Speaking to an audience of 8,00 Burmese, including many refugees, at Oxford Senior Secondary School in Delhi on Friday, Burmese pro-democracy champion Aung San Suu Kyi said that sometimes the majority has to look at things through a minority’s eyes “When I came to India, I felt that I was coming to a friendly country with a long tradition,’ she said. “All the [Burmese] people living in India are like our family members: brothers, nephews, nieces and children. So I want you to look on [them] as family members. I want to say solemnly that our country is a ‘union.’ ”
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် အခြေစိုက် အစိုးရ ခြေမြန်တပ်ရင်း ခမရ ၅၃၉ မှ တပ်ရင်းပိုင် နယ်မြေဟု အကြောင်းပြ၍ ဒေသခံများ၏ လယ်ယာမြေများ သိမ်းယူ ထားသည့်အပေါ် နိုင်ငံအကြီအကဲများ အနေဖြင့် တရား ဥပဒေနှင့် အညီမျှတစွာ ဆောင်ရွက်ပေးရန် ရခိုင်တောင်သူ လယ်သမားများက လိုလားကြောင်း သိရသည်။
ယခုရက်ပိုင်းအတွင်း ရောက်ရှိလာမည့် အမေရိကန်သမ္မတ အိုဘားမား၏ မြန်မာနိုင်ငံခရီးစဉ်နှင့် ပတ်သက်၍ ကြိုဆိုကြောင်းနှင့် မြန်မာပြည် ငြိမ်းချမ်းရေးအတွက် တစုံတရာ အထောက်အကူ ပြုနိုင်လိမ့်မယ်ဟု မျော်လင့်ကြောင်း ရခိုင်အမျိုးသမီးများ အစည်းအရုံး RWU မှ သဘောထားထုတ်ပြန်လိုက်သည်။
ကယား(ကရင်နီ)ပြည်နယ် ဒီးမောဆိုမြို့ရှိ သမိုင်းဝင် အထင်ကရနယ်မြေဖြစ်သော ရွှေတောင်၊ ငွေတောင်၊ ပတ္တမြားတောင် နေရာ၌ ချယ်ရီမိုး ကျောက်မျက်သတ္တု အထွေထွေ စီးပွားရေးလုပ်ငန်း သမ၀ါယမ ကုမ္ပဏီလိမိတက်မှ သတ္တုတူးဖော်ရေးလုပ်ငန်း ပြုလုပ်ရန် စီမံကိန်းရှိသည်ဟု ကြားရသည့်အပေါ် ဒေသခံများက ကန့်ကွက်ကြကြောင်း သိရသည်။
ချင်းပြည်နယ်တောင်ပိုင်း ကန်ပက်လက်မြို့ပေါ်တွင် လျှပ်စစ်မီး မရသောကြောင့် ကျောင်းသားများ စာကြည့်ရာ တွင် အခက်အခဲများ တွေ့ရကြောင်း သိရသည်။
ဆက်သွယ်ရေး ဥပဒေကြမ်းကို ယခုလ ၇ ရက်နေ့က သတင်းစာတဆင့် ဖော်ပြလိုက်ပါတယ်။ ဆက်သွယ်ရေး ဥပဒေကြမ်းနဲ့အတူ ၁၈၈၅ ခုနှစ်က The Myanmar Telegraph Act 1885 နှင့် The Myanmar Wireless Telegraph Act 1934 ကို ရုပ်သိမ်းလိုက်ပါတယ်။