သစ်ထူးလွင် |
- ဖိနပ်ပြဿ အစိုးရနဲ့ သံရုံးညှိနှိုင်းပြီး အိုဘားမား ရွှေတိဂုံစေတီတော်အား တက်ရောက်ဖူးမြော်
- အိုင်စီအာစီကို အကျဉ်းထောင်များတွင် ကူညီဆောင်ရွက်ခွင့်ပြုမည်
- အမေရိကန်သမ္မတ အိုဘားမား လူထုအခြေပြုအဖွဲ့များကို တွေ့ဆုံ
- မြန်မာကို ထောက်ခံသွားမယ်လို့ အိုဘားမား ကတိပြု
- ကြိုးမိန့်ကျ ABSDF ရဲဘော် လွတ်မြောက်လာ
- စင်ကာပူမှ မြန်မာသို့ ဘဏ်နှင့် ငွေလွှဲနိုင်ပြီ
- လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဖားကန့် ကျောင်းပိတ်လိုက်ရ
- ဖားကန့်တွင် KIA နှင့် အစိုးတပ်တို့ နှစ်ရီကြာ တိုက်ပွဲဖြစ်
- လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဖျက်သိမ်းပေးရန် တောင်းဆို
- နိုဝင်ဘာ ၂၂ ရက်နေ့ထုတ်အင်တာနက်ဂျာနယ် အတွဲ ၁၃၊ အမှတ် ၄၅
- နိုဝင်ဘာ ၂၁ ရက်နေ့ထုတ် Mobile Guide journal Issue#79
- နိုဝင်ဘာ ၂၁ ရက်နေ့ထုတ် The Myanmar Post News Journal အတွဲ ၄ အမှတ် ၄၅
- နိုဝင်ဘာ ၁၉ ရက်နေ့ထုတ် Weekly Eleven News Journal အတွဲ ၈ အမှတ် ၇
- နိုဝင်ဘာ ၁၈ ရက်နေ့ထုတ် မော်နီတာ သတင်းဂျာနယ် အတွဲ (၂)၊ အမှတ် (၃၀)
- ရန်ကုန်တက္ကသိုလ် တွင် ပြောကြားမည့် သမ္မတ အိုဘားမား မိန့်ခွန်း ကောက်နုတ်ချက်များ
- နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့် ဘားရက်အိုဘားမား တွေ့ ဆုံ (ရုပ်/သံ)
- သမ္မတ အိုဘားမားနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ချစ်ကြည်ရင်းနှီးစွာဖြင့် (ဓါတ်ပုံ)
- သမ္မတ အိုဘားမားနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ပူးတွဲ သတင်းစာ ရှင်းလင်းပွဲ (ရုပ်/သံ)
- သမ္မတဦးသိန်းစိန် ပြုပြင်ပြောင်းလဲရေး ရှေ့ဆက်မယ်
- သမ္မတ အိုဘားမားနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ပူးတွဲ သတင်းစာ ရှင်းလင်းပွဲ
- သမ္မတအိုဘားမား နှင့် အမေရိကန် အစိုးရအဖွဲ့ဝင် အားလုံး ဖိနပ်နှင့် ခြေအိတ်များကို ချွတ်၍ ရွှေတိဂုံ စေတီတော်ကို ဖူးမြော်ခဲ့
- သမ္မတအိုဘားမားနှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ ဆုံ (ဓါတ်ပုံ)
- အမေရိကန်သမ္မတနှင့် ဦးသိန်းစိန် တွေ့ဆုံ
- လူ့အခွင့်အရေးလှုပ်ရှားသူ ဦးမြင့်အေး ပြန်လွတ်
- သာယာဝတီ နှင့် အင်းစိန်ထောင်မှ နိုင်ငံရေး အကျဉ်းသား (၂၈)ဦး လွတ်
| ဖိနပ်ပြဿ အစိုးရနဲ့ သံရုံးညှိနှိုင်းပြီး အိုဘားမား ရွှေတိဂုံစေတီတော်အား တက်ရောက်ဖူးမြော် Posted: 19 Nov 2012 07:13 AM PST ကန်သမ္မတ၏ လုံခြုံရေး အချက်အလက် များအရ ၄င်း၏ လုံခြုံရေး ဆောင်ရွက် သူများ အနေဖြင့် ဖိနပ်ချွတ် နိုင်ခြင်း မရှိသောကြောင့် ကနဦး သဘောတူ ညီချက် တွင် ရွှေတိဂုံ စေတီတော် ခရီးစဉ်ကို ဖျက်သိမ်း ထားခြင်း ဖြစ်သည်။ နိုဝင်ဘာလ ၁၈ ရက်နေ့ ညပိုင်းတွင်မူ မြန်မာ အစိုးရ တာဝန်ရှိ သူများနှင့် အမေရိကန် သံရုံးတို့မှ တာဝန်ရှိသူများ ညှိနှိုင်း ဆွေးနွေး ပြီးနောက်--- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||||||
| အိုင်စီအာစီကို အကျဉ်းထောင်များတွင် ကူညီဆောင်ရွက်ခွင့်ပြုမည် Posted: 19 Nov 2012 06:42 AM PST အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့ (အိုင်စီအာစီ) ကို အကျဉ်းထောင် အသီးသီးရှိ အကျဉ်းသားတွေရဲ့ နေရေး ထိုင်ရေး၊ လူမှုဖူလုံရေး ကိစ္စတွေ ကူညီ ဆောင်ရွက် ခွင့်ပြုမယ့် အကြောင်း အပါအ၀င် အစိုးရက နိုင်ငံတကာ စံနှုန်းတွေနဲ့ ဆောင်ရွက် သွားမယ့် အကြောင်း အချက်အချို့ကို သတင်းထုတ်ပြန် လိုက်ပါတယ်။ နိုဝင်ဘာ ၁၈ ရက် ရက်စွဲနဲ့ အစိုးရ သတင်းထုတ်ပြန်ရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ အကြောင်းအရာ ၆ ခု ဖော်ပြထားပြီး အဲ့ဒီအထဲမှာ လူ့အခွင့်အရေးကိစ္စများ၊ အကျဉ်းသားများကိစ္စ၊ ပဋိပက္ခတွေဖြေရှင်းရေးနဲ့ အမျိုးသားသွေးစည်း ညီညွတ်ရေး၊ အဏုမြူ မပြန့်ပွားရေး၊ ပွင့်လင်းမြင်သာတဲ့ အစိုးရတရပ် ဖြစ်ပေါ်ရေးနဲ့ လူကုန်ကူးမှုတိုက်ဖျက်ရေး စတဲ့ ကိစ္စရပ်တွေ ပါဝင်ပါတယ်။ ဒီအထဲမှာ အိုင်စီအာစီကို ပြန်လည်ကူညီဆောင်ရွက်ခွင့်ပေးမယ့်ကိစ္စနဲ့ ပတ်သက်ပြီး နိုင်ငံတ၀န်း အကျဉ်းထောင်အသီးသီးရှိ အကျဉ်းသားတွေရဲ့ နေရေးထိုင်ရေးနဲ့ လူမှုဖူလုံရေး ကိစ္စရပ်တွေကို ကူညီဆောင်ရွက်ခွင့် ပေးမယ်လို့ ဖော်ပြပါရှိပေမယ့် ဘယ်အချိန် ဆောင်ရွက်ခွင့်ပြုမှာလဲ ဆိုတာကိုတော့ ထုတ်ဖော်ပြောဆိုနိုင်ခြင်း မရှိသေးဘူးလို့ အစိုးရသတင်းထုတ်ပြန်ရေးအဖွဲ့ အတွင်းရေးမှူး ဦးဥာဏ်ထွန်းက ပြောပါတယ်။ "အိုင်စီအာစီကနေပြီး အကျဉ်းထောင်တွေထဲမှာ ကူညီပြီး ပြုပြင်ပေးရမယ့် အချက်လက်လေးတွေ ပေးထားတာ ရှိပါတယ်။ အကျဉ်းထောင်အဆင့်အတန်း ပိုမိုမြင့်မားရေး၊ ရေစနစ်တို့၊ မိလ္လာစနစ်တို့ အဲဒါတွေကို ပိုပြီးတော့ ကောင်းအောင်၊ အဆင်ပြေအောင် သူတို့လုပ်ပေးမယ်ဆိုပြီး ပြောထားပါတယ်။ အဲဒါကို ကျနော်တို့က ခွင့်ပြုမယ်ဆိုပြီး ပြောထားတာပါ။ ပြန်တော့ ညှိရဦးမယ်။ အချိန်အတိအကျတော့ ကျနော် မသိသေးပါဘူး။" ဒါ့အပြင် ကုလသမဂ္ဂအပါအ၀င် အဖွဲ့အစည်းအသီးသီးက ပေးပို့ထားတဲ့ နိုင်ငံရေး အကျဉ်းသားစာရင်းတွေကို စိစစ်ပြီး ဒီနှစ်မကုန်ခင် ပြန်လွှတ်ပေးဖို့ ရှိကြောင်း ပြောပါတယ်။ "စာရင်းတခုချင်း၊ သက်ဆိုင်ရာ အဖွဲ့အစည်းအလိုက် တောင်းဆိုထားတာလည်းရှိမယ်၊ တရားဥပဒေဘက်ကလည်း ပြစ်မှုဆိုင်ရာတွေနဲ့ အရင်က ပြစ်ဒဏ်ချမှတ်ထားတဲ့ အမှုတွဲတွေ ရှိမယ်။ အဲဒါတွေကို တဦးတယောက်ချင်း ပြန်စိစစ်ပြီး စစ်ဆေးမှာပါ။ ယူအန်က ပေးထားတဲ့ စာရင်းလေးတွေလည်း ရှိတယ်လို့ ပြောပါတယ်။ အဲစာရင်းတွေ အကုန်လုံး တိုက်ဆိုင်စစ်ဆေးပြီး ပြန်ညှိမှာပါ။ အဲဒီကနေမှ ပြန်လွှတ်ပေးလို့ရတဲ့ ပုဂ္ဂိုလ်တွေကို ဒီနှစ်မကုန်ခင် ပြန်လွှတ်မေးမယ်လို့ ရည်ရွယ်ထားပါတယ်။" ပြည်တွင်းမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေနဲ့ ပတ်သက်ပြီး၊ ပြည်တွင်းငြိမ်းချမ်းရေးရရှိအောင် နိုင်ငံရေးအရ ဆွေးနွေးမှုတွေ ဆက်လက် လုပ်ဆောင်သွားမယ်၊ ရခိုင်အရေးကိစ္စမှာလည်း အကြမ်းဖက်မှု ကျုးလွန်သူတွေကို ဥပဒေအရ အရေးယူသွားမယ်၊ လူမျိုးရေးပြဿနာတွေကို ကြိုးပမ်းဖြေရှင်းသွားမယ်၊ အိုးအိမ်စွန့်ခွာသူတွေ နေရပ်ပြန်နိုင်ရေးကအစ နိုင်ငံသားဖြစ်မှုအဆုံး လိုအပ်တဲ့ နိုင်ငံရေးအရ ဖြေရှင်းမှုတွေ ဆက်လက်လုပ်ဆောင်သွားမယ်လို့ သတင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ပွင့်လင်းမြင်သာတဲ့ အစိုးရဖြစ်ပေါ်စေရေး နိုင်ငံစုံ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့မှာ ပါဝင်နိုင်ဖို့ ကြိုးပမ်း ဆောင်ရွက်သွားမှာ ဖြစ်သလို လူကုန်ကူးမှုတိုက်ဖျက်ရေး လုပ်ငန်းကို အမေရိကန်နဲ့ အိုင်အယ်လ်အိုတို့ အကူအညီနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ့် အကြောင်းလည်း အစိုးရသတင်းထုတ်ပြန်ချက်က ဆိုပါတယ်။ by ရွှေအောင် (ဒီဗွီဘီ) | ||||||
| အမေရိကန်သမ္မတ အိုဘားမား လူထုအခြေပြုအဖွဲ့များကို တွေ့ဆုံ Posted: 19 Nov 2012 06:33 AM PST အမေရိကန် သမ္မတ ဘားရတ်ဟူစိန် အိုဘားမားဟာ ဒီနေ့ ရန်ကုန် တက္ကသိုလ် ဘွဲ့နှင်း သဘင်ခန်းမမှာ မိန့်ခွန်း မပြောကြားမီ မြန်မာနိုင်ငံက လူထုအခြေပြု လူ့အဖွဲ့အစည်းတွေက ပုဂ္ဂိုလ်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ ဘွဲ့နှင်း သဘင်ခန်းမ အနောက်ဘက်ခြမ်းက အခန်းတခုမှာ သမ္မတ အိုဘားမားနဲ့ တွေ့ဆုံ စကား ပြောခွင့်ရတယ်လို့ ဗေဒါအင်စတီကျူ့ ထူထောင်သူ ဦးမျိုးရန်နောင်သိမ်းက ပြောပါတယ်။ "ကျနော်တို့ကို ၅ မိနစ်လောက် စကားပြောသွားတယ်။ အဓိကက နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ၊ အရပ်ဘက်လူ့အဖွဲ့အစည်းတွေကို တန်ဖိုးထားတဲ့အကြောင်း၊ အဲလူတွေကြောင့် ပြောင်းလဲတယ်ဆိုတာကို ပြောသွားပါတယ်။ ကျနော်တို့က သမ္မတ အိုဘားမားနဲ့ တဦးချင်းပြောပါတယ်။ သီတဂူဆရာတော်ကြီးက စပြီးတော့ပါ။ မတ်တပ်ရပ် လက်ဆွဲနှုတ်ဆက်ပြီး သူပေးချင်တဲ့ သတင်းစကားကို တိုတိုနဲ့ ထိထိရောက်ရောက် ပြောသွားတာပါ။" တွေ့ဆုံရာမှာ သီတဂူဆရာတော် အရှင်ဥာဏိသရ၊ ရှမ်းတိုင်းရင်းသားခေါင်းဆောင် ဦးခွန်ထွန်းဦး၊ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင်နဲ့ ဦးကိုကိုကြီး၊ ဗေဒါအင်စတီကျူ့တည်ထောင်သူ ဦးမျိုးရန်နောင်သိမ်းအပါအ၀င် ၁၄ ဦး တက်ရောက်တယ်လို့ သိရပါတယ်။ အမေရိကန်သမ္မတနဲ့ လက်ဆွဲနှုတ်ဆက်ပြီး ပြောခွင့်ရတဲ့ ၁ မိနစ်ခန့်အချိန်တွင်းမှာ ပညာရေးကိစ္စကို ဇောင်းပေးပြောဆိုခဲ့တယ်လို့ ဦးမျိုးရန်နောင်သိမ်းက ပြောပါတယ်။ "အစိုးရနဲ့ စေ့စပ်ဆွေးနွေးတာကို ကြိုဆိုတယ်၊ ပူးပေါင်းဆောင်ရွက်လုပ်ခြင်းအားဖြင့် စစ်တပ်ကို ပိုပြီး ဒီမိုကရက်တစ်ဖြစ်အောင် လေ့ကျင့်ပေးနိုင်တယ်။ ပြည်တွင်းမှာရှိတဲ့ လူငယ်တွေအတွက် ပညာရေးအခွင့်အလမ်းတွေ လိုတယ်ဆိုတာ ပြောတယ်။ နောက် ရခိုင်ပြဿနာသည် ဘာသာရေးကိစ္စမဟုတ်ဘူး၊ ဒါဟာ လူဝင်မှုကြီးကြပ်ရေးကိစ္စ ဖြစ်တယ်ဆိုတာ ပြောပါတယ်။" ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင်က သီးသန့်တွေ့ဆုံရာမှာ သမ္မတ ပြောဆိုချက်နဲ့ပတ်သက်လို့ ခုလို ပြောပါတယ်။ "ဒီမိုကရေစီအသွင်းကူးပြောင်းရေးကာလမှာ အရေးကြီးဆုံးအချက်ဖြစ်တဲ့ အရပ်ဘက် လူ့အဖွဲ့အစည်းတွေအကြောင်းပါ။ အဲအဖွဲ့တွေ အားကောင်းမောင်းသန်ဖြစ်ဖို့အတွက် ကျနော်တို့ ကြိုးစားနေသလို သူတို့ကလည်း ဒါတွေကို အားပေးဖို့ အဓိက ပြောတယ်။ နောက်တခုက အနာဂတ်ကိုထူထောင်မယ့် နောင်မျိုးဆက်တွေအတွက် စွမ်းရည်တွေပြည့်ဝဖို့အတွက် သူတို့ကို ပြုစုပျိုးထောင်ဖို့လိုတယ်။ အဲအတွက်ကြောင့် လိုအပ်တဲ့ ပညာသင်ပေးမယ့်ကိစ္စတွေ၊ ပညာသင်ဆုကအစ။ အရည်ချင်းပြည့်ဝတဲ့ သင်တန်းတွေ ပေးနိုင်ဖို့အတွက် လိုအပ်တဲ့ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ အားပေးကူညီမှုတွေ လိုအပ်နေတယ်ဆိုတာ ပြောပါတယ်။ လူငယ်တွေကို ကျနော်တို့ လွှဲပေးရမယ်။ လူငယ်တွေရဲ့ အရည်အချင်းပေါ်မူတည်ပြီး ကျနော်တို့ အနာဂတ်တိုင်းပြည်ရဲ့ ပုံသဏန်တွေ ထွက်လာမှာမိုလို့ပါ။ " ရှမ်းတိုင်းရင်းသားခေါင်းဆောင် ဦးခွန်ထွန်းဦးကတော့ တိုင်းရင်းသားလူမျိုးစုတွေ အားလုံးဟာ ဖက်ဒရယ်ပြည်ထောင်စု အလိုရှိတယ်ဆိုတာကို ပြောခဲ့တယ်လို့ ဆိုပါတယ်။ "၁ မိနစ်အတွင်းမှာ ကျနော်ကတော့ သမ္မတကြီးကို တိုင်းပြည်ဟာ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်ကိုသွားမယ်၊ ဖက်ဒရယ်ပြည်ထောင်စု ရမယ်ဆိုရင် တိုင်းရင်းသားနယ်မြေတွေမှာ သေနတ်သံ ချက်ချင်းငြိမ်သွားမှာ၊ ကြားရတော့မှာ မဟုတ်ဘူး။ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုရအောင် လုပ်ပေးပါလို့ ပြောပါတယ်။ ကျနော်က ဒါပဲ ဖိပြောတာပဲ။ ကချင်ကလည်း ဒါပဲပြောတယ်၊ ကချင်က ဒါရှိမယ်ဆို သေနတ်ကိုင်ဖို့ မလိုဘူးလို့ ပြောနေပြီပဲ။" သမ္မတနဲ့ တွေ့ဆုံပြောခွင့်ရသူတွေထဲမှာ ကရင်အမျိုးသမီးအဖွဲ့၊ ကချင်အမျိုးသမီးအဖွဲ့မှ ဒေါ်စံပယ်၊ အလုပ်သမားအရေး ဆောင်ရွက်သူတွေလည်း ပါဝင်တယ်လို့ သိရပါတယ်။ by အေးနိုင် (ဒီဗွီဘီ)
| ||||||
| မြန်မာကို ထောက်ခံသွားမယ်လို့ အိုဘားမား ကတိပြု Posted: 19 Nov 2012 06:35 AM PST မြန်မာ အစိုးရရဲ့ ဒီမိုကရေစီရေး ပြုပြင် ပြောင်းလဲမှုတွေ အတွက် ဆက်လက် ထောက်ခံ သွားမှာ ဖြစ်ကြောင်း အမေရိကန် သမ္မတ အိုဘားမားက မြန်မာနိုင်ငံ ခရီးစဉ် အတွင်း ကတိပြု ပြောကြား သွားပါတယ်။ အမေရိကန် သမ္မတ တဦး အနေနဲ့ မြန်မာနိုင်ငံကို ပထမဆုံး ရောက်ရှိလာတဲ့ သမ္မတ အိုဘားမားဟာ ရန်ကုန် တက္ကသိုလ် ဘွဲ့နှင်းသဘင် ခန်းမမှာ မြန်မာ ပြည်သူတွေကို မိန့်ခွန်းပြောကြားခဲ့တာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေး မရှိဘဲနဲ့ ပြုပြင်ပြောင်းလဲရေး လုပ်လို့ မရဘူးလို့လည်း သမ္မတက ပြောပါတယ်။ မြန်မာပြည် ရခိုင်ဒေသမှာ ဖြစ်ပွားနေတဲ့ အကြမ်းဖက် မှုတွေနဲ့ ပတ်သက်ပြီး အန္တရယ် ရှိတယ်လို့လည်း သမ္မတ က သတိပေး ပြောကြားသွားပါတယ်။ အခုလို မိန့်ခွန်း မပြောခင် အစောပိုင်းမှာတော့ သမ္မတ အိုဘားမားဟာ မြန်မာ သမ္မတ ဦးသိန်းစိန်နဲ့ ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်မှာ တွေ့ဆုံခဲ့ပြီး၊ ဒေါ်အောင်ဆန်းစုကြည် ကိုတော့ သူမရဲ့ နေအိမ်မှာ သွားရောက် တွေ့ဆုံခဲ့ပါတယ်။ ဘီဘီစီ (မြန်မာပိုင်း)
| ||||||
| ကြိုးမိန့်ကျ ABSDF ရဲဘော် လွတ်မြောက်လာ Posted: 19 Nov 2012 06:18 AM PST မြန်မာ-အိန္ဒိယ နယ်စပ် တမူး-နန့်ဖာလုံ ဈေးတွင် ၂ဝဝ၆ ခုနှစ် ဇန်နဝါရီလက ဗုံးပေါက်ကွဲမှုနှင့် ပတ်သက် နေသည်ဟု စွပ်စွဲချက်ဖြင့် မန္တလေး-အိုးဘို ထောင်အတွင်း ကြိုးမိန့်ပေး ခံထားရသည့် ABSDF (အနောက်ဖက်ဒေသ) မှ မိုးရေးရုံး တာဝန်ခံ ကိုမောင်မောင်ဦး အား နိုဝင်ဘာလ ၁၈ ရက်နေ့ သမ္မတ၏ လွတ်ငြိမ်း သက်သာခွင့်ဖြင့် ပြန်လည် လွတ်မြောက် လာပြီဟု --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||||||
| စင်ကာပူမှ မြန်မာသို့ ဘဏ်နှင့် ငွေလွှဲနိုင်ပြီ Posted: 19 Nov 2012 06:07 AM PST စင်ကာပူနိုင်ငံမှ (Sing-Post) မှ တဆင့် မြန်မာ နိုင်ငံသို့ နိုဝင်ဘာ(၂၀)ရက်နေ့မှ စတင်ကာ ငွေလွှဲ နိုင်ပြီ ဖြစ်သည်။ စင်ကာပူနိုင်ငံ (Sing-Post) မှ တဆင့် မြန်မာနိုင်ငံရှိ (CB Bank) ဘဏ်ခွဲရှိရာ မြို့များသို့ ငွေလွှဲပို့ နိုင်ခြင်းဖြစ်သည်။ ငွေလွှဲပို့ လိုသူများ အနေဖြင့် တစ်နေ့လျှင် စင်ကာပူဒေါ်လာ (၃၅၀၀) ထက်မပိုသည့် ငွေကြေးအား Sing-Post ၏ ရုံးခွဲများမှ တဆင့် ---- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||||||
| လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဖားကန့် ကျောင်းပိတ်လိုက်ရ Posted: 19 Nov 2012 05:57 AM PST ကချင်ပြည်နယ် ဖားကန့်မြို့ပေါ်ရှိ အစိုးရ၏ ဗျူဟာကုန်းတပ်မှ ကချင် လွတ်လပ်ရေးတပ် KIA ရှိရာသို့ လက်နက်ကြီးဖြင့် ၁ဝ ကြိမ် ပစ်ခတ်ခဲ့သဖြင့် ဖားကန့် အထက ကျောင်းသားများ ထိတ်လန့်မှု ဖြစ်ပွားခဲ့ကာ တနင်္လာနေ့ ညနေပိုင်း ကျောင်းပိတ်လိုက်ရသည်ဟု ဒေသခံများက ပြောသည်။ သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||||||
| ဖားကန့်တွင် KIA နှင့် အစိုးတပ်တို့ နှစ်ရီကြာ တိုက်ပွဲဖြစ် Posted: 19 Nov 2012 05:48 AM PST ရန်ကုန်၊နိုဝင်ဘာ ၁၉ မြန်မာနိုင်ငံသို့ အမေရိကန် သမ္မတ ဘားရက်အိုဘားမား မရောက်ရှိခင် မိနစ်ပိုင်း အလိုတွင် ကချင်ပြည်နယ် ဖားကန့်မြို့တွင် KIA နှင့် အစိုးလမ်း ကင်းလုံခြုံရေးတပ်တို့ တိုက်ပွဲ နိုဝင်ဘာ ၁၉ ရက်နေ့ နံနက်ပိုင်း ၉နာရီတွင် ဖြစ်ပွားခဲ့ကြောင်း ကချင်ပြည်နယ် အစိုးရ အဖွဲ့ရုံးထံက စုံစမ်းသိရသည်။ ဖားကန့်မြို့နှင့် နှစ်မိုင်ခွဲခန့် အကွာတွင် နှစ်နာရီ ဆယ်မိနစ်ကြာ ဖြစ်ပွားခဲ့သော တိုက်ပွဲတွင် နှစ်ဘက် ထိခိုက်ဒဏ်ရာ ရရှိမှု မရှိကြောင်း အဆိုပါ ရုံးက သိရသည်။ အဆိုပါ ထိတွေ့ တိုက်ပွဲသည် ဖားကန့်မြို့နယ်အတွင်း ကာမိုင်းမြို့နယ်ခွဲ၊ ကာမိုင်း-မအူပင် ၆ မိုင် ဖြတ်လမ်း အနီးရှိ နောင်ဆိုင်း ကျေးရွာတွင် ဖားကန့်မြို့နယ်သို့ ပို့ဆောင်မည့် ယာဉ်တန်းကို လုံခြုံရေး ဆောင် ရွက် ပေးနေသော မြန်မာ တပ်မတော်နှင့် ရင်ဆိုင် တိုက်ပွဲငယ် တစ်ခုဖြစ်ခဲ့ကြောင်း ကချင်ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူးက ပြောကြားသည်။ ``ဖားကန့်ကို ပို့မယ် ရိက္ခာယာဉ်တန်း တိုင်းမှာ လုံခြုံရေး လိုက်ပေးရလေ့ ရှိတယ်၊ခု ယာဉ်တန်းကလဲ ဒေသခံတွေ အတွက် ရိက္ခာတွေပါ ပါတယ်''ဟု ၎င်းက ဆိုသည်။ အမေရိကန်သမ္မတ ဘားရက် အိုဘားမား သည် မြန်မာနိုင်ငံ၊ ရန်ကုန်မြို့သို့ နိုဝင်ဘာ ၁၉ ရက်နေ့ နံနက် ၉နာရီ မိနစ်၄၀ ခန့် တွင် ရောက်ရှိခဲ့ ပြီး နေ့လည်ပိုင်းတွင် ကချင်ငြိမ်းချမ်းရေး ကွန်ယက် အဖွဲ့ဝင် တဦးနှင့် တွေ့ဆုံခဲ့သည်ဟု ငြိမ်းချမ်းရေး ကွန်ယက်မှ ဒေါ်ခွန်ဂျာက ပြောကြားသည်။ The Voice Weekly | ||||||
| လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဖျက်သိမ်းပေးရန် တောင်းဆို Posted: 19 Nov 2012 05:39 AM PST | ||||||
| နိုဝင်ဘာ ၂၂ ရက်နေ့ထုတ်အင်တာနက်ဂျာနယ် အတွဲ ၁၃၊ အမှတ် ၄၅ Posted: 19 Nov 2012 05:27 AM PST | ||||||
| နိုဝင်ဘာ ၂၁ ရက်နေ့ထုတ် Mobile Guide journal Issue#79 Posted: 19 Nov 2012 05:21 AM PST | ||||||
| နိုဝင်ဘာ ၂၁ ရက်နေ့ထုတ် The Myanmar Post News Journal အတွဲ ၄ အမှတ် ၄၅ Posted: 19 Nov 2012 05:18 AM PST နိုဝင်ဘာ ၂၁ ရက်နေ့ထုတ် The Myanmar Post News Journal အတွဲ ၄ အမှတ် ၄၅ ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ | ||||||
| နိုဝင်ဘာ ၁၉ ရက်နေ့ထုတ် Weekly Eleven News Journal အတွဲ ၈ အမှတ် ၇ Posted: 19 Nov 2012 05:14 AM PST | ||||||
| နိုဝင်ဘာ ၁၈ ရက်နေ့ထုတ် မော်နီတာ သတင်းဂျာနယ် အတွဲ (၂)၊ အမှတ် (၃၀) Posted: 19 Nov 2012 05:09 AM PST | ||||||
| ရန်ကုန်တက္ကသိုလ် တွင် ပြောကြားမည့် သမ္မတ အိုဘားမား မိန့်ခွန်း ကောက်နုတ်ချက်များ Posted: 19 Nov 2012 01:00 AM PST
အမေရိကန် ပြည်ထောင်စု အနေနဲ့ လူသားတွေရဲ့ ဂုဏ်သိက္ခာကို ယုံကြည်တဲ့ အတွက် ကျနော် ဒီကိုလာခဲ့တာ လို့ပဲပြောပါရစေ။ ပြီးခဲ့တဲ့ ဆယ်စုနှစ်တော်တော်များများမှာ ၊ ကျနော်တို့ ၂ နိုင်ငံဟာ သူစိမ်းပြင်ပြင်ဖြစ်ခဲ့ပါတယ်။ ဒီနေ့မှာတော့ ၊ ဒီနိုင်ငံရဲ့ ပြည်သူတွေဖြစ်တဲ့ ခင်ဗျားတို့အားလုံးကို ကျနော်တို့ အမြဲ ယုံကြည် မျှော်လင့်နေခဲ့တာပါဆိုတာကို ကျနော်ပြောနိုင်ပါပြီ။ ကျနော်တို့အတွက် မျှော်လင့်ချက်တွေပေးသလို၊ ခင်ဗျားတို့အားလုံးရဲ့ သတ္တိတွေကိုလည်း ကျနော်တို့ မျက်ဝါးထင်ထင် မြင်ခဲ့ရပြီးပါပြီ။ တနင်္ဂနွေနေ့တွေမှာ နိုင်ငံရေးအကျဉ်းသားတွေရဲ့ မိသားစုတွေကို ၀တ်စုံဖြူတွေ၊ ၀တ်ပြီးသွားတွေ့အားပေးကြတဲ့ လုပ်ဖော်ကိုင်ဖက်တက်ကြွလှုပ်ရှားသူတွေ၊ လမ်းမထက်မှာ ငြိမ်းချမ်းစွာဆန္ဒပြခဲ့ကြတဲ့ ဘုန်းတော်ကြီးတွေ၊ ကျနော်တို့တွေ့ခဲ့ရပါတယ်။ ဆိုင်ကလုံးမုန်တိုင်းဒဏ်ခံရသူတွေကို ကူညီဖို့ စုပေါင်းလုပ်ဆောင်ကြတဲ့ သာမန်ပြည်သူတွေရဲ့ အကြောင်း၊ ကျောင်းသားတွေရဲ့ အသံ၊ လွတ်လပ်ခြင်းသီချင်းတွေကို သီကျူးနေတဲ့ ဟစ်ပ်ဟော့ပ် ဂီတသမားတွေရဲ့ အသံ၊ အားလုံးကိုလည်း ကျနော်တို့ကြားခဲ့ရပါတယ်။ ပြည်ပမှာရောက်ရှိနေပြီး အမိမြေနဲ့ မိသားစုထံ အမြဲ တမ်းတ ဆက်သွယ်ချင်နေတဲ့ ဒုက္ခသည်တွေ၊ ပြည်ပရောက် အင်အားစုတွေ အကြောင်းလည်း ကျနော်တို့ သိခဲ့ရပါတယ်။ ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည် ရဲ့အံ့မခန်း ဂုဏ်သိက္ခာကြီးမားမှုကိုလည်း ကျနော်တို့ လေးစား အားကျခဲ့ရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ယုံကြည်ချက်နှလုံးသားခိုင်မြဲသူတွေကို ဘယ်လိုမှ အကျဉ်းချထားလို့မရနိုင်ဘူးဆိုတာ သက်သေပြခဲ့တာပါ။ သမ္မတရာထူးလက်ခံခဲ့တဲ့အချိန်တုန်းက ကမ္ဘာပေါ်မှာရှိနေတဲ့ ခြိမ်းခြောက်အုပ်စိုးနေတဲ့ အစိုးရတွေဆီကို ကျနော်သ၀ဏ်လွှာစကား ပါးခဲ့ဖူးပါတယ်။ အဲဒါကတော့ - "တင်းကြပ်တဲ့လက်သီးတွေကို ဖြေလိုက်မယ်ဆိုရင် ကျနော်တို့ဘက်ကလည်း လက်ကမ်းပါမယ်" ဆိုတဲ့ စကားပါပဲ။ ပြီးခဲ့တဲ့ ၁ နှစ်ခွဲကျော်ကာလအတွင်းမှာပဲ၊ အပြောင်းအလဲတွေဟာ အရှိန်အဟုန်နဲ့ပေါ်လာခဲ့ပါတယ်။ ဆယ်စုနှစ် ၅ ခုကြာ၊ အာဏာရှင်စနစ်နဲ့ အုပ်စိုးခဲ့သူတွေဟာ သူတို့ရဲ့ချုပ်ကိုင်မှုတွေကို ဖြေလျော့လာခဲ့ပါပြီ။ သမ္မတဦးသိန်းစိန်ရဲ့ ခေါင်းဆောင်မှုအောက်မှာ ပြောင်းလဲမှုလိုလားတဲ့ဆန္ဒတွေနဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တခု ဆုံဆည်းပေါ်ထွက်လာခဲ့ပါပြီ။ အခုဆိုရင်၊ အရပ်သားအစိုးရတခုနဲ့ အတူ၊ ပြည်သူ့လွှတ်တော် ဟာလည်း အင်အားယူပေါ်ထွက်လာနေပါပြီ။ တချိန်က တရားမ၀င်ဖြစ်ခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဆိုလျှင်လည်း၊ ရွေးကောက်ပွဲ ၀င်ရောက်ပြီး ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်တောင် လွှတ်တော်အမတ်တဦးဖြစ်နေပါပြီ။ နိုင်ငံရေးအကျဉ်းသားတွေလည်း ရာနဲ့ချီပြီ လွတ်မြောက်လာခဲ့သလို၊ အဓမ္မလုပ်အားစေခိုင်းမှုတွေကို တားဆီးမှုတွေရှိနေပါပြီ။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ပဏာမ အပစ်အခတ်ရပ်စဲရေးတွေလုပ်နိုင်ခဲ့သလို၊ ပိုပြီးပွင့်လင်းတဲ့ စီးပွားရေးအတွက် ဥပဒေအသစ်တွေ လည်း ပေါ်လာနေပါပြီ။ ဒါ့ကြောင့် ဒီနေ့မှာ ကျနော်အနေနဲ့ ပေးခဲ့တဲ့ကတိအတိုင်း၊ မိတ်ဆွေအဖြစ် လက်ကမ်းဖို့ ရောက်လာခဲ့တာပါ။ အခုဆိုရင်၊ ရန်ကုန်မြို့မှာ အမေရိကန်သံအမတ်ကြီးလည်း ရှိနေပါပြီ။ ပိတ်ဆို့ဒဏ်ခတ်မှုတွေလည်း လျှော့ချထားပြီးပါပြီ။ မြန်မာနိုင်ငံမှာ စီးပွားရေးပြန်လည် နာလန်ထူနိုင်ပြီး၊ ပြည်သူတွေအတွက် အခွင့်အလမ်းတွေပေါ်လာအောင် ကျနော်တို့ ကူညီပါ့မယ်။ ဒါဟာ တကမ္ဘာလုံးဖွံ့ဖြိုးဖို့အတွက် အင်အားတရပ်လည်းဖြစ်စေရပါမယ်။ ဒါပေမဲ့လည်း ဒီခရီးဟာ အခုမှ အစပဲရှိသေးပြီး၊ ရှေ့ဆက်အများကြီးသွားရအုံးမှာပါ။ လူမှုအသိုင်းအ၀ိုင်းရဲ့ ထိပ်ပိုင်းကနေ၊ ဆင်းသက်လာတဲ့ ပြုပြင်ပြောင်းလဲရေးတွေဟာ အခြေခံမှာရှိနေတဲ့ ပြည်သူတွေရဲ့ မျှော်မှန်းမှုတွေနဲ့ တထပ်တည်းရှိဖို့လိုပါတယ်။ ကျနော်တို့ အခုမြင်နေရတဲ့ တိုးတက်မှု ရောင်ခြည်မီးပွားလေးတွေ၊ ငြိမ်းမသွားစေရေးနဲ့ ဒီမီးပွားလေးတွေဟာ မြန်မာပြည်သူတရပ်လုံးအတွက်၊ ရှေ့ဆောင်လမ်းပြ ဓူဝံကြယ်ကြီးလိုဖြစ်သွားစေဖို့ လိုပါတယ်။ အဖိနှိပ်ခံရမှုတွေအစား အားလုံးစုံရုံးပိုင်ခွင့်ကို အပြည့်အ၀လေးစားလိုက်နာရပါမယ်။ ချုပ်ချယ်ကန့်သတ်မှုတွေအစား သတင်းဆင်ဆာဖြတ်တောက်မှုတွေကို ဆက်ပြီးဖယ်ရှားသွားရပါလိမ့်မယ်။ ဒီလမ်းစဉ်အတိုင်း ဆက်လျှောက်သွားရင်၊ တိုးတက်မှုတွေ တွေ့လာမှာပါ။ မြစ်ဆုံရေကာတာစီမံကိန်းမှာဆိုရင်၊ ကန့်ကွက်ကြတဲ့ ပြည်သူတွေရဲ့ အသံကို လစ်လျူမရှု့ဘဲ၊ လေးစားလိုက်နာခဲ့တာကို တွေ့ခဲ့ရပါပြီ။ မတရားအသင်းလို့ ကြေငြာမှုတွေမရှိတော့ဘဲ နိုင်ငံရေးပါတီတွေကိုလည်း လှုပ်ရှားလုပ်ဆောင်ခွင့်တွေ ပေးလာနေပါပြီ။ လွှတ်တော်ရွေးကောက်ပွဲတွေတုန်းကဆိုရင်၊ မဲဆန္ဒရှင်တဦးက - ကျနော့်အဖိုးအဖွားတွေ၊ တချိန်လုံးစောင့်ဆိုင်းခဲ့ပြီး၊ မတွေ့သွားတဲ့ ဒီအခွင့်အရေးပါပဲလို့ ပြောခဲ့တာ ကြားရပါတယ်။ ဒီလိုမဲဆန္ဒရှင်တွေရဲ့ လွတ်လပ်မှုကို ကာကွယ်ဖို့အတွက် အာဏာရှိသူတွေအနေနဲ့ သဘောထားကြီး ထိန်းချုပ်နိုင်ဖို့လိုပါတယ်။ ဒါဟာ အမေရိကန်နိုင်ငံရေးစနစ်ရဲ့ ပုံစံပါပဲ။ အမေရိကန်မှာ ကမ္ဘာပေါ်မှာ အင်အားအကြီးဆုံးစစ်တပ်ရှိပေမယ့်၊ ဒီစစ်တပ်ဟာ အရပ်သားအစိုးရရဲ့ ထိန်းချုပ်မှုကို နာခံရပါတယ်။ ကျနော်ကိုယ်တိုင် သမ္မတ နိုင်ငံတော်စစ်သေနာပတိချုပ် ဆိုပေမယ့် ကျနော်ရဲ့ ဆန္ဒတိုင်းကို ကွန်ဂရက် လွှတ်တော်မှာ အတင်းအကြပ် အတည်ပြုခိုင်းလို့မရပါဘူး။ နိုင်ငံတော်ရဲ့ တရားသူကြီးတွေကို ကျနော်က ခန့်အပ်ရတာဆိုပေမယ့်၊ သူတို့ရဲ့ တရားစီရင်ရေးမှာ ကျနော်ဝင်ပါလို့မရပါဘူး။ ဘာကြောင့်လဲဆိုတော့ အမေရိကားမှာ ဆင်းရဲတဲ့ကလေးငယ်လေးကနေ၊ သမ္မတအထိ အားလုံးဟာ ဥပဒေအောက်မှာ တညီတညာတည်းဖြစ်နေလို့ပါပဲ။ ဒီလိုနည်းလမ်းနဲ့ပဲ ကိုယ်ရောက်ချင်တဲ့အနာဂတ်ကို ရောက်အောင်သွားနိုင်မှာပါ။ အဲဒီအနာဂတ်မှာဆိုရင်၊ နိုင်ငံရေးအကျဉ်းသားတစ်ယောက် ရှိနေတယ်ဆိုရင်တောင် များလွန်းလှပြီလို့ ဆိုကြပါလိမ့်မယ်။ ဥပဒေဟာလည်း ခေါင်းဆောင်တွေရဲ့ အထက်မှာရှိနေပြီး၊ ဘယ်ကလေးသူငယ်ကိုမှလည်း စစ်သားအဖြစ်ခိုင်းစားတာမျိုးမရှိသလို၊ ဘယ်အမျိုးသမီးကိုမှလည်း မတရားခေါင်းပုံဖြတ်တာ မရှိတော့ပါဘူး။ နိုင်ငံတော်ရဲ့ လုံခြုံရေးကို အရပ်သားထိန်းချုပ်မှုအောက်မှာရှိတဲ့ စစ်တပ်က ကာကွယ်ပေးထားပြီး၊ ပြည်သူလူထုက ရွေးချယ်ပေးလိုက်တဲ့ သူတွေ အုပ်ချုပ်ခွင့်ရှိစေမယ့်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေတရပ်လည်း ရှိနေမယ့်အနာဂတ်ဖြစ်ပါတယ်။ ဒီခရီးလမ်းကို ရောက်အောင်သွားဖို့ အမေရိကန်ပြည်ထောင်စုက အဆင့်တိုင်းမှာ ကူညီသွားပါမယ်။ လူထုလူတန်းစားအဖွဲ့အစည်းတွေ အားကောင်းလာစေဖို့ အကူအညီတွေ၊ ဂုဏ်သိက္ခာရှိပြီး လူ့အခွင့်အရေးလေးစားတဲ့ စစ်တပ်တရပ်ဖြစ်လာစေဖို့ ၊ ဒါ့အပြင် စီးပွားရေးဖွံ့ဖြိုးမှုတွေနဲ့ အတူ၊ ဒီမိုကရေစီလမ်းစဉ်ဆီကို ရှေ့တိုးလုပ်ဆောင်လာနိုင်ရေး၊ ပူးပေါင်းဆောင်ရွက်သွားဖို့ ကျနော်တို့ ကူညီသွားမှာပါ။ နိုင်ငံသားဆိုတာကို အဓိပ္ပါယ်ဖွင့်ဆိုဖို့ ဘယ်နိုင်ငံမဆို အပြင်းအထန် ကြိုးစားခဲ့ကြရပါတယ်။ အမေရိကန်နိုင်ငံမှာလည်း ဒီပြဿနာနဲ့ ပတ်သက်ပြီး အကြီးအကျယ် ဆွေးနွေးငြင်းခုံခဲ့ရတာပါ။ အခုထိလည်း ဆက်ပြီး ငြင်းခုံရဆဲပါ။ ဒါပေမယ့် အဓိကအခြေခံအချက်တွေကတော့ တကမ္ဘာလုံးအတွက် အတူတူပါပဲ။ ဘယ်သူဖြစ်ဖြစ် အခြိမ်းခြောက်မခံရပဲ နေထိုင်နိုင်ခွင့် ရှိဖို့ လိုပါတယ်။ မိသားစုတွေ ဘေးရန်ကင်းကင်း နေနိုင်ဖို့ လိုပါတယ်။ သူတို့ ဘယ်သူဘယ်ဝါဖြစ်နေလို့ ဒါမှမဟုတ် သူတို့ ဘယ်နေရာကနေ ရောက်လာလို့ ဆိုပြီး သူတို့အိမ်တွေ မီးရှို့ခံရတာမျိုး မဖြစ်သင့်ပါဘူး။ နောက်ဆုံးကုန်ကုန်ပြောရရင် ကိုယ့်နိုင်ငံသားတွေကပဲ ကိုယ့်ရဲ့ နိုင်ငံညီညွတ်မှုကို လုပ်နိုင်တာပါ။ မြန်မာနိုင်ငံသားတွေဟာ မတူကွဲပြားမှုဆိုတာကို အားနည်းချက်တရပ်အနေနဲ့ မဟုတ်ဘဲ၊ အင်အားအဖြစ် အသုံးချနိုင်လိမ့်မယ်လို့ ကျနော်အခိုင်အမာ ယုံကြည်ပါတယ်။ ကျနော့် နိုင်ငံ၊ ကျနော် လျှောက်လှမ်းခဲတဲ့ ဘ၀အတွေ့အကြုံတွေကို ကျနော် ပြောပြနေတာပါ။ အမေရိကန် ပြည်ထောင်စုဟာ ခရစ်ယာန်တွေနဲ့ ဂျူးတွေ၊ မူစလင်နဲ့ ဗုဒ္ဓဘာသာဝင်တွေ၊ ဟိန္ဒူနဲ့ ဘာသာ အယူဝါဒမရှိသူတွေ အတူနေကြတဲ့ နိုင်ငံပါ။ ကျနော်တို့ နိုင်ငံဟာ ဘာသာစကားမျိုးစုံနဲ့ ယဉ်ကျေးမှု မျိုးစုံ ထွန်းကားတဲ့ နိုင်ငံပါ။ ကျနော်တို့မှာ ပြည်တွင်းစစ်ရဲ့ ခါးသီးမှုတွေ ရှိခဲ့ပေမယ့် လူသားတွေဟာ အမုန်းတရားတွေကို အသဲနှလုံးထဲကနေ ဖယ်ရှားနိုင်စွမ်း ရှိတယ်၊ ဘာသာ နဲ့ လူမျိုးဆိုတဲ့ ကဏ္ဍခြားထားတဲ့ လိုင်းတွေကလည်း မှေးမှိန်သွားနိုင်ပါတယ် ဆိုတာကို သမိုင်းကပြနေပါတယ်။ တကယ်တမ်း ဘာကျန်နေသလဲဆိုတော့ ရိုးသားတဲ့ အမှန်တရား ပါပဲ။ အမေရိကန်နိုင်ငံမှာ ကွဲပြားမှုတွေ အများကြီး ရှိပေမယ့် ကျနော်တို့ဟာ တစိတ်ထဲ တ၀မ်းထဲ လူမျိုး တမျိုးထဲပါ။ ကာလကြာလာတာနဲ့ အမျှ ဒီအမှန်တရား ကနေ ကျနော်တို့ နိုင်ငံကို အင်အားဖြစ်စေခဲ့ပါတယ်။ ကျနော်တို့ဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကျွန်တော်တို့ ကိုင်စွဲထားတဲ့ ဒီမိုကရေစီ မူဝါဒတွေ အတိုင်း ဖြည့်ပြီး ပြင်ဆင်ခဲ့ပါတယ်။ ကမ္ဘာပေါ်မှာ အင်အား အကြီးဆုံး နိုင်ငံကြီးရဲ့ သမ္မတ တဦးအနေနဲ့ ဒီကနေ့ ခင်ဗျားတို့ရှေ့မှာ ကျနော် မားမားမတ်မတ် ရပ်နေပါပြီ။ ကျနော်ဟာ အရင်တုန်းက မဲပေးခွင့်မရှိတဲ့ သူတဦးရဲ့ အမျိုးအနွယ်တဦးပါ။ ဒီ နိုင်ငံ နယ်နိမိတ်အတွင်း ရှိသမျှ လူသားတွေဟာ ဒီနိုင်ငံရဲ့ သမိုင်းအစိတ်အပိုင်း ပဲဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီနိုင်ငံမှာလည်း မတူကွဲပြားမှုတွေကို ကျော်လွှားနိုင်မယ်လို့ ကျနော့် နက်နက်ရှိုင်းရှိုင်း ယုံကြည်ပါတယ်။ ဦးသန်းလွင်ထွန်း (ဗွီအိုအေ မြန်မာဌာန) | ||||||
| နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့် ဘားရက်အိုဘားမား တွေ့ ဆုံ (ရုပ်/သံ) Posted: 19 Nov 2012 12:36 AM PST ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် မြန်မာနိုင်ငံ တွင် ရောက်ရှိနေသည့် အမေရိကန် ပြည်ထောင်စု သမ္မတ မစ္စတာ ဘားရက် အိုဘားမားအား ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော် ဧည့်ခန်းမ၌ လက်ခံ တွေ့ဆုံသည်။ ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ
| ||||||
| သမ္မတ အိုဘားမားနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ချစ်ကြည်ရင်းနှီးစွာဖြင့် (ဓါတ်ပုံ) Posted: 18 Nov 2012 11:53 PM PST | ||||||
| သမ္မတ အိုဘားမားနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ပူးတွဲ သတင်းစာ ရှင်းလင်းပွဲ (ရုပ်/သံ) Posted: 18 Nov 2012 11:37 PM PST သမ္မတ အိုဘားမားနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ပူးတွဲ သတင်းစာ ရှင်းလင်းပွဲ (ရုပ်/သံ) သတင်းစာ ရှင်းလင်းပွဲ ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ
| ||||||
| သမ္မတဦးသိန်းစိန် ပြုပြင်ပြောင်းလဲရေး ရှေ့ဆက်မယ် Posted: 18 Nov 2012 11:32 PM PST သမ္မတ အိုဘားမား ပြောခဲ့သလို (move forward) ရှေ့ကို ဆက်သွားမယ် ဆိုတဲ့ စကား အတိုင်း မြန်မာနိုင်ငံမှာ ပြုပြင် ပြောင်းလဲမှု တွေကို ရှေ့ဆက် လုပ်ဆောင် သွားမှာ ဖြစ်တယ်လို့ သမ္မတ ဦးသိန်းစိန်က မစ္စတာ အိုဘားမားနဲ့ တွေ့ဆုံစဉ်မှာ ပြောကြား လိုက်ပါတယ်။ သမ္မတ ဦးသိန်းစိန်က အမေရိကန် မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေး ကောင်းအောင် သမ္မတ အိုဘားမားရဲ့ အမျှော် အမြင်ကြီးမှု၊--- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||||||
| သမ္မတ အိုဘားမားနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ပူးတွဲ သတင်းစာ ရှင်းလင်းပွဲ Posted: 18 Nov 2012 11:09 PM PST အမေရိကန် သမ္မတများ ထဲတွင် မြန်မာနိုင်ငံသို့ ပထမဆုံး လာရောက် လည်ပတ်သော သမ္မတ ဖြစ်ခွင့်ရသည့် အတွက် ဂုဏ်ယူ မိကြောင်း၊ မြန်မာနိုင်ငံတွင် ဖြစ်ပေါ် နေသော ပြုပြင် ပြောင်းလဲရေးများကို အမေရိကန် အနေဖြင့် တတ်နိုင်သမျှ ရှေ့ဆက် တိုးတက်အောင် ကူညီ ဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း၊ မိမိအပါအ၀င် တစ်ကမ္ဘာလုံးရှိ လူများကိုပါ လွတ်လပ်မှု၊ ဂုဏ်သိက္ခာ၊ ကြွယ်ဝမှုတို့နှင့် ထိုက်တန်သော ဒီမိုကရေစီနှင့် လူ့အခွင့်အရေး စံနှုန်းများ မြှင့်တင်ပေးခဲ့သော ဒေါ်အောင်ဆန်းစုကြည်အားလည်း ကျေးဇူးတင်ကြောင်း အိုဘားမားက ဒေါ်အောင်ဆန်းစုကြည်နှင့် အတူ ပူးတွဲ ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် အိုဘားမားက ပြောကြားခဲ့သည်။ 7Day News Journal
| ||||||
| Posted: 18 Nov 2012 10:45 PM PST အမေရိကန် သမ္မတ အိုဘားမား၊ ၀န်ကြီး ဟီလာရီ ကလင်တန်နှင့် အမေရိကန် အစိုးရအဖွဲ့မှ တာဝန်ရှိသူများ ရွှေတိဂုံ စေတီတော်ကို ယနေ့ မွန်းလွှဲပိုင်းက လှည့်လည် ဖူးမြော်နေစဉ်။ သမ္မတအိုဘားမား၊ ဟီလာရီ ကလင်တန် အပါအ၀င် အမေရိကန် အစိုးရအဖွဲ့ဝင် အားလုံးမှာ ဖိနပ်နှင့် ခြေအိတ်များကို ချွတ်၍ ဖူးမြော်ခဲ့သည်ကိုလည်း တွေ့ရစဉ်။ 7Day News Journal
| ||||||
| သမ္မတအိုဘားမားနှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ ဆုံ (ဓါတ်ပုံ) Posted: 18 Nov 2012 10:43 PM PST | ||||||
| အမေရိကန်သမ္မတနှင့် ဦးသိန်းစိန် တွေ့ဆုံ Posted: 18 Nov 2012 10:55 PM PST အိုဘားမား - "သမ္မတကြီးနဲ့တကွ အားလုံးက ပျူပျူငှာငှာ ကြိုဆိုတဲ့ အတွက် ကျေးဇူး တင်ကြောင်း ပထမဆုံး ပြောလိုပါတယ်။ ကျနော့် အနေနဲ့ အချိန်တိုတိုပဲ ရတယ်။ မိန့်ခွန်း တခုလည်း ပြောဦးမှာ ဆိုတော့ မြန်မာပြည်သူတွေ အတွက် သိသင့်သိထိုက်တဲ့ ဟာတွေ အဲဒီကျတော့ ကျနော်ပြောမှာပါ။ ကျနော် ပြောချင်တာ ကတော့--- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||||||
| လူ့အခွင့်အရေးလှုပ်ရှားသူ ဦးမြင့်အေး ပြန်လွတ် Posted: 18 Nov 2012 09:42 PM PST အစိုးရက ထောင်ဒဏ် တသက်နဲ့ ၈ နှစ် ပြစ်ဒဏ် ချမှတ်ထားတဲ့ လူ့အခွင့်အရေး ကာကွယ် မြှင့်တင်သူ ကွန်ရက် အဖွဲ့ခေါင်းဆောင် ဦးမြင့်အေးကို ကယားပြည်နယ် လွိုင်ကော် အကျဉ်းထောင်ကနေ ဒီနေ့ မနက် ၉ နာရီခန့်မှာ ပြန်လွှတ်ပေး လိုက်ပါတယ်။ အမေရိကန် သမ္မတရဲ့ လေယာဉ် ရန်ကုန် အပြည်ပြည် ဆိုင်ရာလေဆိပ် ဆင်းသက်ချိန်မှာ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||||||
| သာယာဝတီ နှင့် အင်းစိန်ထောင်မှ နိုင်ငံရေး အကျဉ်းသား (၂၈)ဦး လွတ် Posted: 18 Nov 2012 09:32 PM PST
လွတ်ငြိမ် ချမ်းသာခွင့်အရ သာယာဝတီ အကျဉ်းထောင်မှ ကိုလက်ျာထွန်း (ခ) ပူတူး၊ ကိုသိန်း (ခ) ကိုသိန်းထွန်း၊ ကိုမြင့် (ခ) ကိုမြင့်ဟန်၊ ကိုနိုင်အောင် (ခ) ပါထွေး၊ ကိုသန့်ဇင် (ခ) သန်းဇော်ဆွေ၊ ကိုထွန်းထွန်း (ခ) ကိုနိုင်လင်းအောင်၊ ဦးတိုက်ရင်၊ ကိုအေးလွင်၊ ကိုကိုနိုင်၊ ကိုကျော်သူ၊ ကိုဝင်းသိန်း၊ ကိုကြည်အောင် စုစုပေါင်း ၁၂ ဦး လွတ်မြောက် လာခဲ့သည်။ သာယ၀တီ အကျဉ်းထောင်တွင် နိုင်ငံရေး အကျဉ်းသား ၁၄ ဦးကျန်ရှိနေ သေးကြောင်း သိရသည်။ အင်းစိန်ထောင်မှ နိုင်ငံရေးအကျဉ်းသား (၁၆)ဦး လွတ် အမေရိကန်သမ္မတ အိုဘားမား မြန်မာနိုင်ငံသို့ မရောက်ခင် (၁း၃၀)အချိန်ခန့်၌ ရန်ကုန်မြို့ အင်းစိန်အကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသား (၁၆)ဦး လွတ်မြောက်သွားကြောင်း သိရသည်။ အဆိုပါ (၁၆)ဦးမှာ ကိုစောတည်အေး ကိုစောထူးခို ဦးအေးနား ကိုခိုင်ဦး ကိုကိုအောင် ကိုဝင်းဇော်ကို ကိုမျိုးဝင်း တို့အပါအ၀င် အမျိုးသမီး (၁)ဦးလည်း ပါဝင်ကြောင်း သိရသည်။ by မြန်မာ့ခေတ် |
| You are subscribed to email updates from Thit Htoo Lwin To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
| Google Inc., 20 West Kinzie, Chicago IL USA 60610 | |







































