သျှမ်းသံတော်ဆင့် |
| ဖက်ဒရယ်အရေး လက်တွဲဆောင်ရွက်ရန် သျှမ်းညီလာခံ၌ ဦးအောင်မင်းပြော Posted: 26 Nov 2012 02:56 AM PST ယနေ့မနက် ရန်ကုန်မြို့ တော်ဝင်နှင်းဆီ ငြိမ်းချမ်းရေးခန်းမ၌ စတင်သော ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက် ခြင်း ဆွေးနွေးပွဲသို့ ဒုသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း တက်ရောက်ခြင်းမရှိ ၊ ဦးအောင်မင်းကပင် ဖက်ဒရယ်နှင့် ပတ်သက် ၍ လက်တွဲရန် တိုက်တွန်းပြောဆို သွားကြောင်း ပွဲဖြစ်မြောက်ရေး ကော်မတီဝင် လူငယ်တဦးကပြောပါသည်။ " ဒုသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း မတက်ဘူး။ ဘာဖြစ်လို့လဲတော့မသိဘူး။ ကျနော်တို့ ကျားခေါင်းပါတီ ဥက္ကဌ စဝ်ခွန်ထွန်းဦး ကဘဲ အစည်းအဝေးဖွင့်လှစ်ပေးတယ်။ အမှာစကားပြောတယ်။ ဦးအောင်မင်း တို့လဲ တက်ရောက်တယ်။ သျှမ်းခေါင်းဆောင်တွေ သျှမ်းလူငယ်တွေနဲ့ ဓါတ်ပုံတွဲ ရိုက်တယ်။ မိန့်ခွန်းပြောသွားတယ်" ဟု အဆိုပါလူငယ် ကပြော ပါသည်။ သျှမ်းခေါင်းဆောင်များနှင့် ဦးအောင်မင်းအဖွဲ့ ဓါတ်ပုံတွဲရိုက်ကြစဉ်ရန်ကုန်မြို့ ရွှေဂုံတိုင်ရှိ တော်ဝင်နှင်းဆီ ငြိမ်းချမ်းရေးခန်းမ၌ Trust Building for Peace 'ငြိမ်းချမ်းရေးအတွက် ယုံကြည်မှု တည်ဆောက်ခြင်း' ဆွေးနွေးပွဲကို နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ ယခုလ ၂၆ ရက် (ယနေ့) မှ ၂၈ ရက်အထိ ၃ ရက် ကျင်းပမည်ဖြစ်သည်။ အဆိုပါ ဆွေးနွေးပွဲသို့ တက်ရောက်သူ ၁၅၀ ဝန်းကျင်ရှိပြီး ဦးအောင်မင်းကလည်း တက်ရောက်အမှာ စကားပြောခဲ့ကြောင်း ဆိုပါသည်။ " ဦးအောင်မင်းကတော့ ဖက်ဒရယ် ပြည်ထောင်စုကို ပူးပေါင်းတည်ဆောက်ကြဖို့ တိုက်တွန်းသွားတယ်။ ကျနော်တို့ ဖိတ်ထား တဲ့ ပြည်တွင်းပြည်ပမှ ခေါင်းဆောင်တွေ အဖွဲ့အစည်းတွေ သျှမ်းနိုင်ငံရေးပါတီကိုယ်စားလှယ်တွေ၊ သျှမ်းအမျိုးသမီးပူး ပေါင်း ဆောင်ရွက်ရေး SWAN၊ သျှမ်းလူငယ့်အင်အား SYP စတာတွေ တော်တော်များများလာကြတယ်။ တသီးပုဂ္ဂလတွေ တော့ အနည်းအကျဉ်းဘဲလာတာ" ဟုဆိုပါသည်။ ဆွေးနွေးပွဲတက်ရောက်သည့်ပရိသတ် သမိုင်းတစ်လျှောက်လုံးတွင် နားလည်မှုလွဲခဲ့သော ဖက်ဒရယ်လစ်ဇင်ကဲ့သို့သော ကိစ္စမျိုးကို မိမိတို့အဖွဲ့အစည်း အသီးသီး နားလည်လက်ခံသော အဓိပ္ပာယ်ရရှိဆောင်ရွက်ခြင်းကဲ့သို့သော ကိစ္စရပ်မျိုး၊ အာဏာခွဲဝေမှုကဲ့သို့သော ကိစ္စရပ်မျိုး၊ သယံဇာတခွဲဝေမှုကိစ္စရပ်မျိုးကို အဓိပ္ပာယ်ဖွင့်ဆိုခြင်းများကို ဦးစွာပထမရှင်းလင်းရန် လိုအပ်သည်ဟု ငြိမ်းချမ်းရေး ဖော်ဆောင်မှု အဖွဲ့လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ သမ္မတရုံးဝန်ကြီး ဦးအောင်မင်းက အမှာစကားပြောကြားရာတွင် ထည့်သွင်းပြောကြားသွားသည်ဟု 7Day News Journal ကရေးသားသည်။ တွေ့ဆုံပွဲနှင့်ပတ်သက်၍ တိုင်းလျဲန်ပါတီ ဥက္ကဌ စိုင်းဌေးအောင်က " ဒီလိုဆွေးနွေးပွဲက လုပ်သင့်တာ တော်တော်ကြာနေပြီ။ ကျနော်တို့ သျှမ်းလူမျိုးအတွက် နောက်တောင်ကျနေပြီ လို့ပြောရမယ်။ စစ်ဖြစ်တာက သျှမ်းတွေအနေများတဲ့ဒေသ။ ဒါပေ မယ့် စစ်မှန်တဲ့ငြိမ်းချမ်းရေးရဖို့တော့ ဒီအစည်းအဝေးတခုတည်းနဲ့ ပြီးမှာမဟုတ်ဘူး။ တိုင်းရင်းသားတွေလို အပ်ချက်က အများကြီးဘဲ။ အခုလို ငြိမ်းချမ်းရေးဆွေးနွေးပွဲကို မကြာခဏလုပ်သင့်တယ်။ လက်နက်ကိုင်တော်လှန်ရေးက လွတ်လပ်ရေး ရပြီးမှ ဖြစ်လာတာဘဲ။ အလကားတိုက်ချင်လို့ တိုက်တာမှမဟုတ်တာ။ ဆုံးရှုံးနေတဲ့အခွင့်အရေးတွေပြန်ရချင်လို့ တိုက်နေတာဘဲ" ဟု သျှမ်းသံတော်ဆင့်အား ပြောပါသည်။ မြန်မာပြည်တွင်း၌ ပြည်တွင်းပြည်ပသျှမ်းအဖွဲ့အစည်း၊ လက်နက်ကိုင်အဖွဲ့အစည်းတို့ ငြိမ်းချမ်းရေးအတွက် တွေ့ဆုံ ဆွေးနွေးမှုမှာ ယခုပထမဆုံးအကြိမ် တရားဝင်ဆွေးနွေးပွဲဖြစ်ပါသည်။ |
| ကိုယ့်အားကိုယ်ကိုး အမျိုးသမီး မူးယစ်တိုက်ဖျက်ရေးအဖွဲ့ လုပ်ငန်းအောင်မြင် Posted: 26 Nov 2012 02:54 AM PST သျှမ်းပြည်မြောက်ပိုင်း မူစယ်မြို့နယ် မုံးပေါ်ဒေသ၌ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလှုပ်ရှားနေသော အမျိုးသမီးအဖွဲ့ လုပ် ငန်း သိသိသာသာအောင်မြင်လာနေကြောင်း ရောင်းဝယ်သူရှားပါးလာမှုကြောင့် ဝယ်ယူသုံးစွဲသူလျော့နည်းလာ ကြောင်း မြို့ခံများကပြောသည်။ ![]() မုံးပေါ်ဒေသမူးယစ်ဆေးဝါးတားဆီးကာကွယ်ရေးအသင်း "အိမ်မှာဘိန်းစားရှိရင် ချက်ဖို့ဆန်ကအစ ခိုးရောင်းတယ်။ အိမ်ပစ္စည်းတွေ ဘာမှု လုံခြုံမှုမရှိဘူး။ မှတ်ပုံတင်တောင်ပေါင်စား တယ်ဆိုတော့ စဉ်းစားကြည့်ပေါ့။ မိန်းမဖြစ်သူက အလုပ်သွားလုပ်တော့မယ်ဆိုရင် အဖိုးတန်ပစ္စည်းတွေ ဘိန်းစားမရှိတဲ့ ဘေးအိမ်ကို သွားအပ်ထားရတယ်။ မခံမရပ်နိုင်အောင်ဖြစ်လာလို့ ဒေသခံ မိခင်တွေက စုပြီး မူယစ်ဆေးဝါး တိုက်ဖျက်လာ တယ်။ ရောင်းတဲ့သူကို အင်အားနဲ့သွားဖမ်းတယ်။ သုံးစွဲတဲ့သူကို တိုက်ဖျက်ပေးတယ်။ အခုရောင်းတဲ့သူတွေ တော်တော် လျော့သွားလို့ ဝယ်စားတဲ့သူက လွယ်လွယ်နဲ့ မရတော့ဘူး။ အားဖြည့် ပြီးလုပ်လာတာ ၇-၈ လလောက်ရှိပြီ။ အောင်မြင်လာ တယ် လို့ပြောရမှာပေါ့ " - ကိုယ်ကျိုးစွန့်ပြီး မူးယစ်ဆေး ဝိုင်းတိုက်ဖျက်သည့် ဒေသခံ မိခင် ကချင်အမျိုးသမီး တဦးက ပြောပါသည်။ ယခုနှစ်အတွင်းစတင်သည့် မုံးပေါ် ဒေသခံအမျိုးသမီးများ၏ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးမှာ မူစယ်မြို့နယ် ပန်ဆိုင်း မြို့နယ်ခွဲရှိ မုံးပေါ်ဒေသအတွင်းအား အဓိကပစ်မှတ်ထားကြောင်း၊ အမျိုးသမီးနှင့် ရပ်ကွက် လူထုကျေးရွာ ၂၁ ရွာ စုပေါင်း အင်အား ၂၀၀ ကျော်က မုံးပေါ် ဇုံ ပြည်သူလူထု မူးယစ်ဆေးဝါး တားဆီးကာကွယ်ရေး အသင်းအဖြစ် ဖွဲ့စည်းပြီး မူးယစ်ဆေး ဝါးတိုက်ဖျက်လာခဲ့ခြင်းဖြစ်သည်။ ပလောင်အမျိုးသမီးများ စာစောင်တွင် မူစယ်မြို့၌ ၈ အုပ်စု ၃၂ ရွာ ရှိရာ မုံးပေါ်ရွာတွင် အိမ်ခြေ ၂၆၀၀၊ လူဦးရေ ၁၀၇၅၅ ရှိရာ ဆေးစွဲသူ ၂၀၀၀ ကျော်ရှိကြောင်း၊ မူးယစ်ဆေး လက်လီအရောင်းသမား ၄၀ ကျော်ရှိပြီး ၎င်းတို့မှာ အစိုးရရဲထံ တလ လျင် တဦး ကျပ် ၄ သိန်းပေးသွင်းရကြောင်း ဆိုပါသည်။ "မူစယ်မြို့နယ် မဲဆန္ဒနယ်အမတ် ၂ က ကြံ့ဖွံ့ပါတီရဲ့ပြည်နယ်လွှတ်တော်အမတ် ဦးကမ်မိုင်ရဲ့အကို ဦးမာမွန်း ကနေ အားပေးတယ်။ တိုက်ရိုက်ပတ်သက်တာတော့မဟုတ်ဘူး။ မလုပ်လို့လဲမရတော့တဲ့အခြေအနေလေ။ အိမ်တိုင်းနီးပါးကို ဆေးသုံးနေကြတယ်။ ကြာရင်တော့ လူမျိုးသုဉ်းမယ် လူမျိုးပျောက်မယ်လေ။ ဒီအမျိုးသမီးအဖွဲ့ရဲ့ခေါင်းဆောင်ကလည်း နန်းဆွဲ့တဲ့ အသက် ၈၀ ကျော်နေပြီ။ သာမာန်အရပ်သူဘဲ " ဟု မုံးပေါ်ဒေသခံတဦးက သျှမ်းသံတော်ဆင့်အားပြောပြသည်။ ထိုကဲ့သို့ မူးယစ်ဆေးဝါးပျံ့နှံ့ သုံးစွဲလာရခြင်းမှာ ဒေသတွင်းမတည်မငြိမ် ဖြစ်ခြင်း၊ သတင်းပို့ ပေးမည့် သူမရှိတော့ခြင်း (ယခင်ကရှိဖူးသော်လည်း သတင်းပို့သူအား သတ်ဖြတ်မှုကြောင့် ကြောက်ရွံ့ကြ သဖြင့် သတင်းမပို့ရဲတော့) ၊ ဒေသတွင်းရှိ အစိုးရဝန်ထမ်းများ လစာနည်းပါးခြင်း (လာဘ် ပေးလာဘ်ယူမှု များ ပြားလာ) တို့ကြောင့်ဖြစ်ကြောင်း ၎င်းက ဆိုပါသည်။ အိမ်ပေါ်အထိ တက်ရောက်စစ်ဆေးရာ ပထမအကြိမ်ဖမ်းမိပါက သတိပေးတားမြစ်ခဲ့သည်။ သို့သော် ဖမ်းမိပစ္စည်းများအား သိမ်းယူသွားခဲ့သည်။ ဒုတိယအကြိမ်ဖမ်းမိပါမှ ဖမ်းဆီးအရေးယူသည်ဟုဆိုပါသည်။ ဖမ်းမိပစ္စည်းများအား လစဉ်လတိုင်း မီးရှို့ဖျက်ဆီးမှု ပြုလုပ်ခဲ့ကြောင်း အဆိုပါအသင်း ဝင်များကဆိုပါသည်။ အဆိုပါအသင်းအဖွဲ့၏ ရည်ရွယ်ချက်မှာ ၁- နောင်လာနောက်သားများ မူးယစ်ဆေးဝါးကင်းစင်ပြီး ရပ်ရွာဒေသ ပတ်ဝန်း ကျင်၌ ငြိမ်းချမ်းလုံခြုံစွာနေထိုင်နိုင်ရန်နှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရန်။ ၂- နိုင်ငံ့ခေါင်းဆောင်ကောင်းများပေါ်ထွန်းလာစေရန်။ ၃-ရေရှည်တည်တံ့ခိုင်မြဲသော စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်လာစေရန်။ ၄-မူးယစ်ဆေးဝါးကြောင့် ဆင်းရဲဒုက္ခရောက်နေသော မိသားစုများ၏စိတ်ဓါတ်ပြန်လည်မြင့်တင်လာစေရန် - ဟူသောအချက် ၄ ချက်ဖြစ်သည်ဟုလည်း ၎င်းတို့၏ နောက်ခံသမိုင်း၌ ရေးသားထားသည်ကိုတွေ့ရသည်။ |
| You are subscribed to email updates from သျှမ်းသံတော်ဆင့် To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
| Google Inc., 20 West Kinzie, Chicago IL USA 60610 | |


