သျှမ်းသံတော်ဆင့် |
- အမေရိကန်သမ္မတရဲ့ မြန်မာနိုင်ငံခရီးစဉ် တိုင်းရင်းသားများနှင့်ပါ တွေ့ဆုံစေချင်
- သျှမ်းညီလာခံအား ဒုသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းတက်ရောက်ဖွင့်လှစ်မည်
- သျှမ်း၊မြောက် သီတဂူစက္ခုဒါန မျက်စိအထူးကုဆေးရုံ မျက်စိဝေဒနာရှင်များအားစတင် ကုသပေး
| အမေရိကန်သမ္မတရဲ့ မြန်မာနိုင်ငံခရီးစဉ် တိုင်းရင်းသားများနှင့်ပါ တွေ့ဆုံစေချင် Posted: 12 Nov 2012 02:07 AM PST နိုဝင်ဘာလ ၁၉ ရက်နေ့ မှာ အမေရိကန်နိုင်ငံရဲ့ (ဒုတိယအကြိမ်မြောက်ရွေးကောက်တင်မြောက်ခြင်း ခံရတဲ့) သမ္မတကြီး မစ္စတာဘားရက် အိုဘားမား မြန်မာနိုင်ငံကိုအလည်အပတ်ရောက်ရှိမယ်လို့ကြား သိရပါတယ်။ သမ္မတကြီးရဲ့ကြေငြာ ချက် အရ မြန်မာနိုင်ငံသမ္မတကြီး ဦးသိန်းစိန်နဲ့ အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ဆုံ မယ်လို့ ဆိုပါတယ်။ ဒီနေရာမှာ မြန်မာနိုင်ငံ ရဲ့ နိုင်ငံရေးပြဿနာမှာ အဓိကကျနေတာကတော့ တိုင်းရင်းသားတွေဖြစ်တာ ကြောင့် တိုင်းရင်းသားခေါင်းဆောင်တွေနဲ့လည်း တွေ့ဆုံသင့်တယ်လို့ သမ္မတကြီးကို တိုက်တွန်းချင်ပါတယ်။ အမေရိကန်နိုင်ငံ သမ္မတကြီး မစ္စတာဘားရက် အိုဘားမားသမ္မတကြီး ဦးသိန်းစိန်ဆိုသူက စစ်တပ်ဘက်ကနေ ပြောင်းလာတဲ့လူတယောက်ဖြစ်ပါတယ်။ စစ်တပ်ဟာနိုင်ငံတော်ပြုပြင် ပြောင်းလဲရေးကို လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်ခဲ့တယ်ဆိုရင်တော့အားပေးချီးမြောက်သင့်တာပေါ့။ဒေါ်အောင် ဆန်းစုကြည်ကိုတော့ ဒီမိုကရေစီကြိုးပမ်းရေးမှာ ခေါင်းဆောင်တဦးဖြစ်တာကြောင့် ဒီမိုကရေစီအရေးကိုအားပေးတဲ့ သမ္မတ ကြီးအိုဘားမားက လာတွေ့တယ်ဆိုရင်လည်း သဘာဝ ကျပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံရဲ့ နိုင်ငံရေးပြဿနာဟာ စစ်ရေး နဲ့ ဒီမိုကရေစီရေးဘဲမဟုတ်ပါဘူး။ အဓိက ကတိုင်းရင်းသားအရေးဖြစ်တဲ့အတွက်ကြောင့် တိုင်းရင်းသားတွေနဲ့တွေ့ဖို့ သမ္မတ ကြီးကို တိုက်တွန်းလိုက်တာဖြစ်ပါတယ်။ ဥပမာ ၁၉၄၈- ၁၉၆၂ ကိုကြည့်မယ်ဆိုရင် အဲဒီအချိန်ဟာ ပြည်ထောင်စုမြန်မာနိုင်ငံဟာ ဒီမိုကရေစီဖြစ်နေတဲ့ကာလလို့ ပြောနိုင်ပါတယ်။ ဒါပေမယ့် ပြည်နယ်တွေ တိုင်းရင်းသားတွေကို အခွင့်အရေး မပေးချင်လို့ နောက်ဆုံးတော့ စစ်တပ်က အာဏာသိမ်းလိုက်တယ်။ ဒီမိုကရေစီစနစ်ဟာလည်း အဲဒီအချိန်ကတည်းက ပျက်ပြယ်ပျောက်ကွယ်သွားခဲ့တယ်။ သမ္မတကြီး ဘုရှ်လက်ထက်ကတောင်မှ မြန်မာနိုင်ငံ တိုင်းရင်းသားတွေကို အလေးထားသေးတယ်။ သူ့သက်တမ်းမှာ သျှမ်း တိုင်းရင်းသူ နန်းချမ်တောင်းကို ၂၀၀၅ မှာတကြိမ် ၂၀၀၈ မှာတကြိမ် တွေ့ဆုံခဲ့သေးတယ်။ မြန်မာနိုင်ငံရဲ့ ပြဿနာကို ဖြေရှင်းရာမှာ တိုင်းရင်းသားအရေးကိုပါဖြေရှင်းသင့်တယ်ဆိုတာ အမေရိကန်သမ္မတကြီး သိနေတဲ့အကြောင်း ကမ္ဘာသိ အောင်ပြလိုက်တာဘဲ။ အခုသမ္မတကြီးအိုဘားမားရဲ့ခရီးစဉ်မှာလည်း တိုင်းရင်းသားကိုယ်စားပြုမယ့်သူ - ဘယ်သူဘဲဖြစ်ဖြစ်၊ နိုင်ငံရေးစကားပြော တတ်တဲ့သူဘဲဖြစ်ဖြစ် မပြောတတ်တဲ့သူဘဲဖြစ်ဖြစ် ခဏလေးဘဲဖြစ်ဖြစ်တွေ့ သင့်တယ်လို့တော့ထင်တာဘဲ။ မြန်မာနိုင်ငံ နိုင်ငံရေးပြဿနာကို အတွင်းကျကျသိတယ်လို့ ပြတာပဲပေါ့။ အမေရိကန်နိုင်ငံဆိုရင် တိုင်းရင်းသားပြဿနာပြောပလောက်အောင်မရှိဘူး။ ဒါပေမယ့် အင်္ဂလိပ်တွေကိုတော်လှန်ပြီးတာနဲ့ ပြည်ထောင်စုအဖြစ်ဖွဲ့စည်းတဲ့ ၁၃ ပြည်နယ်ကို ဒီမိုကရေစီ စနစ်ရော ဖက်ဒရယ်စနစ်နဲ့ပါ အုပ်ချုပ်ခဲ့ရတာဘဲမဟုတ်လား။ ဖက်ဒရယ်စနစ်ကို အမေရိကန်တို့ကဘဲ စတင်ကျင့်သုံး ပြတယ်။ ဒါကြောင့်နိုင်ငံဟာလဲ နှစ်ပေါင်း ၂၀၀ ကျော် ရေရှည်တည် တံ့လာတယ် ငြိမ်းချမ်းစွာနေလာနိုင်ခဲ့တယ်။ ဖက်ဒရယ် စနစ်သာ မကျင့်သုံးခဲ့ရင် အမေရိကန်နိုင်ငံဟာ ဒီလောက်အထိ တည်တံ့ခိုင်မြဲ ပါ့မလား။ ဒီအချက်ကို ဗမာခေါင်းဆောင်တွေကို သမ္မတကြီးကနေပြီး အသိပေးစေချင်တယ်။ ဒါကြောင့် သမ္မတကြီးရဲ့ မြန်မာနိုင်ငံခရီးစဉ်မှာ တိုင်းရင်းသားတွေနဲ့တွေ့နိုင်အောင်ကြိုးစားပေးဖို့ တိုက်တွန်းလိုက်တာ ဖြစ် ပါတယ်။ |
| သျှမ်းညီလာခံအား ဒုသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းတက်ရောက်ဖွင့်လှစ်မည် Posted: 12 Nov 2012 02:06 AM PST ယခုလနှောင်းပိုင်းတွင်ကျင်းပမည့် သျှမ်းညီလာခံအား ဒုသမ္မတကြီးစိုင်းမောက်ခမ်းကိုယ်တိုင် ဖွင့်လှစ် ပေးမည်ဟု ရန်ကုန်သတင်းရပ်ကွက်ကဆိုပါသည်။ ဒုသမ္မတဒေါက်တာစိုင်းမောက်ခမ်း (ဓါတ်ပုံ-President Office)" အစီအစဉ်လဲ အကြမ်းဖျဉ်းဆွဲထားပြီးပြီ။ ၃ ရက်စာအတွက်ပေါ့နော်။ ဘယ်နေ့မှာ ဘယ်သူတွေ ဘာ အကြောင်းပြောမယ်စတာတွေပေါ့ " ဟု ညီလာခံဖြစ်မြောက်ရေး တာဝန်ရှိပုဂ္ဂိုလ်တဦးကပြောပါသည်။ Trust Building for Peace အမည်ရ သျှမ်းညီလာခံအား ရန်ကုန်မြို့၌ နိုဝင်ဘာလ ၂၆ မှ ၂၈ အထိ ၃ ရက်ကျင်းပရန်စီစဉ်ထားကြောင်း၊ ဖွင့်ပွဲကို ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းကိုယ်တိုင် တက် ရောက်မည်ဖြစ်ကြောင်း၊ ရပ်နီးရပ်ဝေးမှ အမျိုးသားရေးလှုပ်ရှားသူ ပုဂ္ဂိုလ်များနှင့် သျှမ်းပြည်တွင်း ၂၂ မြို့နယ်မှ ရပ်မိရပ်ဖများအား ဖိတ်ကြားထားကြောင်း ၎င်းက ဆက်လက်ပြောပြသည်။ အဆိုပါ ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ညီလာခံ အား သျှမ်းလူမှုရေးလှုပ်ရှားမှုအဖွဲ့ CSO (civil society organization )က ကမကထပြုကျင်းပမည်ဖြစ်ကြောင်းလည်း ဆိုပါသည်။ "ဒေါက်တာစိုင်းခမ်းလိတ်၊ ဆရာစိုင်းအောင်ထွန်း၊ စဝ်ယဉ်ယဉ်နွယ် အစရှိပုဂ္ဂိုလ်ကြီးတွေ စကားပြော မယ်။ နောက်ပြီး SNLD ပါတီခေါင်းဆောင်တဦးဖြစ်တဲ့ စိုင်းညွန့်လွင်က ယုံကြည်မှုတည်ဆောက်ခြင်း အကြောင်း၊ ဒေါက်တာစိုင်းဖေ က ငြိမ်းချမ်းရေးတည်ဆောက်ခြင်း စတာတွေ မိန့်ခွန်းပြောသွားမယ်။ ဝါရင့်နိုင်ငံရေးလှုပ်ရှားတဲ့ပုဂ္ဂိုလ်တွေကနေ ငြိမ်းချမ်းရေးလမ်းစဉ်တွေ ပြောသွားမယ်။ လူ ၁၅၀ ခန့် ဖိတ်ထားတယ်" ဟု ဆိုပါသည်။ ဒုတိယရက်တွင်မူ ပညာရှင်များဖြစ်သည့် ဆရာမနန်းဟွမ်လိတ်မှစကားပြောခြင်းအစီအစဉ်ရှိပြီး မူးယစ် ဆေးဝါးပြဿနာ၊ လက်နက်ကိုင်အဖွဲ့များကိစ္စနှင့် နိုင်ငံရေးပါတီများကိစ္စ၊ တောင့်တင်းခိုင်မာသောလူမှု အဖွဲ့အစည်းများအဖြစ်ရပ်တည်နိုင်ရေးကိစ္စ၊ ရင်းနှီးမြုပ်နှံမှုများအကြောင်း အစရှိသဖြင့်ဆွေးနွေးကြ မည် ဖြစ်ကြောင်း ဆိုပါသည်။ သျှမ်းညီလာခံကို ရန်ကုန်မြို့ရွှေဂုံတိုင်ရှိ တော်ဝင်နှင်းဆီ ငြိမ်းချမ်းရေးခန်းမ၌ ကျင်းပမည်ဖြစ်ကြောင်း သတင်းရရှိထားပါသည်။ |
| သျှမ်း၊မြောက် သီတဂူစက္ခုဒါန မျက်စိအထူးကုဆေးရုံ မျက်စိဝေဒနာရှင်များအားစတင် ကုသပေး Posted: 12 Nov 2012 02:05 AM PST သီတဂူစက္ခုဒါန မျက်စိအထူးကုဆေးရုံ ကိုသျှမ်းပြည်မြောက်ပိုင်း၊ မူစယ်ခရိုင်၊ နမ့်ခမ်းမြို့နယ် ဇေယျသုခ စာသင်တိုက် ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းဝင်းအတွင်း ဖွင့်လှစ်ထားပြီး နိုဝင်ဘာ ၁၁ ရက် မနက်ကစ၍ မျက်စိရောဂါဝေဒနာ ရှင်များ ကို အခမဲ့ ကုသပေးနေပြီဖြစ်ကြောင်းစုံစမ်းသိရှိရသည်။ သီတဂူစက္ခုဒါန မျက်စိအထူးကုဆေးရုံ နမ့်ခမ်းမြို့"မနက် ၉ နာရီ က နေ စတင်ပြီး မျက်စိရောဂါဝေဒနာရှင် တွေကို ၁၀ ယောက် တစ်သုတ် နဲ့ စတင် စမ်း သပ်ပေးတယ်၊ မနေ့ကတရက်ထဲမှာ စာရင်းပေးထားသူ အယောက် ၅၀၀ ကျော် တယ်။ အယောက် ၂၀၀ ကို ပြီးအောင် စမ်းသပ်ပေးမယ်၊ ကျန်တဲ့ သူတွေကိုလည်း နောက်နေ့ဆက်ပြီး စမ်းသပ်ကုသပေးမယ်" ဟု မျက်စိအထူး ကုဆေးရုံ အလုပ်အမှုဆောင် တစ်ဦးက ပြောပြသည်။ မျက်စိရောဂါဝေဒနာသည်များသည် မူစယ်နှင့် နမ့်ခမ်းမြို့ နယ် ထဲမှ ဖြစ်ကြပြီး အများစုမှာသက်ကြီးရွယ်အို များဖြစ်ကြ ကြောင်း၊ လာရောက်ကုသပေးသည့် ဆရာဝန်များ သည် သီတဂူဆရာတော်ဦး ဆောင် ဖွင့်လှစ်ထားသော စစ်ကိုင်းရှိ မျက်စိ အထူးကုဆေးရုံ(အခမဲ့) မှ မျက်စိအထူးကု ကျွမ်းကျင်ဆရာဝန် များဖြစ် ကြကြောင်း ၊ စမ်းသပ်ပေးသည့် စက်များမှာလည်း နောက်ဆုံးပေါ် (အမေရိကန်နှင့်ဂျပန်နိုင်ငံ) ထုတ် စက်များဖြစ်ကြောင်း ၄င်း ဆိုသည်။ "လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်က လာရှိုးနဲ့ မန္တလေးမြို့တွေမှာ သွားရောက်ကုသဖူးတယ်၊ မပျောက်ဘူး။ အတွင်းတိမ်လို့ ဆရာဝန် တွေကပြောတယ်။ ခွဲစိပ်ပြီးတော့လဲ အမြင်က ဝါးနေတုန်းဘဲ။ ခု ကောင်းကောင်းမမြင်ရတာ တစ်နှစ် ကျော်နေပြီ၊ ဒီလို အခမဲ့လာပြီးစမ်းသပ်ကုသပေးမယ်ဆို တော့ ၀မ်းသာမိ တာပေါ့" ဟု အသက် ၈၆ နှစ်အရွယ်ရှိ ကောင်းနောင်မိုရပ်ကွက်နေ အဘိုးကြီးတယောက်ကပြောပြသည်။ သီတဂူဆရာတော် မှ အခမဲ့ ဖွင့်လှစ်ပေးသည့် မျက်စိအထူးကု ဆေးရုံ များအနက် ယခု နမ့်ခမ်းမြို့တွင် ဖွင့်လှစ်သော သီတဂူစက္ခုဒါန မျက်စိအထူးကုဆေးရုံသည် အကောင်းဆုံးနှင့်အကြီး ဆုံး ဖြစ်ကြောင်းသိရှိ ရသည်။ " ဖွင့်ပွဲရက် ကတော့ နိုဝင်ဘာလ ၁၄ ရက် လို့ ဖိတ်ကြားလွှာ ထဲ မှာ ရေးထားတာတွေ့ရတယ် "ဟု သီတဂူ စက္ခုဒါန မျက်စိအထူးကုဆေးရုံ အတွင်း လုပ်အားပေးနေသောလူငယ် စိုင်းခမ်းက ဆိုသည်။ သီတဂူစက္ခုဒါန မျက်စိအထူးကုဆေးရုံ သည် သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် အဓိပတိ ဒေါက်တာဉာဏိဿရ (D.Litt,Ph.D) သီတဂူဆရာတော် ၏ လမ်းညွှန် ၊ လှူဒါန်းမှု ဖြင့် နမ့်ခမ်းမြို့နယ် သံဃာတော်များနှင့်ကျောင်းအုပ်ဆရာတော် ဘဒ္ဒန္တဝိနယာ စာရ (မဟာသဒ္စမ္မဇောတိကဓဇ) နောင်မဆရာတော် ၊ မြို့မိမြို့ဖ နှင့်ပြည်သူများမှ ပူပေါင်းလှူဒါန်းဆောက်လုပ် ထားသော ဆေးရုံ ဖြစ်သည်။ ဆေးရုံ၏ကုန်ကျ တန်ဖိုး မှာ ကျပ်သိန်းပေါင်း ၃၀၀၀ ကျော် ဖြစ်သည်။ |
| You are subscribed to email updates from သျှမ်းသံတော်ဆင့် To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
| Google Inc., 20 West Kinzie, Chicago IL USA 60610 | |


