သစ်ထူးလွင် |
- မန္တလေးမြို့ တရုတ်ကောင်စစ်ဝန်ရုံးရှေ့၌ လုံခြုံရေး ချထား
- သမ္မတရုံး ဝန်ကြီး စိုင်းခမ်းလိတ်ကို ငြိမ်းချမ်းရေး သီချင်းစပ်ပေးရန် တောင်းဆို
- ဒေါ်အောင်ဆန်းစုကြည် နေပြည်တော် တရားရုံးများကို ကြည့်ရှု စစ်ဆေး
- နိုဝင်ဘာလ (၂၉)ရက်နေ့ ထုတ် အင်တာနက်ဂျာနယ် အတွဲ (၁၃) အမှတ် (၄၆)
- နိုဝင်ဘာလ(၂၈) ရက်နေ့ထုတ် Mobile Guide journal Issue#80
- နိုဝင်ဘာလ(၂၆) ရက်နေ့ထုတ် အလင်းတန်းဂျာနယ် အမှတ်စဉ် ၇၃၂
- နိုဝင်ဘာလ(၂၆) ရက်နေ့ထုတ် မြန်မာပို့ စ်ဂျာနယ် အတွဲ ၄ အမှတ် ၄၆
- လက်ပန်းတောင်းတောင်စီမံကိန်း ခွင့်ပြုခဲ့မှု မှားယွင်းဟု ရင်းနှီးမြှုပ်နှံမှု ဥက္ကဋ္ဌ ဝန်ခံ
- ဝန်ကြီး ကတိမတည်ဟု ဆိုကာ တိုင်းရင်းကျောင်းသားများ ဆက်လက်ဆန္ဒပြ
- ရွက်လွင့်ဘင်္ဂလီ(၄၆)ဦးအား ပင်လယ်သို့ ပြန်လည်ထွက်ခွာခွင့်ပြု
- တန်ဆောင်တိုင်(၆)ရက်မြောက်နေ့၌ လူအများစုပါဝင်သည့် ခိုက်ရန်ဖြစ်ပွားမှုဖြစ်
- လာဘ်ပေးလာဘ်ယူ စောင့်ကြည့်ရေးအဖွဲ့ ဖွဲ့စည်းရန် စီစဉ်
- ဖွံ့ဖြိုးရေး တက္ကသိုလ် မန္တလေးသို့ ပြန်လည် ရွှေ့ပြောင်းခြင်းသည် မဟုတ်မှန်ကြောင်း သိရှိရ
- ကျောင်းသားသမဂ္ဂအဖွဲ့ဝင် ကိုသီဟ၀င်းတင်အား SB မှ ခေါ်ဆောင်
- အာကာသယာဉ် အပိုင်းအစများဟု ယူဆရသော ပစ္စည်းများ မွန်ပြည်နယ်တွင် တွေ့ရှိ
- ရှမ်း အဖွဲ့အစည်းများနှင့် ယုံကြည်မှု တည်ဆောက်ရေး ဆွေးနွေးပွဲ ကျင်းပ
- နိုဝင်ဘာ၂၆ ရက်နေ့ထုတ် Weekly Eleven News Journal အတွဲ ၈ အမှတ် ၈
- မြန်မာ ဘင်္ဂလား နယ်စပ် ပြန်ဖွင့်ပေးလိုက်ပြီ
- မော်စီ အမိန့်ဒီကရီ မကျေနပ်လို့ ဆန္ဒပြပြီ
- ပါကစ္စတန်မှာ ရှီယာတွေကို ဗုံးခွဲတိုက်ခိုက်
- စစ်တောင်းမြစ် ကမ်းပါးပြိုကျမှုကြောင့် အိမ်ခြေ ၁၇ဝ ကျော် ရေထဲမျှောပါ
- ပရီးမီးယားလိဂ်နဲ့ Sky Net စာချုပ် ချုပ်ဆို
- အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့
- ထိုင်းဆန္ဒပြသူတွေကို ရဲဖြိုခွင်း
- ဘင်္ဂလားဒေ့ရှ် အထည်ချုပ်စက်ရုံမီး ၁၀၀ ကျော်သေဆုံး
| မန္တလေးမြို့ တရုတ်ကောင်စစ်ဝန်ရုံးရှေ့၌ လုံခြုံရေး ချထား Posted: 26 Nov 2012 06:59 AM PST မန္တလေး၊ နိုဝင်ဘာ ၂၆။ လက်ပန်တောင်းတောင် ကြေးနီတောင်စီမံကိန်းကိစ္စနှင့် ပတ်သက်ကာ ကန့်ကွက်သည့်အနေဖြင့် ဆန္ဒထုတ်ဖော်သွားမည် ဟူသည့် အသံများ ထွက်ပေါ်လာသောကြောင့် မန္တလေးမြို့ရှိ တရုတ် ကောင်စစ်ဝန်ရုံးရှေ့တွင် လုံခြုံရေးများ ချထား သည့်အထိ ဖြစ်ပေါ်ခဲ့ကြောင်းသိရသည်။ အဆိုပါ ကြေးနီတောင်စီမံကိန်းကိစ္စအား မန္တလေးမြို့ရှိ အဖွဲ့အစည်းအချို့နှင့် အမျိုးသမီးကွန်ယက်တို့ ပူးပေါင်းကာ ယနေ့ နေ့လည်၂နာရီတွင် ဆန္ဒထုတ်ဖော်မှု ပြုလုပ်သွားမည်ဟု သတင်းများထွက်ပေါ် လာခဲ့သဖြင့် လုံခြုံရေးများ ချထားခဲ့ခြင်း ဖြစ်သည်ဟုလည်း သိရသည်။ ဆန္ဒထုတ်ဖော်ပွဲတွင် ပါဝင်မည်ဟု ပြောဆိုသော ဗကသအဖွဲ့များထံသို့ မေးမြန်းခဲ့သော်လည်း ၎င်းတို့ သိရှိခြင်း မရှိကြောင်း ပြန်လည်ဖြေကြားခဲ့သည်။ မျိုးသန့် (မြန်မာ့ခေတ်) | ||||
| သမ္မတရုံး ဝန်ကြီး စိုင်းခမ်းလိတ်ကို ငြိမ်းချမ်းရေး သီချင်းစပ်ပေးရန် တောင်းဆို Posted: 26 Nov 2012 06:31 AM PST တော်ဝင် နှင်းဆီ ခန်းမတွင် ပြုလုပ်သော "ငြိမ်းချမ်းရေး အတွက် ယုံကြည်မှု တည်ဆောက်ခြင်း အလုပ်ရုံ ဆွေးနွေးပွဲ" ၌ ရှမ်းတိုင်းရင်းသား တေးရေးဆရာ စိုင်းခမ်းလိတ်ကို ပြည်တွင်း ငြိမ်းချမ်းရေး အတွက် သီချင်းတစ်ပုဒ် ရေးသားပေးရန် နိုဝင်ဘာလ ၂၆ ရက်နေ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဒုဥက္ကဋ္ဌ သမ္မရုံးဝန်ကြီး ဦးအောင်မင်းက တောင်းဆို ခဲ့သည်။ သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||||
| ဒေါ်အောင်ဆန်းစုကြည် နေပြည်တော် တရားရုံးများကို ကြည့်ရှု စစ်ဆေး Posted: 26 Nov 2012 06:06 AM PST တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ အဖွဲ့ဝင်တွေဟာ ဒီနေ့ မနက်ပိုင်းက နေပြည်တော်ရှိ ခရိုင်တရားရုံးအပါအ၀င် တရားရုံးအချို့ကို သွားရောက်ကြည့်ရှု လေ့လာ စစ်ဆေးခဲ့ကြပါတယ်။ ကော်မတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ အဖွဲဟာ နေပြည်တော်၊ ဇဗ္ဗူသီရိတရားရုံး၊ နေပြည်တော်ခရိုင် တရားရုံး တို့ကို သွားရောက်လေ့လာ စစ်ဆေးခဲ့ကြတာဖြစ်ပြီး လုပ်ဆောင်ခဲ့ကြပုံတွေကို ---- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||||
| နိုဝင်ဘာလ (၂၉)ရက်နေ့ ထုတ် အင်တာနက်ဂျာနယ် အတွဲ (၁၃) အမှတ် (၄၆) Posted: 26 Nov 2012 05:37 AM PST | ||||
| နိုဝင်ဘာလ(၂၈) ရက်နေ့ထုတ် Mobile Guide journal Issue#80 Posted: 26 Nov 2012 05:34 AM PST | ||||
| နိုဝင်ဘာလ(၂၆) ရက်နေ့ထုတ် အလင်းတန်းဂျာနယ် အမှတ်စဉ် ၇၃၂ Posted: 26 Nov 2012 05:31 AM PST | ||||
| နိုဝင်ဘာလ(၂၆) ရက်နေ့ထုတ် မြန်မာပို့ စ်ဂျာနယ် အတွဲ ၄ အမှတ် ၄၆ Posted: 26 Nov 2012 05:27 AM PST | ||||
| လက်ပန်းတောင်းတောင်စီမံကိန်း ခွင့်ပြုခဲ့မှု မှားယွင်းဟု ရင်းနှီးမြှုပ်နှံမှု ဥက္ကဋ္ဌ ဝန်ခံ Posted: 26 Nov 2012 05:24 AM PST ရဟန်းရှင်လူ ကျောင်းသား ပြည်သူများ၏ ဆန့်ကျင် ကန့်ကွက်ခြင်း ခံနေရသော လက်ပန်း တောင်းတောင် ကြေးနီ စီမံကိန်းကို ခွင့်ပြုခဲ့ခြင်းသည် မှားယွင်းကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် ဥက္ကဋ္ဌ ဦးစိုးသိန်းက နိုဝင်ဘာ နောက်ဆုံးပတ်က ဝန်ခံ ပြောကြားသည်။ သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||||
| ဝန်ကြီး ကတိမတည်ဟု ဆိုကာ တိုင်းရင်းကျောင်းသားများ ဆက်လက်ဆန္ဒပြ Posted: 26 Nov 2012 04:45 AM PST စစ်ကိုင်းတိုင်း၊ ရွာသစ်ကြီးရှိ တိုင်းရင်းသားများ ဖွံ့ဖြိုး တိုးတက်ရေး တက္ကသိုလ်မှ ဆန္ဒပြ ကျောင်းသား များအား အတင်း အကြပ် ပြန်မခေါ်ရန် နယ်စပ် ရေးရာ ဝန်ကြီး ဗိုလ်ချုပ် သိန်းဌေး က ကတိ ပေးထားသော် လည်း မတည်ဟု ဆိုကာ တနင်္လာနေ့တွင် ဆန္ဒပြပွဲများ ပြန်လည် စတင် နေကြောင်း ကျောင်းသားများက ဆိုသည်။ သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||||
| ရွက်လွင့်ဘင်္ဂလီ(၄၆)ဦးအား ပင်လယ်သို့ ပြန်လည်ထွက်ခွာခွင့်ပြု Posted: 26 Nov 2012 04:14 AM PST ဘင်္ဂလားဒေ့ရှ် နိုင်ငံမှ မလေးရှား နိုင်ငံသို့ ထွက်ခွါလာသည့် ဘင်္ဂလီ (၄၆)ဦး ပါ စက်လှေ တစ်စီးအား နိုဝင်ဘာလ(၂၅)ရက်နေ့ က ကျောက်ဖြူမြို့နယ်၌ ဖမ်းဆီး ရမိခဲ့ကြောင်း သိရသည်။ အဆိုပါ စက်လှေတွင် ဘူးသီးတောင်မြို့နယ်မှ ဘင်္ဂလီ (၂၅)ဦး၊ မောင်တောမြို့နယ်မှ (၁၀)ဦးနှင့် ရသေ့တောင်မြို့နယ်မှ (၂)ဦး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ (၉)ဦး၊ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||||
| တန်ဆောင်တိုင်(၆)ရက်မြောက်နေ့၌ လူအများစုပါဝင်သည့် ခိုက်ရန်ဖြစ်ပွားမှုဖြစ် Posted: 26 Nov 2012 04:01 AM PST တောင်ကြီး တန်ဆောင်တိုင် မီးပုံးပျံ ပွဲတော် (၆)ရက် မြောက်နေ့၌ မီးပုံးပျံ ပျက်ကျ မီးလောင်မှုကြောင့် ခိုက်ရန်ဖြစ်ပွား ခဲ့ကြောင်း ပြိုင်ပွဲ ကျင်းပရေး ကော်မတီမှ သိရှိရသည်။ နိုဝင်ဘာ (၂၅)ရက်နေ့ည မီးပုံးပျံ ပြိုင်ပွဲတွင် ဖိုးလမင်း ညမီးကျည်း မီးပုံးပျံ လွှတ်တင်ခဲ့ရာ၌ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||||
| လာဘ်ပေးလာဘ်ယူ စောင့်ကြည့်ရေးအဖွဲ့ ဖွဲ့စည်းရန် စီစဉ် Posted: 25 Nov 2012 10:33 PM PST တရား ဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ် အေးချမ်းရေး ကော်မတီမှ တရားရုံး များအား လေ့လာချက် များအရ လာဘ်ပေး၊ လာဘ်ယူ ကိစ္စရပ် များနှင့် တရား စီရင်ရေး ကဏ္ဍများ၌ အုပ်ချုပ် ရေးမှူးများမှ ၀င်ရောက် စွက်ဖက် ခြင်းများကို ပြည်သူများနှင့် တကွ လေ့လာ စောင့်ကြည့် ရန် လိုအပ်ကြောင်း--- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||||
| ဖွံ့ဖြိုးရေး တက္ကသိုလ် မန္တလေးသို့ ပြန်လည် ရွှေ့ပြောင်းခြင်းသည် မဟုတ်မှန်ကြောင်း သိရှိရ Posted: 25 Nov 2012 10:20 PM PST ပြည်ပ မီဒီယာများမှ သတင်း ထုတ်လွှင့် လျက်ရှိသော ပြည်ထောင်စု တိုင်းရင်းသား ဖွံ့ဖြိုးရေး တက္ကသိုလ် မန္တလေးသို့ ပြန်လည် ပြောင်းရွှေ့ ခြင်းသည် မဟုတ်မှန်ကြောင်း တောင်းဆိုမှုတွင် ပါဝင်သော တိုင်းရင်းသား ကျောင်းသား တစ်ဦးက ဆက်သွယ် ပြောကြား ခဲ့သည်။ မန္တလေးမြို့၊ ပြည်ကြီးတံခွန် မြို့နယ်အတွင်းရှိ--- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||||
| ကျောင်းသားသမဂ္ဂအဖွဲ့ဝင် ကိုသီဟ၀င်းတင်အား SB မှ ခေါ်ဆောင် Posted: 25 Nov 2012 10:03 PM PST ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ ချုပ် သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ကိုသီဟ၀င်းတင်အား ယနေ့ နံနက် ၁၀ နာရီ ခန့်က အလုံမြို့နယ် နယ်မြေခံ အထူးအဖွဲ့ ( SB- Special Branch ) ရဲအုပ် မြင့်ဦးက နေအိမ်မှ လာရောက်ခေါ်ဆောင် သွားခဲ့ကြောင်း သိရသည်။ သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||||
| အာကာသယာဉ် အပိုင်းအစများဟု ယူဆရသော ပစ္စည်းများ မွန်ပြည်နယ်တွင် တွေ့ရှိ Posted: 25 Nov 2012 09:48 PM PST သံဖြူဇရပ်မြို့နယ် ၀ဲကလိ ကျေးရွာအုပ်စု ဘုရားလေးဆူရွာ အရှေ့ဘက် တစ်မိုင်ခန့် အကွာ ကျူကန်ချောင်း အတွင် ဘောလုံးပုံစံ အချင်း၂၃.၅လက်မ လုံးပတ်၄၃လက်မရှိ အာကာသယာဉ်တွင် အသုံးပြုသော အရာဟု ယူဆရသော မီးခိုးေ၇ာင်သတ္တု လုံးတစ်လုံးကို တွေ့ရှိခဲ့ရကြောင်း သိရသည်။ သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||||
| ရှမ်း အဖွဲ့အစည်းများနှင့် ယုံကြည်မှု တည်ဆောက်ရေး ဆွေးနွေးပွဲ ကျင်းပ Posted: 25 Nov 2012 09:35 PM PST ရှမ်းတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ ရှမ်းနိုင်ငံရေး ပါတ်ီများ၊ ရှမ်းလူမှု အဖွဲ့အစည်းများ ပါဝင်သည့် ငြိမ်းချမ်းရေး အတွက် ယုံကြည်မှု တည်ဆောက်ခြင်း ဆွေးနွေးပွဲကို ယနေ့ နိုဝင်ဘာ ၂၆ ရက်မှစ၍ ၂၈ ရက်အထိ ၃ ရက်ကြာ ရန်ကုန်မြို့တော်ဝင် နှင်းဆီခန်းမတွင် ကျင်းပပြု လုပ်မည် ဖြစ်သည်။ ယနေ့ နံနက် ၈ နာရီခွဲမှ စတင်ပြုလုပ်ခဲ့သော --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||||
| နိုဝင်ဘာ၂၆ ရက်နေ့ထုတ် Weekly Eleven News Journal အတွဲ ၈ အမှတ် ၈ Posted: 25 Nov 2012 09:20 PM PST | ||||
| မြန်မာ ဘင်္ဂလား နယ်စပ် ပြန်ဖွင့်ပေးလိုက်ပြီ Posted: 25 Nov 2012 06:32 PM PST မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံ အကြား ဗီဇာတွေနဲ့ သွားလာနေတာကို တလနီးပါး ပိတ်ထားခဲ့ရာက နယ်စပ် ပြန်ဖွင့် ပေးလိုက်တဲ့ အတွက် အခု ပြန်လည် သက်ဝင် လူပ်ရှားလာနေပြီ ဖြစ်ပါတယ်။ မြန်မာနဲ့ ဘင်္ဂလာဒေ့ရှ် နှစ်နိုင်ငံ အကြားမှာ ရခိုင်မှာ ဖြစ်ပေါ်ခဲ့တဲ့ ဆူပူ အကြမ်းဖက်မူ တွေကြောင့် သာမက စစ်သား သုံးဦးနယ်စပ်မှာ ဖမ်းဆီးခံရတဲ့ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||||
| မော်စီ အမိန့်ဒီကရီ မကျေနပ်လို့ ဆန္ဒပြပြီ Posted: 25 Nov 2012 06:24 PM PST အီဂျစ်နိုင်ငံမှာ လူတွေ မမျှော်လင့်တဲ့ အချိန်မှာ ပေါ်ထွက်လာတဲ့ သူ့ကိုယ်သူ အာဏာတွေ ထပ်ပြီး လွှဲပြောင်းပေးခဲ့တဲ့ အမိန့်ဟာ ယာယီသာ ဖြစ်တယ် ဆိုတဲ့ သမ္မတ မိုဟာမက် မော်စီက ထပ်လောင်း ကြေညာချက် ထုတ်ပြန် လိုက်ပါတယ်။ ပထမဆုံး လိုက်လျောမှု အသွင်ဆောင်တဲ့ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||||
| ပါကစ္စတန်မှာ ရှီယာတွေကို ဗုံးခွဲတိုက်ခိုက် Posted: 25 Nov 2012 06:07 PM PST ပါကစ္စတန် နိုင်ငံ အနောက်မြောက် ဘက်ပိုင်းက ရှီယာ မွတ်ဆလင်တို့ ရဲ့ ဘာသာရေး ပွဲ ကျင်းပ နေတဲ့ အနီးမှာ အင်အားပြင်း ဗုံးတလုံး ပေါက်ကွဲ ခဲ့တဲ့ အတွက် လူငါးဦး သေဆုံး သွားပြီး အနည်းဆုံး ၈ ဦးလောက် တော့ ဒဏ်ရာ ရရှိသွား ပါတယ်။ ဒီရာ အစ္စမေးလ် ခမ်း မြို့မှာ ဖြစ်ပွား ခဲ့တဲ့ ဒီပေါက်ကွဲမှုဟာ ဒုတိယ အကြိမ် ဖြစ်ပြီး၊ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||||
| စစ်တောင်းမြစ် ကမ်းပါးပြိုကျမှုကြောင့် အိမ်ခြေ ၁၇ဝ ကျော် ရေထဲမျှောပါ Posted: 25 Nov 2012 06:02 PM PST မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် သိမ်ဇရပ် တိုက်နယ်မှာရှိတဲ့ ဆိပ်ကမ်းသာရပ်ကွက်နဲ့ ရွာမရပ်ကွက်တို့မှာ အခုလ (၁၇) ရက်ကနေ့  စတင်ပြီး စစ်တောင်းမြစ် ကမ်းပါးပြိုကျမှု နေ့စဉ်ရက်ဆက် ဖြစ်ပေါ်နေတဲ့အတွက် ဒီနေ့အထိ အိမ်ခြေ (၁၇ဝ)ကျော်ဟာ မြစ်ရေနဲ့ မျှောပါသွားတယ်လို့ သိရပါတယ်။ သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||||
| ပရီးမီးယားလိဂ်နဲ့ Sky Net စာချုပ် ချုပ်ဆို Posted: 25 Nov 2012 05:42 PM PST မြန်မာ နိုင်ငံရဲ့ ပုဂ္ဂလိကပိုင် ထိပ်တန်း ရုပ်မြင် သံကြား ဌာန တခု ဖြစ်တဲ့ Sky Net ရုပ်မြင် သံကြား ဌာနက အင်္ဂလန် ပရီးမီးယားလိဂ် ဘောလုံး ပွဲစဉ်တွေ တိုက်ရိုက် ပြသခွင့် ကန်ထရိုက် စာချုပ်ကို ပရီးမီးယားလိဂ်နဲ့ ချုပ်ဆို လိုက်နိုင်ခဲ့ ပြီလို့ စနေနေ့က ထုတ်ဖေါ် ကြေညာလိုက် ပါတယ်။ သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||||
| အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့ Posted: 25 Nov 2012 05:35 PM PST နိုဝင်ဘာလ ၂၅ ရက်နေ့မှာ ကျရောက်တဲ့ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး နိုင်ငံတကာ အထိမ်းအမှတ်နေ့ ကို ကမ္ဘာ တဝှမ်းမှာ ဆင်နွဲ ကျင်းပခဲ့ကြသလို မြန်မာနိုင်ငံမှာလည်း လမ်းလျှောက် ချီတက် ပွဲတွေ၊ ပညာပေး ဆွေးနွေးပွဲတွေ ပထမဆုံး အကြိမ်အဖြစ် ကျင်းပခဲ့ပါတယ်။ သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||||
| ထိုင်းဆန္ဒပြသူတွေကို ရဲဖြိုခွင်း Posted: 25 Nov 2012 05:28 PM PST ထိုင်းနိုင်ငံ ဘန်ကောက် မြို့တော်မှာ အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြ သူတွေကို လူစုခွဲဖို့ အတွက် အထိက ရုန်းနှိမ်နင်းရေး ရဲတွေက မျက်ရည်ယို ဗုံးတွေ အသုံးပြု ခဲ့ပါတယ်။ ၀န်ကြီးချုပ် ယင်းလပ် ရှင်နာဝပ်ရဲ့ အစိုးရကို နှုတ်ထွက် ပေးဖို့အတွက် ပထေ့ဆီယမ်အဖွဲ့ ဦးဆောင်မှုနဲ့ စနေနေ့ ဆန္ဒပြကြ သူတွေကို ထိန်းချုပ် နိုင်ဖို့အတွက် ထောင်နဲ့ချီတဲ့ ရဲ တပ်ဖွဲ့ဝင်တွေ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||||
| ဘင်္ဂလားဒေ့ရှ် အထည်ချုပ်စက်ရုံမီး ၁၀၀ ကျော်သေဆုံး Posted: 25 Nov 2012 05:19 PM PST ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ အထည်ချုပ် စက်ရုံတရုံ မီးလောင်ရာမှာ အမျိုးသမီး အများစု အပါအ၀င် လူ ၁၀၀ ကျော်သေဆုံး ခဲ့ရတယ်လို့ တာဝန်ရှိသူတွေက ပြောဆိုပါတယ်။ သေဆုံးသူ ဦးရေ ပိုတိုးလာ နိုင်တယ် လို့လည်း ဆိုပါတယ်။ ကယ်ဆယ်ရေး ၀န်ထမ်းတွေက သေဆုံးသူတွေရဲ့ အလောင်းတွေကို ဒီနေ့ မနက်ပိုင်းမှာ တွေ့ရှိခဲ့ကြ တာပါ။ သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
| You are subscribed to email updates from Thit Htoo Lwin To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
| Google Inc., 20 West Kinzie, Chicago IL USA 60610 | |



























