သစ်ထူးလွင်

သစ်ထူးလွင်


မန္တလေးမြို့တွင် ညပိုင်း၌ ကားမှန်များအခွဲခံနေရ

Posted: 05 Nov 2012 05:39 AM PST



ကားပိုင်ရှင် မျိုးမင်း၏ TOYOTA BLIT  ကား
မန္တလေးမြို့ တွင် ညပိုင်း၌ လမ်းဘေးတွင် ရပ်ထားသော ကားများကို ဆိုင်ကယ်များဖြင့် ကပ်၍ ခဲလုံးဖြင့် ထုကာ မှန်များကို ထုခွဲ၍ မောင်းပြေးမှုများ ရှိနေကြောင်း သိရှိရပါသည်။

ကားများမှာ နောက်ဝင်သည့် မော်ဒယ်အမြင့် ကားများဖြစ်၍ ကားပိုင်ရှင်များမှာ သိန်းနဲ့ချီနှစ်နာမှုများ ရှိနေပါသည်။ တချို့ကားများဆိုလျှင် ကားမှန်မှာ ဝယ်လို့မရ၍ မြန်မာ လုပ်မှန်များနဲ့  အစားထိုး တပ်ဆင်ရသဖြင့် ကားတန်ဖိုးမှာ လျှော့နည်းမှုများရှိ သွားပါသည်။

ပြီးခဲ့တဲ့ အောက်တိုဘာလ (၃၀)ရက်နေ့ က မန္တလေးမြို့ လမ်း ၈၀ မီနီစတိုးရှေ့တွင် ရပ်ထားသော မီနီစတိုးပိုင်ရှင်၏ FORD ကားအား လည်းကောင်း/ ၆၃ လမ်း ၃၈.၃၉ ကြားတွင် ရပ်ထားသော ကားပိုင်ရှင် မျိုးမင်း၏ TOYOTA BLIT  ကားအား လည်းကောင်း နံနက်ခင်း၌ သူ၏ ကားအားကြည့်သော အခါ နောက်မှန်ကိုဖောက်၍ ကားနောက် ခန်းထဲတွင် ကျောက်ခဲ တစ်လုံးကို တွေ့ရကြောင်း ကားပိုင်ရှင် ကိုမျိုးမင်း မှ ပြောပြပါသည်။

ကိုမျိုးမင်းမှာ မှန်ဆိုင်သို့သွား၍ မှန်သွားတပ်သောအခါ မှန်ဆိုင်၏ ပြောပြချက်အရ အစ်ကို့ကားကဲ့သို့ မှန်ထုခံရ၍ လာတပ်သောကားမှာ ယနေ့တွင် ၅ စင်းခန့်ရှိကြောင်း ပြောပြ၍ မိမိကို မကျေနပ်သူများက လုပ်ခြင်းမဟုတ်ပဲ သက်သက်မဲ့ ဖျက်လို့ဖျက်ဆီးဖြင့် မင်းမဲ့စရိုက်ဆန်ဆန် လုပ်ခြင်းဖြစ်သည်ဟု နားလည်းသိရှိလိုက်သည်၊ ဤကဲ့သို့ ပြုလုပ်ခြင်းများသည်  နေ့ကြီးရက်ကြီးများတွင် အဖြစ်များသည်ဟု ကိုမျိုးမင်း က ပြောပြပါသည်။

ထိုသို့ စိတ်ဓာတ်ရေးရာ အောက်တန်းကျ၍ နိုင်ငံကြီးသား မပီသသော မင်းမဲ့စရိုက်ဆန်ဆန် ပြုလုပ်နေသူများကို ပြင်းပြင်းထန်ထန် ဖမ်းစီး အရေးယူ ပေးစေချင်ပါသည်။ ထိုသို့ဖြစ်ပွားနေကြောင်းကို ကားပိုင်ရှင်များနှင့် မန္တလေး ရဲတပ်ဖွဲ့ဝင်များ/ နယ်မြေခံတာဝန်ရှိသူများ သိစေချင်ကြောင်း ကိုမျိုးမင်း က ပြောပါသည်။

Wai Yan Shein htet
by Myanmar  News Now


တရားဥပဒေစိုးမိုးရေး၊ ထိရောက်ပြစ်ဒဏ်ရရှိရေး ဆွေးနွေးခြင်း

Posted: 05 Nov 2012 05:23 AM PST

၅.၁၁.၂၀၁၂ ရက်နေ့ နေ့လည် ၁ နာရီ အချိန်တွင်  ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့၊ နိုင်/လုံ အစည်းအဝေး ခန်းမတွင် လုံခြုံရေးနှင့်‌ နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး တင်ဝင်း ဦးစီးပြီး  တိုင်းဒေသကြီးလွှတ်တော်  တရားသူကြီးချုပ်နှင့်‌ တိုင်း/ခရိုင် တရားသူကြီးများ၊ တိုင်းဥပဒေချုပ်နှင့်‌ တိုင်း/ခရိုင် ဥပဒေအရာရှိများ၊ တိုင်း/ခရိုင် အုပ်ချုပ်‌ရေးမှူးများ၊ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးနှင့်‌ ခရိုင် ရဲတပ်ဖွဲ့မှူးများ၊ ဌာနခွဲမှူးများ  တက်ရောက်၍ ဖြစ်ပွားသောမှုခင်းများနှင့်‌ပတ်သက်ပြီး  ထိရောက် ပြစ်ဒဏ်ရရှိရေး   ဆွေးနွေးကြသည့်အပြင်    တရားဥပဒေစိုးမိုးရေး ဆောင်ရွက်ရေးလုပ်ငန်းများတွင် ပြည်သူလူထု နှင့်‌ အတူလက်တွဲ ပူးပေါင်းဆောင်ရွက်ကြရန် ဆွေးနွေးခဲ့ကြကြောင်း  Myanmar News Now မှသတင်းရရှိပါသည်။


ရန်ကုန်မြို့ မှာ အထူးစီမံချက်အဖွဲ့မှ အခြာကျသည့်‌ နေရာများတွင် ယာဉ်ပိတ်ဆို့ စစ်ဆေးမှုများ ပြုလုပ်နေစဉ်။


နိုဝင်ဘာလ (၅)ရက်နေ့ ထုတ် အလင်းတန်းဂျာနယ် အမှတ်စဉ် ၇၂၉

Posted: 05 Nov 2012 04:53 AM PST

နိုဝင်ဘာလ (၅)ရက်နေ့ ထုတ် အလင်းတန်းဂျာနယ် အမှတ်စဉ် ၇၂၉

ဂျာနယ် ဖတ်ရန် ဒီနေရာကို နှိပ်ပါ




မြေပုံ တောင်ပေါ် ခံတပ် စစ်တပ်က တက်ရောက် ရှင်းလင်း

Posted: 05 Nov 2012 04:07 AM PST

ရခိုင်ပြည်နယ် မြေပုံမြို့တွင် မွတ်ဆလင်များက ခံတပ် သဘောမျိုး တည်ဆောက် နေရာယူ ထားသော တောင်ပေါ်ကို ယနေ့ စစ်တပ်က တက်ရောက်ရှင်းလင်းပြီး မွတ်ဆလင် မိသားစုများ ကို တောင်အောက်တွင် တည်ဆောက် ထားသော ဒုက္ခသည် စခန်းသို့  ပို့ဆောင်သည်ဟု သိရသည်။

" ဒီကနေ့ မြို့နယ် အုပ်ချုပ်ရေးမှူး၊ လ၀ကမှူး၊ စစ်တပ်နဲ့ ရဲတွေ တောင်ပေါ်ကို တက်သွားတာကို တွေ့ရပါတယ်။ လက်ရှိ စာရင်းနဲ့ အသေအပျောက် စာရင်းတွေကို ကောက်ယူတယ်လို့ ပြောပါတယ်။ ဒါ့ပြင် တုတ်ဓါး လက်နက်တွေကို အကုန်လုံးသိမ်းပါတယ်။ သိမ်းရတဲ့ တုတ်ဓါး လက်နက်က ထော်လာဂျီ နှစ်စီး တိုက်ရတယ်လို့ သိရပါတယ်" ဟု မြေပုံ ဒေသခံ ကိုမောင်မောင်က ပြောသည်။

မြေပုံမြို့တွင် ရခိုင်များနှင့် ဘင်္ဂလီ မွတ်ဆလင်များ တိုက်ခိုက်မူတွင် လူပေါင်း ၂၀ ကျော် သေဆုံးခဲ့ပြီး အိမ်ခြေပေါင်း ၈၀၀ ကျော် မီးထဲပါသွားခဲ့သည်ဟု သိရသည်။ ထိုအထဲတွင် ရခိုင်အိမ် ၄၂ ဆောင် ပါဝင်ကြောင်း  သိရသည်။

အဆိုပါ တိုက်ခိုက်စဉ် အတွင်း မွတ်ဆလင်များမှာ တောင်ပေါ်ကို တက်ပြေးသွားပြီး တောင်ပေါ်မှနေကာ ရခိုင်များကို ပြန်လည် ခုခံ တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

" သူတို့က အဲဒီ တောင်ပေါ်မှာ ခံတပ် သဘောမျိုး တည်ဆောက်ထားတကာက လွန်ခဲ့တဲ့ ဇွန်လ အရေးအခင်း ပြီးကတည်းက ဖြစ်ပါတယ်။  ကျင်းတွေ တူးထားတယ်။ ဆက်သွယ်ရေးမြောင်းတွေလည်း လုပ်ထားတယ်လို့ ပြောပါတယ်။ တကယ့်ကို စစ်စခန်း တစ်ခုလို အခိုင်အမာ တည်ဆောက်ထားတယ်လို့ သိရပါတယ်။ ပြဿနာ ဖြစ်တော့ အဲဒီ တောင်ပေါ်ကနေ မွတ်ဆလင်တွေက ရခိုင်တွေကို ခံချခဲ့တာ ဖြစ်ပါတယ်" ဟု သူက ဆိုသည်။

အောက်တိုဘာလ မြေပုံတွင် ဖြစ်ပွားခဲ့သော အရေးအခင်းတွင် မွတ်ဆလင်များက တောင်ပေါ်မှ ခုခံပြီး ရခိုင်များက တောင်ကို အောက်မှနေ ၀ိုင်းထားကာ  အပြန်အလှန် တိုက်ခိုက်မူများ ပေါ်ပေါက်ခဲ့သည်။

ယခုအခါ မြေပုံ အခြေအနေမှာ အေးဆေး တည်ငြိမ်နေပြီး ပုံမှန် အတိုင်း ရှိနေသည်ဟု ဆိုသည်။

နှစ်ဘက်စလုံးမှ ဒုက္ခသည်များအား နိုင်ငံ တကာအဖွဲ့အစည်းများမှ အကူအညီများ လာရောက် ဖြန့်ဖြူး ပေးဝေမူများ ရှိနေသော်လည်း ရခိုင် ဒုက္ခသည်များ အနေဖြင့် အကူအညီ အနည်းငယ်သာ ရရှိသဖြင့် လုံလောက်မူ မရှိဘဲ ဖြစ်နေကြောင်း ကိုမောင်မောင်က ပြောသည်။

" ရခိုင် ဒုက္ခသည်တွေကတော့ တောင်ပိုင်းရပ်ကွက် ဘော်လုံးကွင်းမှာ ရွက်ဖျင်တဲတွေထိုးပြီး နေရာချထားပေးပါတယ်။ ဒုက္ခသည်က သုံးထောင်ခန့်ရှိပါတယ်။ ဒဏ်ရာ ရတဲ့ သူက ၇၀ ကျော်ရှိပါတယ်။ အစားအစာနဲ့ ဆေးဝါးတွေ အထူး လိုအပ်နေပါတယ်" ဟု သူက ဆက်ပြောသည်။

မွတ်ဆလင်များကိုမူ တောင်အောက်တွင် တည်ဆောက်ထားသော ဒုက္ခသည် စခန်းတွင် စစ်တပ် အစောင့်အရှောက်များဖြင့် ထားရှိပြီး မွတ်ဆလင် ဒုက္ခသည် အရေအတွက်မှာ ၃၉၃၉ ယောက် ရှိကြောင်း သိရသည်။

မြေပုံမြို့တွင် ယခင်ကတည်းက နေထိုင်နေသော မွတ်ဆလင်များမှာ ဒေသခံ ရခိုင်များနှင့် သင့်သင့်မြတ်မြတ် နေထိုင်ခဲ့ကြသော်လည်း နောက်ပိုင်း  ပြင်ပ ရောက်လာသူများမှာ  သဘောထား တင်းမာသူများ ဖြစ်ကာ ရခိုင်အိမ်များကို စတင် မီးရှို့ တိုက်ခိုက်ရာမှ ယခုကဲ့သို့ အပြန်အလှန် တိုက်ခိုက်မူများ ပေါ်ပေါက်ခဲ့ရခြင်း ဖြစ်သည်ဟု ကိုမောင်မောင်က ပြောသည်။

နိရဉ္စရာ သတင်းဌာန



ပြည်အရန်မီးသတ် ၂၀၀ ခန့် ဆန္ဒဖော်ထုတ်

Posted: 05 Nov 2012 03:49 AM PST

ပဲခူးတိုင်း ဒေသကြီး ပြည်မြို့မှာ မီးသတ်ဌာန တပ်ဖွဲ့ဝင် တဦးကို  တရားရုံးက ထောင်ဒဏ်စီရင် လိုက်တာနဲ့ ပတ်သက်ပြီး မကျေနပ်လို့ အရန်မီးသတ် တပ်ဖွဲ့ဝင် ၂၀၀ လောက် ဆန္ဒပြကြ ပါတယ်။ အခင်းဖြစ်ပွားပုံမှာ ပြီးခဲ့တဲ့ သင်္ကြန်တုန်းက မီးလောင်လို့ မီးသတ်ဌာနက သွားရောက် မီးငြိမ်းရာကနေ လမ်းမှာ ယာဉ်တိုက်မှု ဖြစ်သွားပြီး လူတဦး သေဆုံးခဲ့ပါတယ်။ အဲဒီအမှုနဲ့ ပတ်သက်ပြီး မီးသတ် ကားမောင်းသူ အရန်မီးသတ် ဒု-တပ်ကြပ် ဇော်ထွေးကို

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


ပြီးခဲ့တဲ့ ဧပြီလ ၁၆ ရက် ၂၀၁၂ သင်္ကြန် အတက်နေ့  ပြည်မြို့မှာ မီးလောင်မှုကို ငြှိမ်းသတ်ဖို့  သွားရောက်တဲ့  မီးသတ်ယာဉ်နဲ့  ရေပက်ခံထွက် ဆိုင်ကယ် တစ်စီး တိုက်မိခဲ့စဉ်။


မကွေးတိုင်း စကုမြို့နယ်တွင် ဆွမ်းစားကျောင်းပြိုကျပြီး ၈၀ ခန့် ဒဏ်ရာရရှိ

Posted: 05 Nov 2012 03:03 AM PST

မကွေးတိုင်း စကုမြို့နယ် မန်ကျည်းပင်ရွာ လေးထပ် ကျောင်းတိုက်မှာ နိုဝင်ဘာ ၁ ရက်နေ့ ကထိန်ပွဲ ပြုလုပ်နေချိန် ဆွမ်းစား ကျောင်းဆောင်ပြိုကျပြီး လူ ၈၀ လောက် ဒဏ်ရာရရှိခဲ့ပါတယ်။

မန်ကျည်းပင်ရွာနေ ဦးလှမိုးက "နေ့ခင်းတနာရီလောက် တရားချီးမြှင့်တဲ့ အခါမှာ အရင်နှစ်တွေထက် လူက အရမ်းများပြီး ပြည့်ကျပ်သွားတယ်။ တရားလည်းသိမ်းပြီး ရေစက်ချပြီးတဲ့အခါ အမျိုးသမီးတွေက ထပြန်တော့ ပျဉ်ပေါက်ပြီး ၀ုန်းဆိုပြီး ပြိုကျသွားတာ" လို့ ပြောပါတယ်။

အမျိုးသမီးအများစု အပါအ၀င် ၈၀ လောက် ဒဏ်ရာရသွားခဲ့ပြီး မင်းလှ ဆေးရုံနဲ့ မင်းဘူးဆေးရုံတွေကို ပို့ဆောင်ပေးခဲ့ရတယ်လို့ ဆိုပါတယ်။ မင်းဘူးဆေးရုံမှာ တက်ရောက်ကုသတဲ့ လူနာတွေထဲက တချို့ ဒဏ်ရာ ပြင်းထန်တယ်လို့ ဦးလှမိုးက ပြောပါတယ်။

ဒဏ်ရာရရှိသူတွေကို မကွေးတိုင်းဝန်ကြီးချုပ် ဦးဘုန်းမော်ရွှေက ၁ ယောက်ကို ၁ သောင်းနှုန်းနဲ့ မြို့နယ် အုပ်ချုပ်ရေးမှူးက ကျပ် ၅ ထောင်စီ ထောက်ပံ့ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

by ဒီဗွီဘီ




ကလေးမြို့ ကျောက်တစ်လုံးအနီး ဘင်္ဂါလီ (၁၉) ဦး ဖမ်းမိ

Posted: 05 Nov 2012 02:50 AM PST

၅.၁၁.၂၀၁၂ တနင်္လာနေ့ နံနက်(၈း၃၀) အချိန်တွင် ကလေး တစ်မြို့နယ်လုံး ဆိုင်ရာ အမျိုးဘာသာ သာသနာ ကာကွယ် စောင့်ရှောက်ရေး အသင်းကြီးနှင့် အတူ တာဝန်သိ အမျိုးသား တစ်ဦး၏ သတင်းပေးမှုဖြင့် မြန်မာနိုင်ငံတွင်း တရားမ၀င် နေထိုင်သူများဟု ယူဆရသော ဘင်္ဂါလီ (၁၉) ဦးတို့ကို တာဝန်သိ ပြည်သူများ ၀ိုင်းဝန်းပြီး ဖမ်းဆီးကာ သက်ဆိုင်ရာသို့ အပ်နှံ အရေးယူ စေခဲ့ကြောင်း သတင်းရရှိ ပါသည်။

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




မုန့်ဟင်းခါးဝယ်စားကြရာမှ လူပေါင်း ၄၈ ဦး အစာအဆိပ်သင့်ခဲ့

Posted: 05 Nov 2012 02:34 AM PST

မုန့်ဟင်းခါးနှင့် မုန့်တီများ ဝယ်ယူ စားသောက်ကြရာမှ ဘုန်း တော်ကြီးသင် ကျောင်းသူ ကျောင်း သား ၃၄ ဦးအပါအဝင် လူပေါင်း ၄၈ ဦး အစာ အဆိပ်သင့်၍ ဝမ်း လျောဝမ်းပျက် ဖြစ်ပွားမှုတစ်ခု မန္တလေးတိုင်း ဒေသကြီး အတွင်းတွင် နိုဝင်ဘာလ ၂ ရက်နေ့ နံနက် ၁ဝ နာရီအချိန်က ဖြစ်ပွား ခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာနမှ သတင်းရရှိသည်။

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




ဆန္ဒပြ တော်ဝင် အလုပ်သမားများ ကျန်းမာရေး အခြေအနေ စိုးရိမ်နေရဆဲ

Posted: 04 Nov 2012 11:51 PM PST

ရွှေပြည်သာ မြို့နယ် ၀ါးတစ်ရာ စက်မှုဇုံ တော်ဝင်သစ် အချောထည် စက်ရုံမှ အလုပ်သမား အင်အား(၂၀၀)ကျော်သည် ဆန္ဒပြနေသည်မှာ ယနေ့နှင့် ဆိုလျှင်(၁၂)ရက်ရှိပြီ ၊ဖြစ်ကြောင်း သတင်းရ ရှိပါတယ်။ "ဆန္ဒပြတာက ရက်ကလဲ ကြာလာပြီ၊ အခုဆိုရင် ဆန္ဒပြတာနေ့ ရော ညဘက်ပါ ဆန္ဒပြတာ အလုပ်သမားတွေက စားတော့လဲ ဖြစ်သလို၊ အိပ်ရေးတွေကလဲ ပျက်တာလဲ ပါတာပေါ့ အဲဒါကြောင့် အားတွေနည်းပြီး ဆေးရုံတင် လိုက်ရတာ။ ဆေးရုံတင် လိုက်ရတဲ့ အကြောင်းအရင်း ကတော့---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ






ဖိနပ်ပျံများနှင့် ကမ္ဘာ့မွေထိုင်းချန်ပီယံ ရှုံးခဲ့သည့်

Posted: 04 Nov 2012 11:31 PM PST

 ကမ္ဘာ့ မွေထိုင်း ချန်ပီယံ အီရန်နိုင်ငံသား မာစွပ်နှင့် မြန်မာမှ ပြည်နယ်နှင့်တိုင်း ရွှေတံဆိပ် ပိုင်ရှင်ဖိုးကေ တို့ပွဲမှာ ပွဲကြီးသော်လည်း ပွဲကောင်း တစ်ပွဲမဖြစ်ခဲ့ဟု ကြိုးဝိုင်းဒိုင်ချုပ် ဦးဒေါင်းနီက မှတ်ချက်ပြုသည်။ မန္တလေး အောင်မြေ မန္တလာ အားကစား ကွင်းတွင် ကျင်းပပြုလုပ်ခဲ့သည့် ဆီလီဗင် မြန်မာ့ရိုးရာ လက်ဝှေ့ ပွဲစဉ်များ အပြီးတွင် ဒိုင်ချုပ်က ယခုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




အထူးစီမံချက်အဖွဲ့ မှ စည်းကမ်းမဲ့ ပြိုင်ကား(၂)စီးနှင့် ဆိုင်ကယ်(၂)စီးအား ထပ်မံဖမ်းဆီး ရမိ

Posted: 04 Nov 2012 07:28 PM PST

ရန်ကုန်တိုင်း ဒေသကြီးရဲတပ်ဖွဲ့ နယ်မြေအတွင်း စည်းကမ်းမဲ့ မောင်းနှင်မှုများ၊ မလိုလား အပ်သော ရမ်းကားမှု ဖြစ်စဉ်များ မဖြစ်ပွားရေး အတွက် အထူးစီမံချက်အဖွဲ့မှ ဆက်လက် ဆောင်ရွက် လျက်ရှိ ကြောင်း သိရပါသည်။

၎.၁၁.၂၀၁၂ ရက်နေ့  ညဥ့်နက်ပိုင်း၌ ခရိုင်မှူးများ ဦးစီးသည့်‌  မီးတန်းယာဉ် အုပ်စုများဖြင့်‌ အချက်  အခြာကျသည့်‌ နေရာများတွင် ယာဉ်ပိတ်ဆို့ စစ်ဆေးမှုများ၊ ရပ်ကင်း လှည့်‌ကင်းများ ပြုလုပ်ခဲ့ ရာတွင် ပြိုင်ကား (၂)စီး နှင့်‌ မဝင်ရနယ်မြေတွင်  ဝင်ရောက်မောင်း နှင်သည့်‌  ဆိုင်ကယ်(၂)စီးတို့အား ဖမ်းဆီး ရမိပြီး  ကညန မှတ်တမ်းဝင် ယာဉ်များ  ဟုတ်/မဟုတ် စိစစ် ဆောင်ရွက်လျက်ရှိ ကြောင်း  Myanmar News Now မှ သတင်းရရှိပါသည်။

၎.၁၁.၂၀၁၂ ရက်နေ့  ညဥ့်နက်ပိုင်း အထူးစီမံချက်အဖွဲ့မှ အခြာကျသည့်‌ နေရာများတွင် ယာဉ်ပိတ်ဆို့ စစ်ဆေးမှုများ ပြုလုပ်နေစဉ်။



ငြိမ်းချမ်းရေးအတွက် ရှမ်းညီလာခံ ကျင်းပမယ်

Posted: 04 Nov 2012 06:47 PM PST

ရှမ်းညီလာခံတခုကို ရန်ကုန်မြို့မှာ အခုလကုန်ပိုင်း ကျင်းပတော့မှာ ဖြစ်ပါတယ်။ ပြည်တွင်းငြိမ်းချမ်းရေး အတွက် ပြည်တွင်းပြည်ပက ရှမ်းခေါင်းဆောင်တွေ စုံကြမှာလည်း ဖြစ်ပါတယ်။ လက်နက်ကိုင် ထားတဲ့ ခေါင်းဆောင်တွေ ပါသလို နိုင်ငံရေး ပါတီတွေက ခေါင်းဆောင်တွေလည်း လာကြမှာပါ။

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ပြည်တွင်းငြိမ်းချမ်းရေး လမ်းစပွင့်စေပြီး၊ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး သော့ချက်ဖြစ်စေမယ်။


နေပြည်တော် လယ်သမား အရေး

Posted: 04 Nov 2012 06:52 PM PST

နေပြည်တော်ခရိုင် ဒက္ခိဏသီရိမြို့မှာ စည်ပင်သာယာ ဌာန ကနေ သိမ်းထားတဲ့ လယ်ဧက ၅၀၀ကျော်ကို ပြန်လည်ရလိုမှုနဲ့ ဒေသခံ လယ်သမားတွေက သူတို့ ပိုင်ဆိုင်ကြောင်း ဆိုင်းဘုတ်တွေ စိုက်ထူခဲ့တာကြောင့် စည်ပင်သာယာ ဌာန ကနေ လယ်သမား အယောက် ၂၀ကျော်ကို လုပ်ငန်း ဟန့်တားဖျက်စီးမှု ပုဒ်မ ၂၆နဲ့ တရားစွဲဖို့ ဆင့်ခေါ် လိုက်ပါတယ်။

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


လယ်သမား အရေးဆိုနေသူတွေ


နယူးယောက်ပြည်သူတွေကို အစိုးရ သတိပေး

Posted: 04 Nov 2012 06:59 PM PST

ပြီးခဲ့တဲ့ သီတင်းပတ်က အမေရိကန် အရှေ့ဘက်ကမ်းကို ဝင်ရောက် တိုက်ခတ်ခဲ့တဲ့ စန္ဒီမုန်တိုင်းရဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေကို အမေရိကန်တွေ ခံရပါတော့မယ်။ နယူးယောက်က လူထုခေါင်းဆောင်တွေ ကတော့ စန္ဒီ မုန်တိုင်းကြောင့် အိုးမဲ့အိမ်မဲ့ ဖြစ်ကုန်တဲ့ ပြည်သူတွေ ကို အေးလာပြီဖြစ်တဲ့ ရာသီဥတုနဲ့စပ်ပြီး စိတ်ပူပန်စွာနဲ့ သတိပေးနေကြပါတယ်။

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ဓာတ်ဆီကိုတော့ ခွဲတမ်းနဲ့ပဲ ဝယ်ယူနေရပါသေးတယ်။

အပျက်အစီးတွေကလည်း ရှိနေပါသေးတယ်။


Sandy မုန်တိုင်းသင့်သူတွေ အအေးဒဏ်နဲ့ ထပ်ကြုံ

Posted: 04 Nov 2012 06:30 PM PST

အမေရိကန် အရှေ့ဘက်ခြမ်း ဒေသက စန္ဒီ (Sandy) ဟာရီကိန်း မုန်တိုင်းဒဏ် ခံခဲ့ရသူတွေဟာ လျှပ်စစ်မီး ပြတ်တောက် မှုတွေနဲ့ လောင်စာဆီ မလုံလောက် မှုတွေနဲ့ အတူ နောက်ဆက်တွဲ ရေခဲမတတ် အအေးဒဏ်ကို ခံနေကြရပါတယ်။ လွန်ခဲ့တဲ့ သီတင်းတပတ် နီးပါးက မုန်တိုင်းကြောင့် လူပေါင်း ၁၀၀ လောက် သေဆုံးပြီး ဒေါ်လာသန်းပေါင်း ၅ သောင်းလောက်အထိ ဆုံးရှုံးခဲ့ရတာပါ။

အမေရိကန် အရှေ့မြောက်ဘက် ဒေသက လူပေါင်း၂ သန်းကျော်ဟာ ဆိုရင်လည်း အခုအထိ လျှပ်စစ်မီး မရဘဲ ဖြစ်နေရပါတယ်။ မုန်တိုင်းဒဏ် အဆိုးရွားဆုံး ခံခဲ့ရတဲ့ ဒေသတခုဖြစ်တဲ့ နယူးယောက်မြို့ရဲ့ မြို့တော်ဝန် Michael Bloomberg ကတော့ လျှပ်စစ်မီး မရကြသူတွေ၊ အထူးသဖြင့် သက်ကြီးရွယ်အိုတွေ အနေနဲ့ အရေးပေါ် ခိုလှုံရာ နေရာတွေကို သွားရောက်ပြီး နွေးနွေးထွေးထွေး နေထိုင်ကြဖို့နဲ့ ပူပူနွေးနွေး စားစရာတွေကို စားကြဖို့လည်း တိုက်တွန်းခဲ့တာပါ။

ဒီမတိုင်မီရက်တွေ မှာတော့ တနင်္ဂနွေနေ့မှာ ကျင်းပဖို့ စီစဉ်ထားတဲ့ နယူးယောက်မြို့ မာရသွန် အပြေးပြိုင်ပွဲကိုလည်း ရေဘေးဒဏ်သင့် ဒေသအတွက် အကူအညီတွေ မလိုအပ်ဘဲ တခြား ရောက်ကုန်မယ်လို့ ဝေဖန်မှုတွေ ထွက်ပေါ်ခဲ့ပြီးတဲ့နောက် အစီအစဉ်ကို ဖျက်သိမ်းကြောင်း မြို့တော်ဝန်က ကြေညာခဲ့ပါတယ်။ ဒါပေမဲ့လည်း မာရသွန် ပြေးပွဲအတွက် ရောက်လာကြတဲ့ ခရီးသွားတွေ ကတော့ တနင်္ဂနွေနေ့က ကယ်ဆယ်ရေး လုပ်ငန်းတွေမှာ စေတနာ့ဝန်ထမ်း ၀င်ရောက် ကူညီခဲ့ကြသလို၊ အပြေးသမား တချို့ကလည်း မုန်တိုင်းဒဏ်သင့်သူတွေ အတွက် အကူအညီရစေမယ့် အပြေးပြိုင်ပွဲ တချို့ကိုလည်း ကျင်းပခဲ့ကြတာပါ။ နယူးယောက်မြို့ မက်ဟန်တန် အနိမ့်ပိုင်း ရပ်ကွက်တွေမှာ စနေနေ့က လျှပ်စစ်မီးတွေ ပြန်ရခဲ့ပေမဲ့ မြို့ရဲ့ ကျန်နေရာ အတော်များများမှာတော့ မီးတွေ ပျက်နေဆဲ ဖြစ်ပါတယ်။

ဗွီအိုအေ (မြန်မာဌာန)




နိုဝင်ဘာ ၄ ရက်နေ့ထုတ် Weekly Eleven News Journal အတွဲ ၈ အမှတ် ၅

Posted: 04 Nov 2012 06:28 PM PST

နိုဝင်ဘာ ၄ ရက်နေ့ထုတ် Weekly Eleven News Journal အတွဲ ၈ အမှတ် ၅

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ




"ဒီစကား" အောင်ဆန်းစုကြည်

Posted: 05 Nov 2012 02:18 AM PST

(အတွဲ (၁)၊ အမှတ် (၄၁)၊ အောက်တိုဘာ ၂၉၊ ၂၀၁၂ ထုတ် ဒီလှိုင်း ဂျာနယ်မှာ ပါတဲ့ ဒေါ်အောင်ဆန်း စုကြည်ရဲ့ "ဒီစကား" စာကို သဘောကျ လွန်းလို့ စာရိုက်ပြီး ဝေငှလိုက် ရပါတယ်။ စာအကျ အပေါက်များ ပါဝင်ပါက ကျွန်တော့်ရဲ့ တာဝန်သာ ဖြစ်ပါတယ်။)

"ဒီစကား" အောင်ဆန်းစုကြည်

တစ်နေ့ လွှတ်တော်ထဲမှာ မျက်မှန်ကို စာရေးခုံပေါ်မှာ ကိုင်ထားတုန်း ငုံ့ကြည့် လိုက်တဲ့အခါ ခန်းမ အထက် မျက်နှာကြက်က မီးလုံးများ မြောက်များစွာဟာ မျက်မှန်ရဲ့ မှန်သား တွေပေါ်မှာ ကြယ်ကလေးများ တောက်ပ သလို လင်းလက်နေတာ တွေ့လိုက်ရပါတယ်။ ကြည်နူးဖွယ်ရာ မြင်ကွင်းလေးမို့ လွှတ်တော်အတွင်း ဘာတွေပြောနေ ကြတယ် ဆိုတာကို သတိမပြုနိုင်တော့ဘဲ ကြယ်ကလေးများ အကြောင်းကို အတွေးရောက် သွားပါတယ်။

"ကြယ်ကလေးတွေ" လို့ပြောလိုက်ပေမဲ့ ကြယ်တွေဆိုတာ တကယ်တော့ ကြီးမားတဲ့ ဂြိုလ်ကမ္ဘာကြီးတွေဖြစ်ပါတယ်။ မီးလျှံတွေဟုန်းဟုန်းတောက်နေလို့ ကျွန်မတို့ ကမ္ဘာက ကြည့်လိုက်တော့ လင်းလက်နေတာပါ။ စကြာဝဋ္ဌာကြီးရဲ့ ဝေးလံလှသော တစ်နေရာမှာရှိနေတဲ့ ကြယ်ကြီးအချို့ရဲ့ မီးလျှံတွေဟာ ငြိမ်းသွားတာကြာလှပါပြီ။ ဒါပေမယ့် အလင်းရောင်ရဲ့ အမြန်နှုန်းနဲ့တောင် အင်မတန်ကြာတဲ့ခရီးကိုဖြတ်ကျော်ခဲ့ရတာကြောင့် ဇစ်မြစ်ဖြစ်တဲ့ကြယ်ကြီးတွေ လောင်ကျွမ်းပျောက်ကွယ်သွားသည့်တိုင် ကျွန်မတို့အမြင်မှာတော့ တောက်ပဆဲအလင်းပွင့်လေးများလို မြင်နေရပါတယ်။

အခုခေတ်မှာ "စတား" ဆိုတဲ့ "ကြယ်" လို့အဓိပ္ပာယ်ပေါက်တဲ့ အင်္ဂလိပ်ဘာသာစကားလုံးကို တွင်တွင်သုံးကြပါတယ်။ ရုပ်ရှင်အနုပညာရှင်များနဲ့ ပတ်သက်လို့ အနောက်တိုင်းနိုင်ငံတွေမှာ စတင်သုံးစွဲခဲ့တယ်လို့ ထင်ပါတယ်။ စတားတွေဟာ အများအလယ်မှာ ရေပန်းစားပြီး အားကျစရာတွေဖြစ်လာတာကြောင့် ဒီစကားလုံးကို ရုပ်ရှင်အနုပညာပညာရှင်များအပြင်၊ အကြောင်းကြောင်းကြောင့် လူအကြိုက်များ၊ ၀ိုင်းပြီးအားကျသြဘာပေးခံရသူတွေကိုလည်း "စတား" တွေလို့ခေါ်တွင်လာတာပါပဲ။ ယခုဆက်သွယ်ရေးတော်လှန်ရေးခေတ်ကြီးထဲမှာ ကမ္ဘာတစ်ဝှမ်းဖြစ်ပျက်နေသမျှကို လျင်မြန်စွာသိနိုင်မြင်နိုင်ဆိုတော့ "စတား"တွေကို လူအများက သိကြ၊ မြင်ကြရတာပေါ့။ အဲဒါကြောင့်ပဲ စတားရောဂါတွေ ထလာကြပါတယ်။

စတားရောဂါလို့ ကျွန်မပြောတာ အဓိပ္ပာယ်နှစ်မျိုးနဲ့ပါ။ တစ်မျိုးကတော့ စတားတွေအပေါ် စိတ်ဝင်စားအာရုံစိုက်တာ၊ စတားတွေအကြောင်းလေ့လာ၊ စတားတွေကို အတုခိုးတာတွေကို ဆိုလိုတာပါ။ ကိုယ်သဘောကျအားကျတဲ့ ပုဂ္ဂိုလ်တွေနဲ့ ပတ်သက်လို့ စိတ်အားထက်သန်တာကတော့ အပြစ်ကြီးမဟုတ်ပါဘူး။ ပတ်ဝန်းကျင်ကို ထိခိုက်လောက်အောင် အလွန်အကြူးဖြစ်ခဲပါတယ်။ ရောဂါဆိုပေမယ့် ရောဂါကြီးမဟုတ်ပါဘူးဆိုပါတော့။

စတားဖြစ်ချင်တဲ့ ရောဂါကတော့ ဆိုးနိုင်ပါတယ်။ အနုပညာလောကမှာ ဖြစ်ချင်တာကတော့ သဘာဝကျပါတယ်။ ရောဂါမလွန်ကျွံဖို့ပါပဲ။ ဒါပေမယ့် နိုင်ငံရေးလောကမှာ စတားဖြစ်ချင်လို့ကတော့ အန္တရယ်များပါတယ်။ ဒီမီဒီယာခေတ်ကြီးမှာ ထင်ပေါ်ကျော်ကြားမှုကို နိုင်ငံရေးလုပ်သူများ ပိုမိုအလေးထားကြသလို ဖြစ်လာပါတယ်။ အများပြည်သူ၊ ကမ္ဘာသူ ကမ္ဘာသားများရဲ့ ထောက်ခံမှုဆိုတာ မိမိအတွက်မဟုတ်ဘဲ မိမိရဲ့ ရည်မှန်းချက်ပန်းတိုင်အတွက် ဖြစ်ရမယ်ဆိုတာကို အမြဲတစေမှတ်သားထားဖို့လိုပါတယ်။

ယခု ကျွန်မတို့တွေ ဒီမိုကရေစီလှုပ်ရှားမှုထဲမှာ ပါဝင်ဆောင်ရွက်ခဲ့ကြလို့ ပြည်တွင်းပြည်ပထောက်ခံအားပေးမှုတွေကို ရရှိနေကြတာပါ။ နှစ်ပေါင်းများစွာ မူပေါ်မှာရပ်တည်ပြီး ဖိနှိပ်ချုပ်ချယ်မှုတွေကို ရင်ဆိုင်ကျော်လွှားနိုင်တာကို လေးစားဂရုဏာထားတဲ့သဘောပါပဲ။ ထင်ပေါ်ကျော်ကြားမှုကို အပေါ်ယံကြောသာမြင်၊ အားကျပြီး စတားလုပ်ချင်တဲ့ စိတ်တွေမဖြစ်ဖို့ အရေးကြီးပါတယ်။

ယခု ကျွန်မတို့နိုင်ငံမှာ ဒီမိုကရေစီစနစ်ထွန်းကားအောင် ကြိုးစားနေရတဲ့အချိန်ပါ။ ဒီလိုအချိန်မျိုးမှာ လူကြိုက်များမှု စတားဖြစ်ရေးထက် အရေးကြီးတာက လုပ်သင့်လုပ်ထိုက်တာတွေကို လူမုန်းခံပြီး လုပ်နိုင်ဖို့ပါပဲ။ နိုင်ငံရေးကိုစိတ်ဝင်စားတဲ့ လူငယ်တွေကို ဖေဖေ့ရဲ့ လက်သုံးစကားအဆိုလေးကို ပြန်သတိပေးချင်ပါတယ်။ လုပ်ရဲတာက သတ္တိမဟုတ်ဘူး။ ခံရဲတာက သတ္တိတဲ့။ ဒါကိုတလွဲအဓိပ္ပာယ်မကောက်ပါနဲ့။ ဘာမှမလုပ်ဘဲ ဖြစ်သမျှသာခံဆိုတဲ့ သဘောမဟုတ်ပါဘူး။ ကိုယ်လုပ်ဖို့ရာ ဆုံးဖြတ်လိုက်တဲ့ အလုပ်ရဲ့အကျိုးဆက်တွေကို ခံရဲရမယ်လို့ ဆိုလိုတာပါ။ ကန္တာရခရီးလမ်းကို ပန်းခင်းထားတဲ့ စတားလမ်းလို့ မထင်မိကြပါစေနဲ့။ သိသိကြီးနဲ့ ရွေးပြီးလျှောက်ခဲ့တဲ့လမ်းမို့ မညည်းမညူဆက်ကြရမှာပါ။ လမ်းခုလတ်က ၀င်ပြီး အကြော့သားလေးစတားလုပ်ချင်တဲ့ စိတ်တွေမွေးရင်တော့ ကျွန်မတို့နိုင်ငံကို အကျိုးပြုနိုင်မှာ မဟုတ်ပါဘူး။ ဒီလိုလူတွေကို အားမကျကြပါနဲ့။

တကယ့်ကြယ်ဆိုတာ မီးလျှံတွေအားလုံးသေသွားပြီး ကာလရှည်ကြာစွာ အလင်းရောင်ကို ပေးနိုင်ပါတယ်။

လျှပ်တစ်ပြက် ၀င်းလက်သွားတာဟာ ကြယ်စင် မဟုတ်ပါဘူး။ အတုအပ စတားသာဖြစ်ပါလိမ့်မယ်။

ဒီတစ်ပတ်တော့ ဒီမျှသာ…..။

အောင်ဆန်းစုကြည်

by ဟိန်း ထိုက် ဈာန်



နိုဝင်ဘာလ(၅)ရက်နေ့ ထုတ် လျှပ်တစ်ပြက်သတင်းဂျာနယ် အတွဲ (၄)၊ အမှတ် (၄)

Posted: 04 Nov 2012 03:33 PM PST

နိုဝင်ဘာလ(၅)ရက်နေ့ ထုတ် လျှပ်တစ်ပြက်သတင်းဂျာနယ် အတွဲ (၄)၊ အမှတ် (၄)

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ




တော်ဝင်စက်ရုံက အစာငတ်ခံဆန္ဒပြနေတဲ့ အလုပ်သမားများ ဆေးရုံတင်ကုသနေရ

Posted: 04 Nov 2012 07:30 AM PST

ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ ဝါးတစ်ရာ စက်မှုဇုံမှာရှိတဲ့ တော်ဝင်သစ်အချောထည် စက်ရုံရှေ့မှာ အလုပ်သမား အခွင့်အရေး အပြည့်အဝ ရရှိရေးအတွက် အစာငတ်ခံ ဆန္ဒပြနေကြတဲ့ အလုပ်သမား နှစ်ရာ ကျော်ထဲက ၂၅ ဦးဟာ အာဟာရ ပြတ်လပ်ပြီး သတိလစ်မေ့မျော သွားတာကြောင့် မနေ့ညကစလို့ ရွှေပြည်သာ ဆေးရုံနဲ့ အင်းစိန်ဆေးရုံမှာ ဆေးဝါးကုသမှု ခံယူနေရပါတယ်။

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

တော်ဝင် သစ်စက်မှ အလုပ်သမားများ အစာငတ်ခံဆန္ဒပြ နေစဉ်


ပြုပြင် ပြောင်းလဲရေး အတွက် အတွေးအခေါ် မပြောင်းသူတွေရှိ

Posted: 04 Nov 2012 07:18 AM PST

မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲမှုတွေကို ထိရောက်အောင်ဆောင်ရွက်ဖို့နဲ့ ဖွံ့ဖြိုးရေးအတွက် Peace Centre လို့ ခေါ်တဲ့ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး ဘက်ပေါင်းစုံက အမြင်တွေကို လွတ်လွတ်လပ်လပ် ဖလှယ်နိုင်မယ့် ငြိမ်းချမ်းရေးစင်တာတရပ်ကို စတင်ဖွဲ့စည်းနေပြီလို့ သမ္မတရုံးဝန်ကြီး ၀န်ကြီးဦးအောင်မင်းက ပြောပါတယ်။---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


သမ္မတရုံးဝန်ကြီး ဦးအောင်မင်း


သမ္မတဦးသိန်းစိန် အာရှ-ဥရောပညီလာခံ တက်ရောက်

Posted: 04 Nov 2012 07:08 AM PST

မြန်မာသမ္မတ ဦးသိန်းစိန်ဟာ နိုဝင်ဘာလ ၅ ရက်ကနေ နှစ်ရက်ကြာ ကျင်းပမယ့် အာရှ ဥရောပ ထိပ်သီးဆွေးနွေးပွဲကို တက်ဖို့ လာအိုနိုင်ငံ ဗီယန်ကျင်း မြို့တော်ကို တနင်္ဂနွေနေ့ တုန်းက ရောက်ရှိနေ ပါတယ်။ ကမ္ဘာ့တိုက်ကြီး ၂ တိုက်က နိုင်ငံပေါင်း ၅၁ နိုင်ငံ ပါဝင်တက်ရောက်ကြတဲ့ ဒီဆွေးဆွေးပွဲ မှာ မြန်မာဘက်ကလည်း စီးပွားရေး ရင်းနှီးမြှပ်နှံမှုနဲ့ အကူအညီပေးရေး ကိစ္စတွေ ဆွေးနွေးဖို့ ရှိတယ်လို့ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


သမ္မတ ဦးသိန်းစိန် လာအိုနိုင်ငံကို ရောက်ရှိ


ဆီးရီးယား ပဋိပက္ခ အစ္စရေးအထိ ရိုက်ခတ်

Posted: 04 Nov 2012 06:56 AM PST

ပဋိပက္ခတွေ ဖြစ်ပွားနေတဲ့ ဆီးရီးယား နိုင်ငံက သံချပ်ကာကား ၃ စင်းဟာ စနေနေ့မှာတုန်းက ဂိုလန်ကုန်းမြင့်က စစ်မဲ့ဇုန်နယ်မြေကို ၀င်ရောက်လာတဲ့ အတွက် အစ္စရေးနိုင်ငံက ကုလသမဂ္ဂ လုံခြုံရေး ထိန်းသိမ်းရေးတပ်ကို တိုင်ကြားခဲ့ကြောင်း အစ္စရေး စစ်တပ်က ပြောပါတယ်။ နှစ်ပေါင်း ၄၀ အတွင်း ပထမဆုံးအကြိမ် ဖြစ်ပွားခဲ့တဲ့ ဒီဖြစ်ရပ်ကြောင့် ဆီးရီးယား ပြဿနာတွေ ဒေသတွင်း ပျံ့နှံ့လာမှာကို စိုးရိမ်မကင်းမှုတွေလည်း ပိုမိုကြီးထွားလာခဲ့တာပါ။ စစ်သည်တင်ယာဉ် ၂ စင်းအပါအ၀င် သံချပ်ကာကား ၃ စင်းဟာ ၁၉၆၇ ခုနှစ် အရှေ့အလယ်ပိုင်း စစ်ပွဲအတွင်း ဆီးရီးယားနိုင်ငံ ထံကနေ သိမ်းပိုက်ထားတဲ့ အစ္စရေးပိုင် ဂိုလန်ကုန်းမြင့်ထဲက စစ်စခန်းတွေနဲ့ မိုင်အနည်းငယ် အကွာလောက်အထိ ရောက်ရှိလာတာလို့လည်း သတင်းတွေက ဖော်ပြနေကြ ပါတယ်။

ဆီးရီးယားနိုင်ငံမှာ ပြီးခဲ့တဲ့လအတွင်း တနာရီကို လူ ၆ ဦးနှုန်း သေဆုံးနေတယ်လို့ ဆီးရီးယားအရေး လှုပ်ရှားသူတွေက ပြောဆိုပါတယ်။ အောက်တိုဘာလ အတွင်းက ပစ်ခတ်မှုတွေကြောင့် လူပေါင်း ၄,၅၃၂ ယောက် သေဆုံးခဲ့တယ်လို့ ဆီးရီးယားကွန်ယက် လူ့အခွင့်အရေး အဖွဲ့က ကြေညာချက် ထုတ်ပြန်ပါတယ်။ ဒါဟာ တရက်ကို ၁၄၇ ယောက်နှုန်းနဲ့  တနာရီကို ၆ ယောက်နှုန်း သေဆုံးနေ တာ ဖြစ်ပါတယ်။

ဒီအတောအတွင်း ဆီးရီးယား သူပုန်တွေဟာ နိုင်ငံမြောက်ပိုင်းမှာရှိတဲ့ တက်ဖ်တန်နက်ဇ် (Taftanaz) လေတပ်စခန်းကို သိမ်းယူဖို့အတွက် အစိုးရတပ်တွေနဲ့ ထိပ်တိုက် ရင်ဆိုင်မှုတွေ ဖြစ်ပွားနေပါတယ်။ ဒီလေတပ်စခန်းဟာ ဆီးရီးယားမြို့တော် ဒမတ်စကတ်နဲ့ မြောက်ပိုင်းက အလက်ပိုမြို့တွေကို ဆက်သွယ်ပေးထားတဲ့ အဝေးပြေးလမ်းမနားမှာ တည်ရှိပြီးတော့ လပေါင်းများစွာ ဒီနေရာမှာ တိုက်ပွဲတွေ ဖြစ်ပွားနေတာပါ။

သောကြာနေ့မှာတော့ ဆီးရီးယားသူပုန်တွေဟာ ဆုရောကစ်ဘ် မြို့ကို ထိန်းချုပ်ထားနိုင်ပြီလို့ အကဲခတ်တွေက ပြောပါတယယ်။ ဒီမြို့ဟာဆိုရင် ဆီးရီးယား မြောက်ပိုင်းမှာ ဗျူဟာကျတဲ့ မြို့တမြို့ ဖြစ်ပြီး အလက်ပိုမြို့ကို ကာကွယ်ဖို့အတွက် အစိုးရတပ်တွေက သူပုန်တွေကို အပြင်းအထန် ခုခံတိုက်ခိုက်ခဲ့တဲ့ နေရာလည်း ဖြစ်ပါတယ်။

အစိုးရတပ်တွေဟာ စီးပွားရေးအရ အချက်အချာကျတဲ့ နိုင်ငံရဲ့ အကြီးဆုံးမြို့ အလက်ပိုမြို့ကို ထိန်းချုပ်နိုင်ဖို့အတွက် လပေါင်းများစွာ သူပုန်တွေနဲ့ တိုက်ပွဲတွေ ဖြစ်နေပါတယ်။ ဆီးရီးယားနိုင်ငံတွင်း ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေဟာ အခုအခါမှာ လပေါင်း ၂၀ ကြာမြင့်ခဲ့ပြီဖြစ်ပြီး ခန့်မှန်းခြေ လူ ၃၆,၀၀၀ လောက် သေဆုံးခဲ့ပါတယ်။ အစိုးရတပ်တွေဟာ သူပုန်တွေ ထိန်းချုပ်ထားတဲ့ ဒေသတွေအတွင်း လေကြောင်းကနေ အရှိန်မြှင့် တိုက်ခိုက်ခဲ့တာကြောင့် လူရာပေါင်းများစွာ ဟာလည်း ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း သေဆုံးခဲ့ရပါတယ်။

ဗွီအိုအေ (မြန်မာဌာန)