည်။ ယနေ့ည ၅နာရီ ၃၀ မိနစ် ခန့်က ကုန်သည် များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် တွင် ကျင်းပသော ရခိုင်ပြည် နယ် အရေး ကိစ္စနှင့် ပတ်သက်၍ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ရခိုင်ပြည်နယ် အရေးကိစ္စနှင့် ပတ်သက်၍ ဆောင်ရွက်ချက် များကို ပြန်လည် သုံးသပ်ချက် ထုတ်ပြန်သည့် သတင်းစာ ရှင်းလင်းပွဲကို ယနေ့ည ၅နာရီ ၃၀ မိနစ်ခန့်က ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်တွင် ကျင်းပ ပြုလုပ်ပြီး နယ်စပ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်မှူးကြီး သိန်းဌေးနှင့် ကုလသမဂ္ဂ ဌာနေ လူသားချင်း စာနာမှု ဆိုင်ရာ ညှိနှိုင်း ဆောင်ရွက်သူ Ashok Nigam တို့ တက်ရောက်ခဲ့သည်။




ကျေးရွာတစ်ရွာတွင် သဘာဝဓာတ်ငွေ့များအလိုအလျောက်ထွက်ရှိ

Posted: 21 Nov 2012 05:56 AM PST

ရန်ကုန်တိုင်း ဒေသကြီး ကျောက်တန်း မြို့နယ် တစ်ဖက်ကမ်း မြကိုင်းကျေးရွာ အနီးရှိ လူနေအိမ် အချို့တွင် သဘာဝ ဓာတ်ငွေ့များ ထွက်ရှိနေသဖြင့် သုံးစွဲသူများ ရှိနေကြောင်း သတင်း ရရှိသည်။ ကျောက်တန်းမြို့နယ်မှ ၁၅ မိုင်အကွာ မြကိုင်းကျေးရွာအပိုင် သုံးပေါက်ပြွန်အစုရှိ လူနေတဲများတွင် စတင်သုံးစွဲ နေခြင်းဖြစ်သည်။ ထွက်ရှိသော သဘာဝ ဓာတ်ငွေ့ဖြင့် ထမင်း၊ဟင်းချက်ပြုတ်ခြင်း၊ တီဗီကြည့်ခြင်း၊ စပါးခြွေလှေ့စက် အချို့တွင် သုံးစွဲနေကြောင်း ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



အမေရိကန်ပြည်ထောင်စုက မြန်မာနိုင်ငံနှင့် စစ်ဘက်ဆိုင်ရာ ဆက်ဆံရေးစတင်

Posted: 21 Nov 2012 05:19 AM PST

အမေရိကန် ပြည်ထောင်စု၏ USS Bonhomme Richard စစ်သင်္ဘော ပေါ်သို့ မြန်မာ ရေတပ် အရာရှိများလာ ရောက် လည်ပတ် ခဲ့ကြောင်း သိရသည်။ ယင်းသည် ဆယ်စု နှစ်များ အတွင်း အမေ ရိကန် စစ်တပ်နှင့် မြန်မာနိုင်ငံ စစ်တပ်တို့ ၏ ချစ်ကြည် ရင်းနှီးသော ဆက်ဆံမှုတစ် ရပ်အဖြစ် တွေ့မြင်ရခြင်း လည်းဖြစ်သည်။ အမေရိကန် စစ်သင်္ဘော USS Bonhomme Richard သည် အန်ဒါမန်ဆီး အနီးရှိ ဆိပ်ကမ်းတစ်ခုတွင် ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




ဆေးပေါင်းစက်ရုံအတွက် သစ်ပင်များခုတ်လှဲနေသဖြင့် သစ်တော်ပြုန်းတီမှာကို ပေါက်မြို့ခံများစိုးရိမ်

Posted: 21 Nov 2012 05:03 AM PST

မကွေးတိုင်း ပခုက္ကူခရိုင် ပေါက်မြို့မှာရှိတဲ့ ဗားဂျီးနီးယား ဆေးပေါင်း စက်ရုံမှာ အသုံးပြုဖို့ ထင်းလောင်စာတွေ အတွက် သစ်ပင်တွေ ခုတ်လှဲနေလို့ သစ်တောတွေ ပြုန်းတီးသွားမှာကို ပေါက်မြို့ ဒေသခံတွေက စိုးရိမ်နေကြပါတယ်။ တပ်မတော်ပိုင် စီးပွားရေး ဦးပိုင်လီမိတက် RPMM ဗားဂျီးနီးယား ဆေးပေါင်း စက်ရုံကနေ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




ကညွှတ်အိုင်အင်း သတင်းယူခဲ့သော သတင်းထောက် နှစ်ဦးအား ပုဒ်မ (၃)ခုဖြင့် တရားစွဲခံနေရ

Posted: 21 Nov 2012 04:46 AM PST

ဧရာဝတီတိုင်း ဒေသကြီး ကျောင်းကုန်း မြို့နယ်တွင် ဒေသခံ အင်းသူ အင်းသားများ၊ ရေလုပ်သားများနှင့် အင်းသူကြီး တို့အကြား ဖြစ်ပေါ် နေသော ကညွှတ်အိုင် အင်း ကိစ္စအား သတင်းယူခဲ့သော သတင်းထောက် နှစ်ဦးအား ပုဒ်မ (၃)ခုဖြင့် တရားစွဲ ခံထားရကြောင်း သိရှိရသည်။ အဆိုပါ သတင်းထောက် နှစ်ဦးမှာ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




မင်္ဂလာဆောင်တစ်ခုမှ လက်ဖွဲ့ပစ္စည်းနှင့် ငွေများအား လိမ်လည်ယူဆောင်မှု ဖြစ်ပွား

Posted: 21 Nov 2012 04:30 AM PST

ရန်ကုန်မြို့ ဒဂုံမြို့နယ်၊ အလုံလမ်းရှိ Summit Parkview ဟိုတယ်တွင် နိုဝင်ဘာလ ၃ရက်နေ့က ကျင်းပခဲ့သည့် မင်္ဂလာဆောင် တစ်ခုမှ လက်ဖွဲ့ ပစ္စည်းများအား နှစ်ဖက်ဆွေမျိုး ဟန်ဆောင်၍ လက်ဖွဲ့ ပစ္စည်းများနှင့် ငွေသားများအား လိမ်လည် ယူဆောင် သွားမှု ဖြစ်ပွား ခဲ့ကြောင်း သတင်း ရရှိပါသည်။

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




မောင်တောနယ်စပ်နှင့် ဘင်္ဂလားဒေ့ရှ်သို့ နယ်စပ်ဖြတ်ကျော်သွားလာမှု အကန့်အသတ် မရှိရပ်နား

Posted: 20 Nov 2012 10:56 PM PST

မောင်တော နယ်စပ်နှင့် ဘင်္ဂလားဒေ့ရှ်သို့ နယ်စပ် ဖြတ်ကျော်သွား လာခွင့်ပြုထား သည့် တစ်ပိုင် တစ်နိုင်ကူး သန်းသွား လာသူ များကို နိုဝင်ဘာလ(၁၉) ရက်နေ့မှ အကန့်အသတ်မရှိ ရပ်နားထား လိုက်ကြောင်း တစ်ပိုင်တစ်နိုင် ကုန်သွယ်သူများမှ သိရသည်။

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



အစိုးရကို ပြန်လည်တရားစွဲဆိုမည် မဟုတ်ဟု ဦးမြင့်အေး ဆို

Posted: 20 Nov 2012 10:43 PM PST

ဖောက်ခွဲရေး ပြုလုပ်သည်ဟု စွပ်စွဲခံရပြီး အကျဉ်းးကျရာမှ ပြန်လွတ်မြောက် လာသူ လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများ ကွန်ရက်တည်ထောင်သူ အစိုးရကို ပြန်လည် တရားစွဲဆိုမည် မဟုတ်ဟု ဦးမြင့်အေးက ပြောသည်။

"ကျွန်တောက လူ့အခွင့်အရေးကို လုပ်နေတဲ့သူ၊ ဖောက်ခွဲရေးနဲ့ ဘာမှ မဆိုင်ဘူး၊ ပြည်သူတွေ အမြင်ရှင်းအောင် ဒီလိုသတင်းစာရှင်းလင်းပွဲ လုပ်ရတာပါ" ဟု ၄င်းကပြောသည်။

၎င်းတို့အနေဖြင့် မတရားခံရသည့်အတွက် အများပြည်သူသိရှိရန်သာ ဆန္ဒရှိကြောင်း ထိုကဲ့သို့ မတရားစွပ်စွဲခံရပြီး ခုခံချေပခွင့် မရှိဘဲ မတရား စီရင်ခံရသည့် ကိစ္စများ မဖြစ်ရန် လိုအပ်ကြောင်း ၄င်းကပြောသည်။

သာယာဝတီအကျဉ်းထောင်မှ လွတ်မြောက်လာသူ ကိုလက်ျာထွန်းက အစိုးရသစ်လက်ထက် အကျဉ်းထောင်များတွင် နှိပ်စက်ညှင်းပန်းမှုများ ရှိမရှိ သတင်းထောက်တစ်ဦးက မေးမြန်းမှုကို မည်သူ့ကိုမျှ ထိခိုက်နစ်နာစေလို သည့် ဆန္ဒမရှိသည့်အတွက် မဖြေကြားလိုကြောင်း ပြောသည်။

၎င်းအနေဖြင့် ၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့နှင့် ပူးပေါင်းဆောင် ရွက်နိုင်ကြောင်း ပြောသည်။

အမေရိကန်သမ္မတ အိုဘားများခရီးစဉ် အကြို ပြန်လည်လွတ်မြောက် လာသော နိုင်ငံရေးအကျဉ်းသားများ၏ သတင်းစာရှင်းလင်းပွဲကို နိုဝင်ဘာ ၂၀ ရက်နေ့တွင် ရန်ကုန်မြို့ တော်ဝင်နှင်းဆီ စားသောက်ဆိုင်တွင် ပြု လုပ်ခဲ့သည်။

Popular Myanmar News Journal



သမ္မတဦးသိန်းစိန်၏ ရခိုင်အရေးနှင်ပတ်သက်ကာ ပြောကြားချက်

Posted: 20 Nov 2012 10:38 PM PST

"အကျည်းတန် အရုပ်ဆိုးတဲ့ ရာဇ၀တ်မှုပေါ်မှာ အခြေခံပြီးတော့ လူအုပ်စု ၂ခုက ခုနကလို တလှည့်စီ လက်စားချေကြ တိုက်ခိုက်ကြ သတ်ဖြတ်ကြ မီးရှို့ကြနဲ့ ဒီလိုတွေ ဖြစ်ပွားတာ ဖြစ်ပါတယ်"

သမ္မတဦးသိန်းစိန်သည် ဖနွမ်းပင်ရောက် သတင်းသမားများနှင့် ယနေ့ နံနက် ၉ နာရီခန့်တွင် ဖနွမ်းပင်ရှိ ကမ္ဘောဒီးယား နားဟိုတယ်တွင် တွေ့ဆုံခဲ့ပြီး ရခိုင်အရေးနှင့် ပတ်သက်ကာ (၂၁)ကြိမ်မြောက်အာဆီယံအစည်းအဝေးတွင် မြန်မာနိုင်ငံအနေနှင့်ဆွေးနွေးခဲ့နိုင်မှုများကို သမ္မတဦးသိန်းစိန် ပြည်လည် ပြောပြချက်များမှ ကောက်နုတ် ဖော်ပြထားခြင်း ဖြစ်ပါသည်။

"ရခိုင်ပြည်နယ်  ပဋိပက္ခ က လူမျိုးရေးနဲ့ ဘာသာရေးကို အခြေခံပြီးတော့ ဖြစ်တာ မဟုတ်ပါဘူး။ အကျည်းတန်အရုပ်ဆိုးတဲ့ ရာဇ၀တ်မှုပေါ်မှာ အခြေခံပြီးတော့ လူအုပ်စု ၂ခုက ခုနကလို တလှည့်စီ လက်စားချေကြ ပြုကြ တိုက်ခိုက်ကြ သတ်ဖြတ်ကြ မီးရှို့ကြနဲ့ ဒီလိုတွေဖြစ်ပွားတာ ဖြစ်ပါတယ်။ သေဆုံးတဲ့အရေအတွက်ကလည်း ဟိုတစ်နေ့က မြန်မာနိုင်ငံမှာ ဘုန်းကြီး ရဟန်းတွေ လျှောက်တဲ့ အတိုင်းပါပဲ။ မှန်မှန်ကန်ကန်သိအောင် ရှင်းပြခဲ့ပါတယ်။ ရာဇ၀တ်မှုတစ်ခုအပေါ်မှာ မကျေနပ်တဲ့အတွက်ကြောင့် အစပျိုးပြီးတော့ ဒီကနေ စတင်ဖြစ်လာတာ ဖြစ်ပါတယ်။

သို့သော်လည်းပဲ ဒီလိုရာဇ၀တ်မှုတစ်ခုပေါ်မှာ အခြေခံပြီးဖြစ်ပေမယ့်လည်း ကိုးကွယ်တဲ့ဘာသာမတူညီကြတဲ့ လူမျိုးစု အချင်းချင်း၊ လူမျိုးချင်းမတူကြတဲ့အတွက် လူမျိုးစုအချင်းချင်း၊ ဒီအချင်းချင်းတွေဟာ  ပဋိပက္ခ အခြေအနေဆောင်သွားပြီး နည်းနည်းကျယ်ပြန့်သွားတဲ့ သဘောဖြစ်ပါတယ်။ ဒီလိုကြီးမားကျယ်ပြန့်သွားအောင်လည်း ခုနကလို လူမျိုးစွဲ၊ ဘာသာစွဲပြင်းထန်တဲ့ ပြည်တွင်းက တချို့ရဲ့ မြှောက်ပင့်သွေးထိုးပေးမှုတွေ၊ ပြည်ပကနေ ဒါတွေကို မဟုတ်မမှန်သတင်းတွေ လုပ်ကြံပြီးတော့ လွှင့်မှု။ ဒါတွေကို ခင်ဗျားတို့လည်း သိပါတယ်။ တိဗက်တို့ ဘာတို့မှာ ငလျင်လှုပ်တုန်းက အတုံးအရုန်းနဲ့ သေကြ ပြုကြတဲ့ ပုံတွေကို အင်တာနက်တွေထဲမှာ လွှင့် ပြီးတော့မှ ရခိုင်ပြည်နယ်မှာ ဒီလိုသေနေပါတယ် ဒါမျိုးတွေ လုပ်လိုက်တဲ့အတွက်ကြောင့် အတော်လေးကို ဂယက်၇ိုက်သွားပါတယ်။ ပြည်တွင်းကလည်း လူမျိုးစွဲစိတ်ဓာတ်ပြင်းထန်တဲ့သူတွေ ဘာသာစွဲ စိတ်ဓာတ်ပြင်းထန်တဲ့သူတွေ ဒီလူတွေရဲ့ သွေးထိုးမှုတွေ ဒါတွေလည်း ပါ ပါတယ်။ အဆိုးဆုံးကတော့ ပြည်ပကနေ မဟုတ်မှန် သတင်းတွေ လွှင့်တဲ့အတွက်ကြောင့် မူဆလင်နိုင်ငံ အတော်များများဟာ ဒီကိစနဲ့ ပတ်သက်ပြီး တော်တော်လေး ကျွန်တော်တို့အပေါ်မှာ ယုံမှားသံသယတွေဖြစ်ပါတယ်။

တချို့ဆိုရင် ဆန္ဒတွေဘာတွေ ပြကြ ပြုကြနဲ့ ။ သံရုံးတွေက လုံခြံရေးတွေပါ ဒါတွေဟာ အင်မတန်မှ ဂရုစိုက်ရတဲ့ အနေအထားမှာ ရှိပါတယ်။ အီဂျစ်တို့ဘာတို့ဆိုရင် သံရုံးက မိသားစုဝင်တွေ ဘာတွေ အသက်အနရယ်ရှိလို့ ခေါ်ထားရတာတွေ ဘာတွေ ရှိပါတယ်။

 ဒီအစည်းအဝေးမှာ ၇ခိုင်ပြည်နယ်အကြောင်းကို ကိုယ့်နိုင်ငံဘက်ကနေပြီးတော့ ရှင်းပြနိုင်တဲ့အခွင့်အရေး ကျွန်တော်တို့ ရရှိခဲ့ပါတယ်။ လူ့အဖွဲ့အစည်း ၂ခု ရာသက်ပန် အတူယှဉ်တွဲ နေထိုင်နိုင်ဖို့ အခြေခံအားဖြင့် ကျွန်တော်တို့ ဘာတွေ လုပ်ရမလဲ။ အခြေခံအားဖြင့် ကျွန်တော်တို့ Mind set တွေကို ပြောင်းသွားဖို့ လိုပါတယ်။ လူသားချင်းစာနာတဲ့ လူသားချင်းထောက်ထားတယ်ဆိုတဲ့ စိတ်ဓာတ်မျိုးတွေကို ကျွန်တော်တို့ ပြောင်းသွားအောင် လုပ်ဖို့လိုပါတယ်။ နောက်တစ်ခုက ဒီဒေသတွေမှာ ပညာရေးနဲ့ပတ်သက်ပြီး အလွန်နိမ့်ကျပြီး ပညာေ၇းနဲ့ပတ်သက်ပြီး အဆင့်အတန်းတွေ မြှင့်ပေးဖို့ လိုပါတယ်။ ပညာေ၇းနဲ့ပတ်သက်ပြီး အဆင့်အတန်းတွေ မြှင့်ပေးမှ လူတွေရဲ့ အသိစိတ်ဓာတ်တွေ ပိုပြီး မြင့်မားလာမှာဖြစ်ပါတယ်။ အသိစိတ်ဓာတ်တွေ တိုးတက်လာမှ ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေဖြစ်အောင် နေနိုင်ကြမှာ ဖြစ်တယ်။

နောက်တစ်ခုက အလုပ်အကိုင် အခွင့်အလမ်းတွေ တော်တော်လေး လိုပါတယ်။အလုပ်အကိုင်အခွင့်အလမ်းနဲ့တော့ လူဆိုတာ ဆင်းရဲနေတဲ့အတွက် နေရင်းထိုင်ရင်းနဲ့ကို ဒေါသတွေ ဖြစ်နေတာ။ ဒါကြောင့် အလုပ်အကိုင် အခွင့်အလမ်းတွေ ရရှိအောင် အခြေခံအားဖြင့် ဒါတွေ လုပ်ပေးဖို့လိုတယ်။ အဲ့မှာ ရှိနေတဲ့ လွတ်လပ်ရေး ရပြီးနောက်ပိုင်းပေါ့လေ။ တချို့ အဲ့မှာ အိမ်ထောင်စုတွေ ဆိုရင် အိမ်ထောင်စု တစ်စုတည်းနဲ့တင် လူ ၇၀၊ ၈၀ လောက်ရှိပါတယ်။ ဒါတွေနဲ့ပတ်သက်ပြီး ပညာပေးရမယ့် အပိုင်းတွေ ဒါတွေဟာ ကမာ့ရဲ့ စံချိန်စံညွှန်းတွေနဲ့ အညီပေါ့။ ဒါတွေ ကျွန်တော်တို့ လုပ်ရမယ့်ကိစတွေ ။ ဒီကိစတွေဟာ ကျွန်တော်တို့ ကြီးပဲ ကြိုးစားပြီးတော့ လုပ်နေတယ်။ ဒါပေမဲ့ ခုနကလို ပတ်ဝန်းကျင်နိုင်ငံတွေကပါ ၀င်ပြုပြီးတော့ ကျွန်တော်တို့ကို ကူညီကြ၊ ပြုကြမယ်ဆိုရင် အခြေအနေကောင်းကို ကျွန်တော်တို့ မြန်မြန်ဆန်ဆန်နဲ့ ရောက်ရှိနိုင်မယ်လို့ ဒါလေးတွေ ကျွန်တော်ရှင်းပြခဲ့ပါတယ်။

 ဒီကနေ့ဆိုရင် မီးလောင်ပျက်စီးဆုံးရှုံးတဲ့အတွက်ကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်တဲ့ လူဦးရေ တစ်သိန်းနဲ့တစ်သောင်းကျော်လောက်၇ှိပါတယ်။ တစ်ယောက်နဲ့တစ်ယောက် မီးရှို့ကြ ပြုကြနဲ့ဆိုတော့ မီးလောင်ရင် တစ်အိမ်ထဲလောင်တာမဟုတ်ဘူးလေ။ ဘေးကအိမ်တွေကိုပါ အကုန်ကူးစက်ပြီးတော့ လောင်မှာ ပြုမှာဆိုတော့ ဒီအိမ်တွေ မီးလောင်တဲ့အတွက်ကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်ပြီးတော့ ဒီကနေ့ ကျွေးမွေးထားရတဲ့ အတိဒုကရောက်နေတဲ့သူတွေ တစ်သိန်းကျော်ကျော်လောက်၇ှိပါတယ်။ တစ်လ တစ်လကို ဒေါ်လာတစ်သန်းလောက်ကုန်ပါတယ်။ အဲ့တော့ ဒီလူတွေကို ယာယီအသက်ရှင် နေထိုင်နိုင်ရေးအတွက် သူတို့ကို ကျွေးမွေးထားဖို့၊ ယာယီခိုလှုံနိုင်ဖို့ ၊ အဆောက်အဦးတွေ ဆောက်ဖို့ အမြဲတမ်းနေနိုင်ဖို့အတွက် အဆောက်အအုံတွေ ဆောက်ပေးဖို့ အလုပ်အကိုင်အခွင့်အလမ်းတွေ ရအောင်လို့ လုပ်ပေးဖို့အတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ ဒါတွေလုပ်ဖို့အတွက် ကျွန်တော်တို့တွက်ထားတာ အနည်းဆုံး ဒေါ်လာ ၆၅ သန်းလိုပါတယ်။

ဒါကြောင့်မလို့ ဒီဒေသနဲ့ ပတ်သက်ပြီးတော့ အစိုးရ၊ နောက် စေတနာထက်သန်တဲ့ ကျွန်တော်တို့ရဲ့ ပြည်သူတွေ မြန်မာနိုင်ငံမှာ ရှိနေတဲ့ UN က လူတွေ၊ ဌာနေအဖွဲ့အစည်းတွေ၊ ဒီအဖွဲ့အစည်းအတွေရဲ့ အကူအညီနဲ့ ဒါတွေကို ၀ိုင်းဝန်းပြီးတော့ ဆောင်ရွက်နေတာ ရှိပါတယ်။အဲ့ဒါအပြင် တခြား နိုင်ငံတွေထဲက တစ်နိုင်ငံချင်းအလိုက် သူတို့ရဲ့အထောက်အပံ့အကူအညီတွေ ကျွန်တော်တို့ရယူနေတာတွေလည်း ရှိပါတယ်။ ဥပမာ မလေးရှားဆိုရင်လည်း သဘောင်္နဲ့ ဘာနဲ့ပို့ပေးပြီးတော့မှ အစားအသောက်တွေ၊ အသုံးအဆောင်တွေ ဒါတွေ ပို့ပေးတာ ရှိပါတယ်။ အင်ဒိုနီးရှားက ကြက်ခြေနီဆိုရင်လည်း ကူညီကယ်ဆယ်တဲ့ ပစ္စည်းတွေ ပို့ပေးနေတာတွေ ရှိပါတယ်။ အလားတူပဲ တူရကီတို့ဘာတို့ကလည်း ပို့ပေးနေတာတွေ ရှိပါတယ်။ တစ်နိုင်ငံချင်းပို့ပေးတဲ့ အကူအညီတွေ ဒါတွေကိုလည်း ကျွန်တော်တို့ ရယူနေပါတယ်။

သို့ပေမယ့်လည်း မူဆလင်အဖွဲ့အစည်းဖြစ်တဲ့ OIC အနေနဲ့ကတော့ ဒါကို International Issue တစ်ခုလိုမျိုးဖြစ်အောင် လုပ်မယ့်သဘောမျိုးတွေ တွေ့ပါတယ်။ အဲ့တော့ဒီအဖွဲ့အစည်းက ပုဂိုလ်အချို့ကလည်း ကျွန်တော်တို့ ခုနကလို ခေါ်ပြီးတော့မှ ဒီအဖြစ်အပျက်တွေကို မှန်မှန်ကန်ကန်နဲ့သိအောင် ဆိုပြီးတော့ ရခိုင်ပြည်နယ်ဘက်ကိုလည်း ပို့လွှတ်ပေးတာတွေ ရှိပါတယ်။ သို့သော်လည်းပဲ OIC အနေနဲ့ ဒီကိစကို International Issue တစ်ခုအနေနဲ့ UNမှာ agenda တစ်ခုအနေနဲ့ ပါလာအောင် ကျွန်တော်တို့ လုပ်ဖို့ UN ရဲ့ လူ့အခွင့်အရေးဆိုင်ရာနဲ့ ပတ်သက်ပြီး  မြန်မာနိုင်ငံအပေါ်မှာ ဖိအားပေးတဲ့လုပ်ရပ်တွေလုပ်ဖို့ ကြိုးစားပြီးဆောင်ရွက်နေတဲ့အတွက်ကြောင့် ဒါတွေကို ချေဖျက်နိုင်ဖို့အတွက်လည်း အစွမ်းကုန်ကျွန်တော်တို့ လုပ်နေရတာတွေ ရှိပါတယ်။ UN အနေနဲ့လည်း ကုလသမဂအထွေထွေအတွင်းရေးမှူးချုပ် ၂ ကြိမ် ၃ ကြိမ်လောက် ရောက်ဖူးတဲ့အတွက်ကြောင့် ပုဂိုလ်ရေးလည်း ရင်းနှီးနေတာကြောင့် သူ့ဆီကို ကျွန်တော်တို့ စာတွေဘာတွေ ရေးပြုပြီးတော့မှ ဖြစ်ရပ်အမှန်တွေကို ရှင်းလင်းပြထားတာတွေ ရှိပါတယ်။ နောက်တစ်ခါ ဒေသတွင်းမှာ ရှိနေတဲ့ မူဆလင်ဘာသာဝင်တွေ အများစုကိုးကွယ်တဲ့ နိုင်ငံတစ်ခုဖြစ်တဲ့ အင်ဒိုနီးရှားလို နိုင်ငံမျိုး၊ အင်ဒိုနီးရှားဟာဆိုရင် သမ္မတကြီး လုပ်ဖော်ကိုင်ဖက်ဖြစ်တဲ့အတွက်ကြောင့် ဘာပဲဖြစ်ဖြစ် ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ မြန်မာနိုင်ငံဘက်ကနေ အများကြီး ရပ်တည်ပေးပါတယ်။

နောက်တစ်ခါ ဘရူနိုင်းဆိုလို့ရှိရင် အလားတူပါပဲ။ ကျွန်တော်တို့ နိုင်ငံအပေါ်မှာ ထောက်ခံအားပေးနေတာ ဖြစ်ပါတယ်။ သူတို့ပြသနာဖြစ်တာကို သူတို့အနေနဲ့လည်း ဘာသာရေးကြောင့် ဖြစ်တယ်။ လူမျိုးရေးကြောင့် ဖြစ်တယ်။ အလားတူ မလေးရှားနိုင်ငံဆိုလို့ရှိရင်လည်း ၀န်ကြီးချုပ်နဲ့ ပုဂိုလ်ရေး ရင်းနှီးနေကြတော့ ၀ိုင်းပြုပြီးတော့ ကူညီတာတွေ ရှိပါတယ်။ သို့သော်လည်းပဲ တချို့ ခုနကလို ဘာသာရေးအစွဲအလမ်းပြင်းထန်တဲ့ ဆန္ဒပြတာတွေ ဒါတွေ ရှိပါတယ်။ ဒါတွေကိုလည်း ကျွန်တော်တို့ကျေပျက်အောင် ၀ိုင်းဝန်းပြီးတော့ ဆောင်ရွက်နေရတဲ့အနေအထားရှိပါတယ်။ Reginal မှာရော East Asia မှာ ရော မှန်မှန်ကန်ကန်နဲ့ သိနိုင်အောင် ဆိုပြီးတော့ ဒါလေးတွေကို ဒီအစည်းအဝေးမှာ ရှင်းပြနိုင်တဲ့အခွင့်အရေးတစ်ရပ် ကျွန်တော်တို့ ရရှိခဲ့ပါတယ်။

by The Voice Weekly


ဒေါ်အောင်ဆန်းစုကြည်ကို UNAIDS သံတမန် ခန့်အပ်

Posted: 20 Nov 2012 10:33 PM PST

မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ကုလသမဂ္ဂက HIV နဲ့ AIDS ရောဂါ ကူးစက်ပြန့်ပွားမှု တားဆီးရေး ဆိုင်ရာ အစီအစဉ်ရဲ့ UNAIDS သံတမန်အဖြစ် မနေ့က ခန့်အပ်လိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ HIV/AIDS ရောဂါကူးစက် ခံနေသူတွေ အပေါ် ခွဲခြား ဆက်ဆံမှုတွေကို တိုက်ဖျက်တဲ့ တာဝန် ထမ်းဆောင် ရမယ်လို့ UNAIDS က ဆိုပါတယ်။

လူ့အသိုင်းအ၀ိုင်း အပြင်ဘက်မှာ နေထိုင်နေရသူတွေ လူသားဂုဏ်သိက္ခာနဲ့ အခြေခံ လူ့အခွင့်အရေးတွေ ထိန်းသိမ်းထားနိုင်ဖို့ နေ့စဉ်နဲ့အမျှ ရုန်းကန်ကြိုးပမ်းနေရသူတွေကို ရပ်တည်ကာကွယ်ပေးရမယ့်သူအဖြစ် ရွေးချယ်ခံရတာကို အထူးပဲ ဂုဏ်ယူပါတယ်လို့ နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်က ကြေညာချက် ထုတ်ပြန် ပြောဆိုခဲ့ပါတယ်။ အသံမဲ့တွေရဲ့အသံ တနည်းအားဖြင့် ပြောဆိုခွင့် မရသူတွေရဲ့ကိုယ်စား ပြောဆိုနိုင်သူ တယောက် ဖြစ်ချင်ပါတယ်လို့လည်း ဖြည့်စွက်ပြောကြားခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ဒီတာဝန်ကို လက်ခံခဲ့တဲ့အတွက် အေဂျင်စီက ဂုဏ်ယူပါတယ်လို့ UNAIDS အဖွဲ့အမှုဆောင် ညွှန်ကြားရေးမှူး မစ်ချယ် ဆိုင်းဒိုင်းက ဆိုပါတယ်။

ဒီဗွီဘီ ၂၁ နိုဝင်ဘာ ၂၀၁၂

UNAIDS Executive Director Michel Sidibé, and Nobel peace prize winner and Member of Parliament Aung San Suu Kyi. Credit: UNAIDS


နိုဝင်ဘာလ (၂၂ )ရက်နေ့ ထုတ် The Hot News Weekly Journal Vol-3,No-117

Posted: 20 Nov 2012 10:20 PM PST

နိုဝင်ဘာလ (၂၂ )ရက်နေ့ ထုတ် The Hot News Weekly Journal  Vol-3,No-117

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ




နိုဝင်ဘာလ (၂၂ )ရက်နေ့ ထုတ် Venus News Weekly အတွဲ ၄ အမှတ် ၁၈

Posted: 20 Nov 2012 10:18 PM PST

နိုဝင်ဘာလ (၂၂ )ရက်နေ့ ထုတ် Venus News Weekly အတွဲ ၄ အမှတ် ၁၈

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ




သမိုင်းဝင်နေ့တွင် အင်းစိန်ထောင်မှအထွက်

Posted: 20 Nov 2012 09:48 PM PST

အမေရိကန်သမ္မတ အိုဘားမား ရန်ကုန်မြို့ပေါ်သို့ ခြေမချမီ နာရီပိုင်း အလိုတွင် အင်းစိန် အကျဉ်းထောင်၌ အကျဉ်းကျ ခံနေရသည့် ကေအင်န်ယူ တပ်သားဟောင်းကို စောထူးဗို တစ်ယောက် အကျဉ်းထောင် အပြင်ဘက် ရန်ကုန်မြေပေါ် လွတ်လွတ် လပ်လပ် ခြေချခွင့် ရခဲ့သည်။

ပဲခူးတိုင်းဒေသကြီး အတွင်းရှိ အစွန်အဖျားရွာငယ်လးမှ သူပုန်တပ်သားဟောင်းလေး၏ အိမ်ပြန်ခရီးမှာ သီးသန့်ကြိုသူမရှိဘဲ တိတ်ဆိတ်ခြောက်ကပ်လှသည်။ သူ့အမည်အော်ကာ နှုတ်ဆက်မည့်သူလည်းမရှိ။ သူနှင့် အတူလွတ်မြောက်လာသော အခြားနိုင်ငံရေးအကျဉ်းသား ကိုးဦးနှင့် အတူလာရောက်ကြိုဆိုနေသည့် နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ချုပ်မှ လူအချို့သာ သူ့ကိုစာနာမည့်သူရှိသည်။

နိုင်ငံတကာ အသိုင်းအ၀ိုင်းတွင်မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို ချီးကျူးနေချိန်၊လူ့အခွင့်အရေးနှင့် ဒီမိုကရေစီစံနှုန်းများ အလေးထားသည့် ဒီမိုကရေစီ နိုင်ငံကြီးဖြစ်သည့် အမေရိကန်နိုင်ငံမှ သမ္မတကိုယ်တိုင်ရောက်ရှိနေချိန်တွင် လူ့အခွင့်အရေးနှင့် ဒီမိုကရေစီအရေးတို့အတွက် ယုံ ကြည်ချက်ကြောင့် တိုက်ပွဲဝင်ခဲ့သူများသည် သံတိုင်များနောက်ဝယ် နေထိုင်နေရဆဲဖြစ်ကြောင်း ပြည်တွင်း အခြေစိုက်နိုင်ငံရေး အကျဉ်းသားများအရေး ဆောင်ရွက်သူများက ဆိုသည်။

နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ (နိုင်/ ကျဉ်း) ၏ ၂၀၁၂ ခုနှစ် အောက်တိုဘာလ ၁၀ ရက်စွဲဖြင့် ထုတ်ပြန်သော စာရင်းများအရအကျဉ်း
ထောင်များထဲတွင် နိုင်ငံရေး အကျဉ်းသား ၂၃၁ ဦးရှိသည်ဟုဆိုသည်။ ၄င်းတို့ထဲတွင် ကိုစောထူးဗိုကဲ့သို့ လူမသိ၊ သူမသိဖြင့် နေ့စဉ်
ဘ၀ဖြတ်သန်းနေသူများလည်းရှိနေသည်။

"နိုင်ကျဉ်းတွေ လွတ်လာတယ်။ သို့သော်ထောင်ထဲမှာ အများကြီး ကျန်နေသေးတယ်။ အဲဒီတော့ အိုဘာမားလာတဲ့ခရီးစဉ်မှာ လက်ရှိအစိုးရအဖွဲ့ကို တိုက်တွန်းသွားတာတွေ ရှိတယ်။ သူကိုယ်တိုင် ထုတ်ပြောသွားတာရှိတယ်။ ဒီမိုကရေစီ ကူးပြောင်းနေတဲ့ နိုင်ငံတစ်ခုမှာ နိုင်ငံရေး အကျဉ်းသားတစ်ယောက် ကျန်နေတာပဲ တော်တော်လေးကို များလှပြီလို့ သူ့မိန့်ခွန်းထဲမှာ ထည့်ပြောသွားတယ်" ဟု ၈၈ မျိုးဆက်ကျောင်း
သားများအဖွဲ့မှ ကိုပြုံးချိုက မှတ်ချက်ချသည်။

အစိုးရသစ်လက်ထက် အံ့အားသင့်စရာ ပြုပြင်ပြောင်းလဲမှုများ၏ ရလဒ်အဖြစ် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ဝင်များ၏ ဆက်ဆံရေးရုံး အချို့ပင်အစိုးရ ထိန်းချုပ်နယ်မြေများအတွင်း ဖွင့်လှစ်နိုင်သည်အထိ နှစ်ဖက်အကြား ဆက်ဆံရေးကောင်းမွန်နေခဲ့သည်။ သို့သော်လည်း လက်နက် ကိုင်အဖွဲ့ဝင်များနှင့် ပတ်သက်ခဲ့သူအချို့မှာ အကျဉ်းထောင်များအတွင်း ကျန်ရှိနေဆဲဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများ အရေး ဆောင်ရွက်သူများက ဆိုသည်။

အကျဉ်းကျခံနေရသူများထဲမှ ၅၁၈ ဦးကို နိုင်ငံတော်သမ္မတက နိုဝင်ဘာလ ၁၅ နှင့် ၁၆ ရက်များတွင် ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်ပြုခဲ့သည်။ ၎င်းတို့အနက် ၆၆ ဦးသည် အိုဘားမား လာရောက်သည့် နိုဝင်ဘာလ ၁၉ ရက် မနက်တွင် အကျဉ်းထောင်များမှ အသီးသီး လွတ်မြောက်ခဲ့ကြသည်။ ယင်း ၆၆ ဦးအနက် နိုင်ငံရေး အကျဉ်းသားဟု သတ်မှတ်ခံရသူ ဖောက်ခွဲမှု၊ လက်နက်ကိုင်တပ်ဖွဲ့ဝင်များနှင့် ဆက်နွယ်မှုစသော ပြစ်မှုဖြင့်
အဖမ်းခံရသူ ၅၃ ယောက်ခန့်ပါဝင်ခဲ့ကြောင်း နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့ (နိုင်/ကျဉ်း)နှင့် နိုင်ငံရေးအကျဉ်းသားဟောင်း
များအဖွဲ့ချုပ်တို့က အတည်ပြုပြောဆိုသည်။ ၎င်းတို့ လွတ်မြောက်လာခြင်းမှာ အိုဘားမားခရီးစဉ်ကြောင့်ဟု ထင်သူများလည်း ရှိသည်။

"ဘယ်လိုပဲဖြစ်ဖြစ် လွတ်မြောက်ရေးတိုက်ပွဲဝင်ခဲ့ကြတဲ့သူတွေချည်းပါပဲ။ တခြား ပုဒ်မနဲ့ အစွဲခံရတဲ့ ရာဇ၀တ်မှုတွေတောင်မှ လွှတ်ပေးလို့ ရသေးတာပဲဗျာ။ ဒီတိုင်းရင်းသားတွေဟာ ကျွန်တော်တို့တိုင်းရင်းသားတွေ ကျွန်တော်တို့နိုင်ငံသားတွေပါ။ တိုင်းပြည်ရဲ့ အပြောင်းအလဲကို ကြိုး စားကြရင်းနဲ့ ပုံသဏ္ဍာန်အမျိုးမျိုးနဲ့ ရရာအခန်းကဏ္ဍက ပါဝင်ခဲ့ကြတဲ့သူတွေပါတယ်" ဟု ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်
ကိုမင်းကိုနိုင်ကပြောသည်။

ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ်အတွင်းရှိ ကျေးရွာငယ်တစ်ရွာတွင် နေထိုင်ခဲ့သည့် ကိုစောထူးဗိုသည် ငယ်စဉ်ကတည်းက စစ်သားတစ်ဦးဖြစ်ချင်ခဲ့သည်ဟု ဆိုသည်။ မိဘစီးပွားရေးအခြေအနေကြောင့် အတန်းပညာနှစ်တန်းအထိသာ သင်ယူခွင့်ရခဲ့သည့်သူသည် ထော်လာဂျီ အဌားမောင်းသူတစ်ဦးအဖြစ် အသက်မွေးဝမ်းကျောင်းပြုနေခြင်းဖြစ်ကြောင်း ပြောသည်။ သူ့အသက် ၁၅ နှစ်အရွယ်ခန့် လွန်ခဲ့
သည့် သုံးနှစ်ခန့်က တပ်မတော် တပ်သားတစ်ဦးနှင့် အမှတ်မထင် ဖြစ်ရပ်တစ်ခုက သူ့အား တပ်မတော်သားတစ်ဦး ဖြစ်လာရန်ထက်
သူပုန်တပ်သားတစ်ဦးဖြစ်ရန် တွန်းအားပေးခဲ့သည်ဟုဆိုသည်။

"စက်ဘီးစီးလာတုန်း ခြေနင်းပြုတ်ကျတာ လမ်းကြောင်းရှိလို့ မကောက်ရဘူး ပြောတယ်။ ကျွန်နော်လည်း နှိမ်တယ်လို့ ထင်တယ်။ ဒါနဲ့စစ်ထဲဝင်ရင် ကေအင်န်ယူထဲပဲဝင်မယ်လို့တွေးတယ်" ဟုသူကပြောသည်။ ဆင်းရဲကျပ်တည်းမှုနှင့်အလုပ်အကိုင် ရှားပါးမှုများဖြင့် ပြည့်နှက်နေသည့် သူ့မွေးရပ်မြေကိုစွန့်ခွာပြီး ကေအင်န်ယူထိန်းချုပ်ရာ နယ်မြေအတွင်းမှ ရွှေတူးဖော်ရေးလုပ်ငန်းခွင်သို့ ထွက်ခွာလာချိန်တွင်သူ့စိတ်ကူးများ အကောင်အထည်ဖော်နိုင်ခဲ့သည်။ ယင်း နေရာသို့ရောက်ပြီးတစ်လခန့်အ ကြာ ကေအင်န်ယူ တပ်မဟာ ၃ တွင် တပ်သားသစ်အဖြစ်စာရင်း ပေးသွင်းအပြီး တစ်နှစ်ခန့် ယင်းတပ်ထဲတွင် နေထိုင်ခဲ့သည်။ အသက် ၁၇ နှစ်အရွယ် မိသားစုတွင်အငယ်ဆုံးသားဖြစ်သော သူသည် အိမ်လွမ်းစိတ်ကြောင့် သူပုန်စခန်းမှ တိတ်တဆိတ်ထွက်ခွာလာခဲ့သည်ဟုဆိုသည်။ အစိုးရနှင့် သူတို့တပ်များအကြား ငြိမ်းချမ်းရေး ဆွေးနွေးနေသည့် သတင်းကို သူကြားသည့်အချိန်တွင် သူ့အား ဖမ်းမည်မဟုတ်ဟု ယုံကြည်ပြီး အကူအညီသွားတောင်းချိန်တွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်ဟု သူကဆိုသည်။

"မိဘနဲ့ မခွဲချင်ဘူး။ အဲဒီတော့မိဘနဲ့တူတူ ပြန်ပြီးလုပ်ကိုင်စားသောက်မလို့ ပြန်လာတာ။ ပိုက်ဆံလည်း တစ်ပြားမှမရှိဘူး။ ခြေလျင်ပဲလာတာ။ ဘူတာရောက်တော့ အကူအညီ သွားတောင်းတော့ ဖမ်းလိုက်တာ"ဟု ၂၀၁၂ ဖေဖော်ဝါရီလအတွင်းက သူဖမ်းဆီးခံခဲ့ရပုံကို ပြန်ပြောသည်။
ကမ္ဘာ့သက်တမ်းအရှည်ဆုံး ပြည်တွင်းစစ်ဒဏ်နှင့်အတူ ၀ါဒ ကွဲပြားမှုများ၏ နောက်ဆက်တွဲ အကျိုးဆက်များအဖြစ် ကိုစောထူးဗိုကဲ့သို့ လူငယ်များ၊ သူ့ကဲ့သို့ လက်နက်ကိုင် တပ်ဖွဲ့ဝင်များနှင့် ပတ်သက်ခဲ့ဖူးသူများသည် အကျဉ်းထောင်များနောက်တွင် ရှိ နေဆဲဖြစ်သည်။ ၄င်းတို့အထဲမှ အနည်းငယ်မျှသာ လူသိများသူများအဖြစ် နေထိုင်ခဲ့ရသည်။

"တစ်ချိန်က လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ပက်သက်မိတဲ့ပြည်သူတွေပေါ့။ တချို့ထမင်းတစ်နပ်ကျွေးလိုက်ရုံနဲ့ မတရားသင်းနဲ့ ဆက်သွယ်မှုဆိုပြီး ၁၇ (၁) နဲ့ထောင်ချခံရတယ်။ အခု လက်နက်ကိုင် အဖွဲ့အစည်းတော်တော်များများက တရားဝင် ရုံးဖွင့်ပြီးတော့ မြို့ပေါ်မှာနေနေကြပြီ။ အဲလို အခြေအနေမှာ သူတို့နဲ့ ဆက်ဆံမိတဲ့ ကျွန်တော်တို့ ပြည်သူတွေ သံတိုင်နောက်မှာရှိနေသေးတယ် ဆိုတာတော့ ဘယ်လိုမှသဘောတူ လက်ခံလို့မရဘူး" ဟု ၈၈ မျိုး ဆက် ကျောင်းသားခေါင်းဆောင်ကိုမင်းကိုနိုင်က ပြောသည်။

အိုဘားမားလာသည့်နေ့တွင် သူလွတ်မြောက်လာသော် လည်း အိုဘားမား မည်သူမှန်းသူမသိ။ လွတ်ငြိမ်းချမ်းသာခွင့်ပေးသည့်အတွက် ကျေးဇူးတင်ရမည်ဟုဆိုသည့် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်ကိုလည်း အင်းစိန်ထောင်ရောက်မှ သူသိသည်။ ကရင်လူမျိုးများ လေးစားအားကျ သည့် ဖဒိုမန်းငြိမ်းမောင်အားလည်း ထောင်ထဲရောက်မှသူက သိသည်။ သူ့ကဲ့သို့ မည်သည့်အတွက်ကြောင့် မည်သူ့ကို တိုက်ခဲ့မှန်းမသိဘဲ အကျဉ်းကျခံနေရသည့် သူများလည်း ထောင်ထဲတွင် ကျန်နေခဲ့ကြောင်း သူက ပြောသည်။

တစ်ချိန်က မျက်နှာချင်းပင် မဆိုင်နိုင်သည့် နိုင်ငံတော်နှင့် လက်နက်ကိုင် တပ်ဖွဲ့ဝင်များမှ ထိပ်တန်းအရာရှိများသည် ပြုပြင်ပြောင်းလဲရေး၏ ရလဒ်များအဖြစ် စားပွဲတစ်ဝိုင်းတည်း ထိုင်ကာ စကားပြောနေပြီဖြစ်သည်။ သို့ သော်လည်း ယင်းနှစ်ဖက်မပြေလည်စဉ်အချိန် ယုံကြည်ရာကို စွဲကိုင်ကာ တိုက်ပွဲဝင်ခဲ့သည့်စနစ်ဆိုး၏ သားကောင်အချို့ကမူ သံတိုင်များနောက် ရောက်နေဆဲဖြစ်သည်။ အကျဉ်းထောင်အတွင်း ကျန်ရှိနေသေးသည့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်လာရေး၊ ကိုစောထူးဗိုကဲ့သို့သောလူများ လွတ်မြောက်လာရေးသည်လည်း အရေးကြီးသည့် အရာများအနက်တစ်ခုဖြစ်ကြောင်း ကိုမင်းကိုနိုင်က ပြောသည်။

"သူတို့တွေလွတ်မြောက်ရေးဟာ တစ်စုံတစ်ခုနဲ့ အလဲအထပ် လုပ်ရတာမျိုး ကျွန်တော်တို့ မနှစ်မြို့ဘူး" ဟု ကိုမင်းကိုနိုင်က ပြောသည်။ ။

ရေးသားသူ- မင်းဟိန်းကျော်၊ထွန်းခိုင်၊သန်းဌေး ။  ။ 7Day News Journal



စူပါ ပါဝါကြောင့် ပြန်လည်ထွန်းလင်းလာတဲ့ ရန်ကုန်တက္ကသိုလ်

Posted: 20 Nov 2012 09:42 PM PST

အမေရိကန်သမ္မတ ဘားရက် အိုဘားမားသည် သူ၏ သမိုင်းဝင် မိန့်ခွန်းကို " မြန်မာနိုင်ငံ မင်္ဂလာပါ"ဟု နှုတ်ဆက်ပြီး စတင်လိုက်သည်။ မြန်မာနိုင်ငံ သမိုင်း တစ်လျှောက်တွင် ပထမဆုံး အမေရိကန် သမ္မတတစ်ဦး၏ ခရီးစဉ်အဖြစ် လာရောက်သည့် သမိုင်းတွင်သည့် ခရီး တစ်ခု အဖြစ် သမ္မတ အိုဘားမားသည် နိုဝင်ဘာ ၁၉ ရက်က ရန်ကုန်မြို့သို့ ရောက်ရှိလာပြီး အစဉ်အလာ ကြီးသော်လည်း ကာလ အတန်ကြာ အထီးကျန် နေခဲ့ရသော ရန်ကုန် တက္ကသိုလ် ဘွဲ့နှင်းသဘင်၌ မိနစ် ၃၀ ကြာ မိန့်ခွန်းတစ်ရပ် ပြောကြားခဲ့သည်။

ပိန္နဲရောင်သင်္ကန်းရုံထားသည့်ဆရာတော် အရှင်ဉာဏိဿ ရ၊ လိမ္မော်ရောင် နှင်းဆီပန်းများ ဝေနေအောင်ပန်ဆင်ထားသည့် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ၊ ရန်ကုန်တက္ကသိုလ်တွင် ဘ၀ကိုရင်းထားခဲ့သည့်ဖူးသည့် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကချင် ရိုးရာ ၊ ကရင်ရိုးရာ၊ ချင်းရိုးရာဝတ်စုံများ ၀တ်ဆင်ထားသည့်
တိုင်းရင်းသားခေါင်းဆောင် ကိုယ်စားလှယ်များ ၊ အင်္ဂလိပ်စကားကို မိခင်ဘာသာစကားလိုပြောနိုင်ကြသော အင်္ဂလိပ်စာ သင်ယူနေသော ဆယ်ကျော်သက်ကျောင်းသား၊ ကျောင်းသူများစသော နယ်ပယ်စုံ၊ အရွယ်စုံ ပရိသတ်တစ်ထောင်ကျော်မှာ သမ္မတ၏ သမိုင်းဝင်မိန့်ခွန်းကို နားထောင်ခဲ့ကြသည်။ နိုင်ငံရေး အသွင်ကူးပြောင်းမှုများစတင် လုပ်ဆောင်လာခဲ့သည်မှာ လအားဖြင့်ဆိုလျှင် လ ၂၀ သာရှိသေးသဖြင့် အိုဘားမား လာရောက်သည်မှာ စောလွန်းသည်ဟု ဝေဖန်မှုများ ညံနေခဲ့သော်လည်း သမ္မတက သူ၏ ကတိစကားကိုထိန်းသိမ်းရန်နှင့် မိတ်ဆွေအသွင်ဆက်ဆံ ရေးကို လက်ကမ်းလင့်ဖို့လာရောက်သည်ဟု မင်းပရိသတ်များကိုပြောခဲ့သည်။

"ကျွန်တော် သမ္မတအဖြစ်နဲ့ တာဝန်စယူချိန်မှာ အကြောက်တရားနဲ့အုပ်ချုပ်နေကြတဲ့ အစိုးရတွေဆီကို သတင်းစကားတစ်ခုပေးခဲ့တယ်။ ခင်ဗျားတို့လက်သီးဆုပ်ဖြေရင် ကျွန်တော်တို့ လက်ကမ်းပါ့မယ်လို့ပြောခဲ့တယ်" ဟု သမ္မတက သူ၏ မိန့်ခွန်းအစပိုင်းတွင် မြန်မာနိုင်ငံကို ရည်ညွှန်းပြောဆိုခဲ့သည်။ သမ္မတကဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို သူမ၏ ဂုဏ်သိက္ခာကြောင့်လေးစားခဲ့ရကြောင်း ထုတ်ဖော်ပြောကြားခဲ့သလို မြန်မာပြည်သူလူထု၏ သတ္တိကို မိန့်ခွန်းအစတွင် ချီးကျူးပြောဆိုသွားခဲ့သည်။ တနင်္ဂနွေနေ့များတွင် အကျဉ်းကျခံနေရ သူများ၏ မိသားစုဝင်များထံသို့ ရှပ်အင်္ကျီ အဖြူရောင်ဝတ်ဆင်ကာ သွားရောက်ခဲ့သူများ၊ လမ်းမများထက်တွင် ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြသော ဘုန်းတော်ကြီးများ၊ နာဂစ် ဆိုင်ကလုန်း တိုက်ခတ်အပြီး ပြည်သူလူထုရဲ့ အားသွန်ခွန်စိုက် ကူညီခဲ့ကြမှုများ၊ လွတ်လပ်မှု အသံများကို သီကျူးခဲ့ကြသော ဟစ်ဟော့ပ်အနုပညာရှင်များ၏ စည်းချက်များနှင့် ကျောင်းသားများ၏ အသံတွေကို ကြားခဲ့သိခဲ့ရသည်ဟု သမ္မတက အသေးစိတ် ထုတ်ဖော်ချီးမွမ်းခဲ့သည်။

"ကျွန်တော်တို့ရဲ့ ဆောင်ရွက်မှုတွေကြောင့် အထိုက်အလျောက် ပြုပြင်ပြောင်းလဲမှု အသီးအပွင့်လေးတွေဖြစ်လာတယ်။ စလုပ်တုန်းက သေးသေးမွှားမွှားလေးတွေဆိုပေမယ့် အခုလိုမျိုး နိုင်ငံတကာအဆင့် ခေါင်းဆောင်က အသိအမှတ်ပြုလာတယ်ဆိုတာ ဒီအသေးအမွှားလေးတွေကအစ အကြီးကြီးပြုပြင်ပြောင်းလဲမှုအတွက် ဘယ်လောက် အရေးကြီးတယ်ဆိုတာ ပိုပြီးထင်ရှားပါတယ်" ဟု အဖြူရောင်လှုပ်ရှားမှုများတွင် တက်ကြွစွာပါဝင်ခဲ့သူ ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုကိုကြီးက အိုဘားမား၏ ပြောကြားချက်ကို မှတ်ချက်ပြုသည်။ ၀ါးလုံးများကို နောက်ခံထား အလှဆင်ထားသော ရန်ကုန်တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ စင်မြင့်ထက်တွင်ရပ်ရင်း အသက် ၅၁ နှစ်သာ ရှိသေးပေမယ့် သမ္မတ ၄ နှစ်သက်တမ်းအတွင်း ဖြူလာသည်ဟု တိုင်းမ်မဂ္ဂဇင်းကရည်ညွှန်းထားသည့် ဆံပင်များကို ပိုင်ဆိုင်ထားသော အာဖရိကန်-အမေရိကန် သမ္မတသည် မြန်မာပြည်သူများကို အခွင့်အလမ်းများပေးနိုင်မည့် စီးပွားရေးတစ်ခု ပြန်လည်တည်ထောင်ရာတွင် ကူညီသွားမည်ဟုလည်း ကတိက၀တ်ပြုခဲ့သည်။ သမ္မတက အမျိုးသားပြန်လည် ရင်ကြားစေ့ရေးနှင့် ငြိမ်းချမ်းရေးအတွက် ရှေးရှုသွားကြရန် ပြောကြားခဲ့သလို တိုင်းရင်းသားအရေး ကိစ္စများနှင့်ပတ်သက်၍ ကချင်အရေး ၊ ရခိုင်ပြည်နယ်အရေးတို့ကို ထည့်သွင်းပြောဆိုသွားခဲ့သည်။

သမ္မတအိုဘားမား မြန်မာနိုင်ငံသို့လာရောက်နေစဉ် ခြောက်နာရီအတွင်းတွင် ကချင်ပြည်နယ် ၊ ဖားကန့်ဒေသတွင် တိုက်ပွဲများပြင်းထန်လျက်ရှိသည်။ မြန်မာတပ်မတော်ဘက်မှ လက်နက်ကြီးများဖြင့် တစ်ရက်တည်း ၉ ချက်တိုင် ပစ်ခတ်သည်ဟု ဒေသခံများက ပြောကြသည်။ အအေးပိုင်းဒေသ ဖြစ်သည့် ကချင်ပြည်နယ်တွင် စစ်ဘေးဒုက္ခသည်များမှာ ရာသီဥတုဒဏ်ကို အန်တုနေကြရသည်။

"မလာခင်ကတော့ ကချင်ကိစ္စကို သူကောင်းကောင်းပြောလိမ့်မယ်လို့ထင်ခဲ့တာပေါ့။ ဒါပေမဲ့ သူနည်းနည်းပဲ အဖျားခတ်သွားသလိုပဲဖြစ်သွားတော့ စိတ်မကောင်းဘူးပေါ့။ အားမရဘူး" ဟု မြစ်ကြီးနားမြို့မှ သမ္မတအိုဘားမား မိန့်ခွန်းလာနားထောင်သော ကချင်လူမှုရေးအဖွဲ့အစည်းဖြစ်သည့် ကချင်နှစ်ခြင်းခရစ်ယာန် အသင်းတော်မှ အထွေထွေအတွင်းရေးမှူး ဒေါက်တာခလမ်ဆမ်ဇွန်ကပြောကြားသည်။ ဒေါက်တာဆမ်ဇွန်လိုပင် သမ္မတ၏မိန့်ခွန်းကို အားမလိုအားမရဖြစ်မိသူတစ်ဦးမှာ နိုင်ငံရေးအကျဉ်းသားတစ်ဦး ဖြစ်ခဲ့ဖူးသလို ကျောင်းသားလှုပ်ရှားမှုများတွင်တက်ကြွစွာပါဝင်
နေသည့် ဒီငြိမ်းလင်းဖြစ်သည်။

" သူပြောသွားတာ နည်းနည်းအပေါ်ယံဆန်တယ်လို့ထင်တယ်။ ယေဘုယျဆန်တယ်ထင်တယ်။ တကယ်တမ်း ကျွန်တော်တို့ နိုင်ငံတွင်းမှာဖြစ်နေတဲ့ ပြဿနာတွေကို ထင်ထင်ဟပ်ဟပ်ပြောသွားတာ မတွေ့ရဘူး။ ဥပမာဆိုရင် ပြည်တွင်းပဋိပက္ခတွေ၊ တရားဥပဒေစိုးမိုးရေးမရှိသေးတဲ့ကိစ္စတွေ ထောက်ပြမသွားဘူး။ လူထုရဲ့ ပါဝင်ပတ်သက်မှုက အားကောင်းဖို့လိုတယ်ဆိုတာတော့ ထောက်ပြသွားတယ်။ ထင်ထားသလိုမဟုတ်ဘဲ အားမလိုအားမရဖြစ်မိတယ်" ဟု သူ၏ထင်မြင်ချက်ကိုပြောသည်။

ရခိုင်ပြည်နယ်တွင် ကြည့်ပါကလည်း လူပေါင်းခုနစ်သောင်းကျော်မှာ ပဋိပက္ခကြောင့် ဒုက္ခသည်အဖြစ် ရောက်ရှိနေကာ ပြဿနာများမှာ ခုအချိန်ထိ မပြေလည်သေးပေ။ သမ္မတက အမေရိကန်နိုင်ငံကို ဘာသာပေါင်းစုံ ကိုးကွယ်သည့် လူမျိုးပေါင်းစုံနေထိုင်သည့် နိုင်ငံတစ်ခုဖြစ်ပြီး တိုင်းပြည်တွင်း အကွဲကွဲအပြားပြားဖြစ်မှုနဲ့ ပြည်တွင်းစစ်၏ ခါးသီးသောဒဏ်ကို ကြုံတွေ့ခံစားခဲ့ရဖူးသည်ဟု ပြောဆိုခဲ့သည်။ သို့သော် အမေရိကန်လူမျိုးများ အနေနှင့် သမိုင်းတွင် ပြသနိုင်ခဲ့သည်မှာ လူ့နှလုံးသားအတွင်းက အမုန်းတရားကို လျော့ပါးအောင်လုပ်ဆောင်နိုင်ခဲ့ကြောင်း၊ လူမျိုးစုနှင့် လူမျိုးနွယ်များကြားတွင် အချင်းချင်း ကွဲပြားခြားနားမှုမျဉ်းများကို မှိန်ဖျော့အောင် လုပ်ဆောင်နိုင်ခဲ့ကြောင်း သမ္မတက သူ့နိုင်ငံကို နမူနာပေးသည်။

သမ္မတက ၎င်းအနေနှင့် နက်နက်ရှိုင်းရှိုင်းယုံကြည်သည်မှာ မြန်မာနိုင်ငံအနေနှင့်လည်း ကွဲပြားခြားနားမှုများကို ကျော်လွန်နိုင်ပြီး နိုင်ငံတွင်းမှာ နေထိုင်သည့် မည်သည့်လူသားမဆို နိုင်ငံ၏ဇာတ်လမ်းမှာ တစ်စိတ်တစ်ပိုင်းဖြစ်လာနိုင်ကြောင်း ရခိုင်အရေးကိစ္စကို ရည်ညွှန်းကာပြောဆိုသွားသည်။ ထိုသို့ သမ္မတပြောကြားသည်ကို အသက် ၁၈ နှစ်အရွယ် အစ္စလာမ်ဘာသာ ကိုးကွယ်သူ မမေသီရိခင်က သူမ၏ မျှော်လင့်ချက်ကို "မျှော်လင့် ချက်ပိုရှိလာတာပေါ့။ ကမ္ဘာ့အင်အားအကြီးဆုံးနိုင်ငံက သမ္မတ တစ်ယောက်ကနေပြီးတော့ ဒီကိစ္စကို စိတ်ဝင်စားတယ်ဆိုတော့ ပြောင်းလဲမှု တစ်ခုခုတော့ရှိလာမယ်လို့ အရမ်းမျှော်လင့်တယ်။ လူတစ်ယောက်အနေနဲ့ ကိုယ့်ရဲ့ခံစားချက်အတိုင်းပြောရမယ်ဆိုရင် အစ္စလာမ်ဘာသာဝင်ပဲဖြစ် ဖြစ်၊ ဗုဒ္ဓဘာသာဝင်ပဲဖြစ်ဖြစ် မတရားသတ်ဖြတ်ခံနေရတယ်ဆိုတဲ့ ကိစ္စကြီးက ပြီးမြောက်သွားမယ်ဆိုရင်တော့ ညီမအရမ်းကို ၀မ်းသာမှာ" ဟု ပြောသည်။ သူမသည် မြန်မာလူငယ်ခေါင်းဆောင် အစီအစဉ်ဖြင့် အမေရိကန်နိုင်ငံတွင် တစ်လတာ သွားရောက်လေ့လာခဲ့သူတစ်ဦးလည်းဖြစ်သည်။

မည်သို့ပင်ဖြစ်စေ ကမ္ဘာ့စူပါပါဝါ အမေရိကန်သမ္မတကြောင့် အချိန်အတော်ကြာအောင် ဂုဏ်ရောင်ဂုဏ်ဝါ မှေးမှိန်ခဲ့ရသော ရန်ကုန်တက္ကသိုလ်မှာ တစ်ဖန် ပြန်လည်နိုးထခဲ့သည်။ အိုဘားမားကိုယ်တိုင်ကလည်း ရန်ကုန်တက္ကသိုလ်တွင် မိန့်ခွန်းပြောကြားရန် ရွေးချယ်ရခြင်းမှာ သမိုင်းအစဉ် အလာကောင်းများဖြင့် ကျော်ကြားခဲ့ဖူးသော ရန်ကုန်တက္ကသိုလ်ကို လေးစားသောကြောင့်ဖြစ်ကြောင်း မိန့်ခွန်း၌ထည့်သွင်းပြောကြားခဲ့သည်။

အဆိုပါ တက္ကသိုလ်မှာ ယခု သူလေးစားအထင်ကြီးရသော ငြိမ်းချမ်းရေးနိုဗယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ဖခင် မြန်မာနိုင်ငံ၏ အမျိုးသားခေါင်းဆောင် ဖြစ်လာမည့် ကိုအောင်ဆန်း ပညာသင်ယူခဲ့ရာတက္ကသိုလ် ဖြစ်ကြောင်း သူသိသည်။ အိုဘားမားမှာ ဒေါ်အောင်ဆန်းစုကြည်နှင့် တက္ကသိုလ်ရိပ်သာလမ်းရှိ ခြံအမှတ် (၅၄)တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့သေးသည်။

ဗိုလ်ချုပ်အောင်ဆန်း၊ ဦးသန့်တို့ကဲ့သို့ ကမ္ဘာကျော်ပုဂ္ဂိုလ်များ မွေးထုတ်ပေးခဲ့ရာ ရန်ကုန်တက္ကသိုလ်၊ မြန်မာပြည်၏ သမိုင်းကြောင်းတွင် ချန်လှပ်ထားရစ် မရသော ရန်ကုန်တက္ကသိုလ်မှာ နိုဝင်ဘာ ၁၉ ရက်တွင် ပထမဆုံး ပစိဖိတ်သမ္မတဟု တင်စားခေါ်ဝေါ်ခံနေရသော သမ္မတ အိုဘားမားကြောင့် ပြန်လည်သက်ဝင် လှုပ်ရှားခဲ့တော့သည်။

ရေးသားသူ- အေးမြကျော်၊ သီဟ ။  ။ 7Day News Journal



၁၉ လအတွင်း တရားမ၀င် လာရောက်သော တရုတ်နိုင်ငံသား ၂၀ ဦးကို အရေးယူ

Posted: 20 Nov 2012 09:37 PM PST

မန္တလေးတိုင်း ဒေသကြီး အတွင်းသို့ တရားမ၀င် လာရောက်သော တရုတ်နိုင်ငံသား ၂၀ ဦးကို လူဝင်မှု ကြီးကြပ်ရေး ဥပဒေအရ အရေးယူ ခဲ့ကြောင်း သတင်းရရှိသည်။

၂၀၁၁ ခုနှစ် မတ်၃၁ရက်မှ ၂၀၁၂ ခုနှစ် အောက်တိုဘာ ၃၁ ရက်အထိ (၁၉)လတာ ကာလအတွင်း စစ်ဆေးအရေးယူ ခဲ့ခြင်းဖြစ်ပြီး သက်ဆိုင်ရာ မြို့နယ် တရားရုံးများက လူဝင်မှု ကြီးကြပ်ရေး (အရေးပေါ် ပြဋ္ဌာန်းချက်များ) အက်ဥပဒေပုဒ်မ ၁၃(၁)အရ အမြင့်ဆုံး ထောင်ဒဏ် ငါးနှစ်အထိ ချမှတ်ခဲ့သည်ဟု နိုဝင်ဘာ ၁၃ရက်နေ့ထုတ် မန္တလေးနေ့စဉ် သတင်းစာတွင် ဖော်ပြထားသည်။ တရုတ်နိုင်ငံသားများ အပြင် ရုရှားနိုင်ငံသား တစ်ဦးကိုလည်း အရေးယူခဲ့ကြောင်း သိရသည်။

နိုင်ငံခြားသားများ ပြည်ဝင်ခွင့်ပါမစ်(သို့မဟုတ်) ဗီဇာ စည်းကမ်းချက် တစ်ရပ်ရပ်ကို ဖောက်ဖျက် ၍ မြန်မာ နိုင်ငံတွင်း ၀င်လာသူ၊ ၀င်ရန် အားထုတ်သူကို ၁၉၄၇ ခုနှစ် မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေး (အရေးပေါ်ပြဋ္ဌာန်းချက်များ) အက်ဥပဒေပုဒ်မ ၁၃(၁)အရ ထောင်ဒဏ် အနည်းဆုံး ခြောက်လမှ အများဆုံး ငါးနှစ် အထိဖြစ်စေ၊ ငွေဒဏ်အနည်းဆုံး ကျပ် ၁၅၀၀ ဖြစ်စေ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်သည်ဟု ပြဋ္ဌာန်း ထားသည်။

7Day News Journal



သမ္မတဦးသိန်းစိန် အိုဘားမားထံမှ အကူအညီ ၂ခု တောင်းဆိုခဲ့

Posted: 20 Nov 2012 09:27 PM PST

သမ္မတ ဦးသိန်းစိန်သည် ကမ္ဘောဒီယားနိုင်ငံ ဖနွမ်းပင်၌ မြန်မာ သတင်းစာ ဆရာများနှင့် တွေ့ဆုံစဉ် အောက်တိုဘာ ၁၉ ရက် တွင် ရန်ကုန်၌ အမေရိကန် သမ္မတ အိုဘားမားနှင့် တွေဆုံချိန်၌ ၂ခုတောင်းဆို ခဲ့ကြောင်း ပြောသည်။ သမ္မတက " ဘာပဲဖြစ်ဖြစ် ကိုယ်နိုင်ငံ အတွက် အမြတ် ထွက်အောင် ၂ ခု သူဆီကိုတောင်းပါတယ်။ တစ်ခုက ----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့် အမေရိကန် သမ္မတ အိုဘားမားတို့ 
ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ခန်းမတွင် ရင်းနှီးစွာ တွေ့ ဆုံဆွေး
ခဲ့သည်။ Photo - AFP


ရပ်ရွာအေးချမ်းသာယာရေး ရဲတပ်ဖွဲ့မှ ဆက်လက်ဆောင်ရွက်

Posted: 20 Nov 2012 03:38 PM PST

ရန်ကုန်မြို့ပေါ်တွင်  KTV/နိုက်ကလပ်များမှ အပြန်  မူးယစ်ရမ်းကားပြီး  အုပ်စုဖွဲ့ရိုက် နှက်မှုများ  ဖြစ်ပွားခဲ့သဖြင့်   တရားဥပဒေ စိုးမိုးရေးနှင့်  ရပ်ရွာ အေးချမ်း သာယာရေး အတွက်  ယာဉ် စစ်ပိတ်ဆို့ စစ်ဆေးခြင်း  စည်းကမ်း ဥပဒေနှင့် အညီ  မောင်းနှင်ခြင်း မရှိသည့်  လိုင်းကားများအား  ဖမ်းဆီး စစ်ဆေးခြင်းအား  ပွိုင့်အလိုက်  ခရိုင်ရဲတပ်ဖွဲ့မှူး များကိုယ်တိုင်  ဦးစီးပြီး  ညဥ့် ၂၃း၀၀ အချိန်မှ  နံနက်  ၀၃း၀၀ အချိန်ထိ  ဆက်လက်  စစ်ဆေး ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ  စုံစမ်း သိရှိရပါသည်။

By Myanmar News Now


ရပ်ရွာ အေးချမ်း သာယာရေး ယာဉ်စစ်ဆေး ဆောင်ရွက် နေသည့် ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ဝင်များ


အုပ်စုဖွဲ့ရမ်းကားပြီး လူနှင့်ယာဉ်အား ရိုက်နှက် ဖျက်ဆီးခဲ့သည့် သူများအား တရားစွဲတင်ခြင်း

Posted: 20 Nov 2012 03:33 PM PST

ထွက်ပြေးနေသည့်  တရားခံများ
၁.၁၀.၂၀၁၂ ရက်နေ့ ည ၁ နာရီခန့်အချိန်  နိုက်ကလပ်မှအပြန် ၃ခ/၁၉၄၃ မတ်တူးအစိမ်းရောင်ယာဉ်အား  ကား (၄)စီးမှ  ရှေ့/နောက်  ဘေးညှပ် ပိတ်ရပ်ပြီး ကောင်းမြတ်ပါ  (၈)ဦးမှ  ဆဲဆိုကြိမ်းမောင်း ရိုက်နှက်ဖျက်ဆီးသဖြင့် အရေးယူမှုအား  (၁၆.၁၁.၂၀၁၂) ရက်နေ့တွင်  ဖမ်းဆီးထားသည့် တရားခံ  ကောင်းမြတ်၊ ဂျပန်ကြီး(ခ) ရင်မင်းသန့်၊ စည်သူမျိုးဇင်၊ ဟိန်းထက်ဇော်တို့အား  ကမာရွတ်တရားရုံးသို့  တရားစွဲ တင်ပို့ခဲ့ပြီး  ထွက်ပြေးနေသည့်  တရားခံ  ထူးမြတ်(ခ)ထူးမြတ်အောင်၊ ငြိမ်းချမ်း၊ အောင်ပြည့်၊ ညာဏ်လင်းထက် တို့အား တရားခံပြေးနှင့်  စွဲတင်ထားပြီး  ဖမ်းဆီးရမိရေး သက်ဆိုင်ရာရဲစခန်း နှင့်  အထူးအဖွဲ့များမှ  ဆောင်ရွက်လျက်ရှိကြောင်း  Myanmar  news  now  မှ  သတင်းရရှိပါသည်။


နေပြည်တော်မှ သိန်း ၁၆၀ ဘိုး ရွှေ/ငွေ ပစ္စည်း ခိုးယူလာသူအား ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှ ဖော်ထုတ်ရမိခြင်း

Posted: 20 Nov 2012 03:27 PM PST

အမွေများ ရလာသည်ဟု  သတင်းလွှင့်ပြီး ရပ်ကွက်ထဲတွင်  အပေါင်ခံ၊ အတိုးပေး၊ တန်ဘိုးရှိ အသုံးဆောင် ပစ္စည်းများ ၀ယ်ယူ သုံးစွဲနေသူ သက်နိုင်ဌေး နှင့်  ၄င်း၏ဇနီး  မလဲ့ရီဝင်းတို့အား  ရန်ကုန်  မြောက်ပိုင်းခရိုင် အထူးမှုခင်း ဖော်ထုတ်ရေး အဖွဲ့မှ  လေ့လာ စောင့်ကြည့်စုံစမ်း ဖော်ထုတ်နိုင်ခဲ့ပြီး  စစ်ဆေး ဖော်ထုတ်ရမိသော  သိန်း ၁၆၀ ဘိုးရှိ  ရွှေ ငွေ ပစ္စည်းများအား   သက်ဆိုင်ရာ  နေပြည်တော်  ရဲစခန်းသို့   လွှဲပြောင်း ပေးအပ်ခဲ့ကြောင်း Myanmar news  now  မှ  သတင်းရရှိ ပါသည်။



တရုတ်၊ ဂျပန်တို့နဲ့ အမေရိကန်ဆက်ဆံရေး အိုဘားမားချီးကျူး

Posted: 20 Nov 2012 02:46 PM PST

အာဆီယံ အစည်းအဝေး အတွင်း အမေရိကန် သမ္မတ အိုဘားမား(ဝဲ) နဲ့ တရုတ် ဝန်ကြီးချုပ် ဝမ်ကျားပေါင် (ယာ)။ (၁၁၊ ၂၀၊ ၂၀၁၂။)
အမေရိကန်နဲ့ တရုတ်နိုင်ငံ တို့အကြား ဆက်ဆံရေးဟာ ပူးပေါင်း ဆောင်ရွက်မှုနဲ့ အပြု သဘောဆောင် တဲ့ ဆက်ဆံရေး ဖြစ်တယ်လို့ အမေရိကန် သမ္မတ ဘရာ့ခ် အိုဘားမားက သူ့ရဲ့ အရှေ့တောင် အာရှ ခရီးစဉ် နောက်ဆုံးရက်မှာ ချီးကျူး ပြောဆို လိုက်ပါတယ်။

ကမ္ဘာလုံး ဆိုင်ရာ စီးပွားရေး ကောင်းမွန်ဖို့ အတွက် အမေရိကန်နဲ့ တရုတ်တို့ အတူတကွ လက်တွဲ လုပ်ဆောင် သင့်တယ်လို့ မစ္စတာ အိုဘားမားက တရုတ် ၀န်ကြီးချုပ် ၀မ်ကျားပေါင်ကို ပြောခဲ့ပါတယ်။ ကမ္ဘောဒီးယားနိုင်ငံမှာ ကျင်းပခဲ့တဲ့ ဒေသတွင်း ထိပ်သီး အစည်းအဝေးတခု ပြင်ပမှာ ခေါင်းဆောင်နှစ် ဦး တွေ့ဆုံ ဆွေးနွေးခဲ့တာပါ။

ဒီတွေ့ဆုံပွဲဟာ ရာထူးကနေ အနားယူတော့မယ့် တရုတ်ဝန်ကြီးချုပ်နဲ့ သမ္မတအိုဘားမားတို့ အကြား နောက်ဆုံးအကြိမ် တရားဝင် တွေ့ဆုံပွဲဖြစ်ဖွယ်ရှိပါတယ်။ ၀န်ကြီးချုပ် ၀မ်ကျားပေါင်ကလည်း တရုတ်-အမေရိကန် ဆက်ဆံရေးရဲ့ အရေးကြီးပုံကို ပြောဆိုခဲ့ပါတယ်။

သမ္မတအိုဘားမားဟာ ဂျပန်ဝန်ကြီးချုပ် ယိုရှိဟိကို့ နို့ဒနဲ့လည်း အင်္ဂါနေ့က တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ ဂျပန်နိုင်ငံဟာ အရှေ့ တရုတ်ပင်လယ်ထဲက လူမနေတဲ့ကျွန်းစုတွေကို ပိုင်ဆိုင်မှုနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံနဲ့ အငြင်းပွားနေတာဖြစ်ပါတယ်။

မစ္စတာအိုဘားမားရဲ့ အရှေ့တောင်အာရှ သုံးနိုင်ငံခရီးစဉ်အတွင်း ကမ္ဘောဒီးယားနိုင်ငံဟာ နောက်ဆုံး ခရီးတထောက် ဖြစ်ပါတယ်။

ကမ္ဘောဒီးယားနိုင်ငံမတိုင်ခင်မှာတော့ မြန်မာနိုင်ငံဆီ သမိုင်းဝင် ခရီးစဉ်တခုအနေနဲ့ သွားရောက်ခဲ့ပြီး သမ္မတ ဦးသိန်းစိန်နဲ့ရော ဒေါ်အောင်ဆန်းစုကြည်နဲ့ပါ တွေ့ဆုံခဲ့ပါတယ်။

အာရှ-ပစိဖိတ်ဒေသမှာ လုံခြုံရေးအခြေအနေ ဆိုးရွားလာနေတဲ့အပေါ် ဂျပန်ဝန်ကြီးချုပ် ယိုရှိဟိကို့ နို့ဒက သတိပေးပြောဆိုလိုက် ပါတယ်။ ၀န်ကြီးချုပ် နို့ဒဟာ ကမ္ဘောဒီးယားနိုင်ငံမှာ ကျင်းပနေတဲ့ ဒေသတွင်း ထိပ်သီးအစည်းအဝေးပြင်ပမှာ အမေရိကန်သမ္မတ ဘရာ့ခ် အိုဘားမားနဲ့ အင်္ဂါနေ့က တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

တရုတ်နိုင်ငံနဲ့ ဂျပန်အပါအ၀င် အမေရိကန်ရဲ့ မဟာမိတ်နိုင်ငံအများအပြားအကြား နယ်မြေပိုင်ဆိုင်မှုဆိုင်ရာ အငြင်းပွားနေတာ ပိုပြီးဆိုးရွားလာနေတဲ့အချိန် အာရှ-ပစိဖိတ်ဒေသဆီ မဏ္ဍိုင်ပြု ဦးတည်တဲ့ အမေရိကန်ရဲ့ မကြာသေးခင်က မူဝါဒကို သူ ကြိုဆိုပါ တယ်လို့ ၀န်ကြီးချုပ် နို့ဒက သမ္မတအိုဘားမားကို ပြောခဲ့ပါတယ်။

သူတို့နှစ်ဦးအကြား ဆွေးနွေးပွဲဟာ အမေရိကန်နဲ့ဂျပန် နှစ်နိုင်ငံအကြား သူ့အဆိုအားဖြင့် သာမန်ထက်ထူးခြားတဲ့ မဟာမိတ် ဆက်ဆံရေးကို ထပ်လောင်းအတည်ပြုဖို့ နောက်ထပ် အခွင့်အရေးတခုဖြစ်ပါတယ်လို့ သမ္မတအိုဘားမားက ပြောခဲ့ပါတယ်။

တရုတ်နဲ့ တခြားနိုင်ငံတွေအကြား နယ်မြေပိုင်ဆိုင်မှုဆိုင်ရာ အငြင်းပွားနေတဲ့ကိစ္စမှာ ဘယ်ဘက်ကမှ ရပ်တည်တာမျိုး မလုပ်ပါဘူး လို့ အမေရိကန်ကပြောထားပါတယ်။ ဒါပေမဲ့လည်း ဒေသတွင်းမှာ အမေရိကန်က အင်အားချိန်ခွင်လျှာညှိဖို့ လုပ်လာတာဟာ တရုတ်နိုင်ငံ အင်အားကြီးထွားလာတာကို ထိန်းချုပ်ဖို့ ရည်ရွယ်တာဖြစ်တယ်လို့ တရုတ်တို့က သံသယရှိပါတယ်။

မစ္စတာနို့ဒနဲ့ ဆွေးနွေးပွဲမှာသော်လည်းကောင်း ရာထူးကနေအနားယူတော့မယ့် တရုတ်ဝန်ကြီးချုပ် ၀မ် ကျားပေါင်နဲ့ ဆွေးနွေးပွဲမှာ ရော နယ်မြေပိုင်ဆိုင်မှုဆိုင်ရာ အငြင်းပွားနေတဲ့ကိစ္စနဲ့ပတ်သက်ပြီး သမ္မတအိုဘားမားက လူသိရှင်ကြား ပြောဆိုခဲ့တာမရှိပါဘူး။

ဗွီအိုအေ (မြန်မာဌာန)


မြန်မာနဲ့ ထိုင်း သဘောတူ လက်မှတ်ရေးထိုး

Posted: 20 Nov 2012 02:42 PM PST

ဓါတ်ပုံ - မြန်မာ သမ္မတရုံး ၀က်ဆိုဒ်
ကမ္ဘော ဒီးယား နိုင်ငံမှာ ထိုင်းဝန်ကြီးချုပ် ယင့်လတ် ရှင်နာဝပ်နဲ့ သမ္မတ ဦးသိန်းစိန်တို့ ထားဝယ် ရေနက် စီမံကိန်း အတွက် သဘောတူညီ ချက်ကို ပူးတွဲ ကြေညာချက် ထုတ်ပြန်ခဲ့ ပါတယ်။

အမေရိကန်ဒေါ်လာ ၆ ဒသမ ၈ ဘီလျံ ကုန်ကျ မယ်လို့ ခန့်မှန်း ထားတဲ့ ပထမဆုံး ဦးစားပေး လုပ်ငန်း အတွက် ငွေကြေးနဲ့ တခြား စီမံခန့်ခွဲမှုပိုင်းမှာ အီတာလျံ ထိုင်းကုမ္ပဏီ တခုတည်းက လုပ်နိုင်စွမ်း မရှိတာကြောင့် အစိုးရတွေ ပါဝင် လာရတာ ဖြစ်တယ်လို့ အမျိုးသား စီမံကိန်းနဲ့ စီးပွားရေး ဖွံဖြိုး တိုးတက်မှု ဝန်ကြီးဌာန၊ ရင်းနှီး မြှုပ်နှံမှုနဲ့ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီး ဌာနက ညွှန်ကြား ရေးမှူး ဦးကျော်ဇောမောင်က ပြောပါတယ်။

ထားဝယ် ရေနက် ဆိပ်ကမ်းမှာ ကုန်တင် ကုန်ချ လုပ်ငန်းတွေ လုပ်ဆောင် နိုင်အောင် အမြန်ဆုံး ဆောင်ရွက်ဖို့နဲ့ မြန်မာနဲ့ ထိုင်း နိုင်ငံတို့ကြား လမ်းပန်း ဆက်သွယ်ရေး တွေကို ပြီးအောင်လုပ်ဖို့ စတဲ့ လုပ်ငန်းတွေကို ၂၀၁၅ ခုနှစ်မှာ အပြီးသတ် တည်ဆောက် သွားမယ်လို့လည်း သူက ပြောပါတယ်။

ထိုင်းဝန်ကြီးချုပ် ယင့်လတ် ရှင်နာဝပ်နဲ့ ထိုင်း စီးပွားရေး လုပ်ငန်းရှင်တွေဟာ လာမယ့် လလယ် မှာ ထားဝယ်ကို သွားရောက် လေ့လာဖို့ ရှိပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)


ဂါဇာကို တညလုံး အစ္စရေးဘက်က ပစ်ခတ်ခဲ့

Posted: 20 Nov 2012 02:37 PM PST

အစ္စရေးဘက်က ပစ်ခတ်ခံနေရတဲ့ ဂါဇာ
အစ္စရေးက ဂါဇာကမ်းမြှောင် ဘက်ကို တညလုံး ပစ်ခတ် တိုက်ခိုက် နေခဲ့ပါတယ်။

အစ္စရေးး စစ်ဘက်ကတော့ ဂါဇာ တဝန်းက ပစ်မှတ် တွေကို ပစ်ခတ် နေခဲ့တာ ဖြစ်တယ်လို့ ဆိုပေမယ့် ဘီဘီစီ သတင်းထောက် ကတော့ ပြီးခဲ့တဲ့ ညတွေက ပစ်ခတ် တိုက်ခိုက် ခဲ့တာ တွေလောက် မပြင်းထန်ဘူး လို့လည်း ပြောပါတယ်။

ပါလက်စတိုင်းတွေ ဘက်ကလည်း ဒုံးကျည် တွေနဲ့ ပြန်ပြီး ပစ်ခတ် နေကြဆဲ ဖြစ်ပါတယ်။

အဲဒီက ဆေးဝန်ထမ်း တွေကတော့ ပြီးခဲ့တဲ့ သတင်းပတ်က အစ္စရေးက ဂါဇာကို စပြီး ပစ်ခတ် တိုက်ခိုက် ခဲ့တဲ့ အချိန်ကနေ အခုအထိ ပါလက်စတိုင်း လူမျိုး ၁၁၀ သေဆုံး ခဲ့ရပြီး ဖြစ်သလို ၈၀၀ လောက်လည်း ထိခိုက် ဒဏ်ရာ ရရှိထားတယ်လို့ ဆိုပါတယ်။

တချိန်ထဲမှာပဲ သာမန် အားဖြင့် တည်ငြိမ်မှု ရှိနေတဲ့ အနောက်ဘက်ကမ်း ဒေသ တခိျု့ မှာလည်း ဂါဇာကို တိုက်ခိုက် နေတာကို ဆန့်ကျင့်တဲ့ ပါလက်စတိုင်း တွေရဲ့ ဆန္ဒပြပွဲ တွေမှာ အဓိကရုဏ်း တွေ ဖြစ်ခဲ့ကြပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)