သစ်ထူးလွင် |
- လုံခြုံရေး အကြောင်းပြ၍ အင်တာနက်၊ ဖုန်းစသည့် ဆက်သွယ်မှု များကို ကြားဖြတ် ဖမ်းယူနိုင် ဟုဆို
- သူရိယ စွမ်းအင် စက်သုံးဆီ အရောင်းဆိုင်မှာ ဆီအခြင်အတွယ် မပြည့်မှု အားတိုင်ကြားခြင်း
- လုပ်အားခေါင်းပုံဖြတ်ခံရသည့် မြန်မာအလုပ်သမား ၂၀ ကျော်ကို ကယ်ထုတ်
- တရားစီရင်ရေးဥပဒေ ပြင်ဆင်ရန် ဦးသိန်းညွန့်ကို တာဝန်ပေး
- ပေါက်ကွဲ စေတတ်သော ဒီတိုနေတာ(ကပ်သီး)ချောင်း (၉၈၀၀)ဖမ်းဆီးရမိမှု
- မရမ်းကုန်း အလုပ်သမားရုံးရှေ့တွင် ဆန္ဒဖော်ထုတ်
- ဈာပန ကိစ္စ စစ်တွေမြို့ခံများအခက်တွေ့
- လာဘ်ပေးလာဘ်ယူ ကင်းရှင်းရေး ရန်ကုန်ဆိပ်ကမ်းကို စုံစမ်းစစ်ဆေးမည်
- စည်ပင်ခွင့်ပြုချက်မဲ့ အဆောက်အအုံများအား တစ်စမကျန် ပြန်ဖျက်ခိုင်းမည်
- ဆိုးသွမ်း လူတစ်စုကြောင့် တစ်ကျော့ပြန် ရခိုင်ပဋိပက္ခ ဖြစ်ရသည်ဟု ပြည်နယ် အစိုးရအဖွဲ့ သုံးသပ်
- နိုဝင်ဘာလ (၈)ရက်နေ့ ထုတ် Venus News Weekly အတွဲ ၄ အမှတ် ၁၆
- ဒီမိုကရေစီကိုချစ်တာလား ကုလားထိုင်ကို ချစ်တာလား
- သမ္မတရွေးကောက်ပွဲ အိုဘားမား အနိုင်ရ
- မြန်မာဝမ်ပေါင်ကုမ္ပဏီဝန်ထမ်း ၁၂၀ ကျော် ညလုံးပေါက် ဆန္ဒဖော်ထုတ်
- အမျိုးသားတစ်ဦးကို ကြည့်မိသည့် သမီးဖြစ်သူအား မိဘများက သတ်ဖြတ်
- တောင်ကုတ်တွင် NLD ကျေးရွာ ရုံးများ ဆက်လက် ဖွင့်လှစ်
- မောင်တောမြောက်ပိုင်းတွင် ဆောက်လုပ်ရေး လုပ်သားများ တိုက်ခိုက်ခံရ
- သမ္မတ အိုဘားမား နှာတဖျား သာနေ
- ငြမ်းစင်ကြားမှ အသက်ခန္ဓာများ
- နိုင်ငံခြားသားများ ကျူးလွန်သည့် ရာဇ၀တ်မှုခင်းနှင့် လိမ်လည်မှုပိုများလာ
- လူငါးဆယ်ခန့် မင်္ဂလာဆောင်မှ အပြန် အစာအဆိပ်သင့်
- အမေရိကန် ရွေးကောက်ပွဲ မဲရုံတွေ ပိတ်
- ယခုအပတ်ထုတ် The Hot News Weekly Journal Vol-3, No-115
- ၅၅ ယောက် ၅ နာရီ ငရဲကျ
- သြစတြေးလျ-မြန်မာ စစ်ဘက် ဆက်ဆံရေး အလားအလာ ဝေဖန်ခံရ
| လုံခြုံရေး အကြောင်းပြ၍ အင်တာနက်၊ ဖုန်းစသည့် ဆက်သွယ်မှု များကို ကြားဖြတ် ဖမ်းယူနိုင် ဟုဆို Posted: 07 Nov 2012 07:29 AM PST ရန်ကုန်၊ နိုဝင်ဘာ ၇ ရက် တိုင်းပြည် လုံခြုံရေး နှင့် တရားဥပဒေ စိုးမိုးရေး (သို့) ရပ်ရွာ အေးချမ်း သာယာရေး ကို ထိခိုက် စေနိုင်သော သတင်း အချက်အလက် နှင့် ဆက်သွယ်ရေး စနစ်များ ကို အစိုးရ က ကြားဖြတ် ဖမ်းယူခြင်း နှင့် ဝင်ရောက် စစ်ဆေး ကြည့်ရှု နိုင်ကြောင်း ယနေ့ထုတ် နိုင်ငံပိုင် သတင်းစာ များတွင် ဖော်ပြ ထားသော ဆက်သွယ်ရေး ဥပဒေကြမ်း တွင် ပါရှိသည်။ ထို့အပြင် လျှို့ဝှက်၊ ညစ်ညမ်း သတင်းများ ဖြန့်ချိလျှင် အရေး ယူမည်ဟု ဖော်ပြ ထားပြီး မည်သူမဆို ညစ်ညမ်းသော သတင်း အချက်အလက် များကို ပေးပို့ခြင်း (သို့) ဖြန့်ချိခြင်း (သို့) ပါဝင် ဆောင်ရွက်ခြင်း၊ သိုမှီး ထိန်းသိမ်း ထားသည့် သတင်း အချက်အလက် များ တစ်ရပ်ရပ် ကို ဖြစ်စေ၊ လျှို့ဝှက်ချက် နှင့် သက်ဆိုင်သော သတင်း အချက် အလက် တစ်ရပ်ရပ် ကို ဖြစ်စေ ပိုင်ရှင်၏ ခွင့်ပြုချက် (သို့) သဘော တူညီချက် မရှိဘဲ ဝင်ရောက် ကြည့်ရှုခြင်း၊ ရယူခြင်း၊ ကူးယူခြင်း၊ ထုတ်နုတ်ခြင်း၊ ပျောက်ဆုံး စေခြင်း (သို့) ပေးပို့ ဖြန့်ချိခြင်း၊ မူပိုင်ခွင့် ပိုင်ရှင် ၏ ခွင့်ပြုချက် မရှိဘဲ စာပေ အနုပညာ လက်ရာ ကို ဖြစ်စေ၊ မူပိုင်ခွင့် နှင့် ဆက်နွယ်သည့် အခွင့်အရေး တစ်ရပ်ရပ် ကို ဖြစ်စေ စီးပွားရေး အလို့ငှာ မူပွားခြင်း၊ အရုပ်နှင့် အသံ တို့ကို ပေါင်းစပ်ခြင်း၊ ရောင်းချခြင်း၊ ဖြန့်ချိခြင်း၊ ထုတ်လွှင့်ခြင်း နှင့် ပြည်တွင်း (သို့) တင်သွင်းခြင်း တို့ကို သိလျက်နှင့် တမင်တကာ ကျူးလွန်ခြင်း တို့ကို ကျူးလွန်ကြောင်း ပြစ်မှု ထင်ရှား စီရင်ခြင်း ခံရလျှင် သုံးနှစ် ထက် မပိုသော ထောင်ဒဏ် ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ် နှစ်ရပ်လုံး ဖြစ်စေ ကျခံ ရမည် ဟု ယင်း ဥပဒေကြမ်း တွင် ဆက်လက် ဖော်ပြသည်။ "လုံခြုံရေး အခြေအနေ အရ ဆိုတာ ကိုတော့ အတိုင်းအတာ တစ်ခု လောက် လက်ခံ ပါတယ်၊ အကြောင်း ရှိတိုင်း လုံခြုံရေး ကို အကြောင်းပြ နေရင် ဘယ်လို လုပ်မလဲ၊ ဒီမိုကရေစီ နိုင်ငံ တစ်နိုင်ငံ ဆိုရင် လူ တစ်ဦးချင်း လွပ်လပ်ခွင့် ဆိုတာကို ထည့်သွင်း စဉ်းစား ရပါမယ်" ဟု IT လုပ်ငန်း လုပ်ကိုင် နေသူ ဦးဖြိုးဝေမြင့် က ပြောကြားသည်။ ပြည်သူ့ အကျိုး ဆောင်ရွက်ရန် အခြေအနေ ပေါ်ပေါက်သည့် အခါတိုင်း အစိုးရ အဖွဲ့ သဘော တူညီ ချက် ဖြင့် ဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ငန်း များအား ယာယီ ရပ်ဆိုင်းရေး၊ ဆက်သွယ်မှု အမျိုးအစား တစ်ရပ်ရပ် ကို မပြုလုပ်ရေး၊ တားဆီး ထိန်းသိမ်း ထားရှိရေး၊ ကြားဖြတ် ဖမ်းယူရေး၊ ဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ငန်းများ နှင့် ဆက်သွယ်ရေး ပစ္စည်း များကို ယာယီ ထိန်းသိမ်း သုံးစွဲရေး တို့ကို လုပ်ငန်း လိုင်စင် ရှိသူက ခွင့်ပြု ပေးရမည် ဟု ဖော်ပြ ပါရှိသည်။ ယခု ဆက်သွယ်ရေး ဥပဒေကြမ်း တွင် ယခင်က အသုံး ပြုခဲ့သော ဆက်သွယ်ရေး ဥပဒေများ ဖြစ်သည့် ၁၈၈၅ မြန်မာ့ ကြေးနန်း အက်ဥပဒေ The Myanmar Telegraph (1885) နှင့် ၁၉၃၄ မြန်မာ့ ကြိုးမဲ့ကြေးနန်း အက်ဥပဒေ The Myanmar Wireless Telegraphy (1934) တို့ကို ဖျက်သိမ်း တော့မည် ဖြစ်ကြောင်း လည်း ဖော်ပြ ပါရှိသည်။ The Voice Weekl | ||||
| သူရိယ စွမ်းအင် စက်သုံးဆီ အရောင်းဆိုင်မှာ ဆီအခြင်အတွယ် မပြည့်မှု အားတိုင်ကြားခြင်း Posted: 07 Nov 2012 06:17 AM PST "စစ်ဆေးရေး အဖွဲ့မှ စက်သုံးဆီ မပြည့်သဖြင့် သတိပေးစာ ပေးပို့ ထားသော်လည်း သူရိယ စွမ်းအင် စက်သုံးဆီ အရောင်းဆိုင်မှာ ပြည်သူလူထုအား ရောင်းချရမည့် ဆီများအား ပွဲစားများအား ခိုးထုတ်ရာင်းချလျှက်ရှိ" ပုဂ္ဂလိက စက်သုံးဆီဆိုင်များ ဆီအခြင်အတွယ် မပြည့်မှု အကြောင်း အများပြည်သူ အကြား ကျယ်ကျယ် ပြန့်ပြန့်ဝေဖန်မှုများ ထွက်ပေါ်ခဲ့ပြီးနောက် မြန်မာ့ ရေနံထွက်ပစ္စည်း ရောင်းဝယ်ရေး လုပ်ငန်း၊ ရန်ကုန်တိုင်း ဒေသကြီးတိုင်း ရောင်းဝယ်ရေး အရာရှိရုံး၊ ရန်ကုန်တိုင်းဒေသကြီး ပြည်တွင်းအခွန်များဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးမီးသတ်ဦးစီးဌာနနှင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီတို့မှ ကိုယ်စားလှယ်များ ပါဝင်သော စစ်ဆေးရေးအဖွဲ့သည် စက်တင်ဘာလ ၂၆နှင့် ၂၇ ရက် နေ့များတွင် ရန်ကုန်စည်ပင်သာယာ နယ်နိမိတ်အတွင်းရှိ ပုဂ္ဂလိကစက်သုံးဆီ အရောင်းဆိုင် ၂၃ ဆိုင်ကို ရှောင်တခင် ၀င်ရောက်စစ်ဆေးပြီးနောက် ၂၁ ဆိုင်တွင် စက်သုံးဆီ အခြင်အတွယ်ပြည့်မီခြင်း မရှိကြောင်း ထုတ်ပြန်ခဲ့ပါသည်။ စစ်ဆေးရေးအဖွဲ့မှ အခြင်အတွယ် လျော့နည်းနေသည့် ဆိုင်များ၊ ဆိုင်ဖွင့်ထားသည့် လုပ်ငန်းရှင်များအားပထမ အကြိမ်အဖြစ် တရားဝင်သတိပေးစာ ပေးပို့ထားပြီး ထပ်မံစစ်ဆေးတွေ့ရှိပါက စက်သုံးဆီသိုလှောင် ဖြန့်ဖြူးရောင်းချခွင့် လိုင်စင်ကိုပါ ပြန်လည်သုံးသပ်အရေးယူမည်ဟု ထုတ်ပြန်ထားသော်လည်း အမှတ် ၂၂၇၊ အနော်ရထာလမ်းနှင့် ကိုင်းတန်းလမ်းဒေါင့်၊လမ်းမတော်မြို့နယ်ရှိ သူရိယစွမ်းအင်စက်သုံးဆီဆိုင်မှာ စက်သုံးဆီ အခြင်အတွယ်မပြည့်သဖြင့် စစ်ဆေးရေးအဖွဲ့မှ ဆီအခြင်အတွယ် ထပ်မံလျှော့နည်းကြောင်း စစ်ဆေးတွေ့ရှိရပါက စက်သုံးဆီသိုလှောင်ဖြန့်ဖြူးရောင်းချခွင့်ပါမစ် ပိတ်မည်ဖြစ်ကြောင်း ပထမအကြိမ် သတိပေးစာအား တရားဝင်ပေးပို့ ထားပြီးဖြစ်သော်လည်း-- ကုမ္မဏီမှ ပြည်သူလူထုအား ရောင်းချရန် ချထားပေးသော စက်သုံးဆီဂါလံများထဲမှ ဂါလံ(၁၀၀)ခန့်ကိုသာ အိမ်စီးကားများအား ရောင်းချပေးပြီး ကျန်ဆီများအား ဆိုင်မန်နေဂျာမှ ပြင်ပဆီပွဲစားများနှင့်ပေါင်းကာ မိမိအကျိုးစီးပွားအတွက် ပြုလုပ်နေခြင်း၊ စွမ်းအင်ဝန်ကြီးဌာနမှ ၁ဂါလံလျှင် ၄.၅၄၆လီတာရှိရမည်ဟု အောက်တိုဘာ ၁၁ ရက်နေ့တွင် စံနှုန်းသတ်မှတ်ခဲ့သော်လည်း ၄.၅လီတာပင်မပြည့်ကြောင်း၊ ဆီများလျှော့နေသဖြင့် ပြည်သူများမှာ နစ်နာလျှက်ရှိပါသည်။ အမှန်တကယ်လိုအပ်သဖြင့် လာထည့်သော ကားများမှာ ဆီမရရှိခြင်းတို့ ဖြစ်ပေါ်နေသဖြင့် ပြည်သူလူထုများမှာ "စစ်ဆေးရေးအဖွဲ့မှ လာစစ်ပြီး ကာစလေးပဲ ဆီအပြည့်ရလိုက်ကြောင်း၊ တစ်ပတ်လောက်ကြာတော့လဲ အရင်အတိုင်းပဲ ပြန်ဖြစ်သွား တာပါပဲလို့" ပြောဆိုနေကြပါတယ်။ ယင်းကိစ္စနှင့် ပတ်သက်ပြီး စစ်ဆေးရေးအဖွဲ့ နှင့် ကုမ္မဏီမှာ တာဝန်ရှိသူများမှ ဆီပွဲစားများနှင့် ပေါင်းကာကိုယ်ကျိုးရှာနေသော အဆိုပါဆိုင်မန်နေဂျာအား ထိရောက်စွာ အရေးယူပေးရန် တိုင်ကြားအပ်ပါသည်။ ဇော်ဇော် - လမ်းမတော်မြို့ နယ် | ||||
| လုပ်အားခေါင်းပုံဖြတ်ခံရသည့် မြန်မာအလုပ်သမား ၂၀ ကျော်ကို ကယ်ထုတ် Posted: 07 Nov 2012 05:45 AM PST ထိုင်းနိုင်ငံ စမွတ်စခွန်ခရိုင် မဟာချိုင်ဒေသ ပုစွန်စက်ရုံတခုမှာ နားရက်မရှိ၊ မနက် ၄ နာရီကနေ ည ၁၀ နာရီကျော်ထိ လုပ်အားခ ခေါင်းပုံဖြတ်ပြီး လှောင်ပိတ် ခိုင်းစေခံနေရတဲ့ မြန်မာအလုပ်သမား ၂၂ ဦးကို ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားအဖွဲ့က ဒီနေ့မနက် သွားရောက် ကယ်ထုတ် နိုင်ခဲ့ပါတယ်။ ထိုင်းနိုင်ငံရောက် မြန်မာ နိုင်ငံသားများ အဖွဲ့ဝင် ဆရာတော် ဦးဇောတိကက "စက်ရုံမှာ သိုလှောင်ပိတ်ပြီး ဘယ်မှလည်း မသွားရဘူး၊ တနင်္ဂနွေတောင် ဘယ်မှမသွားရဘူးတဲ့။ အလုပ်လည်း နားခွင့်မရှိ။ အစောကြီးဆင်းရတယ်။ မနက် ၃ နာရီခွဲကထ ည ၈ နာရီထိခိုင်းတယ်တဲ့။ ပုံမှန်လစာ ဘယ်လောက် ရတယ် ဆိုတာလဲ မပြောဘူး။ သူ့စေတနာနဲ့ပေးတာ ယူခဲ့ရတာ ၂ လရှိပြီတဲ့။ သွားကယ်ခဲ့တယ်" လို့ မိန့်ပါတယ်။ အလုပ်သမားအများစုဟာ ပဲခူးတိုင်း တောင်ငူမြို့နယ် ကန့်နီကျေးရွာက ဖြစ်ပြီး ပွဲစားရဲ့ အဆက်အသွယ်နဲ့ လွန်ခဲ့တဲ့ ၂ လက ထိုင်းနိုင်ငံထဲ ရောက်လာတာဖြစ်တယ်။ ပွဲစားခ မဟာချိုင်အရောက် တဦး ဘတ် ၁ သောင်း ၆ ထောင် ပေးရမှာဖြစ်ပြီး လစာထဲက ဖြတ်ယူမယ့်အကြောင်း၊ ဒီရောက်ရင် လုပ်အားခ တနေ့ ဘတ် ၂၇၀၊ အချိန်ပို ဆင်းခ ၅၅ ဘတ်ရမယ်လို့ ပြောပေမယ့် လစာ တပတ်ကို ဘတ် ၁၀၀ ကနေ ၂၀၀ ထိပဲရတယ်လို့ အလုပ်သမားတဦးက ပြောပါတယ်။ အလုပ်ကို မတရားခိုင်းတဲ့အပြင် အပြင်ထွက်ခွင့်မရှိသလို အပေါ်ထပ်နဲ့ အောက်ထပ်ပဲ အတက်အဆင်းရှိတယ်လို့ ဆိုပါတယ်။ "မိဘပို့ဖို့ အဝေးကြီး၊ ဒီမှာစားဖို့တောင် အနိုင်နိုင်။ အလုပ်လုပ်ရတာ ပင်ပန်းလွန်းလို့ မလုပ်ချင်ဘူး၊ အိပ်ရေးတွေလည်းပျက်၊ နားရက်လည်းမရှိ။ ဟိုနေ့က ဗိုက်အောင့်လို့ အလုပ်မဆင်းနိုင်ဘူးဆိုတော့ ဆေးရုံသွားတဲ့၊ ဆေးရုံလည်းမသွား အလုပ်လည်း မလုပ်ရင် အချုပ်ခန်းထဲ ပို့မယ်တဲ့။ အဲတော့ ကြိတ်မှိတ်ပြီး အလုပ်ဆင်းရတယ်။ သူအဲလို အလုပ်နားရင် ခဏ ခဏ ခြိမ်းခြောက်တယ်။ အလုပ်နားရင် အချုပ်ခန်းထဲပို့မယ်၊ မိန်းကလေးတွေဆို မကောင်းတဲ့နေရာ ပို့မယ်ဆိုပြီး ပြောတယ်။" ဒီလို အဆင်မပြေတဲ့ကိစ္စကို ပြီးခဲ့တဲ့ လကုန်ပိုင်းက မြန်မာပြည်က မိဘဖြစ်သူကို တိုင်ကြားခဲ့ရာမှာ မိဘတွေက သက်ဆိုင်ရာကို တိုင်တန်းခဲ့တဲ့အတွက် တရွာတည်းသား ပွဲစားဖြစ်သူ ကိုသန်းထိုက်ကို အာဏာပိုင်တွေက ပြီးခဲ့တဲ့အပတ်က ထိန်းသိမ်း ထားတယ်လို့လည်း အလုပ်သမားက ပြောပါတယ်။ သူတို့ထဲမှာ တချို့က မြန်မာပြည်ကို ဒီနေ့ အပြီးပြန်တော့မှာဖြစ်ပြီး ကျန်သူတွေကတော့ တခြားအလုပ် ဆက်ရှာပြီး လုပ်မယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံကို ချောချောမောမော ပြန်ရောက်ဖို့အတွက် လိုအပ်တဲ့ လမ်းစရိတ်နဲ့ မြ၀တီမြို့က သက်ဆိုင်ရာ အာဏာပိုင်တွေနဲ့လည်း ညှိနှိုင်းပေးပြီး ဖြစ်တယ်လို့ ဦးဇောတိကက မိန့်ပါတယ်။ by နန်းမြနဒီ (ဒီဗွီဘီ)
| ||||
| တရားစီရင်ရေးဥပဒေ ပြင်ဆင်ရန် ဦးသိန်းညွန့်ကို တာဝန်ပေး Posted: 07 Nov 2012 04:12 AM PST တရားလွှတ်တော်ချုပ် တရားသူကြီး ဦးစိုးညွန့်က "တရားသူကြီးတွေ အနေနဲ့ သွားရောက် စစ်ဆေးတာ မရှိခဲ့ဘူး၊ မစစ်ဆေး ရတာကလည်း ဘတ်ဂျက် မရှိတာရယ်၊ အကျဉ်းထောင်၊ အချုပ်ခန်း၊ ရဲဘက် စခန်းတွေဟာ ပြည်ထဲရေး လက်အောက် ရောက်နေ တာကြောင့်ဖြစ်တယ်" လို့ ပြည်သူလွှတ်တော် မှာ ဖြေကြားပါတယ်။ အဲဒီအတွက် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြည်ထောင်စု တရားစီရင်းရေး ဥပဒေကို ပြင်ဆင် ရေးသားပေးဖို့ တာဝန်ပေး လိုက်တယ်လို့ ဦးသိန်းညွန့်က ပြောပါတယ်။ သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||||
| ပေါက်ကွဲ စေတတ်သော ဒီတိုနေတာ(ကပ်သီး)ချောင်း (၉၈၀၀)ဖမ်းဆီးရမိမှု Posted: 07 Nov 2012 04:20 AM PST ၃.၁၁.၂ဝ၁၂ရက်နေ့ ၂၁၂ဝအချိန် မန္တလေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၊ မှုခင်းအကူ ဌာနစိတ်မှ ဒုရဲအုပ်စိုးစိုးနှင့် အဖွဲ့သည် သတင်းအရ မန္တလေး-ပြင်ဦးလွင် ကားလမ်းနှင့် ရေတံခွန် တောင်သွား ကားလမ်းဆုံတွင် တင်အောင်မိုး မောင်းနှင်၍ ဘိုလင်း(ခ)စိုးလင်း၊ နိုင်ထွန်း(ခ)ညီထွန်းတို့ လိုက်ပါလာသော ၇ဃ/၇ဝ၆၈ လိုက်ထရပ် ခဲရောင်ယာဉ်နှင့် ယာဉ်အနီးသို့ ဆိုင်ကယ်ဖြင့် ရောက်ရှိနေသော မရီရီဝင်းနှင့် မသန်းထွေးတို့(၂)ဦးအား စစ်ဆေးရာ-- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||||
| မရမ်းကုန်း အလုပ်သမားရုံးရှေ့တွင် ဆန္ဒဖော်ထုတ် Posted: 07 Nov 2012 04:27 AM PST ရွှေပြည်သာ ၀ါးတစ်ရာ စက်မှုဇုန်၊ တော်ဝင် သစ်အချောထည် စက်ရုံမှ အစာငတ်ခံ ဆန္ဒပြ၍ ဆေးရုံ ရောက်နေသူ နှစ်ဦးသည် ယနေ့ မရမ်းကုန်း ရုံးရှေ့တွင် ပြုလုပ်သော ဆန္ဒပြပွဲတွင် ပြန်လည်ပါဝင် လာကြောင်း သိရသည်။ ယနေ့မွန်းလွဲ (၁)နာရီခန့်မှစ၍ မရမ်းကုန်း အလုပ်သမားရုံးရှေ့တွင် အလုပ်သမား နှစ်ရာခန့် ဆန္ဒပြရာတွင်--- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||||
| ဈာပန ကိစ္စ စစ်တွေမြို့ခံများအခက်တွေ့ Posted: 07 Nov 2012 04:38 AM PST မြို့သုဿန်သည် ဘင်္ဂလီ လူမျိုးအများစု နေထိုင်သည့် အရပ် ဒေသတွင် ရှိခြင်းကြောင့် ဈာပနာ ကိစ္စစီစဉ် ဆောင်ရွက် ရခြင်းတွင် အခက်အခဲ အချို့ရှိနေကြောင်း စစ်တွေမြို့ခံ အချို့ကပြောသည်။ လက်ရှိအချိန်တွင် စစ်တွေမြို့နယ်တွင်း ဈာပနာကိစ္စများ၌ ယခင်သုဿန်ဟောင်း နေရာတွင်သာ အဆင်ပြေသလို မီးသဂြိုဟ်မှု ဆောင်ရွက် နေရကြောင်း ဒေသခံ အချို့ကပြောသည်။ သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||||
| လာဘ်ပေးလာဘ်ယူ ကင်းရှင်းရေး ရန်ကုန်ဆိပ်ကမ်းကို စုံစမ်းစစ်ဆေးမည် Posted: 07 Nov 2012 04:44 AM PST လာဘ်ပေး လာဘ်ယူမှုများ ပပျောက် စေရေးအတွက် ရန်ကုန် ဆိပ်ကမ်းကို စုံစမ်း စစ်ဆေးမှုများ ပြုလုပ် တော့မည်ဟု စီးပွား/ကူးသန်း ဝန်ကြီးရုံးမှ အရာရှိတစ်ဦးက ပြောကြားသည်။ လာဘ်စားသည့် ကိစ္စများ ကြောင့် ပြဿနာ တက်နေသည့် ရန်ကုန် ဆိပ်ကမ်းအား လာဘ်ပေး လာဘ်ယူမှုများ ပပျောက်စေပြီး စားသုံးသူများကို ကာကွယ်ပေးနိုင် ရေးအတွက်ကို ရှေးရှုကာ ယခုကဲ့ သို့ စစ်ဆေးရန် စီစဉ်ဆောင်ရွက်ရ ခြင်းဖြစ်သည်ဟု ၄င်းကဆိုသည်။ သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ ဓာတ်ပုံ အောင်နိုင်စိုး ( ကစ္ဆပ ) | ||||
| စည်ပင်ခွင့်ပြုချက်မဲ့ အဆောက်အအုံများအား တစ်စမကျန် ပြန်ဖျက်ခိုင်းမည် Posted: 07 Nov 2012 04:51 AM PST ရန်ကုန် စည်ပင်၏ ခွင့်ပြုချက် မရှိဘဲ ဆောက်လုပ်သည့် အဆောက်အအုံ များအား မြေပြင် ဖြစ်သည် အထိ ပြန်လည် ဖျက်သိမ်း ခိုင်းမည်ဟု သတင်း ရရှိသည်။ ယခင် ကာလများ၌ ဌာနသို့ အကြောင်းကြားမှု မရှိဘ ဆောက် လုပ်သည်များကို ဌာနမှ တရားစွဲဆို ၍ ဒဏ်ကြေး ဆောင်စေပြီး ဆက်လက်ဆောက် လုပ်ခွင့်ပါမစ် ချထား ပေးခဲ့သော်လည်း လက်ရှိတွင် ပြန်လည် ဖျက်သိမ်းခိုင်းမည့် စနစ်အား ပြောင်းလဲ ကျင့်သုံးသွားမည်ဖြစ် ကြောင်း--- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||||
| ဆိုးသွမ်း လူတစ်စုကြောင့် တစ်ကျော့ပြန် ရခိုင်ပဋိပက္ခ ဖြစ်ရသည်ဟု ပြည်နယ် အစိုးရအဖွဲ့ သုံးသပ် Posted: 07 Nov 2012 02:55 AM PST ဆိုးသွမ်းသော လူတစ်စု ကြောင့်သာ တစ်ကျော့ပြန် ရခိုင်ပဋိပက္ခ ဖြစ်လာရသည်ဟု ပြည်နယ် အစိုးရအဖွဲ့က သုံးသပ် ပြောကြားလိုက်သည်။ အောက်တိုဘာ၂၁ ရက်နေ့မှစ၍ တစ်ကျော့ပြန် ဖြစ်လာခဲ့သော ရခိုင်ပဋိပက္ခမှာ လူမျိုးရေး ဘာသာရေးကြောင့် မဟုတ်ဘဲ ဆိုးသွပ်သည့် လူတစုကြောင့်သာ ဖြစ်လာခြင်းဟု ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ ပြောရေး ဆိုခွင့်ရှိသူ တစ်ဦးက ပြောကြားလိုက် ခြင်းဖြစ်သည်။ "သမ္မတကြီးကလည်း ပြောထားတယ်၊နောက်ကွယ်က ကြိုးကိုင်တဲ့လူတွေရှိတယ်၊ မြှောက်ပေးတဲ့ လူတွေ ရှိတယ်၊ ဆိုးသွမ်းတဲ့လူတစ်စုပေါ့၊ အဲဒီကြောင့်ဖြစ်တယ်လို့ သုံးသပ်တယ်" ဟု ရခိုင်ပြည်နယ် သတင်းပြန်ကြား ရေးနှင့် မှတ်တမ်းစုဆောင်းရေးဆပ်ကော်မတီ အတွင်းရေးမှူးဦးဝင်းမြိုင်က ပြောသည်။ ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်များနှင့် ပတ်သက်၍ လူမျိုးရေးနှင့် ဘာသာရေးကြောင့်ဟုဆိုရန် ယခင်ကတည်းက အတူယှဉ် တွဲနေထိုင်ခဲ့သည့်လူမျိုးများဖြစ်ကြောင်း၊ ယခင်ကလည်း လူမျိုးရေး ပဋိပက္ခဖြစ်ခဲ့ဘူးသော်လည်း ယခုအကြိမ်မှာ အဆိုးရွားဆုံးဖြစ်ကြောင်း ၄င်းက ဆက်ပြောသည်။ " သူများတွေကလည်း ပြောနေတယ်၊ facebookတွေ အင်တာနက်တွေမှာလည်း မြင်နေရတယ်၊ လူမျိုးရေးလည်း မဟုတ်ဘူး၊ ဘာသာရေးလည်း မဟုတ်ဘူး၊ လူမျိုးရေးလို့ ပြောရအောင် အစ္စလာမ်နဲ့ဗုဒ္ဓဘာသာတွေက တစ်နိုင်ငံလုံးမှာ အနှံ့နေတာဘဲ ၊ဖြစ်တာက င်္ဒီမှာတင်ဘဲဖြစ်တာ၊ ဘာဆိုလိုတော့ ဒီမှာလည်း ဘူးသီးတောင် မောင်တောဘက်မှာလည်း အရင်က ဒီလူတွေ နဲ့ နှစ်ပေါင်းများစွာ နေလာပြီးပြီ အရင်ကလည်း မကြာခဏ ဖြစ်တယ်၊ဖြစ်ပေမယ့် ဒီလောက်အထိ ဆိုးဆိုးဝါးဝါး မဖြစ်ဖူးဘူး"ဟု အတွင်းရေးမှူးဦးဝင်းမြိုင်က ဆက်လက် မှတ်ချက်ပြုပြောကြားခဲ့ သည်။ ထို့အပြင် တစ်ကျောပြန်ပဋိပက္ခဖြစ်စဉ်များ၌ လက်နက် အသုံးပြုမှုများရှိခဲ့ကြရာ ညွှန်ကြားချက် မထုတ်ပြန်မီ ဒေသ လုပ်သေနတ်(၁၈၀) လက်၊ ဓါး(၃)ချောင်း၊ လျှံ(၇)ချောင်း၊ လေး(၁)လက်၊ ဂျင်ကလိ(၂၁)ခု၊ လေးခွ(၃) အပ်နှံသိမ်းဆည်းရရှိပြီး ညွှန်ကြားချက်ထုတ်ပြန်ပြီးနောက် ဒေသန္တရလုပ်သေနတ်( ၁၇၆)လက်၊ လှံ (၄၄၇) ချောင်း၊ လေး(၉၃)လက် ၊မြှား(၅၄၅)ချောင်း၊ ဂျင်ကလိ(၁၁၃၀) ခု၊ လေးခွ (၂၈၉)လက် သိမ်းဆည်း ရမိခဲ့သည် ဟု ရခိုင်ပြည်နယ် ရဲတပ်ဖွဲမှူးရုံးထံက သိရသည်။ "လက်နက်တွေတွေ့တယ်ဆိုတာလည်း တကယ့် လက်နက်ကြီး မဟုတ်ဘူးပေါ့၊ တူမီးသေနတ်ဆိုတာကတော့ နှစ်ဘက်လုံးစလုံးက ကိုင်ချင်လည်း ကိုင်မယ်၊ ဘာလို့ဆိုတော့ ဖြစ်စဉ်တစ်ခုမှာ လူတွေမရှိတဲ့အခါ ချထားခဲ့ လက်နက်တွေကို သိမ်းမိတာဆိုတော့ ဒီတူမီးဆိုတာကလည်း တစ်ချို့နယ်စပ်ဒေသတွေမှာ၊ တောရွာတွေမှာ ဆိုရင် တောပစ်ဖို့လုပ်ထားတဲ့ လက်နက်တွေ လည်း ဖြစ်နိုင်တယ်၊ အခုတော့ဒါတွေကို မလုပ်လို့လုပ်တဲ့သူ ရှိရင်လည်း ပြန်အပ်ဖို့ဆိုပြီး တရားဝင်လဲစာထုတ်ထားပြီးပြီ၊ လုပ်တဲ့လူတွေရင်လည်း ဥပဒေအရ အရေးယူမယ် လို့ ကျနော်တို့က ပြောထားပြီးပြီ"ဟု ဦးဝင်းမြိုင်ကပြောသည်။ ရခိုင်ပြည်နယ်၌ လက်နက်၊ဒုတ်၊ဓါးများအပ်နှံရန် သတင်းထုတ်ပြန်မှုများရှိခဲ့ပြီးနောက် နိုဝင်ဘာ (၁)ရက်နေ့ က ကျောက်တော်မြို့နယ် လက်ဆောင်ကောက် (အစ္စလာမ်) ကျေးရွာ၌ ပိုင်ရှင်မဲ့ နောက်ခံပြား အလျား(၁)လက်မ၊ အနံ(၆)လက်မခန့်၊ ပြောင်းအချင်း(၆)လက်မ၊ ပြောင်းအထူ(၅)စင်တီမီတာ၊ ပြောင်းအရှည်(၆)ပေ (၆)လက်မ ခန့်၊ ရှေ့ဒေါက်(၁)ပေ(၆) လက်မခန့် (၂)ချောင်း၊ နောက်ဒေါက်(၆)လက်မခန့်(၂)ချောင်း တပ်ဆင်ထားပြီး လက် ကိုင်ကွင်း(၂) ကွင်းပါ ဒေသလုပ် ယမ်းထောင်းစိန်ပြောင်းဟု ယူဆရသည့် လက်နက်တစ်ခုကို သိမ်းဆည်းရမိခဲ့ သည်ဟု စုံစမ်းသိရှိရသည်။ ထိုအပြင်အကြမ်းဖက်မှုပဋိပက္ခ ဖြစ်စဉ်များမှ ဒေသန္တရလုပ် တူမီးသေနတ် (၁၈၀)လက် သိမ်းဆည်း ရမိခဲ့ပြီး လက်နက်ပြု လုပ်သူ အချို့နှင့် ပြုလုပ်ရာတွင် အသုံးပြုသည့် သက်သေခံပစ္စည်း အထောက်အထားများကိုလည်းဖမ်းဆီးရမိ သဖြင့် အရေးယူဆောင် ရွက်လျှက်ရှိကြောင်းကိုလည်း သိရသည် ဟု အောက်တိုဘာ(၃၁) ရက်နေ့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော် သမ္မတရုံး၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။ တစ်ကျောပြန်ဖြစ်လာခဲ့သော ပဋိပက္ခဖြစ်စဉ်ကြောင့် အောက်တိုဘာလ (၂၁)ရက်နေ့မှ (၃၀)ရက်နေ့အထိ စာရင်းများ အရ သေဆုံးသူ(၈၉)ဦး၊ ဒဏ်ရာရသူ(၁၃၆)ဦး၊ မီးလောင်ပျက်ဆီးသည့် လူနေအိမ် (၅၃၅၁)အိမ်နှင့်အိုးမဲ့အိမ်မဲ့ဖြစ်သူ (၃၂၂၃၁)ဦးခန့်ရှိကြောင်း သိရှိရသည်။ ဇွန်လ အတွင်းကဖြစ်ပွားခဲ့သော ပဋိပက္ခကြောင့်လည်း မောင်တော၊စစ်တွေ၊ ကျောက်တော်၊ မြောက်ဦးစသည့် မြို့နယ်များ၌ အိမ်ခြေပေါင်း(၅၃၃၈)အိမ်၊ အဆောက်အဦး(၁၃၄)လုံး၊ မီးလောင်ပျက်စီးခဲ့သည့်အတွက် အိမ်ထောင်စုပေါင်း(၁၂၂၄၂)စု၊ လူဦးရေ (၇၅၀၀၀)ခန့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည်။ မိုးဝေ-ရခိုင်ပြည်နယ်(မြစ်မခ) by Myit Makha Mediagroup | ||||
| နိုဝင်ဘာလ (၈)ရက်နေ့ ထုတ် Venus News Weekly အတွဲ ၄ အမှတ် ၁၆ Posted: 07 Nov 2012 02:45 AM PST | ||||
| ဒီမိုကရေစီကိုချစ်တာလား ကုလားထိုင်ကို ချစ်တာလား Posted: 07 Nov 2012 02:39 AM PST ၁၉၈၈ ခုနှစ် ပြည်သူ့ အရေးတော် ပုံကြီးတွင် တိုင်းပြည်နှင့် အ၀န်း လှည်းနေ လှေအောင်း မြင်းဇောင်း မကျန် ပြည်သူတို့ တောင်းဆို ခဲ့ကြသည့် "ဒီမိုကရေ စီစနစ်" ဆိုသည်ကို နှစ်ပေါင်း ၂၄ နှစ်ဆိုသည့် ယခုအခါ ရောက်လေမှ ခြေလှမ်းစဖို့ အားယူ ဖြစ်တော့ သည်ဟု ဆိုလျှင် မှားမည်ဟုမထင်။ ယခု ကာလသည် ဒီမိုကရေစီ ကြက်ဦးတွန် ကာလမျှသာ။ နောက်ကြောင်းပြန် ကြည့်ဖို့ဆိုတော့ မှောင်နှင့် ပိန်းပိန်းနိုင် လှသည်။ ရှေ့တွင်တော့လည်း အရုဏ်တက် ပြီဆိုသည့်တိုင် ညီအစ်ကို မသိတသိပင်။ သည်လို အချိန်မျိုး၌ အားလုံးက သတိရှိရှိနှင့် လျှောက်လှမ်းပါမှ ခလုတ်ကန်သင်း ဆူးညှောင့်ကင်း၍ ခရီးပေါက်မည်။ သည်နေရာတွင် ဆိုလိုသည့် "အားလုံး" ဆိုသည်မှာ အာဏာရရယ် အတိုက်အခံရယ် မခွဲစတမ်းဟု ဆိုခြင်းဖြစ်သည်။ တိုင်းပြည်ကိုချစ်သည့်၊ အနာဂတ်ကို ချစ်သည့်၊ စိတ်အခြေခံချင်းတူလျှင် ရန်သူတွေ မဖြစ်သင့်ဟု မြင်သည်။ လှည်းဘီးနစ်သည် မနစ်သည် အပထား ပြိုင်တူရုန်းလျှင် ထွန်တုံး မြန်မြန်ပိတ်မည်။ ဖြူစင်ရိုးသားသည့် စေတနာအရင်း ခံဖို့သာလိုသည်။ အချင်းချင်း တင်းမာခဲ့ကြသဖြင့် အမှောင်ပိန်းခဲ့သော အတိတ် ၂၄ နှစ်တာ အချိန်ကြီးက အလွန်နှမြောစရာ ကောင်းသည်။ အဲ့သည့်တုန်းက များဟုတွေးလျှင် ခုချိန်ဆို ကျွန်တော်တို့ တိုင်းပြည် မြီးကောက်ပေါက်လို့ လူလားမြောက်လု အချိန်ဖြစ်မည်ဟု အသေအချာ။ အတိတ်ဆိုသည်မှာ သင်ခန်းစာတွေအပြည့်။ အနာဂတ်အတွက် ဆင်ခြင်တိုင်းထား နည်းနာယူစရာတွေ အပြည့်ဖြစ်၏။ ယူတတ်ဖို့ပဲ လိုလေမည်။ ကျွန်တော်တို့ ဖြတ်သန်းလာခဲ့ကြသည့် အချိန်ဆိုသည့် တရားသူကြီးက ကျွန်တော်တို့တစ်တွေကို ဆုပေး၊ ဒဏ်ပေးစနစ် ကျင့်သုံးခဲ့သည်။ ၂၄ နှစ်လုံးလုံး ကျွန်တော်တို့အားလုံး သူရောကိုယ်ပါ အရှုံးပေါ်ခဲ့ကြသည်။ ထုသည့်ဥသျှစ်ခံသည့် ဥသျှစ်နှစ်ခုလုံးနာသည်။ အမိနိုင်ငံတော်ကမူ အနာကျင်ဆုံး။ ၁၉၉၀ ပါလီမန်ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကြီးပြီးတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တောင်ပြိုကမ်းပြိုသလို အနိုင်ရသည်။ ရွေးကောက်ပွဲ ကျင်းပပေးသူ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ကိုယ်တိုင်နှင့် ကမ္ဘာကပါ လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲအဖြစ် အသိအမှတ်ပြုသည်။ သို့တိုင် နှစ်ဦးနှစ်ဖက် အပြန်အလှန် သံသယတွေ စိုးရိမ်စိတ်တွေဖြင့် ၉၀ ပြည့် ရွေးကောက်ပွဲရလဒ် အကောင်အထည်မပေါ်ခဲ့။ တောင်းပွဲ၊ တိုက်ပွဲ ဖိနှိပ်ပွဲတွေသာ ခြိမ့်ခြိမ့်သဲခဲ့သည်။ ကျဆုံး နစ်နာမှုတွေလည်း အပုံအပင်။ သံသယသည် အမှောင်တိုက်ကို သယ်ဆောင်လာခဲ့လေပြီကိုး။ ထိုသံသယ အမှောင်ညဥ့် သန်းခေါင်ထဲ၌ပင် ဒယဥ့်တိုက် ကာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ၌ အခြေခံသည့် ရွေးကောက်ပွဲအသစ်ကို ၂၀၁၀ တွင် နအဖကထပ်မံကျင်းပခဲ့သည်။ ထိုရွေးကောက်ပွဲ၌ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက တစ်နိုင်ငံလုံး အတိုင်းအတာနှင့် အများစုအနိုင်ရသည်။ ပြည်ခိုင်ဖြိုးပါတီ အာဏာရပါတီ ဖြစ်လာသည်။ သို့တိုင် သန်းခေါင်ကို မကျော်လွန်သေးကြောင်း အငြင်းပွားဖွယ်မရှိဟု ထင်သည်။ ၂၀၁၁ တွင်မှ ဒေါ်အောင်ဆန်းစုကြည်နှင့် အာဏာရအစိုးရ၏ သမ္မတကြီးဦးသိန်းစိန်တို့ ဆွေးနွေးကာ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်သည်။ ထိုသို့ တွေ့ဆုံကာ နှစ်ဦးနှစ်ဖက် အပြန်အလှန် ယုံကြည်မှုတည်ဆောက်လာနိုင်ခြင်းအပေါ် ကျွန်တော်တို့ တစ်နိုင်ငံလုံးကသာမက တစ်ကမ္ဘာလုံးကပါ ၀မ်းမြောက်ဝမ်းသာကြိုဆိုခဲ့ကြသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က နိုင်ငံရေးပါတီအဖြစ် ပြန်လည် မှတ်ပုံတင်သည်။ ၂၀၁၁ ခု နိုဝင်ဘာလတွင် ကျင်းပသော ကြားဖြတ်ရွေးကောက်ပွဲ၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရွေးကောက်ပွဲဝင်သည်။ ဤရွေးကောက်ပွဲသည် ၉၀ ပြည့်ရွေး ကောက်ပွဲကိုပြန်လည် အမှတ်ရစရာကောင်းလောက်အောင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တောင်ပြိုကမ်းပြိုနိုင်ပြန်သည်။ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ လွှတ်တော်ထဲဝင်ရောက်လာသည်။ သမ္မတကြီး ဦးသိန်းစိန် အစိုးရနှင့် အင်န်အယ်လ်ဒီ အပြန်အလှန်သဘောပေါက်နားလည်မှုများရအောင် ဆွေးနွေးပူးပေါင်း ဆောင်ရွက်လာနိုင်ခဲ့ကြပြီဟု ယူဆစရာရှိသည့် ဤအခြေအနေကို မြန်မာရော ကမ္ဘာကပါ ၀မ်းမြောက်ဝမ်းသာ ကြိုဆိုကြသည်။ ထို့ကြောင့် ဤအချိန်ကို သန်းခေါင်ကိုကျော်လျက် အရုဏ်တက်ဖို့ရာ အားယူသည့် ကြက်ဦးတွန်ကာလသို့ ရောက်ခဲ့လေပြီဟု ကျွန်တော်ကသဘောပိုက်သည်။ အရှေ့ကျွန်းမှ ကြယ်နီကြီးထွန်းလာသည့် မှုန်တိမှုန်မွှား ချိန်။ သည်အချိန်တွင်မှ ကိုယ့်ကိုယ်ကိုယ် ငုံ့ကြည့်မိကြတော့ အပြစ် အနာအဆာတွေ မြင်လာရသည် ထင်၏။ တကယ်တမ်းမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည်လည်း အထုအထောင်း၊ အရိုက်အနှက်တွေကြားမှာ အလူးလူးအလဲလဲနှင့်ပင် ကိုယ့်ကိုယ်ကိုယ် ပြန်မကြည့်နိုင်ခဲ့။ ကောင်းစွာမတည်ဆောက်နိုင်ခဲ့။ မျက်စိအောက်ရောက်နေသူတွေနှင့်သာ ခရီးနှင်ခဲ့ရသည်။ သို့သော် ပြည်သူ့ ထောက်ခံမှုကို တောက်လျှောက်လိုရလာခဲ့သည့် ပါတီဆိုသည့်အခါ ကိုယ့်ကိုယ်ကိုယ် ထင်တစ်လုံးနှင့်။ ပြည်ခိုင်ဖြိုးပါတီသည်လည်း အာဏာလက်ကိုင်ရှိသူ ကျောထောက်နောက်ခံပြုသည့် ပါတီဆိုသည့်အခါ ကိုယ့်ကိုယ်ကိုယ် ဝေဖန်ကြည့်ကြည့်ခဲ့ပုံမရ။ ၂၀၁၀ မှာ ပြည်လုံးကျွတ်နီးပါး နိုင်ခဲ့သည့်အရှိန်နှင့်ပင် ကိုယ့်ကိုယ်ကိုယ်ဟုတ်လှချည့်လို့သာ ထင်ခဲ့ပုံရှိ သည်။ အလားတူ အခြားဒီမိုကရက်တစ် ပါတီတွေကလည်း ကိုယ့်အထွာနှင့်ကိုယ် ကိုယ့်ငါးချဉ်တော့ အထိုက်အလျောက် ချဉ်ခဲ့ကြပုံရ၏။ ကြားဖြတ်ရွေးကောက်ပွဲတွင် အင်န်အယ်လ်ဒီကို ပြည်သူက အုတ်အော်သောင်းတင်း ရုတ်ရုတ်သဲသဲ အံ့သြဘနန်း ထောက်ခံလိုက်ကြသည့်အခါတွင်မှ သေရာမှ ပြန်ရှင်ပြီး အားကောင်းမောင်းသန် ငုတ်တုတ်ထထိုင်လာသူကို ရုတ်ခြည်းမြင်လိုက်ရသည့်နှယ် နိုင်ငံရေးပါတီတွေ မျက်ကလဲဆန် ပျာဖြစ်ကြရသည်။ သည်လိုပုံနှင့်သာဆို ၂၀၁၅ မှာ ဘယ်နှယ့်လုပ်ကြမတုံး။ တွေးမိကြပုံရသည်။ မိန်းမောစိတ်တွေပြေကာ ကိုယ့်ကိုယ်ကိုယ် ဝေဖန်ရေးတွေ လုပ်ကြရဖို့ သတိရကြသည်။ တချို့ကလည်း ၂၀၁၅ တွင် ဆက်လက်ရှင်သန်နိုင်ရေး ဆေးမြီးတိုတွေ ရှာလာကြရသည်။ ပြည်ခိုင်ဖြိုးပါတီကမူ မိမိကိုယ်မိမိ ဝေဖန်ရေးကို ထိထိမိမိ ပြတ်ပြတ်သားသား လုပ်လာသည်။ ပြည်ခိုင်ဖြိုးပါတီ၏ ဝေဖန်ရေးတွင် "မိမိတို့၏ အားနည်းချို့ယွင်းချက်ကို ဖုံးကွယ်ပြီး အခြားပါတီအဖွဲ့အစည်း လူပုဂ္ဂိုလ်တို့ အပေါ် အပြစ်ပုံချသုံးသပ်ပါက ပကတိ အမှန်တရားနှင့်ဆန့်ကျင်ကင်းဝေးနေလိမ့်မည်"ဟု ပြည်ခိုင်ဖြိုးပါတီအတိုင်ပင်ခံအဖွဲ့ဝင်(ယခင် ဗဟိုအတွင်းရေးမှူး) ဦးတင်ထွတ်က သူ့ဝေဖန်ရေးကို စသည်။ ဆက်လက်၍ သူတို့ပါတီဝင်များထဲတွင် "အာဏာငမ်းဖမ်းနေသူများ၊ နေရာလိုချင်သူများ၊ ပြည်သူက အမြင်မကြည်လင်သူများ၊ ယုံကြည်ချက်ခံယူချက်ခိုင်မာမှု မရှိသူများ တွေ့ရကြောင်း။ စစ်အလေ့အထရောဂါ၊ အာဏာငမ်းရူးရောဂါ၊ သူလျှိုဒလန် ရောဂါ၊ အကျင့်ပျက်ရောဂါတည်းဟူသော သူငယ်နာ ငါးမျိုးလည်း စွဲကပ်နေကြောင်း" ဟု မိမိပါတီကို မိမိ ပြတ်ပြတ်သားသားပင် သုံးသပ်ရှုမြင်လိုက်သံကြားရသည့်အခါ ကျွန်တော့်အနေဖြင့် နှစ်ခြိုက်ဝမ်းမြောက်စွာ ကြိုဆိုမိသည်။ ဝေဖန်ရေးမရှိလျှင် မည်သည့် လူပုဂ္ဂိုလ်၊ မည်သည့်အဖွဲ့အစည်းမျှ မတိုးတက်နိုင်။ နိုင်ငံရေးပါတီတွေ အရည်အချင်းပြည့် မတိုးတက်လျှင် တိုင်းပြည်လည်း မတိုးတက်နိုင်။ ထို့ကြောင့် ကျွန်တော်က ဝေဖန်ရေးကို ကြိုဆိုသည်။ အင်န်အယ်လ်ဒီ ပါတီအနေနှင့်လည်း ပါတီစတင်တည်ထောင်ပြီး သည်မှစ၍ ၂၄ နှစ်တာကာလအတွင်း ဖိနှိပ်မှုအောက်တွင် မိမိကိုယ်မိမိ မတည်ဆောက်နိုင်ခဲ့သည်များအတွက် နိုင်ငံလုံးဆိုင်ရာ ပါတီညီလာခံ ကျင်းပဖို့ တာစူနေရပြီ ဖြစ်သည်။ မိမိပါတီကို အရည်အချင်း ပြည့်မီသည့် ပီဘိတိုင်းကျိုးပြည်ကျိုးဆောင် ပါတီဝင်များဖြင့် မတည်ဆောက်နိုင်လျှင် ပြည်သူက ကြာရှည်လက်မခံတတ်သည့် အကြောင်း ဥပမာတွေ ကမ္ဘာပေါ်တွင် အနမတဂ္ဂရှိသည်။ ထို့ ကြောင့် ပါတီတည်ဆောက်ရေးကို ဦးစားပေးဆောင်ရွက်လာကြရသည်။ ဤသို့သော အခြေအနေမျိုးတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က နိုင်ငံလုံးဆိုင်ရာ ညီလာခံကို ကျင်းပတော့မည်ဆိုသည့်အခါ ပါတီအောက်ခြေအဆင့် ဆင့်တွင် နေရာပြဿနာ၊ ကုလားထိုင်ပြဿနာတွေ ပွစိပွစိ ကြားလာရတော့ စိတ်မကောင်းဖြစ်ရသည်။ တကယ်တော့ ကျွန်တော်တို့၏ လူ့ဘောင်အဖွဲ့အစည်းတွင် ကုလားထိုင်ရောဂါက အမြစ်ကြီးကြီး တွယ်နေခဲ့သည်မှာ ကြာပြီလားထင်သည်။ ကြုံလို့ အမှတ်တရ ပြောပြချင်ပါသေးသည်။ ကျွန်တော်က ၁၉၉၀ ရွေးကောက်ပွဲတွင် တာဝန်အရ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်တစ်ယောက် ဖြစ်ခဲ့ဖူးသည်။ ကိုယ်စွမ်း ဉာဏ်စွမ်းရှိသမျှတော့ ထမ်းဆောင်နိုင်ခဲ့သည်ဟု မိမိကိုယ်မိမိ ယခုအထိယုံကြည်နေဆဲ ရှိပါသေးသည်။ တကယ်တော့ ထိုစဉ်ကပင် မိမိထက်တော်သူ၊ စွမ်းဆောင်နိုင်ရည်ရှိသူကိုသာ ကျွန်တော်ကိုယ်တိုင် တမ်းတရှာဖွေခဲ့သော်လည်း ကျွန်တော်သည်ပင် အခန့်မသင့် စွာ လွှတ်တော်ကိုယ်စားလှယ်ဖြစ်ခဲ့ရသည်။ ထားတော့၊ ကျွန်တော်ပြောလိုသည်မှာ ထိုအကြောင်းမဟုတ်။ ပြောလိုသည်က ဤသို့ဖြစ်သည်။ ၁၉၉၀ ရွေးကောက်ပွဲအပြီး တစ်လ၊ တစ်လခွဲအကြာခန့်တွင် ဖြစ်၏။ ဟိုတုန်းငယ်စဉ်အခါကပင် တရင်းတနှီးရှိခဲ့ဖူးသော ရပ်ဆွေရပ်မျိုးတစ်ဦး ကျွန်တော်ရှိရာ မြို့နယ်အင်န်အယ်လ်ဒီရုံးသို့ ရောက်လာသည်။ သူရောက်လာချိန်က ရွေးကောက်ပြီးစ ရွှေကာလမို့ အင်န်အယ်လ်ဒီမြို့နယ်ရုံးထဲမှာ လူတွေက အပြည့်။ သူက ရောက်မဆိုက်ပင် ၀မ်းသာအားရ စကားကိုဆိုသည်။ "ဟိတ်ကောင် မင်းအမတ် ဖြစ်သွားပြီဆို" သူ့စကားကို ကျွန်တော် ခေါင်းညိတ်၍ ဖြေရသည်။ သူက ရွေးကောက်ပွဲကာလတုန်းက ကျွန်တော်တို့မြို့မှာမရှိဘဲ တစ်ရပ်တစ်ကျေးမှာ ကာလအတော်ကြာကပင် ရောက်နေခဲ့သူ ဖြစ်၏။ သူက ကျွန်တော့်ထက် အများကြီးကြီးသည်။ သူ့ငယ်နာမည်က "ကိုအစ္စမေးလ်" ဖြစ်သည်။ လူပျိုပေါက်အရွယ်တွင် သူစစ်ထဲဝင်သွားသည်။ ထိုအခါ သူ့အမည် အစ္စမေးလ် မဟုတ်တော့။ ကိုမင်းသွင်ဖြစ်သွား၏။ ယခုတော့ တပ်မှ အနားယူကာ မှော်ဘီမြို့နယ်ထဲမှာ ရောက်နေကြောင်း သူ့ စကားအရ သိရသည်။ "အေးကွာ ...မင်းအမတ် ဖြစ်သွားတာ ငါအရမ်းဝမ်းသာတယ်။ ဘာပဲဖြစ်ဖြစ်ကွာ ကုလားထိုင် အလွတ်တွေ့လို့ကတော့ ၀င်သာထိုင်ပစ် အရှုံးမရှိဘူးကွ.." ကျွန်တော့်အပါးတွင် ထိုင်ချလိုက်ရင်း သူက သူ့အတွေးအခေါ် သူ့သြ၀ါဒကို အပြုံးတွေနှင့် အားရပါးရ ပြောချလိုက်သည်တွင် ကျွန်တော့်မျက်နှာ ဘယ်နေရာ သွားထားလိုက်ရမှန်း မသိတော့။ သူကတော့ သူ့စကားကို ရိုးသားစွာ ပြောနေခြင်းဖြစ်၏။ ပသို့ဆိုစေ ကျွန်တော့်အရှက်က ကျွန်တော့် ဦးခေါင်းခွံကို ဖောက်ခွဲထွက်သွားသည်။ "ကုလားထိုင် အလွတ်တွေ့ရင် ၀င်သာထိုင်၊ အရှုံးမရှိဘူး" ဆိုသည့် ဣနြေ္ဒသိက္ခာမဲ့ အတွေးအခေါ်တဲ့...။ ကျွန်တော်သူ့ကို ဘာမျှပြန်မပြောနိုင်။ ပါးစပ်အဟောင်းသားနှင့်သာ ငေးကြည့်နေလိုက်ရသည်။ "ဒီမှာ ငါ့လိပ်စာကတ် ယူထား။ အကြောင်းရှိရင် ဆက်သွယ်လို့ရတာပေါ့။ မင်းက အမတ်ဖြစ်သွားပြီဆိုတော့ ငါလည်း မင့်အားကိုးရမှာ" မုန့်ဆီကြော် ဘယ်နေမှန်း မသိသေးသည့်အခြေအနေမှာ နှုတ်ခမ်းနာကပဲ ယဉ်းနှင့်ရတော့မလိုဖြစ်ရသည်။ ဘာပဲဖြစ်ဖြစ် သူပေးသည့် လိပ်စာကတ်ကို ယူလိုက်ရသည်။ ဖတ်ကြည့်တော့ ... ဦးစိုင်းမင်းသွင် ဥက္ကဋ္ဌငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ မှော်ဘီမြို့နယ် (ရှမ်းစုကျေးရွာ)ဟုဖြစ်သည်။ စာလုံးအရွယ်အစားတွေက ဦးစိုင်းမင်းသွင်မှ မှော်ဘီမြို့နယ်အထိက ပုံမှန်။ (ရှမ်းစုကျေးရွာ) ကျတော့မှ ခပ်သေးသေးမှုန်မွှားမွှား။ ကျွန်တော့်စိတ်ထဲ ဖြစ်မှ ဖြစ်ရလေ ဖင်ထိုင်ခုံသေးသေးလေးကိုသီဟာသနပလဒင် ထင်လေရော့သလားဟု ကြိတ်၍ရယ်ရသည်။ ကုလားထိုင်ရောဂါများ ဆိုးလှချည့်ဟု တွေးရသည်။ "နို့ အစ်ကို့နာမည်ရင်းကို အစ္စမေးလ်ကနေ တပ်ထဲရောက်တော့ ကိုမင်းသွင်ဖြစ်၊ အခုတော့ ဘယ်လိုဖြစ်လို့ စိုင်းမင်းသွင်ဖြစ်လာရတာလဲ အစ်ကိုရဲ့" ကျွန်တော် မေးတော့ ... "တပ်ထဲကျတော့ အစ္စမေးလ်လို့ ဘယ်တော်ပါ့မလဲ။ ဒါကြောင့် ဗမာနာမည် မင်းသွင်လို့ ပြောင်းလိုက်တာပေါ့။ ခုတော့ ငါနေတဲ့ ရွာက ရှမ်းတွေနေတဲ့ရွာ၊ ရှမ်းရွာမို့ ရှေ့ကစိုင်းတစ်လုံး ထပ်တိုးပစ်လိုက်ရတယ်။ ဒါကြောင့် ဥက္ကဋ္ဌဖြစ်တာပေါ့ဟ ဟား ဟား ဟား" သူ့စကားနှင့်သူ သဘောကျစွာ ရယ်နေလိုက်သေးသည်။ အစ်ကို အစ္စမေးလ်ရယ် ဘယ်လိုပဲစိုင်းတစ်လုံး ထပ်တိုးတိုး နှာခေါင်းချွန်ပြီး အသားမည်းတာက တော့ နဂိုအတိုင်းပါပဲဟု ကျွန်တော့်စိတ်ထဲ ပြောမိသည်။ ဘာပဲဖြစ်ဖြစ် သူပြောသွားသည့် စကားတွေကို ယနေ့တိုင် ကျွန်တော်မမေ့။ ကုလားထိုင်အရူးတွေကို မြင်တိုင်း သူ့စကားတွေကို သတိရသည်။ ကုလားထိုင် ရူးရူးပြီးတော့ ဖြင့် နိုင်ငံရေးမှာ ၀င်မရှုပ်ကြဖို့လည်း အဲ့သည်လို လူမျိုးတွေကို တောင်းပန်ချင်သည်။ ကုလားထိုင်ကို ချစ်တာလား၊ ဒီမိုကရေစီကို ချစ်တာလား ကိုယ့်ကိုယ်ကိုယ် ဗြောင်မေး မေးကြစေချင်သည်။ ခုကြားရသမျှတော့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ထဲမှာလည်း ကုလားထိုင်ရောဂါရနေသူတွေက များလှသည်။ ဟိုတိုင်းမှာ၊ ဒီတိုင်းမှာ၊ ဟိုမြို့နယ် သည် မြို့နယ်မှာ ပူညံ ပူညံ ဆူညံ ဆူညံ။ သည်အသံတွေကြောင့်ပင် အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်က "ကျွန်မတို့ရဲ့ အဖွဲ့က ပြည်သူတွေ စိတ်မချမ်းသာအောင် အချင်းချင်း စကားများတာတွေ အချင်းချင်း မတည့်တာတွေ ဖြစ်နေတာတွေအတွက်ကို တောင်းပန်ပါတယ်" ဟု စိတ်မသက်မသာဖြင့် ပြောလာရသည်။ သို့တိုင်လည်း ၂၀၁၅ မှာတော့ အသေအချာပဲဟု တွက်ကာ ခုကတည်းက ကွက်ကျော်ခုတ် လူစုနေကြသူတွေကလည်း အနမတဂ္ဂ။ ကိုယ့်ပတ်ဝန်းကျင်မှာ ကိုယ်သာလျှင် အသင့်တော်ဆုံးပေလား။ ကိုယ့်ထက်တော်သူ မရှိတော့ဘူးလား။ တော်သူတတ်သူ သင့်လျော်သူထက် ကိုယ့်ကိုယ်ကိုယ်ပင် သင့်မသင့် တော်မတော် မစဉ်းစားဘဲ သူကောင်းမြှောက်ကြတော့မည်လား။ ကျီးကိုသခင် မြှောက်ဖို့ ဘုတ်တွေမွေးကြတော့မည်လား။ ဆရာမွေး၊ တပည့်မွေး ဖြင့်သြဇာတိက္ကမ ထူထောင်ကြတော့မည်လား။ ကိုယ့်လူ ကိုယ်စုလျက် လူများလျှင် အနိုင်ရစတမ်းဆိုသည့် ဒီမိုကရေစီစနစ်၏ အားနည်းချက်ကို ကိုင်ကာ လူစုဗိုလ်ကျအနိုင်ယူသည့် မင်းမဲ့စရိုက်ကို ထူထောင်ရင်း ဒီမိုကရေစီ အရုဏ်ဦးကို တိမ်သလဒာဖုံးစေတော့မလို့လားကျွန်တော်မေးချင်သည်။ မြန်မာနိုင်ငံမှာ သင်ခန်းစာတွေ အများကြီးရှိသည်။ ဟိုယခင် ပါလီမန်နုစဉ် ခေတ်နောက်ဆုံးအချိန်များက ကုလားထိုင် လုရင်းနှင့် မင်းမဲ့စရိုက်ဆန်စွာ မင်းလှလေးလောင်းပြိုင် လူသတ်မှုဖြစ်ခဲ့သည်။ ငါန်းဇွန်ငါးလောင်းပြိုင် လူသတ်မှုတွေ ဖြစ်ခဲ့သည်။ ထိုအချက်များသည်ပင် စစ်အာဏာသိမ်းရဖို့ အရင်းအမြစ်တွေလည်း ဖြစ်လာခဲ့ရသည်။ မြန်မာနိုင်ငံ၏ အနာဂတ်ကို စိုးရိမ်တကြီးမျှော်ကြည့်ရင်းနှင့် မေးခွန်းလေးတစ်ခုတော့ မေးစမ်း ချင်သည်။ ဒီမိုကရေစီကို ချစ်တာလား၊ ကုလားထိုင်ကိုချစ်တာလားဆိုသည့် မေးခွန်းရိုးရိုးလေးပဲ ဖြစ်ပါသည်။ ဒီမိုကရေစီ လင်းကြက်တွန်ချိန်မှာမျိုးဆက်သစ်တို့အတွက် အနာဂတ်သက်သက်ကိုသာ ရိုးသားစွာ ချစ်တတ်ကြပါစေဟု မျှော်လင့်ရင်းဖြင့် ...။ ရေးသားသူ- သင်းရီ 7Day News Journal | ||||
| သမ္မတရွေးကောက်ပွဲ အိုဘားမား အနိုင်ရ Posted: 07 Nov 2012 04:58 AM PST အမေရိကန် သမ္မတ ရွေးကောက်ပွဲမှာ ပြိုင်ဘက် ရီပတ်ဘလီကန် သမ္မတလောင်း မစ်တ် ရွမ်မ်နီ (Mitt Romney) ကို အနိုင်ရ လိုက်တဲ့ သမ္မတအိုဘားမားက "အကောင်းဆုံးတွေ လာဖို့ရှိပါသေးတယ်" လို့ အမေရိကန် လူထုကို ပြောလိုက်ပါတယ်။ သမ္မတ အိုဘားမားဟာ ရှီကာဂိုမြို့က သူ့ရဲ့ ရွေးကောက်ပွဲ မဲဆွယ် စည်းရုံးရေး ဌာနချုပ်ကနေ--- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||||
| မြန်မာဝမ်ပေါင်ကုမ္ပဏီဝန်ထမ်း ၁၂၀ ကျော် ညလုံးပေါက် ဆန္ဒဖော်ထုတ် Posted: 07 Nov 2012 05:05 AM PST မုံရွာခရိုင် ဆားလင်းကြီးမြို့နယ် လက်ပန်းတောင်းတောင် ကြေးနီတူးဖော်ရေး လုပ်ငန်း စီမံကိန်း နယ်မြေအတွင်း ပြောင်းရွှေ့ကျေးရွာ လေးရွာမှ မြန်မာဝမ်ပေါင်ကုမ္ပဏီ ၀န်ထမ်း ၁၂၀ကျော်သည် နိုဝင်ဘာ ၂ ရက်မှစ၍ လုပ်အားခ လစာ အပြည့်အ၀ရရှိရေးအတွက် တောင်းဆိုခဲ့ရာ မပြေလည်သဖြင့် နိုဝင်ဘာ ၆ ရက် ညက ညလုံးပေါက် ဆန္ဒဖော်ထုတ်ခဲ့ကြသည်။ သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||||
| အမျိုးသားတစ်ဦးကို ကြည့်မိသည့် သမီးဖြစ်သူအား မိဘများက သတ်ဖြတ် Posted: 07 Nov 2012 05:12 AM PST ပါကစ္စတန်နိုင်ငံတွင် လင်မယား နှစ်ဦးက လူငယ် အမျိုးသား တစ်ဦးအား ကြည့်မိသည့်အတွက် သမီးဖြစ်သူအား သတ်ဖြတ်ခဲ့ကြောင်း သိရှိရသည်။ အသက်(၁၅)နှစ်အရွယ် သမီးဖြစ်သူသည် အက်ဆစ်ဖြင့် အလောင်းခံရပြီး သေဆုံးသွားကြောင်း သိရှိရသည်။ သူမသည် လူငယ် တစ်ဦးအား ကြည့်မိ သဖြင့်--- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||||
| တောင်ကုတ်တွင် NLD ကျေးရွာ ရုံးများ ဆက်လက် ဖွင့်လှစ် Posted: 07 Nov 2012 02:17 AM PST ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ၏ ကျေးရွာ အုပ်စုရုံးများကို ဆက်လက် ဖွင့်လှစ်နေသည်ဟု သတင်းရရှိသည်။ ယမန်နေ့ နိုဝင်္ဘာလ ၆ ရက်နေ့က တောင်ကုတ်မြို့မှ ၄ မိုင်ခန့်အကွာတွင် ရှိသည့် မီးချောင်းထိုး ကျေးရွာတွင်လည်း ကျေးရွာရုံးကို ဖွင့်လှစ်ခဲ့သည်ဟု ဆိုသည်။ ရုံးဖွင့်ပွဲ အခမ်းအနားသို့ တောင်ကုတ်မြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်များ ဖြစ်ကြသည့် ဦးခင်လှ၊ ဦးမင်းအောင်၊ ဦးစိုးချစ်မောင်၊ မခင်မာရီနှင့် မအေးအေးနိုင်တို့ တက်ရောက်ခဲ့သည်။ " ဟုတ်ပါတယ်။ ဖွင့်ရတဲ့ ရည်ရွယ်ချက်က ကျွန်တော်တို့ ရပ်ကွက် ကျေးရွာ တွေမှာလဲ အလုပ် အမှုဆောင်တွေ ဖွဲ့လာမယ်။ ဖွဲ့လာတဲ့အခါမှာ ရပ်ကွက် ကျေးရွာအုပ်စုတွေမှာရှိတဲ့ အောက်ခြေ လူထုလူတန်းစားတွေရဲ့ အခက်အခဲ တွေကို တိုက်ရိုက်ဖြေရှင်း နိုင်အောင်လို့ ရှေ့တန်းစခန်းပုံစံမျိုးနဲ့ ဖွင့်လှစ်နေတာ ဖြစ်ပါတယ်" ဟု တောင်ကုတ်မြို့နယ်တွင် ကျေးရွာ ရုံးများတိုးချဲ့ ဖွင့်လှစ် ရခြင်း ရည်ရွယ်ချက်နှင့် ပတ်သက်ပြီး တောင်ကုတ်မြို့ နယ်စီး ဥက္ကဌ ဦးစိုးချစ်မောင်က နိရဉ္စရာသို့ ပြောသည်။ ယမန်နေ့က ပြုလုပ်ခဲ့သော ဆိုင်းဘုတ်တင်ပွဲ အခမ်းအနားကို မီးချောင်းထိုး ကျေးရွာမှ ကျေးရွာသူကျေးရွာသားများ နှင့် အဖွဲ့ဝင် ၅၀ ကျော် တက်ရောက်ခဲ့သည်ဟု သိရသည်။ တောင်ကုတ်မြို့နယ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ရုံးများကို ကျေးရွာအုပ်စု များတွင်လည်း နောက်ထပ် ဆက်လက် ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း ဦးစိုးချစ်မောင်က ပြောသည်။ " ကျွန်တော်တို့ တောင်ကုတ်မြို့နယ်မှာ ၅၁ အုပ်စုရှိပါတယ်။ နောက်ထပ် ဖွင့်ဖို့ အုပ်စုတွေလဲ ရှိပါ သေးတယ်။ လောလောဆယ် ၃၂ အုပ်စုလောက်ဘဲ ဖွင့်ရသေးတယ်။ နောက်ထပ် ဖွင့်ဖို့ အုပ်စု တွေမှာ အလုပ်သမားတွေ အားတဲ့အချိန်၊ လယ်သမားတွေ စပါးရိတ်သိမ်းပြီး နားနေတဲ့ အချိန်မှာ ဖွင့်လှစ် သွားမှာ ပါဖြစ်ပါတယ်" ဟု ဆိုသည်။ ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်တွင် ကျေးရွာအုပ်စုပေါင်း ၅၁ အုပ်စုရှိရာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီမှ ယခုလက်ရှိ ၃၂ အုပ်စုတွင် ရုံးများ ဖွင့်လှစ်နိုင်ခဲ့ပြီးဖြစ်ရာ အဖွဲ့ဝင် ကဒ်ထုတ်ပေးထားသူ အဖွဲ့ဝင်ပေါင်းမှာ ၃၀၀၀ ကျော်ရှိသည်ဟု ဦးစိုးချစ်မောင်က ပြောသည်။ နိရဉ္စရာ သတင်းဌာန | ||||
| မောင်တောမြောက်ပိုင်းတွင် ဆောက်လုပ်ရေး လုပ်သားများ တိုက်ခိုက်ခံရ Posted: 06 Nov 2012 08:25 PM PST မောင်တော မြောက်ပိုင်း ဗန္ဓုလကျေးရွာတွင် လမ်းတံတား ဆောက်လုပ်ရေး လုပ်ငန်း လုပ်ကိုင် နေသော GEတပ်မှ တပ်ဖွဲ့ဝင်များနှင့် လုပ်သားများသည် ၆-၁၁-၂၀၁၂ နေ့နေလည်ပိုင်း လောက်တွင် အမည်မသိ တပ်ဖွဲ့တစ်ဖွဲ့၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်ဟု မောင်တောမြို့ ခံ တစ်ဦးထံမှ စုံစမ်းသိရှိရပါသည်။ အဆိုပါ အမည်မသိ တပ်ဖွဲ့ တိုက်ခိုက်မှုကြောင့် လူတစ်ဦး သေဆုံးပြီး တကက အဆင့်ရှိသူ တစ်ဦးနှင့် အရပ်သား(၂)ဦးကို ဖမ်းဆီး ခေါ်ဆောင်သွား ခဲ့သည်ဟု သိရသည်။ သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||||
| Posted: 06 Nov 2012 08:10 PM PST
စစ်တမ်းတွေအရနဲ့ တခိျု့တဝက် ရေတွက်ပြီး ရလဒ်တွေ အရ ကတော့ သမ္မတ အိုဘားမားနဲ့ ပြိုင်ဘက် မစ်တ်ရွမ်နီ တို့ဟာ ဘယ်သူကမှ ပြတ်ပြတ် သားသား အနိုင်ရတာမျိုး မရှိသေးပါဘူး။ မစ်တ် ရွမ်နီ အနိုင်ရမယ်လို့ မျှော်လင့်ထားတဲ့ မစ်ချီဂန် နဲ့ ပန်ဆယ်ဗေးနီးယား ပြည်နယ်တွေမှာ သမ္မတ အိုဘားမား အနိုင်ရသွားတယ်လို့ ဆိုပါတယ်။ ရှေးရိုးစွဲတွေ ပိုများတဲ့ တောင်ပိုင်း ပြည်နယ်တွေမှာတော့ ထုံးစံ အတိုင်း ရီပါဘလစ်ကန်က မစ်တ် ရွမ်နီ အနိုင်ရနေပုံ ပေါ်ပါတယ်။ ဒါပေမယ့်လို့ အလွန်တရာမှာ အရေးကြီးလှတဲ့၊ ဘယ်သူ့ဘက်ကိုမှ ထောက်ခံမှု မများတဲ့ swing states တွေမှာတော့ ဘယ်သူ နိုင်တယ်ဆိုတာ ရှင်းရှင်း လင်းလင်း မသိရသေးပါ။ ဒီနှစ်မှာ မဲဆန္ဒရှင် အများအပြား လာရောက်မဲ ပေးကြရာ၊ သတင်းထောက်တွေရဲ့ ယေဘုယျ ခန့်မှန်းချက် အရ ကတော့ ဒီမိုကရက် အိုဘားမားကို ထောက်ခံသူ များတယ်လို့ ဆိုပါတယ်။ ဘီဘီစီ (မြန်မာပိုင်း) | ||||
| Posted: 06 Nov 2012 08:01 PM PST အမျိုးသား၊ အမျိုးသမီး အသက် အရွယ်စုံ တို့သည် အပြာရောင် ပလတ်စတစ် ဇလုံကြီးအတွင်းမှ တရော် ကင်ပွန်းရည် များအား လက်ဖြင့် နှိုက်ယူကာ ချွေးများ စိုရွှဲနေသော နဖူးပြင်ရှိ ဆံစများဆီသို့ သပ်တင် လိုက်ကြသည်။ ပြီးလျှင် ဇလုံဘေးနားရှိ ကျောက်ရေ စည်ထဲမှ ရေများဖြင့် တရော်ရည် ခပ်ချွဲချွဲများ ပေရေနေသော လက်များကို ဆေးကြော သုတ်သင်လိုက်၏။ ထို့နောက် စစ်ရောင် တာလပတ်စဖြင့် မိုးထားသည့် ကန္နားဖျင်းအောက်ဆီသို့ ၀င်ရောက်ထိုင်ကာ အမောဖြေလိုက်၏။ သူတို့၏ ပုံပန်းသဏ္ဍာန်များကား ရန်ကုန်သူ၊ ရန်ကုန်သားများ မဟုတ်သည့် အသွင်အပြင်များပင်ဖြစ်သည်။ သူတို့မျက်နှာများမှ ၀မ်းနည်းစိတ်ကြောင့် ထင်သည်။ ရွှင်ရွှင်လန်းလန်း မရှိကြ။ မျက်နှာအို ကလေးများဖြင့် မှိုင်ငေးနေကြလေသည်။ သူတို့သည် လွန်ခဲ့သော သုံးရက်ခန့်က ဆောက်လက်စ ၁၂ ထပ်တိုက်အပေါ်ဆုံးမှ မြေပြင်ပေါ်သို့ ပြုတ်ကျကာ အသက်ဆုံးရှုံးခဲ့ရသည့် လူငယ်လေးတစ်ဦး၏ နောက်ဆုံးခရီးသို့ လိုက်ပို့ပြီး အသုဘအိမ်သို့ ပြန်လာကြသူများ ဖြစ်သည်။ ၁၉ နှစ်အရွယ်မောင်ဝေမိုးသည် နာဂစ်ဒဏ်သင့် ဒေသတစ်ခုဖြစ်သည့် ဧရာဝတီတိုင်း ဒေးဒရဲမြိ့နယ်ရှိ ကျေးရွာလေးမှ ရန်ကုန်သို့တက်လာကာ ကန်ထရိုက်တိုက်ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုတွင် နေ့စားဝန်ထမ်းတစ်ဦးအဖြစ် လုပ်ကိုင်နေရာမှ ယခုကဲ့သို့ ထိတ်လန့်ဖွယ် အသက်ဆုံးရှုံးခဲ့ရ ခြင်းဖြစ်သည်။ အမြင့် ၁၂၇ ဒသမ ၅ ပေ မှ ပြုတ်ကျခဲ့သည့် ကိုဝေမိုးသည် သေဆုံးစဉ်တွင် ဘေးအန္တရာယ် ကင်းရှင်းရေး အကာကွယ်ပစ္စည်း တစ်စုံတစ်ရာမျှ သုံးစွဲထားခြင်း မတွေ့ရကြောင်း လှိုင်မြို့နယ်ရဲစခန်းမှ စခန်းမှူးရဲအုပ်သိန်းဆွေမြင့်ကပြောသည်။ "သူတို့ကတော့ ပိုက်တွေ ကာရံထားတယ်ဆိုပေမယ့် အခု ပြုတ်ကျတာက အပြင်ဘက်က ပြုတ်ကျတာပါ။ ငြမ်းတွေ၊ အကာအရံအတားအဆီးတွေ ရှိတယ် ဆိုပေမယ့် လူ့အသက်ကို ကာကွယ်နိုင်တဲ့ လုပ်ငန်းခွင်လုံခြုံရေး ပစ္စည်းတွေ သုံးထားတာမတွေ့ရဘူး" ဟု စခန်းမှူးက ပြောသည်။ ကိုဝေမိုးသည် ကန်ထရိုက်တိုက်များ၊ ကွန်ဒိုများတည်ဆောက်ရေးလုပ်ငန်းခွင်များတွင် ၀င်ရောက်လုပ်ကိုင်နေသော ကာယအသုံးပြု ဆောက်လုပ်ရေးလုပ်သားများအနက် တစ်ဦးဖြစ်ပြီး လုပ်ငန်းခွင်အတွင်း အသက်နှင့်ကိုယ်လက်အင်္ဂါဆုံးရှုံးခဲ့ရသော အခြေခံ လုပ်သားများထဲမှ တစ်ဦးဖြစ်သည်။ ဆောက်လုပ်ရေးလုပ်ငန်းခွင်များတွင် ဘေးအန္တရာယ်ကင်းရှင်းရေးထက် သတ်မှတ်အချိန်မီ အလုပ်ပြီးစီးရေးကိုသာ ဦးစားပေး ဆောင်ရွက်နေရခြင်းများရှိရာ ယင်းအချက်သည် လုပ်ငန်းခွင်အတွင်း လုပ်သားများ ဆုံးရှုံးလေလွင့်မှုများ ဖြစ်ပေါ်စေသည့် အကြောင်းအရင်းတစ်ခု ဖြစ်ကြောင်း ဆောက်လုပ်ရေးလုပ်ငန်းခွင်အင်ဂျင်နီယာတစ်ဦးက ပြောသည်။ ထို့ပြင် အချို့လုပ်ငန်းရှင်များသည် လုပ်အားခသက်သာသော အလုပ်သမားငှားရမ်းခြင်း၊ အလျင်အမြန်ပြီးစီးစေရန် တိုက်တွန်းခိုင်းစေ တတ်ကြသော်လည်း လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် မရှိမဖြစ်လိုအပ်သော အကာအကွယ်သုံးပစ္စည်းများတွက်မူ ထိုက်သင့်သော ငွေကြေးသုံးစွဲရန် နှောင့်နှေးတတ်ကြသည်။ "လုပ်ငန်းအပ်တဲ့သူတွေကရော၊ ဆောက်လုပ်ရေးကန်ထရိုက်တာတွေကရော အလုပ်သမား ကန်ထရိုက်တွေကပါ အချိန်မီလုပ်ငန်းပြီးဖို့ရယ်၊ ငွေကုန်သက်သာဖို့ရယ်ကို အဓိကထားနေကြတယ်။ အလုပ်သမားတွေ ဘေးအန္တရာယ်ကင်းကင်းနဲ့ အလုပ်လုပ်နိုင်ဖို့ ဖြည့်ဆည်းပေးတာကျတော့ အားနည်းတာအမှန်ပဲ" ဟု လျှပ်စစ်နှင့် ဆက်သွယ်ရေးအင်ဂျင်နီယာတစ်ဦးကပြောသည်။ ယခုအသက်ဆုံးရှုံးခဲ့ရသည့် ကိုဝေမိုးအလုပ်လုပ်သည့် ကွန်ဒိုအိမ်ရာ တည်ဆောက်ရေးလုပ်ငန်းခွင်တွင် အလုပ်သမားများအတွက် လိုအပ်သော ဖိနပ်၊ လက်အိတ်၊ ဦးထုပ်နှင့် ခါးသိုင်းကြိုးများကို ထားရှိပေးကြောင်း ခရစ်စတယ်ဂျိတ် တာဝါဆောက်လုပ်ရေးလုပ်ငန်းမှ မန်နေဂျာက ပြောသည်။ "သူက အဆောက်အအုံအပြင်ဘက်က အလုပ်လုပ်ရတဲ့ အလုပ်သမားတစ်ယောက်မဟုတ်ပါဘူး။ အတွင်းဘက်က လုပ်ရတဲ့ လက်သမားအကူ ရုံးဝန်ထမ်းပါ။ သူပြုတ်ကျသွားတဲ့အချိန်မှာ အလုပ်သိမ်းခါနီးနေပြီ။ ဘယ်သူမှ သူကျသွားတာကို မမြင်လိုက်ကြဘူးလေ" ဟု အထက်ပါမန်နေဂျာက ပြောသည်။ ဆောက်လုပ်ရေးလုပ်ငန်းခွင်အတွင်း အလုပ်လုပ်နေစဉ် ရုံးလေဘာဟု ခေါ်ကြသော ကုမ္ပဏီ၏ နေ့စား၊ လရှင်းဝန်ထမ်းများ ထိခိုက်ဒဏ်ရာ ရရှိချိန်တွင် ကုမ္ပဏီကကုန်ကျစရိတ်နှင့် နစ်နာကြေးငွေ ပမာဏတစ်ခုကို ပေးလေ့ရှိသော်လည်း အလုပ်သမား ကန်ထရိုက်တာဘက်မှ ပါလာသော အလုပ်သမား တစ်ယောက် ထိခိုက် ဒဏ်ရာရခြင်းများ ဖြစ်သောအခါ ကာယကံရှင်ကိုယ်တိုင် ကုသကြရသည်။ အလုပ်ရှင်၏ တာဝန်မကျေပွန်မှုများကြောင့် ဘ၀ဆုံးရသည့်သူများ၊ ဒုက္ခရောက်ကြသည့် မိသားစုများလည်းရှိနေသည်။ ငြမ်းစင်များ၏ မခိုင်ခံ့မှုနှင့် ပစ္စည်းကိရိယာ မလုံလောက်မှုတို့ကြောင့် ပြီးခဲ့သည့် လပိုင်းက ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တွင် ဆောက်လက်စ ခုနစ်ထပ်တိုက်မှကျကာ ဆောက်လုပ်ရေးလုပ်သား ခြောက်ဦး သေဆုံးမှုနှင့် ကိုးဦးဒဏ်ရာရရှိခဲ့သည့် အဖြစ်အပျက်များကလည်း စိတ်ထိခိုက်ဖွယ်ဖြစ်သည်။ ကြိုတင်ပြင်ဆင်မှု ပေါ့လျော့ခဲ့သဖြင့် မလိုလားအပ်ဘဲ လူ့အသက်များစွာ ဆုံးရှုံးခဲ့ရသည့် ဥပမာတစ်ခုဖြစ်သည်။ ကန်ထရိုက်တိုက် (သို့မဟုတ်) တစ်ခု ဆောက်လုပ်မည်ဆိုပါက အလုပ်သမားများ ဘေးအန္တရာယ်လုံခြုံရေးအတွက် အလုပ်ရှင်က မည်သို့ ကြိုတင်စီမံ ထားသည်ဟူသော အစီရင်ခံစာကို မြို့တော်စည်ပင်သာယာရေး ကော်မတီသို့ ကြိုတင်ပေးပို့ရန် သတ်မှတ်ထားသည်။ ထို့ပြင် လိုအပ်သော ကာကွယ်ရေးပစ္စည်းနှင့် အရေးပေါ် ဆေးအိတ်များကိုလည်း စီမံထားပေးရန်ညွှန်ကြားထားကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန (အဆောက်အအုံ)မှ ဋ္ဌာနခွဲမှူးက ပြောသည်။ "တကယ်လို့ အဲလိုထားပေးဖို့ပေါ့လျော့မှုကြောင့် အလုပ်သမားနစ်နာရင် တိုင်နိုင်ပါတယ်။ နစ်နာသူနဲ့ ကန်ထရိုက်နှစ်ဦးနှစ်ဖက် ကျေနပ်အောင် ညှိနှိုင်းလို့ မပြီးမချင်း ဆိုက်ပိတ်လိုက်တယ်။ အလုပ်သမား ကျေနပ်မှုရှိမှ ပြန်ဖွင့်ပေးပါတယ်။ ကန်ထရိုက်က နစ်နာသူကျေနပ်အောင် ညှိနှိုင်းပေး ရမယ်" ဟု ဌာနခွဲမှူးဦးမျိုးဆွေက ပြောသည်။ ရန်ကုန်မြို့တွင် ဆောက်လုပ်ရေးလုပ်ငန်းများ အထွန်းကားဆုံး ကာလသည် ၁၉၉၅ ခုနှစ်နောက်ပိုင်းတွင် တဲပေါ်မှ တိုက်ပေါ်သို့ဆိုသည့်စီမံချက် စတင်အကောင်အထည်ဖော်ခဲ့စဉ်က ဖြစ်သည်။ ထိုကာလတွင် ဆောက်လုပ်ရေးလုပ်သားများ အလွန်လိုအပ်နေချိန်ဖြစ်ရာ ကျေးလက်တောရွာများရှိ လယ်ယာလုပ်ငန်းခွင်များမှလူများ အလုံးအရင်းနှင့် ရန်ကုန်မြို့ပေါ်သို့ ရောက်ရှိလာကြသည်။ ၎င်းတို့သည် ဆောက်လုပ်ရေးအတတ် ပညာများ မရှိကြသေးရုံမက မိမိအသက်ကိုကာကွယ်နိုင်လောက်သော အသိပညာများလည်း မပါလာကြပေ။ ယခုကဲ့သို့ လုပ်ငန်းခွင်အတွင်းသေဆုံးခဲ့ရသည့် ကိုဝေမိုးသည်လည်း လွန်ခဲ့သည့်ခြောက်လခန့်ကမှ ရန်ကုန်သို့ ရောက်ရှိလာကာ ဆောက်လုပ်ရေး လုပ်သားတစ်ဦး ဖြစ်လာခဲ့ခြင်းဖြစ်သည်။ သူတို့သည် ၀ါးငြမ်းစင်များပေါ်တွင် အသက်နှင့်ရင်းကာ အလုပ်လုပ်ကြရသည်။ အချို့ငြမ်းစင်များက ၀ါးများဖြင့်ပြုလုပ်ထားပြီး၊ အချို့ငြမ်းများက သံဖြင့်ပြုလုပ်ထားသောငြမ်းများဖြစ်သည်။ အချို့က လုပ်ငန်းခွင်ထိခိုက်မှု အကာအကွယ်ပစ္စည်းများကို မိမိသဘောဖြင့် မသုံးစွဲသူများရှိသလို၊ အချို့က လုပ်ငန်းခွင်တွင် အဆင်သင့်မရှိခြင်းကြောင့် မသုံးစွဲနိုင်သူများလည်းရှိရာ နှစ်ဦးနှစ်ဖက်တွင် တာဝန်ရှိပေသည်။ "သူတို့တွေက ဦးထုပ်မဆောင်း၊ ခါးပတ်မပတ်၊ မျက်မှန်မတပ်၊ နှာခေါင်းမကာဘဲ အလုပ်လုပ်လာကြတာ ခေါက်ရိုးကျိုးနေပြီဗျ။ ရုတ်တရက် ပြင်ပေးဖို့က မလွယ်သေးဘူး။ သူတို့ကိုလုပ်ငန်းခွင်မှာ ဘေးအန္တရာယ်ကင်းကင်းနဲ့ အလုပ်လုပ်တတ်ဖို့ဆိုတာ လုပ်ငန်းခွင်ထဲမှာပဲ အသိပညာပေးရမယ်။ ဒီလို သင်တန်းပေးချိန်အတွက်လည်း အလုပ်ရှင်က လုပ်အားခပေးရမှာ။ သူတို့က တစ်နေ့လုပ်မှ တစ်နေ့စားရသူတွေလေ" ဟု ဆောက်လုပ်ရေးကုမ္ပဏီ တစ်ခု၏ လုပ်ငန်းခွင်အင်ဂျင်နီယာ ဦးစိန်လှိုင်က ပြောသည်။ မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ အရေးပေါ်အသက်ကယ်ခြင်းဆိုင်ရာ စီမံခန့်ခွဲမှု သင်တန်းနည်းပြဆရာ ဦးဇော်ထူးဦးကလည်း "အန္တရာယ်ဖြစ်စေနိုင်တဲ့ လုပ်ငန်းခွင်တွေမှာ Safety Officer တွေ ခန့်ထားသင့်တယ်။ ၀န်ထမ်းတွေ သူတို့လုံခြုံရေးအတွက် ၀တ်ဆင်ရမယ့် လုံခြုံရေးပစ္စည်းတွေကိုဝတ်၊ မ၀တ်ဆိုတာ လုပ်ငန်းခွင်ဝင်ပေါက်ကနေ စစ်ဆေးပြီး အမှတ်ပေးရမယ်။ မလိုက်နာရင် လစာဖြတ်တာမျိုးဖြစ်ဖြစ် အပြစ်ပေးရမယ်။ သူတို့ကို ခန့်ထားခြင်းအားဖြင့် လုပ်ငန်းခွင်မှာ ဘယ်အပိုင်းကအားနည်းတယ်၊ ချို့ယွင်းချက်ရှိတယ်ဆိုတာကို အလွယ်တကူသိနိုင်မယ်။ သူတို့မှာ ၀န်ထမ်းတွေကိုရော၊ ပစ္စည်းတွေကိုရော အရည်အသွေးစစ်ဆေးရမယ့်တာဝန်ရှိတယ်" ဟု အကြံပြုပြောကြားသည်။ ဆောက်လုပ်ရေး လုပ်ငန်းခွင်များမှ အလုပ်ရှင်များ၊ လုပ်သားများအတွက် သင်ခန်းစာပေးသွားသော ဧရာဝတီတိုင်းဒေသကြီး၊ ဒေးဒရဲမြို့နယ် က၀က်ချောင်းသား ကိုဝေမိုးတစ်ယောက် ထိန်ပင်သုသာန်တွင် မီးလောင်၍ ပြာမှုန်များအဖြစ် ပြောင်းလဲသွားပေပြီ။ ကျန်ရစ်သောမိသားစုများနှင့် အလုပ်ရှင်များက သူ့အတွက် စိတ်ထိခိုက်မှုများနှင့်အတူ ဖြေရှင်းစရာများ ကျန်ရစ်ခဲ့သည်။ လုပ်ငန်းခွင်များတွင် "လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်းရေး ဦးစားပေး" ဆိုသည့် ဆိုင်းဘုတ်ပါ အဓိပ္ပာယ်အတိုင်း အလုပ်ရှင်ရော၊ အလုပ်သမားများပါ အမှန်တကယ် လိုက်နာမှုအားနည်းနေဦးမည်ဆိုပါက ယခုကဲ့သို့ စိတ်ထိခိုက်ဖွယ် အဖြစ်ဆိုးများနှင့် ရင်ဆိုင်နေရဦး မည်သာဖြစ်သည်ကို သတိပြုရပေမည်။ ရေးသားသူ- သန်းဌေး၊မြတ်စုမွန် 7Day News Journal | ||||
| နိုင်ငံခြားသားများ ကျူးလွန်သည့် ရာဇ၀တ်မှုခင်းနှင့် လိမ်လည်မှုပိုများလာ Posted: 06 Nov 2012 07:55 PM PST ရန်ကုန်၊ နိုဝင်ဘာ-၄ နိုင်ငံတကာနှင့် ဆက်သွယ်မှု များပြားလာ သည်နှင့်အမျှ နိုင်ငံခြားသားများ၏ ရာဇ၀တ်မှု ကျူးလွန်မှုများ တစ်နေ့တခြား များပြားလာကာ တရားစွဲဆို အရေးယူမှု များလည်း များပြားလာရသည်ဟု မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် တရားရေး ၀န်ထမ်းများထံမှ သတင်းရရှိသည်။ ယခုနှစ်ပိုင်းတွင် နိုင်ငံခြားသားများ ကျူးလွန်သော ပြစ်မှုများသည် လူဝင်မှု ကြီးကြပ်ရေး ဥပဒေကို ဖောက်ဖျက်ခြင်းများ ရှိသကဲ့သို့ လိမ်လည်မှု၊ ကိုယ်ထိလက်ရောက် စော်ကားမှုစသည့် ရာဇ၀တ်မှုများဖြင့် အရေးယူရခြင်းများ ရှိလာကြောင်း သိရသည်။ နိုင်ငံခြားသားပိုင် စက်ရုံများ မှ အကြီးတန်း ၀န်ထမ်းများက မြန်မာဝန်ထမ်းများကို ကိုယ်ထိလက်ရောက်စော်ကားခြင်း၊ ဧည့်သည်က ဟိုတယ်ဝန်ထမ်းကို ကိုယ်ထိလက်ရောက် စော်ကားခြင်း စသည်များအပြင် ရာဇ၀တ်မှုခင်းများနှင့် လိမ်လည်မှုများ ပါရှိလာခဲ့ခြင်း ဖြစ်သည်။ လှိုင်သာယာမြို့နယ် စက်မှုဇုန်(၄) ရှိ ဟိုင်မိုဆံပင်တုစက်ရုံတွင် ကိုရီးယားလူမျိုးအရာရှိနှင့် စက်ရုံအလုပ်သမားများကြား အငြင်းပွားမှု ဖြစ်ပွားရာမှ ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့သဖြင့် ကိုရီးယားလူမျိုးကို အလုပ်သမား ၁၅ ဦးက ကာယိနြေ္ဒထိခိုက်မှုနှင့် သာမန်နာကျင်မှု အမှုနှစ်မှုဖြင့် အမှုဖွင့်တရားစွဲဆိုခဲ့သည်။ ထို့အပြင် ဂျပန်နိုင်ငံသား ဧည့်သည်တစ်ဦးက ဟိုတယ်ဧည့်ကြိုဝန်ထမ်းတစ်ဦးအား ကိုယ်ထိလက်ရောက်ကျူးလွန်ခဲ့ရာ အဆိုပါ အမှုတွင် ဧည့်ကြိုအမျိုးသမီးက တရားစွဲဆိုမှုတွင် ဆယ်လတိတိ နှစ်ဦးနှစ်ဖက် အပြန်အလှန်တရားစွဲဆိုကြပြီး ဂျပန်နိုင်ငံသားက တောင်းပန်ကြေး ကျပ်သိန်း ၁၀၀ ပေး၍ အမှုအား ရုပ်သိမ်းခဲ့ကာ လက်ရှိတွင် ဂျပန်နိုင်ငံသားမှာ ပုဇွန်တောင်မြို့နယ် လ၀ကဦးစီးမှူးက ဖွင့်ထားသည့် လ၀က ဥပဒေချိုးဖောက်မှုဖြင့် အမှုဆက်လက်ရင်ဆိုင်လျက်ရှိသည်ဟု ဧည့်ကြိုအမျိုးသမီးဘက်မှ အမှုလိုက်ရှေ့နေဦးဝင်းနိုင်က ပြောသည်။ "ဖြစ်ပြီးတဲ့ကိစ္စကို ပြန်လည် မပြောချင်တော့ပါဘူး။ ဧည့်သည်က မူးနေတယ်လေ။ နောက်ပြီး သူခေါ်လာတဲ့ ကောင်မလေးကို ကျွန်မတို့က ပေးမ၀င်တော့ ပြဿနာက ပိုကြီးထွားသွားတာပါ" ဟု Orchid ဟိုတယ်မှ ဧည့်ကြိုအမျိုးသမီး မအေးအေးကြည်က ပြောသည်။ မည်သည့် နိုင်ငံခြားသား တစ်ဦးကိုမဆို နိုင်ငံတော်မှ ထုတ်ပြန်ထားသော ဥပဒေတစ်ရပ်ရပ်ကို ချိုးဖောက်ပါက အပြစ်ပေး အရေးယူပိုင်ခွင့်ရှိပြီး ရာဇ၀တ်မှုနှင့်သက်ဆိုင်သော ပြစ်မှုများကိုကျူးလွန်ပါက ပြည်တွင်းတရားရုံးများတွင် တရားစွဲဆိုဆုံးဖြတ်ကာ အပြစ်ပေးပိုင်ခွင့်ရှိသည်ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့ တာဝန်ရှိသူက ပြောကြားသည်။ သို့ရာတွင် နိုင်ငံအချင်းချင်း ချစ်ခင်ရင်းနှီးမှု မပျက်စေရန်၊ ရန်လိုစိတ်များ မဖြစ်စေရန်အတွက် ပြစ်ဒဏ်စီရင်ရာတွင် လျှော့ပေါ့ခြင်းများ၊ ဥပမာအားဖြင့် ထောင်ဒဏ်ချမှတ်သော်လည်း သတ်မှတ်ပြစ်ဒဏ်အပြည့်အ၀ မခံစားရဘဲ သက်ဆိုင်ရာ နိုင်ငံသို့ လွှဲပြောင်းပေးခြင်းမျိုးလည်း ရှိသည်ဟု တရားလွှတ်တော်ရှေ့နေ ဦးခင်ဇော် (မရမ်းကုန်း)က ဆိုသည်။ "ခုက နိုင်ငံခြားသားတွေဝင်လာပြီ။ ကောင်းတာရော၊မကောင်းတာရော ပါလာမယ်။ ဒါကြောင့် ကိုယ့်နိုင်ငံသားတွေ အထူးသဖြင့် အမျိုးသမီးတွေအပေါ် ကိုယ်ထိလက်ရောက် မတရားကျူးလွန်လာရင် ပြင်းပြင်းထန်ထန် အရေးယူပြပြီး ဒါမျိုးဒီမှာ အလုပ်မရဘူးဆိုတာ သိအောင်လုပ်ထားရမယ်" ဟု ပြည်ပရောက် နိုင်ငံရေးလေ့လာသူတစ်ဦးက ပြောသည်။ ၂၀၁၁ နှင့် ၂၀၁၂ ခုနှစ်များအတွင်းကလည်း ရန်ကုန်နှင့် မန္တလေးမြို့ကြီးများတွင် တရုတ်နိုင်ငံသားအချို့က ဖုန်းဟန်းဆက် အဟောင်းများအား မြို့အတွင်း လူစည်ကားရာနေရာများ၊ လက်ဖက်ရည်ဆိုင်တို့တွင် လိမ်လည်ရောင်းချသည့် ဖြစ်စဉ်အချို့ ဖြစ်ပွားခဲ့ပြီး ယင်းကိစ္စများတွင် တိုင်တန်းခြင်း မရှိခဲ့သောကြောင့် အဆိုပါ အဖွဲ့သည် အရေးယူမှုမခံရဘဲ လိမ်လည်မှုအကြိမ်ရေ အများအပြား ကျူးလွန်နိုင်ခဲ့သည်။ နိုင်ငံသားများအပေါ် နိုင်ငံခြားသားများက ပြစ်မှုကျူးလွန်ခြင်း ဖြစ်ပွားရာတွင် နိုင်ငံသားများက တိုင်တန်းမှုနည်းပြီး ထိုသို့ ဖြစ်ရခြင်းမှာလည်း နိုင်ငံသားတို့က ၎င်းတို့နှင့် ရင်ဆိုင်ရမည့် သူ၏ဓနအင်အားကြောင့်ဖြစ်စေ ဖြစ်ပြီးသမျှ အရှည်ရှည် မလုပ်လိုကြသည်ကတစ်ကြောင်းကြောင့် ဖြစ်သည်ဟု တရားရေးဝန်ထမ်းများက သုံးသပ်ပြောကြားသည်။ နိုင်ငံခြားသားများအား ပြစ်မှုကျူးလွန်၍ ပြစ်ဒဏ်ပေးရာတွင် ထိရောက်စွာ အရေးယူနိုင်ရန်လိုအပ်ပြီး ထိရောက်စွာ ပြစ်ဒဏ်မချမှတ်နိုင်ပါက ပြစ်မှုကျူးလွန်ခြင်းကို အားပေးရာရောက်သည်ဟု ရှေ့နေဦးခင်ဇော်(မရမ်းကုန်း)က ပြောသည်။ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ နှင့် ပြစ်မှုဆိုင်ရာဥပဒေတို့တွင် ဥပဒေသည် နိုင်ငံသား၊ နိုင်ငံခြားသား မခွဲခြားဘဲ အရေးယူရမည်ဆိုသော်လည်း နိုင်ငံခြားသားဖြစ်သည့်အတွက် ပြစ်ဒဏ်လျှော့ပေါ့ခြင်းမျိုးများလည်းရှိသည်ဟု တရားရုံးရှေ့နေတစ်ဦးက ပြောသည်။ နိုင်ငံခြားသားများ ကျူးလွန်သော ပြစ်မှုများသည် ရာဇ၀တ်မှုမဟုတ်ဘဲ တရားမ၀င် လူပုဂ္ဂိုလ်အသင်းအဖွဲ့များနှင့် ဆက်သွယ်ခြင်းများ ပြုလုပ်ပါက ပြည်နှင်ဒဏ်ပေးဆောင်ရွက်သည်ဟု မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တာဝန်ရှိသူက ပြောကြားသည်။ ယခုနှစ်အတွင်း ဖြစ်ပွားခဲ့သော ဂျပန်နိုင်ငံသားနှင့် ဧည့်ကြိုအမျိုးသမီးပုံစံနှင့် အလားတူ ပြီးခဲ့သည့် နှစ်ဆန်းပိုင်းက ဖြစ်ပွားခဲ့သော အင်းလျားလိတ်ဟိုတယ်၌ ပြင်သစ်နိုင်ငံသားတစ်ဦးနှင့် ဧည့်ကြိုကောင်တာရှိ ဟိုတယ်အမျိုးသမီးဝန်ထမ်းတစ်ဦးတို့သည် ကြွေးဝယ်ကတ်နှင့် ပတ်သက်၍ အငြင်းပွားခဲ့ကြသည်။ ဟိုတယ်ဝန်ထမ်းအမျိုးသမီးက ပြင်သစ်နိုင်ငံသားအား ငွေသားပါဝင်မှု မရှိဟု ပြောကြားရာမှ နှစ်ဖက်အချင်းများပြီး ပြင်သစ်နိုင်ငံသားက ကိုယ်ထိလက်ရောက် စော်ကားခဲ့သည်။ ယင်းအမှုမှာ တစ်နှစ်ကျော်ကြာခဲ့ကာ ဟိုတယ်ဝန်ထမ်းအမျိုးသမီးက အမှုကိုပြန်လည်ရုပ်သိမ်းခဲ့သည့် ဖြစ်စဉ်မျိုး ဖြစ်ပေါ်ခဲ့ဖူးသည်။ "နိုင်ငံခြားသားတွေနဲ့ဆက်နွှယ်နေတဲ့ ဟိုတယ်လုပ်ငန်းတွေ၊ ခရီးသွားလုပ်ငန်းတွေမှာ အရင်တုန်းက ဒီလိုပြဿနာတွေ ခဏခဏဖြစ်ဖူးတယ်။ လေဆိပ်က ၀န်ထမ်းတစ်ဦးဆို ဆွဲလားရမ်းလားအထိ ဖြစ်ဖူးပေမယ့် နောက်ရက်မှာ နိုင်ငံခြားသားက ပြန်ပြီးလာတောင်းပန်သွားတယ်" ဟု တရားရုံး ရှေ့နေဦးသန်းလွင်က ပြောကြားသည်။ မြန်မာနိုင်ငံတွင်း ရောက်ရှိလာသူ နိုင်ငံခြားသားအားလုံးတွင် ရာဇ၀တ်မှု(သို့မဟုတ်)နိုင်ငံတော်မှ ထုတ်ပြန်ထားသော ဥပဒေတစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ရန် ရည်ရွယ်ချက်နှင့် ၀င်ရောက်လာသူများ ရှိ၊ မရှိ စိစစ်ရန်အတွက် နိုင်ငံခြားသားများ ကြီးကြပ်ထိန်းသိမ်း စောင့်ရှောက်ရေးကော်မတီကိုလည်း ဖွဲ့စည်းထားသည်။ အဆိုပါ ကော်မတီသည် ပြည်ပတွင် ဗီဇာထုတ်ပေးခြင်း၊ နိုင်ငံတော်သို့ လေဆိပ်၊ ရေဆိပ်၊ နယ်စပ်စစ်ဆေးရေး ဂိတ်များမှ ၀င်ရောက်စဉ် စစ်ဆေးခြင်း၊ နိုင်ငံတော်အတွင်းရှိနေစဉ် စိစစ်ခြင်းတို့ကို လုပ်ဆောင်ကြောင်းသိရသည်။နိုင်ငံအတွင်း စိစစ်ရာတွင် ဗီဇာစည်းကမ်းအတိုင်း နေထိုင်မှုရှိမရှိ၊ ခရီးသွားလာမှုကန့်သတ်ချက်များ ဖောက်ဖျက်မှု ရှိ၊ မရှိ၊ သံရုံးများတွင် ဖွင့်လှစ်ထားသော စင်တာများ၌ နိုင်ငံရေး စွက်ဖက်မှုရှိမရှိ၊ အင်န်ဂျီအို၊ အိုင်အင်န်ဂျီအိုများမှ ဆန့်ကျင်လုပ်ဆောင်၊ သွားလာမှုများ ရှိမရှိ၊ ၀န်ကြီးဌာနမှ ထောက်ခံခေါ်ယူထားသော ဗီဇာအသီးသီးဖြင့် ၀င်ရောက်လာသူများ ဗီဇာစည်းကမ်း ဖောက်ဖျက်ခြင်း ရှိမရှိ၊ ကမ္ဘာလှည့်ခရီးသည်များမှ နယ်စပ်ဖြတ်ကျော်မှုခင်းနှင့် Tourism Related Crime များ ကျူးလွန်ခြင်းရှိမရှိတို့ကို ပြုလုပ်ကြောင်းလည်း သတင်းရရှိသည်။ 7Day News Journal | ||||
| လူငါးဆယ်ခန့် မင်္ဂလာဆောင်မှ အပြန် အစာအဆိပ်သင့် Posted: 06 Nov 2012 07:47 PM PST နေပြည်တော် ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့နယ်၊ ကင်ပွန်းတန်း ကျေးရွာရှိ ရွာသား ငါးဆယ်ခန့် ယနေ့နေ့ လည်ပိုင်းမှ စတင်၍ အစာအဆိပ်သင့် ကာ အထက်လန် အောက်လျှော ဝေဒနာခံစား ခဲ့ရကြောင်း သတင်းရရှိသည်။ ရွာသား ငါးဆယ် အနက်မှ ရွာသား၃၀ခန့်မှာ ပျဉ်းမနားမြို့နယ် ဆေးရုံတွင် ဆေးကုသ ခံယူနေပြီး ကျန်ရွာသားများမှာမူ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||||
| အမေရိကန် ရွေးကောက်ပွဲ မဲရုံတွေ ပိတ် Posted: 06 Nov 2012 07:25 PM PST ရေကုန် ရေခမ်း ယှဉ်ပြိုင် နေကြတဲ့ အမေရိကန် သမ္မတ ရွေးပွဲ မဲဆွယ်ပွဲ တွေ အဆုံးသတ်ချိန်မှာ နိုင်ငံ တဝှမ်းက မဲရုံတွေ ပိတ်တော့မှာ ဖြစ်ပါတယ်။ သမ္မတ ဘားရက် အိုဘားမား က သူ့မြို့ ချီကာဂို မှာပဲ ရွေးကောက်ပွဲ အတွက် စေတနာ့ ဝန်ထမ်း မဲဆွယ် ပေးသူ တွေကို လိုက်လံ တွေ့ဆုံကာ မိတ်ဆွေ ရင်းတွေနဲ့ ဘက်စကက်ဘော ကစား နေပါတယ်။ သူ့ပြိုင်ဘက် မစ်ထ် ရွန်နီ ကတော့ ပင်ဆယ်လ် ဗေးနီးယား နဲ့ ယတိပြတ် အဖြေ မထွက်သေးတဲ့ အိုဟိုင်းယိုး ပြည်နယ် တွေမှာ နောက်ဆုံး မဲမဆွယ်ခင် ဘော့စတွန်မှာ မဲပေး ခဲ့ပါတယ်။ သဘောထား စစ်တမ်း ကောက်ခံ ချက်တွေ အရ မစ္စတာ အိုဘားမား အဓိကပြည်နယ် အများစုမှာ ပွတ်ခါ သီခါနဲ့ အသာရနေ ပြီး နောက်ဆုံး ရလဒ် ထွက်လာခါနီးပြီလို့ ခန့်မှန်းကြ ပါတယ်။ ဆီးနိတ် သုံးပုံ တပုံနဲ့ ကွန်ဂရက် လွှတ်တော် ရွေးကောက်ပွဲ တွေကိုလဲ တနေ့ထဲပဲ ကျင်းပ ခဲ့တာပါ။ အိုဘားမားရဲ့ ဒီမိုကရက် ပါတီက ဆီးနိတ်ကို ဆက်အုပ်စီး ထားပြီး ရီပတ်ဘလစ်ကန်က ကွန်ဂရက်ကို နေမြဲ အတိုင်း ထိန်းချုပ် ထားအုံးမယ်လို့ မှန်းဆ နေကြပါတယ်။ ပြည်နယ် အုပ်ချုပ်ရေးမှူး ရွေးကောက်ပွဲ တွေလဲ ပြည်နယ် အတော်များများမှာ ကျင်းပ နေပါတယ်။ ဘီဘီစီ (မြန်မာပိုင်း)
| ||||
| ယခုအပတ်ထုတ် The Hot News Weekly Journal Vol-3, No-115 Posted: 06 Nov 2012 04:56 PM PST | ||||
| Posted: 06 Nov 2012 01:53 PM PST ရန်ကုန်တိုင်း ဒေသကြီး၊ လှိုင် သာယာ အဝေးပြေး ဂိတ်မှ ပုသိမ် သို့ပြေးဆွဲ လျက်ရှိသော "ချမ်းမြေ့ အေး" အဆင့်မြင့် ခရီးသည် ပို့ဆောင်ရေး ကားလက်မှတ်ဝယ် ယူစဉ်တွင် နေ့လယ် ၁၂း၀၀ နာရီ ထွက်မည် ဖြစ်သောကြောင့် AIRCON Experss လားဟုမေး ရာ လက်မှတ် ရောင်းသော လူငယ် က AIRCON Experss ဖြစ်ကြောင်း ပြော သည်။ သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||||
| သြစတြေးလျ-မြန်မာ စစ်ဘက် ဆက်ဆံရေး အလားအလာ ဝေဖန်ခံရ Posted: 06 Nov 2012 01:40 PM PST
ဒီပြောဆိုဆွေးနွေးမှုတွေဟာ သြစတြေးလျဝန်ကြီးချုပ်တဦးနဲ့ မြန်မာသမ္မတ တဦးကြားမှာ နှစ်ပေါင်း သုံးဆယ်နီးပါးအတွင်း ပထမဆုံး ဆွေးနွေးမှုတွေပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ တိုင်းရင်းသားတွေ အပေါ်မှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဆက်ပြီး ဖြစ်ပေါ်နေတာကို သြစတြေးလျနိုင်ငံအနေနဲ့ စိုးရိမ်မိပါကြောင်း လောနိုင်ငံမှာကျင်းပတဲ့ ASEM ထိပ်သီးဆွေးနွေးပွဲကို တက်ရောက်နေတဲ့ သြစတြေးလျဝန်ကြီးချုပ် ဂျူလီယာ ဂေးလပ်ဂ်က ပြောသွားပါတယ်။ မြန်မာအာဏာပိုင်တွေအနေနဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုတွေအတွက် ချီးကျူးကြောင်း ပြော သွားတာပါ။ ၂၀၁၂ ခုနှစ်၊ ဧပြီလမှာ ကျင်းပခဲ့တဲ့ မြန်မာနိုင်ငံက လွှတ်တော် ကြားဖြတ် ရွေးကောက် ပွဲတွေကို သြစတြေးလျ အစိုးရက ထောက်ခံခဲ့တာ ဖြစ်ပါတယ်။ အဲဒီမတိုင်ခင် ၁၉၆၂ ခုနှစ်ကစလို့ ၂၀၁၁ ခုနှစ်အထိက မြန်မာနိုင်ငံကို စစ်အာဏာရှင်တွေ အုပ်ချုပ်နေခဲ့ တာပါ။ မြန်မာနိုင်ငံရဲ့ အခုလို ဒီမိုကရေစီနည်းကျ လွတ်လပ်မှုတွေ ဆက်ပြီးတော့ ထွန်းကားလာတာနဲ့အမျှ သြစတြေးလျ အစိုးရ အနေနဲ့လည်း ကုန်သွယ်ရေးအရံအတားတွေကို ဆက်ပြီးတော့ လျှော့ချပေးသွားမယ်၊ ဒဏ်ခတ် ပိတ်ဆို့မှုတွေကို ဖြေလျှော့ပေးသွားမယ်လို့ ကတိပြုသွားခဲ့ပါတယ်။ သြစတြေးလျနိုင်ငံ အခြေစိုက် ဘားမား ကမ်ပိန်းအဖွဲ့က ဇက်တီ ဘရိတ်ကာကတော့ ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက် မှုတွေ မြန်မြန်ဆန်ဆန် တိုးမြှင့်လုပ်ဆောင်မယ့်ကိစ္စကို သတိပေးနေတာပါ။ "တဘက်မှာကျတော့ မြန်မာနိုင်ငံက လူ့အခွင့်အရေးအခြေအနေနဲ့ ပတ်သက်ပြီး စိုးရိမ်ပါတယ်။ အခုထက် ပိုကောင်းအောင် လုပ်ဆောင်ဖို့ လိုပါတယ်လို့ ဝန်ကြီးချုပ် ဂျူလီယာ ဂေးလပ်ဂ် က ပြောနေပါတယ်။ ဒါပေမဲ့ နောက်တဘက်မှာကျတော့ အဲဒီ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို အများဆုံးလုပ်ဆောင်နေတဲ့ မြန်မာစစ်တပ်နဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ဖြစ်ပေါ်အောင်လုပ်ဖို့ ဆိုပြီး ပြောနေတာပါ။ ဒါကြောင့် စိုးရိမ်စရာရှိပါတယ်။" သြစတြေးလျအစိုးရက အခုလိုမျိုး မြန်မာအစိုးရအပေါ် ပိုပြီးတော့ နွေးထွေးမှု ရှိလာတာကနေ အခု ကျန်ရှိနေသေးတဲ့ တားဆီး ပိတ်ဆို့မှုတွေအားလုံးကို ဖယ်ရှားပေးလိုက်တာမျိုး ဖြစ်သွားမှာကို မြန်မာ့ အရေးဆောင်ရွက်သူတွေအားလုံးက စိတ်ပူနေကြတာ ဖြစ်ပါတယ်။ အခုဆိုရင် မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲရေးတွေ မြင်တွေ့နေရပေမဲ့လည်း လူနည်းစုတွေ အပေါ်မှာ မြန်မာစစ်တပ်က နှိပ်ကွပ်နေတာတွေကိ စိုးရိမ်နေကြဆဲ ဖြစ်ပါတယ်။ မစ္စ် ဘရိတ်ကာ ကပဲ- "၂၀၁၁ ခုနှစ် မတ်လကတည်းကစပြီး တိုင်းရင်းသားဒေသတွေက လူ့အခွင့်အရေးချိုးဖောက်မှုတွေဟာ တိုးလာတာပဲ ရှိပါတယ်။ လျော့မသွားပါဘူး။ ဒါကြောင့် လူ့အခွင့်အရေး ချိုးဖောက်မှုအပိုင်းမှာ တကယ်စိုးရိမ်စရာ အနေအထားမှာ ရှိနေပါသေးတယ်။" အာရှ-ပစိဖိတ်ဒေသရဲ့ အကြီးကျယ်ဆုံး နိုင်ငံပေါင်းစုံ စစ်ရေးလေ့ကျင့်မှုကို မြန်မာနိုင်ငံက လေ့လာသူ အဖြစ် တက်ရောက်မယ့် ကိစ္စကို ထောက်ခံပါကြောင်း အရင်လကပဲ အမေရိကန်ပြည်ထောင်စု က ပြောသွားပါတယ်။ အခုလို အမေရိကန်က ထောက်ခံ လိုက်တာဟာ မြန်မာနိုင်ငံမှာ သြဇာ အကြီးဆုံးနဲ့ အင်အား အခိုင်မာဆုံးဖြစ်တဲ့ မြန်မာစစ်တပ်နဲ့ ဆက်ဆံရေးကောင်းမွန်ဖို့ အတွက် အရေး သိပ်ကြီးတဲ့ ခြေလှမ်းဖြစ်တယ်လို့ စစ်ရေးလေ့လာ အကဲခတ်တချို့က ပြောပါတယ်။ ဒါပေမဲ့ လည်း မြန်မာနိုင်ငံက လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို မြန်မာစစ်တပ်က တာဝန်ယူ ဖြေရှင်းတာမျိုး မရှိတဲ့အအပေါ်မှာ လူ့အခွင့်အရေး အဖွဲ့တွေက စိုးရိမ်ကြောင်း ပြောကြပါတယ်။ မြန်မာ့ ဒီမိုကရေစီလှုပ်ရှားဖို့အတွက် အထင်ရှားဆုံးပုဂ္ဂိုလ်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို သြစတြေးလျနိုင်ငံကို လာဖို့ ဖိတ်ခေါ်သလိုပဲ သြစတြေးလျဝန်ကြီးချုပ် ဂျူလီယာ ဂေးလပ်ဂ် က မြန်မာသမ္မတ ဦးသိန်းစိန်ကို သြစတြေးလျကို လာရောက်ဖို့ ဖိတ်ခေါ်သွားပါတယ်။ သြစတြေးလျနိုင်ငံဟာ မြန်မာနိုင်ငံကို ကူညီထောက်ပံ့မှုတွေ အများဆုံး ပေးနေတဲ့ နိုင်ငံဖြစ်ပြီး ၂၀၁၅ ခုနှစ် ကိုရောက်ရင် သြစတြေးလျရဲ့ ကူညီထောက်ပံ့မှုက ဒေါ်လာ သန်း ၁၀၀ အထိ နှစ်ဆ ဖြစ်သွားမှာ ပါ။ မြန်မာနိုင်ငံက လူဦးရေ သန်းခြောက်ဆယ်ရဲ့ သုံးပုံတပုံက ဆင်းရဲနွမ်းပါးမှုအောက် မှာ နေနေကြရ တာဖြစ်ပါတယ်ရှင်။ မအေးသန္တာကျော် (ဗွီအိုအေ မြန်မာဌာန) |
| You are subscribed to email updates from Thit Htoo Lwin To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
| Google Inc., 20 West Kinzie, Chicago IL USA 60610 | |



























