http://www.scribd.com/doc/112280729/moemaka-daily-news-6th-nov-2012
Maung Luu Yay - The Laughs from Hell
ငရဲမင်းကြီးရဲ့ဟားတိုက်သံ
မောင်လူရေး၊ နိုဝင်ဘာ ၆၊ ၂၀၁၂
သဘာဝပတ်ဝန်းကျင်ဆိုတာကို ပုံဖေါ်ကြည့်မယ်ဆိုရင် သစ်ပင် တောတောင်ရေမြေတွေတွင်မကဘဲ အဲဒါတွေကို တည်မှီနေထိုင်ရင်းနဲ့ ထိန်းသိမ်းစောင့်ရှောက်နေတဲ့ ဒေသခံနေထိုင်သူတွေရဲ့ ရိုးရာယဉ်ကျေးမှု၊ သမိုင်း အထောက်အထား၊ လူမှုဘဝတွေကိုပါ တွဲကြည့်မှ ပြည့်စုံပါလိမ့်မယ်။ သဘာဝရင်းမြစ်တွေကို ထုတ်ယူ လိုက်တာနဲ့တပြိုင်နက် သူ့ကို တည်မှီနေတဲ့ ရိုးရာယဉ်ကျေးမှုတွေ၊ သမိုင်းအထောက်အထားတွေ၊ လူမှုဘဝ တွေပါ ကပြောင်းကပြန်ဖြစ်သွားရပါတော့တယ်။ အပြန်အလှန်ပါဘဲ အဲဒီသဘာဝပတ်ဝန်းကျင်ကို တည်မှီ နေထိုင်ရင်း အလိုလို ထိန်းသိမ်းစောင့်ရှောက်မှုပြုနေတဲ့ ဒေသခံတွေရဲ့ လူမှုဘဝတွေ ဖရိုဖရဲ ပြိုကွဲပြီဆိုရင်လဲ ရိုးရာယဉ်ကျေးမှုတွေ၊ ဓလေ့ထုံးတမ်းတွေ၊ သမိုင်းအထောက်အထားတွေပျောက်ဆုံးပြီး သဘာဝပတ်ဝန်းကျင်လဲ ပျောက်သွားရပါတော့တယ်။
ကိုယ့်ရပ် ကိုယ့်ဒေသရဲ့ ကိုယ်ပိုင်ပုဂ္ဂလ ဝိသေသတွေ တည်ရှိနေရေးထက် ကိုယ့်ဒေသကိုအရင်းပြုပြီး အခြားဒေသတခုရဲ့ဖွံ့ဖြိုးတိုးတက်ရေးက ပိုအရေးကြီးတယ်ဆိုရင် ဒါဟာ ဘယ်လိုမှ အဓိပ္ပါယ်မရှိပါဘူး။ တကယ်တော့ ကိုယ့်ရဲ့ ကိုယ်ပိုင်လက္ခဏာတွေ ပျောက်သွားတာဟာ ကိုယ့်ဒေသပျောက်ဆုံးသွားတာပါဘဲ။ ကိုယ့်ရပ်ရွာပျောက်သွားတာပါဘဲ။ ကိုယ့်ဒေသပျောက်သွားတာဟာ ဒေသနေလူတွေအတွက် ဘယ်တော့မှ အမှန်တရား ဖြစ်လာမှာ မဟုတ်ပါဘူး။ ကိုယ့်ဒေသပျောက်ဆုံး သွားရမယ်ဆိုရင်တော့ အဲဒါဟာ ဖွံ့ဖြိုးတိုးတက် ရေးမဟုတ်၊ ဘီလူးရီသံဘဲ ဖြစ်ပါတယ်။
ဒီဖြစ်ရပ်မျိုးတွေမှာ ပျော်ရွင်မှုဆိုတာဟာ တည်ရှိနေတာသာ ဖြစ်ပါ တယ်။ ပျောက်ဆုံးသွားတာ မဟုတ်ပါဘူး။ ဒါ ပထဝီရေးရာစိတ်ချမှုပါ။ ဒါ ဒေသကပေးတဲ့ ခွန်အားပါ။ နေရာပျောက်ဆုံးသွားတာဟာ ဝမ်းနည်းမှုနဲ့ ကိုယ့်ကိုယ်ကို တန်ဖိုးမထားမှု၊ ကစဥ့်ကလျားဖြစ်မှုကိုသာ ပေးစွမ်းနိုင်ပါတယ်။ အဲဒီလို ကိုယ်ပိုင်အမှတ်အသားမဲ့သွားသူမှာ နိုင်ငံသားဖြစ်မှုကိုလဲ အလေးထားမှာ မဟုတ်တော့ပါဘူး။ သူ့ရဲ့ နိုင်ငံသားဖြစ်မှုကိုက မရေရာတော့တဲ့ အခြေအနေရောက်သွားတာကိုး။ နိုင်ငံတော်က သူ့ကို သူ့ဒေသကို၊ သူ့အမှတ်အသားတွေကို ဘာမှ အကာအကွယ်မပေးခဲ့ဘူးဆိုတော့လေ။
တကယ်လို့ အဲဒီ ပျောက်ကွယ်ဆုံးရှုံးသွားမှုတွေနေရာမှာ ဖြည့်စွက်ချက်တွေ၊ ပံ့ပိုးမှုတွေ၊ အစားထိုးမှုတွေမှာ ယဉ်ကျေးမှုတွေ၊ သမိုင်းတန်ဖိုးတွေ၊ လူမှုဘဝတွေ၊ ကိုယ်ပိုင်အမှတ်အသားတွေ၊ ဓလေ့တွေ ကပ်ပါမလာတော့ဘူးဆိုရင်၊ နေမကောင်းတဲ့လူတယောက် ပိုင်ဆိုင်ထားတဲ့ စားကောင်းသောက်ဖွယ်တွေသာ ဖြစ်မှာပါဘဲ။ ဒါဟာ သူ့အတွက် ဘယ်လိုမှ မသင့်တော်တဲ့အရာတွေ၊ တန်ဖိုးမရှိတဲ့အရာတွေသာ ဖြစ်ပါတယ်။ ဖွံ့ဖြိုးတိုးတက်မှုဆိုတာဟာ ပျော်ရွင်ကျေနပ်မှုမပါဘူးဆိုရင် သူ့တန်ဖိုးကို ဘာနဲ့ ဘယ်လို တွက်မှာလဲ။ တန်ဖိုးတွက်မရတဲ့အရာတွေဟာလဲ လူ့အဆောင်အယောင်၊ အဆင်တန်ဆာ မဖြစ်နို်င်ပါဘူး။ ဒါ့ကြောင့် လူမှုဘဝအတွက် အထောက်အကူ မဖြစ်ပါဘူး။ သစ်ပင်တပင်နဲ့ တိုက်တလုံးဟာ လူတွေကို ကျေနပ်မှုပေးစွမ်းနိုင်တာချင်း လုံးဝမတူပါဘူး။ ဒါ့ကြောင့် တိုက်က ပိုကောင်းတယ်လို့ ပိုင်းဖြတ်ပြီး သစ်ပင်ကို ခုတ်လှဲလိုက်တာဟာ ပိုကောင်းတဲ့လုပ်ဆောင်မှု မဖြစ်နိုင်ပါဘူး။ တိုက်ဆောက်ဖို့ နေရာလွတ်ရှာတာသာ ပိုကောင်းတဲ့စီမံလုပ်ဆောင်မှု ဖြစ်နိုင်ပါတယ်။
လူတွေရဲ့ဝမ်းနည်းကြေကွဲမှုတွေ၊ စိုးရိမ်သောကဖြစ်နေရတာတွေနဲ့ ဖွံ့ဖြိုးရေးဆိုတာနဲ့ အလဲအထပ်လုပ်လို့ မရပါဘူး။ ဘာ့ကြောင့်လဲဆိုရင် လူတွေမပျော် မရွှင်တဲ့အရာကို လူတွေအတွက်လို့ ဘယ်လိုလုပ်ပြောလို့ ရမှာလဲ။ နောက်ပြီး အသက်ရှူရတာ မကောင်းတော့ဘူး၊ သောက်ရေတွေ၊ သုံးရေတွေပျက်စီးပြီး ရောဂါ တွေရလာမယ်ဆိုရင် အဲဒီမီးခိုးထွက်နေတဲ့၊ စွန့်ပစ်ပစ္စည်းတွေထုပ်နေတဲ့ စက်ရုံတရုံဟာ အဲဒီဒေသခံတွေ အတွက် ငရဲမင်းကြီးရဲ့လက်ဆောင်သာ ဖြစ်ပါလိမ့်မယ်။ ဒီဆိုးကျိုးတွေကို တစက်မှ မခံစားရဘဲ အကျိုး အမြတ်တွေသာ ရယူနေတဲ့ တခြားတနေရာက စာရွက်ကိုင်လူတန်းစားတစုကတော့ ဒေသဖွံ့ဖြိုးရေးလို့ အော်နေမှာပေါ့။ ဒါ သူတို့အတွက်ဘဲလေ။ တကယ်တော့ ဒါဟာ ဒေသခံတွေအပေါ် လူသားဘဝ၊ လူနေမှု ဘဝအပေါ်၊ လူ့မျိုးဆက်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုကြီးသာ ဖြစ်ပါတယ်။
ဥပမာ ကြေးနီစီမံကိန်းတွေဟာ ဒေသခံတွေအတွက် ဘာဆိုဘာမှ အကျိုးသက်ရောက်မှု၊ အဓိပ္ပါယ်ရှိမှု မရှိပါဘူး။ သူတို့ လုံးဝမသိတဲ့၊ သူတို့နဲ့ ဘာအဆက်အစပ်မှ မရှိတဲ့သူတွေက ဒီဒေသနေသူတွေရဲ့တည်မှီရာကို၊ ယုံကြည်ရာကို၊ တန်ဖိုးထားမှုတွေကို၊ သမိုင်းအထောက်အထားတွေကို၊ သူတို့အကျိုးစီးပွားအတွက် မြေလှန်ဖြိုဖျက်ပစ်နေတာပါ။
ကြေးနီစီမံကိန်း တာဝန်ခံလူကြီးဦးအောင်မင်းက စီမံကိန်းဧရိယာမှာရှိတဲ့ ရွာ ၂၆ ရွာနဲ့ ဆွေးနွေးပွဲမှာ "မင်းတို့ရွာကရေ တွေ ခွေးတောင် မသောက်ဘူး" ထုတ်ပြောရက်ခဲ့တယ်။ အဲဒီလိုသိရက်နဲ့ အဲဒီရေတွေကို ဒေသခံတွေကို သောက်စေတာဟာ သူတို့ပြောတဲ့ ဖွံ့ဖြိုးရေးပါဘဲ။ မစွမ်းမသန်၊ လူစဉ်မမီတဲ့ကလေးတွေ မွေးလာတာဟာ ဖွံ့ဖြိုးရေးပါဘဲ။ တနယ်လုံး အဆိပ်သင့်နေပြီ။ တကယ်ပါ၊ ဒါဟာ ဖွံ့ဖြိုးရေးပါ။
ဒီဒေသတခုလုံးရဲ့ လူနေမှုဘဝသုဉ်းသွားမှုကို ဘာနဲ့ အစားထိုးမလဲ၊ ဘယ်လို ကုစားမလဲ။ ကျန်းမာတဲ့လူ့အသိုက်အမြုံတခု ပျောက် ဆုံးသွားတာဟာ ဒီဖွံ့ဖြိုးရေးစီမံကိန်းကပေးတဲ့ ဆုလာဘ်ပါ။ ဒေသခံတွေအတွက် တရားမှုဆိုတာ ဘယ်ကရှာရ မှာလဲ။ ကိုယ့်ဒေသနဲ့ဘာမှမသက်ဆိုင်တဲ့ လူတယောက်က ကိုယ့်ဒေသကလူသားတွေအပေါ် စီမံနေတာဟာ၊ နေရာချထားတာဟာ ဘယ်တော့မှ သင့်တော်မှန်ကန်တယ်လို့ ဆိုမရပါဘူး။
အဲဒီလိုပါဘဲ ဒီဒေသကလူတွေရဲ့ အခွန်အထုတ်တွေစား၊ ယူနေတဲ့အစိုးရတရပ်ဟာ ဒေသခံတွေရဲ့ အသဘာဝဘေး၊ အမနုဿဒဏ်တွေကို ဥပေက္ခာပြု၊ လုံးဝအကာအကွယ်မပေးဘဲ သူတို့အကျိုးစီးပွားသက်သက်အတွက် ဒေသကို ဖြိုဖျက်သူတွေကို အထောက်အကူပေးနေတာဟာ ဘယ်လိုမှ အဓိပ္ပါယ်မရှိပါဘူး။ လက်ပံတန်းတောင်ကိစ္စမှာ မိခင်နိုင်ငံတော် အစိုးရနဲ့ သားတော် စစ်ကိုင်းတိုင်းအစိုးရအဖွဲ့ကို ဘယ်လိုမှ နားမလည်နိုင်အောင် ဖြစ်ရပါတယ်။
ဒီဖြစ်စဉ်ထဲမှာ ဦးပိုင်ဟာ နိုင်ငံတော်လား၊ ပုဂ္ဂလိကကုမ္ပဏီတခုလားဆိုတာလဲ သမတကြီးအပါအဝင် ပြည်သူနဲ့ပတ်သက်တဲ့ တာဝန်တွေယူထားတဲ့ လွှတ်တော်ကြီးကလဲ ရှင်းရှင်းလင်းလင်း မမိန့်ဆိုပါဘူး။ ဦးပိုင်ဟာ နိုင်ငံတော်ရဲ့ဘိုးအေကြီးလို၊ ဒါမှမဟုတ် နိုင်ငံတော်ရဲ့အမွေစားအမွေခံသားလို လုပ်ဆောင်နေတာဟာလဲ ဘယ်လိုမှ ခံစားလို့မရပါဘူး။
လူ့ယဉ်ကျေးမှုတခုကို သင်းကွပ်သူတွေတဖြစ်လဲ ဦးပိုင်နဲ့ ဝမ်ဘောင်ကုမ္ပဏီက ဖွံ့ဖြိုးရေးပါဗျ၊ ဖွံ့ဖြိုးရေးပါဗျာလို့ လျှာကို ဘတ်ကြိုးစင်ပြောသော်လဲ ကြိုက်သလောက်ပြော၊ အဲဒီပြောကြားချက်တွေဟာ ဒေသခံတွေအတွက် ငရဲမင်းကြီးရဲ့ဟားတိုက်သံတွေသာ ဖြစ်ပါလိမ့်မယ်ခင်ဗျား။
(Photo - 2012 March, Opening Ceremony of Lat Pa Taung Mountain Project)
Kyauk Phyu Unrest - 4 residents - Interview (Coral Arakan News)
ကျောက်ဖြူ ဘင်္ဂါလီဆူပူမှု ဖြစ်ပျက်ပုံနှင့် ပတ်သက်၍ ဒေသခံလေးဦး၏ ဖြေဆိုချက်များ
by Coral Arakan News Agency on Saturday, 3 November 2012 at 22:14 ·
by Coral Arakan News Agency on Saturday, 3 November 2012 at 22:14 ·
By Mra Wah။ ကျောက်ဖြူ ၊ ၀၄ နိုဝင်ဘာ ၂၀၁၂ ၊ Coral Arakan News ၊ [ အင်တာဗျူး ]
(ကျောက်ဖြူမြို့တွင် ၂၀၁၂-ခုနှစ် အောက်တိုဘာလ (၂၂) ရက်နေ့နှင့် (၂၃)ရက်နေ့ တို့တွင် ဖြစ်ပွားခဲ့သော ဘင်္ဂါလီဆူပူမှု မီးရှီု့မှုများအပြီး နိုဝင်ဘာလ နှစ်ရက်နေ့က Coral Arakan သတင်းအဖွဲ့သားများ ကျောက်ဖြူမြို့သို့သွားသွားရောက်ပြီး ဖြစ်စဉ်နှင့် ပတ်သက်၍ ကျောက်ဖြူမြို့ဒေသခံ လေးဦးအား ကိုယ်တွေ့မေးမြန်းခဲ့ပါသည်။ ၄င်း ဒေသခံလေးဦးတို့မှာ အလယ်တန်းပြဆရာမတစ်ဦး ၊ အသေးစားကန်ထရိုက်တာတစ်ဦး ၊ အင်္ကျံဆိုင်ပိုင်ရှင်တစ်ဦး နှင့် ကျောက်ဖြူအခြေစိုက်သတင်းထောက် တစ်ဦးဖြစ်ပါ သည်။)
Coral Arakan ။ ဘယ်နေ့က ပြဿနာ စဖြစ်တာလဲ ခင်ဗျား။
ဒေသခံ များ။ (၂၀၁၂ အောက်တိုဘာ) ၂၂ ရက်နေ့က စဖြစ်တယ် လို့ပြောလို့ရပါတယ်။
Coral Arakan ။ အဲဒီနေ့က ဘယ်လို စဖြစ်တာလဲ။
ဖြေ ။ ညဥ့်တစ်နာရီလောက်မှာ အနောက်ပိုင်းရပ်ကွက်မှာရှိတဲ့ ဗလီ(ဟောင်း)တစ်ခုကို မီးလောင်ပါတယ်။ အနီးအနားကလူတွေ(ရခိုင်တွေ) လိုက်သွားကြတော့ ကုလားလေး သုံးယောက် ပြေးထွက်လာတာကို တွေ့ရလို့ လိုက်ဖမ်းကြတယ်။ နှစ်ယောက်က လွတ်သွားတယ်။ တစ်ယောက်တော့ အိမ်သာထဲကို ပြေးဝင်ပုန်းတာနဲ့ ဖမ်းမိလိုက်ပါတယ်။ နည်းနည်းပါးပါး စစ်မေးကြတော့ သူတို့ သုံးယောက် မီးရှို့ကြတာ လို့သိရပါ တယ်။ ဒါနဲ့ သူ့ကို ရဲစခန်း ပို့လိုက်ကြတယ်။
Coral Arakan ။ ညဥ့်တစ်နာရီလောက်ဆိုတော့ တကယ်ဆို (၂၃)ရက်နေ့ဘက်ကို ကူးသွားပြီလို့ ဆိုလို့ရတာပေါ့။
ဖြေ ။ ဟုတ်ပါတယ်။ ရမှာပေါ့။
Coral Arakan ။ တစ်ခုလောက်မေးကြည့်ဦးမယ်။ ဗလီဆိုတာ မူဆလင်တွေ အထွဋ်အမြတ်ထားတဲ့ နေရာပါ။ အဲဒီလိုနေရာမျိုးကို သူတို့ဘာသာ သူတို့မီးရှို့တယ် ဆိုတာ ဖြစ်နိုင်ပါ့မလား။
ဖြေ ။ ကျွန်တော် နည်းနည်းလောက် ရှင်းပြပေးပါမယ်။ ပထမတစ်ချက်က အဲဒီအနောက်ပိုင်းရပ်ကွက်ထဲက ဗလီဟာ ဗလီအစစ်မဟုတ်ပါဘူး။ အရင်က လူနေခဲ့တဲ့အိမ်။ နောက်မှ ဗလီဆိုပြီး သူတို့ဘာသာ သူတို့ပြောင်းလဲလိုက်တာ။ တရားဝင်ဘာသာရေးဆိုင်ရာ ခွင့်ပြချက်တွေမရှိတဲ့အတွက် ဖျက်သိမ်းမိန့် ချမှတ်ထားတဲ့ ဗလီ(အဆောက်အအုံ)ပါ။ နောက်ပြီးတော့ အဲဒီဗလီအနီးအနားပတ်လည်မှာ ရခိုင်အိမ် တွေ ချည်းပါပဲ။ ရပ်ကွက်ကလည်း ရခိုင်ရပ်ကွက်ပါ။ အစိုးရိမ်ရဆုံးကိစ္စတစ်ခုက အဲဒီဗလီနဲ့ ဖင်ချင်းကပ်ရက်မှာ ဓါတ်ဆီရောင်းတဲ့ အိမ်တစ်အိမ်ရှိနေတာပါပဲ။ တကယ်လို့ အဲဒီအိမ်ကိုသာ မီးကူးသွားခဲ့မယ်ဆိုရင် မတွေးရဲစရာပါပဲ။ ရပ်ကွက်တစ်ခုလုံး ပြာကျသွားမှာ သေချာတယ်။ နောက်ပြီးရင် တစ်မြို့လုံးကို မီးဆက်ကူးမှာလည်း အသေအချာပါပဲ။ သူတို့က အဲဒီလို ရည်ရွယ်ချက်နဲ့ လုပ်ကြတာပါ။
Coral Arakan ။ ပြီးတော့ ဘာတွေ ဆက်ဖြစ်ကြသေးသလဲ။
ဖြေ ။ ရပ်ကွက်က လူတွေ ကြိုးစားပြီး မီးငြိမ်းသတ်ကြပါတယ်။ မီးသတ်ကားလည်း ရောက်လာတယ်။ မီးသတ်စခန်းနဲ့ နီးတဲ့အတွက် ကံကောင်းသွားတယ် လို့ ပြောရမှာ ပေါ့။ အဲဒါပြီးရင် ကျွန်တော်တို့လည်း မိုးလင်းတဲ့အထိ မအိပ်ပဲ ကင်းစောင့်နေကြရတယ်။ နောက်တစ်နေ့ ည ရှစ်နာရီလောက်မှာ (ကုလားအများစု နေထိုင်ရာ) ပိုက်ဆိပ်ဘက်က မီးစလောင်ပြန်တယ်။
Coral Arakan ။ နောက်တစ်နေ့ဆိုတာ (၂၃)ရက်နေ့ကိုပဲ ပြောတာလား။
ဖြေ ။ ဟုတ်ပါတယ်။
Coral Arakan ။ ဘယ်လိုဖြစ်ကြတာပါလဲ ခင်ဗျ။
ဖြေ ။ အဲဒီနေ့က ဥပုသ်နေ့ဗျ။ မြို့ထဲက လူတော်တော်များများ ဘုန်းကြီးကျောင်းတွေကို ရောက်နေကြတယ်။ အဲဒီနေ့နံနက် (၁၁)နာရီလောက်မှာ ဆားပြင်ကွင်းရပ်ကွက်ထဲကို ကုလားလေးတစ်ယောက် ဓါတ်ဆီပုလင်းတစ်လုံးကိုင်ပြီးတက်လာတယ်။ အဲဒါကို အနီးအနားက ရခိုင်တွေကမြင်လိုက်တော့ ကုလားလေးကို ၀ိုင်းဖမ်းကြတယ်။ ပြီးတော့ ရဲတွေလက်ထဲကို အပ်လိုက်ကြတယ်။ အဲဒီကတည်းက အခြအနေက မတည်မငြိမ်နဲ့ လှုပ်လှုပ်ရွရွဖြစ်နေတယ်။ ညပိုင်း ရှစ်နာရီလောက်မှာ သံချောင်းခေါက်သံတွေ ကြားတယ်။ ကျွန်တော်တို့ ထကြည့်တော့ ရခိုင်ပိုက်ဆိပ်ကို မီးလောင်နေပြီ။ လာလု ဆိုတဲ့ ကုလားက သူတို့အိမ်နဲ့ ကပ်လျက် ရခိုင်အိမ်ကို မီးစရှို့တာ။ (လှုပ်ရှားတိုက်ခိုက် နေကြတဲ့) ကုလားတွေက ခေါင်းပေါင်းအဖြူတွေ ပေါင်းထားတယ် လို့ ပြောကြတယ်။ အဲဒီ (မီးရှို့ခံရတဲ့)အိမ်က အမျိုးသမီးက အနီးအနားက ရခိုင်တွေကို အကူအညီ တောင်းတော့ မီးလောင်တဲ့အိမ်ကို ရခိုင်တွေ ၀ိုင်းလာကြတယ်။ အဲဒီအချိန်မှာ ကုလားတွေက ဂျင်ဂလိနဲ့ပစ်တော့ အနားကို ဘယ်သူမှ ကပ်လို့မရတော့ဘူး။ ကုလားတွေက မီးကွင်းတွေနဲ့ ပစ်ကြတယ်။ ပြီးမှ ဓါတ်ဆီပုလင်းတွေနဲ့ ပစ်ကြတယ်။ ရခိုင်တွေ ရှေ့ကို နည်းနည်းတိုးတော့ ဓါးတွေနဲ့ လိုက်ခုတ်ကြတယ်။ ပြန်ပြီးနောက်ဆုတ် ကြရတယ်။ ပထမတော့ အိမ်ခေါင်တွေကို လောင်နေတာ။ နောက်မှ ကုလားတွေက ကိုယ်တိုင် တက်လာပြီး အိမ်ထဲကို ဓါတ်ဆီပုံးတွေနဲ့ လောင်းထည့်ကြတယ်။ အဲဒီအချိန်ကျမှ တစ်အိမ်လုံးကို မီးစွဲတယ်။ ပြီးမှ ဘေးနားက အိမ်တွေကို မီးကူးသွားတာ။
Coral Arakan ။ မီးကွင်းတွေကို ဘယ်လို ပုံစံနဲ့ ပစ်ကြတာလဲ ခင်ဗျ။
ဖြေ ။ ကြိုးစတွေနဲ့ လွှဲပြီး ပစ်ကြတာပါ။ အဲဒီမီးကွင်းတွေထဲမှာ သံလိုက်ပြားတွေ ထည့်ထားတယ်။ အပြင်ကမှ အ၀တ်နဲ့ ပတ်ထားတာပါ။
Coral Arakan ။ ကုလားအိမ်တွေကျတော့ ဘယ်လို စလောင်တာပါလဲ ခင်ဗျ။
ဖြေ ။ အပြန်အလှန် တိုက်ခိုက်ကြတာပေါ့။ မီးလောင်နေတဲ့ အိမ်တွေက အစတွေကို ဆွဲထုတ်ပြီး ကုလားအိမ်တွေဆီလှမ်းပစ်ကြတယ်။ ကုလားအိမ်တွေနဲ့ ရခိုင်အိမ်တွေက နီးနီးလေးတွေ။ ပြီးတော့ လေက ကုလားအိမ်တွေဘက်ကို ဦးတည် တိုက်လာတယ်။ ကုလားအိမ်တွေက ၀ါးအိမ်ကလေးတွေများတော့ မီးစွဲလောင်ဖို့ လွယ်တယ်။ သူတို့အိမ်တွေမှာက ဓနိနဲ့ အိမ်ခေါင်မိုးထားတာများတယ်။ ပြီးတော့ သူတို့အိမ်တွေကလည်း တစ်အိမ်နဲ့ တစ်အိမ် ပူးပူးကပ်ကပ်တွေ ချည်းပဲ။ ဒါနဲ့ သူတို့ဘက်ကို မီးစွဲတာ ပိုများသွားတယ်။
Coral Arakan ။ ဒီတော့ ဘယ်လို ဆက်ဖြစ်ကြသေးလဲ။
ဖြေ ။ သူတို့အိမ်တွေကို မီးစွဲတော့ ပင်လယ်ဘက်ကို ထွက်ပြေးကြတယ်။ ဘုတ်တွေနဲ့ ထွက်ပြေးကြတယ်။ ပင်လယ်ထဲဆင်းခါနီး သူတို့ငါးစင်တွေကို မီးရှို့ထားခဲ့ကြတယ်။
Coral Arakan ။ ငါးစင်တွေက သူတို့ပိုင်တာလား။
ဖြေ ။ ဟုတ်ပါတယ်။
Coral Arakan ။ သူတို့ ပိုင်တာတွေကို သူတို့က ဘာကြောင့် မီးရှို့ကြတာလဲ။
ဖြေ ။ ငါးစင် ဆိုတာ ငါးတွေကို အခြောက်လှမ်းဖို့အတွက် ၀ါးတွေနဲ့လုပ်ထားတဲ့ စင်ကလေးတွေပါ။ ဘာမှတန်ဖိုး ရှိတာမဟုတ်ပါဘူး။ အဲဒီအပေါ်မှာ အခြောက်လှမ်း ထားတဲ့ ငါးတွေပဲ ရှိမှာပါ။ သူတို့ထွက်သွားတော့ သူတို့ငါးတွေကို ရခိုင်တွေ မရစေချင်တာလဲ ပါမှာပေါ့။ နောက်ပြိးတော့ သူတို့ပိုင်တာတွေကို ရခိုင်တွေက မီးရှို့ဖျက်ဆီးပါတယ်လို့ ပြောနိုင်အောင်လည်း ပါမှာပေါ့။
Coral Arakan ။ ပင်လယ်ဘက်ကို ထွက်သွားတဲ့ ဘုတ်က ဘယ်နှစ်စီးလောက် ရှိသလဲ။
ဖြေ ။ အစီး ခြောက်ဆယ် လောက်တော့ ရှိမယ် ထင်ပါတယ်။ အဲဒီ စက်လှေတွေထဲက အရေအတွက် တော်တော်များများကို မော်လမြိုင်က မူဆလင်လုပ်ငန်းရှင် တစ်ယောက်ပိုင်တဲ့ "အောင်ဆုမွန်" တန်ကဲ (ငါးဖမ်းသင်္ဘော) တွေက ကယ်ဆယ် ယူပြီးတော့ မော်လမြိုင်နဲ့ မြန်မာပြည်မက တခြားနေရာတွေဆီမှာ ဘင်္ဂါလီ ဒုက္ခသည်တွေကို ပို့ဆောင်ဝှက်ပေးထားတယ် လို့လဲ ပြောကြပါတယ်။ အောင်ဆုမွန် မှာ ရခိုင်ကမ်းရိုးတမ်းမှာ ငါးဖမ်းနေတဲ့ တန်ကဲပေါင်း ဆယ့်ရှစ်စီးရှိပါတယ်။
Coral Arakan ။ ဒဏ်ရာရတဲ့ လူ အရေအတွက်က ဘယ်လောက်ရှိမယ် လို့ ထင်ပါ သလဲ။
ဖြေ ။ လူပေါင်း (၉၀)လောက် ဂျင်ဂလိမှန်ပါတယ်။ ဂျင်ဂလိထိတဲ့လူတွေထဲမှာ လည်ပင်းကို ထိတဲ့တစ်ယောက်က ခွဲခန်းထဲမှာ ခွဲထုတ်ရင်းကနေ သေပါတယ်။ မီးလောင်ဒဏ်ရာနဲ့ ဆေးရုံတက်နေရတဲ့ လူတွေရှိပါတယ်။
Coral Arakan ။ သေတာက ။
ဖြေ ။ လောလောဆယ် လေးယောက်လို့ စာရင်းရထားပါတယ်။ နောက်ပြီးတော့ ဒီလေးယောက်အပြင် ကုလားတွေနဲ့ အိမ်ထောင်ကျနေတဲ့ ရခိုင်အမျိုးသမီးတွေ ကုလားတွေနဲ့ အိမ်ထောင်ကျ နေတဲ့ ရခိုင်အမျိုးသားတွေကိုလည်း သူတို့က သတ်ပြီးမှ ပင်လယ်ထဲကို ဆင်းသွားပါတယ်။
"လုပ်ကုလား" လို့ ကျွန်တော်တို့ခေါ်တဲ့ ကုလား အိမ်ထောင်ဖက်ရခိုင်လူမျိုးတွေကို အကုန်လုံး သူတို့ သတ်သွားတယ်။ ဒါပေမဲ့ လုပ်ကုလားတွေရဲ့ သားသမီးတွေကိုတော့ သူတို့ ခေါ်သွားပါတယ်။ ရခိုင်အမျိုးသား လုပ်ကုလားတစ်ယောက်ဆိုရင် ပဋိပက္ခဖြစ်စဉ်အတွင်းမှာ ကုလားတွေအပေါ်မှာ သူရဲ့ သစ္စာစောင့်သိမှုကို ပြဖို့အတွက် ပိုက်ဆိပ်ရပ်ကွက်ထဲက ရခိုင်အမျိုးသား ဦးကြည်ဝင်း ငါးဒိုင်ကို သူ့လက်နဲ့ မီးရှို့ပြရပါတယ်။ မီးရှို့ပြီးတဲ့အခါကျမှ သူ့ကို ကုလားတွေက အသင့်စောင့်နေတဲ့ လူအုပ်စုနဲ့ ၀ိုင်းရိုက်သတ်လိုက်တယ်။ သူတို့(မူဆလင် ကုလားတွေ) ထွက်အသွားမှာ ပင်လယ်ထဲက ဘုတ်တွေပေါ်ကနေ ပိုင်းဖြတ်ထားတဲ့ (လုပ်ကုလား) ရခိုင်လူမျိုးတွေရဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို ထောင်ပြသွား ကြတယ်။ အခု ဒုက္ခသည်တွေပါဆိုပြီး ဘုတ်တွေ စီးပြီး ဒုက္ခသည်စခန်းတွေကို ရောက်သွားတဲ့ ကုလားတွေပေါ့။ တကယ်တော့ အဲဒီဒုက္ခသည်တွေကြားထဲမှာ လူသတ်သမား တွေ ပါသွားပါတယ် ခင်ဗျ။
Coral Arakan ။ မီးသတ်ဌာနက ရော အားသွန်ခွန်စိုက် မီးငြိမ်းသတ်ဖို့လုပ်ပါသလား။
ဖြေ ။ လုပ်ပါတယ်။ ပြဿနာက ကုလားတွေက ရခိုင်တွေကိုရော လုံခြုံရေးတွေကိုပါ ဂျင်ဂလိနဲ့ ပစ်ရုံမက မီးသတ်တပ်ဖွဲ့ကို ပါ ဂျင်ဂလိနဲ့ ပစ်တာပါပဲ။ ရွာဟောင်းဂျာမေဗလီကြီး အပေါ်ဘက်ကနေ နေရာယူပြီးတော့ ဂျင်ဂလိမိုးရွာသလို ပစ်နေတာ မီးသတ်ရဲဘော်တွေရော ကျွန်တော်(သတင်းထောက်)ပါ မီးသတ်ကားကို အကာ အကွယ် ယူပြီး ရှေ့ကိုတက်ရတယ်။ ကုလားပိုက်ဆိပ်ရပ်ကွက်မှာက ကုလားအိမ်နဲ့ ရခိုင်အိမ်တွေက ကပ်နေကြတာ။ ကုလားအိမ်က မီးငြိမ်းပေးပါ လို့ လာအကူအညီ တောင်းတော့ ပိုက်ကို သူတို့အိမ်တွေဖက်ကို ရေပိုက်နဲ့ရေထိုးရတယ်။ ခဏနေတော့ ရခိုင်အိမ်တွေကို မီးစွဲနေပြီဆိုပြန်တော့ ရခိုင်အိမ်တွေဘက်ကို လှည့်ပြီး ရေပိုက်နဲ့ထိုး ရပြန်တယ်။ ဒါပေမဲ့ ကျွန်တော်တို့က ဘယ်လောက်ရေပိုက်နဲ့ထိုးထိုး ကုလားတွေက မီးကွင်းတွေနဲ့ အဆက်မပြတ်ပစ်နေတော့ မီးမငြိမ်းနိုင်ဘူး။ ခဏနေတော့ ရေပိုက်နဲ့ ထိုးနေရင်းကနေ ရေပိုက်ကနေ ရေထွက်မလာတော့ဘူး။ ဒါနဲ့ပိုက်တွေကို သွားကြည့် တော့ ရေပိုက်ကို ခုတ်ဖြတ်ထားတာကို တွေ့ရတယ်။ ဒါနဲ့ မလွယ်ကြောပဲ ဆိုပြီး ချက်ချင်းပြန်ထွက်ကြရတယ်။ စစ်တပ်က အရာရှိတစ်ယောက် ဂျင်ဂလိ ထိ လို့ဒဏ်ရာ ရခဲ့တယ်။ မီးသတ်ရဲဘော်တစ်ယောက်လည်း ဂျင်ဂလိ ထိတဲ့ဒဏ်ရာရတယ်။ ဂျာမေဗလီရှေ့က မီးသတ်ကားဖြတ်တဲ့အချိန်မှာ မီးသတ်ကားရဲ့ တစ်ဘက်ခြမ်းကို ဂျင်ဂလိတွေ ထောက်ထောက် ထောက်ထောက် နဲ့ အဆက်မပြတ်ထိနေခဲ့တာပေါ့။
Coral Arakan ။ ဥပမာမှားရင်လည်း သည်းခံပါနော်။ ဘောလုံးပွဲတစ်ပွဲကို ဥပမာထားပြီး ပြောရမယ်ဆိုရင် အခုအခြေအနေက ကုလားတွေဘက်က ဂိုးပြတ်ရှုံးသွားတဲ့ သဘောလို့ ဆိုချင်ဆိုနိုင်ပါတယ်။ ဒီလိုအခြေအနေကို ရောက်မယ်မှန်းသိလျက်သားနဲ့ ကုလားတွေက ဒီပြဿနာကို ဘာလို့စတာလဲ။ ဒါကိုကော ဘယ်လို ပြောချင် ပါသလဲ ခင်ဗျား။
ဖြေ ။ သူတို့ရှုံးလိမ့်မယ်လို့ ထင်ခဲ့ပုံမရပါဘူး။ သူတို့နိုင်လိမ့်မယ်လို့ တွက်ခဲ့ပုံရတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့မှာ ကြိုတင်လုပ်ထားတဲ့ လက်နက်တွေရှိတယ်။ ဂျင်ဂလိတွေက တစ်ညဉ့်နဲ့ တစ်ရက် မိုးရွာသလို ပစ်တာတောင် မကုန်ဘူး။ ရခိုင်တွေက လောက်စာလုံးတွေနဲ့ ပြန်ပစ်နေရတဲ့အချိန်မှာ သူတို့ဘက်က ပုံစံတစ်မျိုးတည်းနဲ့ စနစ်တကျထုတ်လုပ်ထားတဲ့ ဂျင်ဂလိအရှည်ကြီးတွေနဲ့ မနားတမ်းပစ်နေခဲ့ကြတယ်။ သူတို့ဘက်မှာ ဓါးကိုင်ပြီး တက်ခုတ်တဲ့သူတွေတိုင်းမှာ သံဖြူပြား(အိမ်မိုးသွပ်ပြား) နဲ့ လုပ်ထားတဲ့ ဒိုင်းကာတွေ ကိုယ်စီပါကြတယ်။ ဒါက ကြိုတင်ပြင်ဆင်မှုအပိုင်း။ နောက်တစ်ခုက ဗျူဟာပိုင်းအရလည်း သူတို့ကြိုးစားခဲ့သေးတယ်။ သူတို့မှာ ဗျူဟာရှိ တယ်။
ကုလားပိုက်ဆိပ်က ကျောက်ဖြူမြို့ အရှေ့ဘက်အစွန်ဆုံးမှာရှိတာ။ ကျောက်ဖြူမြို့ ရဲ့မြောက်ဘက် ကမ်းတစ်ကြောမှာ ကုလားတွေနေတဲ့ သန်ပန်ချောင်းဆိုတဲ့ ရပ်ကွက်ရှိ တယ်။ နောက်ပြီးတော့ အနောက်တောင်ဘက်မှာ အရာရှိရပ်ကွက်မှာလည်း ကုလားတွေနေကြတယ်။ ဒီတော့ ကျောက်ဖြူမြို့အနေအထားကို ပြောရမယ်ဆိုရင် အလယ်သားမှာရှိနေတဲ့ ရခိုင်လူမျိုးတွေကို ကုလားတွေက ဖိုခနောက်ပုံစံသုံးပွင့်ဆိုင် ၀ိုင်းထားတာ။ ကျွန်တော်တို့ သိမီနိုင်ခဲ့တဲ့ သတင်းအချက်အလက်တွေအရဆိုရင်
(တစ်) အရှေ့ဘက်အစွန်ဆုံးမှာရှိတဲ့ ကုလားတွေက မြို့ထဲက ရခိုင်တွေကို တိုက်ခိုက်နေမယ့် အချိန်မှာ (နှစ်) မြောက်ဘက် သန်ပန်ချောင်းမှာရှိတဲ့ ကုလားတွေကလည်း မီးရှို့မှုကို လုပ်ရတော့မှာဖြစ်တယ်။ (သုံး) ဒီတော့ သန်ပန်ချောင်းကို မြို့ထဲကရခိုင်တွေက ပြန်ပြီး အာရုံစိုက်လာတဲ့အချိန်မှာ အရှေ့ဘက်ကုလားပိုက်ဆိပ်က ကုလားတွေက မြို့ထဲကို ၀င်ပြီး ရခိုင်တွေကို ခုတ်မယ်။
(လေး) အဲဒီအချိန်မှာ အရာရှိရပ်ကွက်ထဲက ကုလားတွေကလည်း လုပ်ငန်းစရတော့မှာ ဖြစ်တယ်။ အဲသလိုမျိုးသာဖြစ်ခဲ့ရင် ရခိုင်တွေဟာ အရူးမီးဝိုင်းသလိုဖြစ်သွားပြီး ကျောက်ဖြူမြို့ လည်း ပြာကျန်ရစ်ခဲ့မှာ ဖြစ်တယ်။ ရခိုင်သွေးတွေလည်း ဒလဟော စီးခဲ့မှာ ဖြစ်တယ်။
ဒါပေမဲ့ ကံကောင်းချင်တာက အရာရှိရပ်ကွက်က ကိုအင်္ဂလိပ် လို့ခေါ်တဲ့ ကုလားနဲ့ အခြား ကုလားတစ်ယောက်နှစ်ယောက်ဆီက မီးကွင်းတွေ အခုလေးငါးဆယ်စီနဲ့ တင်ကြိုပြီး ဖမ်းဆီးရမိနိုင်ခဲ့တယ်။ ဒီတော့ အရာရှိရပ်ကွက်မှာ ခေါင်းဆောင်ကုလား မဲ့ သွားခဲ့တယ်။ သန်ပန်ချောင်းကကုလားတွေက ရခိုင်တွေနဲ့ ပဋိပက္ခမဖြစ်ပဲ ငြိမ်းငြိမ်း ချမ်းချမ်းနေချင်တဲ့ ကုလားတွေရှိနေတယ်။ (ကျောက်ဖြူမြို့နယ်ရဲ့) ရခိုင်တိုင်းရင်းသား များ တိုးတက်ရေးပါတီဝင် ကုလားတစ်ယောက်က ကုလားတွေကို ပဋိပက္ခဆီ ဦးတည် ဆောင်ရွက်မှု မပြုဖို့ သူတို့ကုလားတွေကို တတ်နိုင်သမျှ ဖြောင်းဖျနိုင်ဖို့ ကြိုးစားခဲ့တာ ရှိတယ်။ ကျောက်ဖြူ ရတပပါတီက ခေါင်းဆောင်တချို့ဆီကိုလည်း သူအမြဲ သတင်းပို့ ခဲ့တယ်။ ရခိုင်နဲ့ ငြိမ်းချမ်းစွာအတူ ယဉ်တွဲနေထိုင်လိုတဲ့ သဘောထားကို အမြဲ သူဖော်ပြ ခဲ့တယ်။ ဒါပေမဲ့ ကုလားတွေစတိုက်ကြမယ်ဆိုတော့ သူလည်း ဘယ်လိုမှ တားဆီးလို့ မရနိုင်တော့ပါဘူး။
အဲသည်နေ့ညက သူတို့စီစဉ်ထားတဲ့အတိုင်း ဖိုခနောက်ဆိုင် ကုလား တိုက်ခိုက်မှု ဖြစ်မလာခဲ့ဘဲ၊ သန်ပန်ချောင်း နဲ့ အရာရှိရပ်ကွက်က ကုလားတွေက အချိန်မီ မထကြွ နိုင်သေးတဲ့အချိန်မှာ အနီးအနားရွာတချို့က ရခိုင်လူမျိုးတချို့ တယ်လီဖုန်း သတင်းကြောင့် ကျောက်ဖြူကို လာရောက်ကာကွယ်ကြတာကြောင့် ကျောက်ဖြူမြို့ ပြာကျမသွားခဲ့ရတာ ဖြစ်ပါတယ်။
သူတို့ဘက်မှာလည်း ပြဿနာလုပ်ချင်တဲ့သူ ရန်လုပ်ချင်တဲ့သူတွေရှိသလို အေးအေး ချမ်းချမ်း နေချင်တဲ့လူတွေလည်းရှိပါတယ်။
Coral Arakan ။ သူတို့တွေက ပြဿနာကို ဘာကြောင့်ဖန်တီးချင်ကြတာလဲ ခင်ဗျ။
ဖြေ ။ ရခိုင်ပြည်ရဲ့ မြောက်ဘက်အစွန်ဆုံးက ဘူးသီးတောင်နဲ့ မောင်တော မြို့နယ် နှစ်မြို့နယ် ကုလားတွေလက်ထဲကို လုံးလုံးရောက်လုနီးပါးအခြေအနေ ဘယ်လို ဖြစ်သွားရသလဲ ဆိုတာကို ပြောပြပြီး ရှင်းပြရပါမယ်။ ရခိုင်တွေ ခုနစ်ဆယ်ရာခိုင်နှုန်း ထက်မနည်းနေခဲ့ကြတဲ့ အဲသည်နှစ်မြို့နယ်မှာ မျိုးပွားနှုန်းမြန်တဲ့ ကုလားတွေက မျိုးပွားနှုန်းမြန်ရုံသက်သက်နဲ့ ဒီမြို့နှစ်မြို့ကို အပိုင်စီးလိုက်တာလား ဆိုတော့ မဟုတ်ပါ ဘူး။ ဥပဒေစိုးမိုးမှုမရှိသေးတဲ့ နယ်မြေလုံခြုံမှုမရှိသေးတဲ့ကာလတွေ လွတ်လပ်ရေး မရခင်ကာလ ၊ လွတ်လပ်ရေးရပြီးကာလ ၊ မူဂျာဟစ်သောင်းကျန်းမှု ကာလတွေ အတွင်းမှာ rob-rape-raze လို့ခေါ်တဲ့နည်းလမ်းအားဖြင့် ရခိုင်တွေ ကြောက်လန့်ပြီး မနေရဲအောင် ဓါးပြတိုက်မယ် မုဒိမ်းကျင့်မယ် ရွာလုံကျွတ်မီးတိုက်မယ်။ ဒီလိုနည်း အားဖြင့် ဒေသနေ တိုင်းရင်းသား တွေကို ကြောက်ရွံ့ထွက်ပြေးစေခဲ့တယ်။ ဒါ့အပြင် သူတို့ရဲ့ မျိုးပွားနှုန်းကလည်း တအားမြန်တော့ အခုဆိုရင် ကုလားလူဦးရေက ၉၅ ရာခိုင်နှုန်းလောက် တိုင်းရင်းသား ဗမာတွေ ရခိုင်တွေက (၅) ရာခိုင်နှုန်းလောက်ပဲ ကျန်တော့တယ်။
လုယက်-မုဒိမ်းကျင့်-မီးရှို့ခံရတဲ့နယ်မြေတွေထဲက တိုင်းရင်းသားတွေဟာ ဘေးကင်းရာ ကို ထွက်သွားရတဲ့အခါ ကျရင် ကုလားတွေက အဲသည်နေရာတွေကို ၀င်ယူတယ်။
ဒီတော့ ဒီလိုသမိုင်းကြောင်းတွေ ဒီလိုအကျင့်တွေက ကုလားတွေရဲ့ ဦးနှောက်ထဲမှာ အသွေးအသားထဲမှာ ရှိနေကြတယ်။ ဒီတော့ ကုလားတွေဟာ သူတို့နိုင်မယ်လို့တွက်ရင် သူတို့ဘက်ကစပြီး ပြဿနာ ဖန်တီးဖို့ဝန်မလေးဘူး။ လူသတ်ဖို့လည်း မတွန့်တိုဘူး။ သေရမှာလည်း ကြောက်ပုံမရဘူး။ အခုလည်း ရခိုင်တွေကို နိုင်လောက်တယ် ဆိုပြိးလုပ်ကြတာဖြစ်ပါတယ်။ သူတို့က ရခိုင်ပြည်မှာ ရခိုင်တွေနဲ့ အတူနေချင်ပုံ မရပါဘူး။ သူတို့ချည်းသက်သက် နေချင်ပုံရပါတယ်။ နယ်မြေကို လုံးဝပိုင်စိုးမှု လိုချင်ကြပုံရပါတယ်။ ဒီအတွက်ကြောင့် ဒီပြဿနာကို စကြတာပါ။
( မြ၀ါ လူတွေ့မေးမြန်း ရေးသားသည်။)

၂၀၁၂ အောက်တိုဘာလ (၂၃)ရက်နေ့ ညဆယ်နာရီလောက်တွင် ကျောက်ဖြူမြို့ ကုလားပိုက်ဆိပ်နှင့်
ရခိုင်ပိုက်ဆိပ်အကြား ရွာဟောင်းဂျာမေ ဗလီထဲမှ နေ၍ ရခိုင် တိုင်းရင်းသား နေအိမ်များဘက်သို့ မီးကွင်း
နှင့် ဓါတ်ဆီဗူးများ ပစ်နေပုံ။ ပုံ - တစ်။ (ဓါတ်ပုံ - ကိုရဲ)
Than Win Hlaing - Articles
ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မြင့်အောင်၏အမည်ရင်းမှာ ကိုဖိုးစိုးဖြစ်သည်။ တို့ဗမာအစည်းအရုံးသို့ ဝင်ရောက်သောအ ခါ သခင်စိုးဖြစ်လာသည်။ ဂျပန်စစ်ပညာ သင်တန်းတက်စဉ်က ဂျပန်အမည်မှာ ကိုနို(Kono) ဖြစ်သည်။ ထို့နောက် ထိုင်းနိုင် ငံဘန်ကောက်မြို့တွင် ရဲဘော်သုံးကျိပ် ဝင်များ ဗိုလ်အမည်ခံယူရာတွင် ဗိုလ်မြင့်အောင်ဖြစ်လာခဲ့သည်။
ဗိုလ်မြင့်အောင်ကို ၁၉၁၇ ခုနှစ် နိုဝင်ဘာလ ၁၄ ရက် ဗုဒ္ဓဟူးနေ့တွင် ပြည်ခရိုင် ဧရာဝတီမြစ်အနောက်ဘက်ကမ်း ပန်းတောင်းမြို့နယ် သူရဲတန်းကျေးရွာ၌ အဖဦးမိုး၊ အမိ ဒေါ်သက်ရှည်တို့မှ ဖွားမြင်ခဲ့သည်။( ကျော်ငြိမ်း၏ ရဲဘော်သုံးကျိပ် ဝင်စာအုပ်၌ ဗိုလ်မြင့်အောင်၏ ဖခင်အမည်ကို ဦးပန်းဟူ၍ ဖော်ပြထားသည်။ )
ဗိုလ်မြင့်အောင်သည် ငယ်စဉ်က ဆင်းရဲချို့တဲ့၍ အထက်တန်းပညာအဆင့်သာ သင်ကြားခဲ့သည်။ အမျိုးသား ခေါင်းဆောင်ကြီး အာဇာနည်သခင်မြ နှင့် ဆွေမျိုးတော်စပ်သည်။
ထို့နောက် သခင်ကိုယ်တော်မှိုင်းဦးစီးသော တို့ဗမာအစည်းအရုံးသို့ ဝင်ရောက်၍ နိုင်ငံရေးဆောင်ရွက်ခဲ့သည်။ ဂျပန်နိုင်ငံသို့ စစ်ပညာသင်ကြားရန် စေလွှတ်ခဲ့သည့် ရဲဘော်သုံးကျိပ် ဒုတိယအသုတ်အဖြစ် သခင်စောလွင်(ဗိုလ်မင်းခေါင်) ၊ သခင်သန်းတင်-၂ (ဗိုလ်မြဒင်)၊ ကိုရွှေ (ဗိုလ်ကျော်ဇော)၊ သခင်တင်အေး (ဗိုလ်ဘုန်းမြင့်)၊ ကိုအောင်သိန်း (ဗိုလ်ရဲထွဋ်)၊ သခင်ထွန်းရွှေ (ဗိုလ်လင်းယုန်) တို့နှင့်အတူ သခင်စိုး (ဗိုလ်မြင့်အောင်)သည် ၁၉၄၁ ခုနှစ် ဧပြီ ၁၃ ရက်နေ့တွင် ကိုင်ရှိုမာရူး (Kaisho Maru) သင်္ဘောဖြင့် မြန်မာနိုင်ငံမှ ဂျပန်နိုင်ငံသို့ ထွက်ခွာခဲ့သည်။ ဂျပန်သို့ ဧပြီ ၂၈ ရက်နေ့တွင် ရောက်ရှိပြီး ဂျပန် နိုင်ငံ တိုကျိုမှ လေယာဉ်ဖြင့် ဟိုင်နန်ကျွန်းသို့ သွားရောက်ရာ ၁၉၄၁ ခုနှစ် မေလ ၁၀ ရက်နေ့တွင် ရောက်ရှိခဲ့သည်။ ဟိုင် နန်ကျွန်းနှင့် ထိုင်ဝမ်ကျွန်းတို့တွင် စစ်ပညာများ သင်ကြားခဲ့သည်။
ဗိုလ်မြင့်အောင်နှင့် ဟိုင်နန်ကျွန်း၌ စစ်ပညာသင်ကြားခဲ့သော ဗိုလ်မှူးချုပ်ကျော်ဇောက သူ၏ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိပေါင်းချုပ်စာအုပ်၌-
"ဟိုင်နန်ကျွန်း ရဲဘော်သုံးကျိပ် စစ်လေ့ကျင့်ရေးစခန်းတွင် ကျနော်နှင့် အတော်ခင်မင်လေးစားသော ပုဂ္ဂိုလ်တစ် ယောက်မှာ ဗိုလ်မြင့်အောင်ကြီး ဖြစ်ပါသည်။ အလေးမသမားကြီးလို သန်မာထွားကျိုင်းသူ ဖြစ်သည်။ ကျနော်တို့နှင့် အ သက်အရွယ် အတူတူလောက်ဖြစ်သည်။ သူနှင့် ကျနော် ခင်မင်ရင်းနှီးရုံသာမက သူ့ကို ဗိုလ်လရောင်၊ ဗိုလ်ရဲထွဋ်တို့က လည်း ခင်မင်ကြသည်။ သူနှင့်ကျနော် ခင်မင်ရင်းနှီးလာရသည့် အကြောင်းနှစ်ခုရှိသည် ထင်ပါသည်။ တစ်ကြောင်းက ဟိုင် နန်ကျွန်းတွင် ဂျပန်တို့က ကျွန်တော်တို့ သောက်ဖို့စီးကရက်၊ ဆေးလိပ်ဘူးများနှင့် ဘီယာအရက်ပုလင်းများကို မကြာခဏ ဝေငှပေးကမ်းပါသည်။ ကျနော်မှာ ဆေးလိပ်မသောက်တတ်သူဖြစ်ပြီး ထိုစဉ်က ဘာသာရေးလည်း ကိုင်းရှိုင်းသူဖြစ်သဖြင့် အရက်လည်း လုံးဝမသောက်ပါ။ ထို့ကြောင့် ကျနော်ဝေစုရသော ဘီယာ အရက်ပုလင်းများကို အရက်သောက်တတ်သော ဗိုလ်မြင့်အောင်နှင့် ဗိုလ်လရောင်တို့ထံသွား၍ ခွဲဝေပေးတတ်ပါသည်။ ထိုမှစပြီး ခင်မင်လာပါသည်။ နောက်တစ်ကြောင်းမှာ ကျွန်တော်သည် ငယ်စဉ်ဘဝက မြန်မာစာပေ မဂ္ဂဇင်းများကို များစွာဖတ်ခဲ့သူဖြစ်ရာ ရဲဘော်တချို့နှင့် အကြောင်းဆုံတိုင်း ကျနော်ဖတ်ရှုခဲ့သော စာပေဗဟုသုတနှင့် စိတ်ဝင်စားဖွယ် ဝတ္ထုဇာတ်လမ်းတို့ကို ပြောပြတတ်ရာ ထိုအခါမျိုးတွင် ဗိုလ်မြင့် အောင်ကြီး ကျနော့်အနားရောက်လာပြီး ကောင်းစွာ နားထောင်တတ်သည်ကို သတိပြုမိပါသည်။
နောက်ပိုင်း ဗိုလ်မြင့်အောင်ကြီးနှင့် ကျနော်အတော်ရင်းနှီးလာရာ သူက ကျနော်ဖတ်ဖူးသော စာပေဗဟုသုတများ နှင့် ဝတ္ထုဇာတ်လမ်းတို့ကို သူ့အား ပြောပြပါရန် ပန်ကြားပါသည်။ ဤမှစ၍ ဗိုလ်မြင့်အောင်ကြီးမှာ ငယ်စဉ်ဘဝက ပညာသင် ကြားရေး ချို့တဲ့ခဲ့ရသည်ကို သိရသည်။ ကျနော် များစွာစိတ်မကောင်း ဖြစ်ရပါသည်။ ကျနော်အားလပ်သည့်အခါ သူပန် ကြားသည့်အတိုင်း ကျနော်က စာပေဗဟုသုတနှင့် ပုံဝတ္ထုများကို ပြောပြခြင်းဖြင့် လူချင်းအတော်ရင်းနှီးလာပါသည်။ သူက လည်း ကျနော့်ကို များစွာ ခင်မင်လေးစားလာပါသည်။
သူ့အကြောင်းတွေကို ပြောပြပါသည်။ သူသည် ပြည်ခရိုင် ဧရာဝတီမြစ် အနောက်ဘက်ကမ်းမှ သားအမိနှစ် ယောက်သာရှိသည့် ဆင်းရဲသားမိသားစုမှ ဖြစ်သည်။ သာယာဝတီခေါင်းဆောင်ကြီး သခင်မြတို့နှင့် ဆွေနီးမျိုးစပ်တော်ပြီး သူ့ကို သခင်မြက ဂျပန်သို့ စစ်ပညာသင်ထည့်လွှတ်လိုက်၍ ဟိုင်နန်ကျွန်းသို့ ရောက်လာရခြင်းဖြစ်ကြောင်းတွေ သိရသည်။ သူ့မိခင်ကိုလည်း အတော်ချစ်ခင် သတိရပုံရပါသည်။
နောက် ဗိုလ်မြင့်အောင်မှာ အုန်းထမင်းချက် အလွန်ကောင်းသည်။ ကျနော်တို့အဖွဲ့ အမဲသားရသောနေ့များတွင် ဗိုလ်မြင့်အောင်က အုန်းထမင်းချက်ပြီး အမဲသားနှပ်ဖြင့်ကျွေးရာ အားလုံးဝမ်းမြောက်ကြပါသည်။ ဂျပန်များက အုန်းထမင်း ချက်ကို သိပ်ကြိုက်သွားပြီး coconut rice (အုန်းထမင်း) သိပ်ကောင်းတယ်၊ ကောင်းတယ် ပြောလွန်း၍ ဗိုလ်မြင့်အောင်က အမဲသားရတိုင်းလိုလိုပင် အုန်းသီးလည်းပေါသဖြင့် အုန်းထမင်းချက်ကျွေးခဲ့ရလေသည်။
ကျွန်တော်နှင့် ဗိုလ်မြင့်အောင်မှာ မကြာခဏ ထင်းချက်တာဝန် အတူကျတတ်သည်။ ကျနော်မှာ ဘာမှမချက် တတ်။ ဗိုလ်မြင့်အောင်ခိုင်းသမျှကို ကူလုပ်ကိုင်ပေးရသည်။ ထမင်းအိုးကြီးတည်ထားပြီး ထမင်းကျက်မကျက် ထမင်းအိုး ချ သင့်မချသင့် သိနိုင်ဖို့ ကျနော်က ယောင်းမနှင့် ကော်ယူသွားပြီး တစ်နေရာတွင် ထိုင်နေသော ဗိုလ်မြင့်အောင်ထံ သွားပြရ သည်။ ညနေထမင်းချက်ပြီးလျှင် တနေရာထသွားလေ့ရှိသည်။ အရာရှိစတိုခန်းမှ ခိုးယူလာသော ရေစိမ်ထားသည့် ဘီယာ ပုလင်းများကို သောက်တတ်သည်။ ကျနော့်အတွက်လည်း (အရက်မသောက်တတ်၍) ချော့ကလက်များယူထားပြီး ကျွေး တတ်ပါသည်။ ထိုအခါတွင် ကျနော်တို့ အလွန်ပျော်ရွှင်ကြသည်။
ကျနော်တို့ စစ်လေ့ကျင့်စခန်း စစ်တန်းလျားအနီးတွင် ကျနော်တို့က "အနှီး" လို့ခေါ်တဲ့ တရုတ်လူမျိုးစု ရွာတစ်ရွာ ရှိပါသည်။ အများစုဟာ တံငါသည်များဖြစ်ပြီး တချို့လယ်သမားများဖြစ်သည်။ ၎င်းအနှီးလူမျိုးအများစုစာ ဟိုင်နန်ကျွန်းမှ တရုတ်လူမျိုးနွယ်ဝင် "လီ" ဟုခေါ်သော လူမျိုးစုတွေဖြစ်ကြောင်း နောက်ကျမှ ကျန်ာတို့ သိရသည်။
ထိုအနှီးရွာသားအချို့ဟာ မကြာခဏ ကျနော်တို့စခန်းသို့လာကြပြီး ကျနော်တို့ထံမှ စာကြွင်းစားကျန်များ၊ အဝတ် အစားများ၊ စီးကရက်များ စတာတွေကို လာရောက်တောင်းရမ်းတတ်ပါသည်။ တခါတရံ ဟိုင်နန်ကျွန်းပေါ်တွင် ပေါများလှ သော အုန်းသီးစိမ်းတွေကို နွားတကောင်တပ်လှည်းကလေးနှင့် တိုက်ယူပြီး ကျနော်တို့ထံမှ အဝတ်ဟောင်းများနှင့် သူတို့ လိုချင်သော ပစ္စည်းအချို့နှင့် လဲလှယ် ယူတတ်ပါသည်။ အလွန်ဆင်းရဲကြပါသည်။
ကျနော်တို့ရဲဘော် ဗိုလ်မြင့်အောင်ကြီးမှာ ထိုအနှီးလူမျိုးစုတို့နှင့် အတော်ရင်းနှီးခင်မင်လာသည်ကို သတိထားမိပါ သည်။ တနေ့တွင် ဗိုလ်မြင့်အောင်မှာ ထိုအနှီးတို့နှင့် ဘယ်လိုဆက်သွယ် ပြောဆိုနားလည်ကြသည်မသိ၊ သူ့အဝတ်ဟောင်း များနှင့် အနှီးတို့ထံမှ ချက်အရက်ကို လဲလှယ်ပြီး သောက်စားနေသည်ကို တွေ့ရပါသည်။
ဗိုလ်မြင့်အောင်က ကြေညာထားသည်မှာ ရဲဘော်တွေ မိမိတို့အဝတ်တွေလှမ်းရာတွင် ညနေ ၆ နာရီကျော်လို့မှ မ ရုတ်သိမ်းလျှင် ထိုအဝတ်များကို သူပိုင်သည်ဟု ဆိုထားသည်။ ရဲဘော်များမှာ သူ၏ကြေညာချက်ကြောင့် ကိုယ့်အဝတ်တွေ ကို ဂရုစိုက်ပြီး ရုတ်ကြရသည်။ မရုတ်သိမ်းမိလျှင် ထိုအဝတ်တွေကို ဗိုလ်မြင့်အောင်ကြီးက သိမ်းပြီး အရက်နှင့် လဲသောက် ပစ်မှာဖြစ်သည်။
ဗိုလ်မြင့်အောင်မှာ အားလပ်ချိန်များတွင် မိမိတို့စခန်းမှ ပျောက်ပျောက်သွားတတ်သဖြင့် ကျနော်လေ့လာစုံစမ်းရာ အနှီးလူမျိုးတို့က ဗိုလ်မြင့်အောင်ကို သူတို့ရွာသို့ အလည်ဖိတ်သဖြင့် လိုက်လည်ပတ်သည်ကို သိလာရပါသည်။ တခါတရံ အနှီးတို့က သူ့ကို အရက်နှင့် ဧည့်ခံပုံရသည်။
ကျနော့်ကို ဗိုလ်မြင့်အောင်က အနှီးတို့ရွာသို့ သူနှင့်အတူလိုက်ရန် အတင်းခေါ်သဖြင့် ကျနော်တခေါက်လိုက်သွား ပါသည်။ အလွန်ဆင်းရဲသော အိမ်းစုတွေဖြစ်ပြီး အလွန်အားနာဖို့လည်း ကောင်းပါသည်။ ရေရှည်သွားနေလျှင် အန္တရာယ် အမျိုးမျိုးဖြစ်နိုင်သည်ဟုလည်း ယူဆပြီးနောက် ဗိုလ်မြင့်အောင်ကြီးကို အနှီးတို့ရွာသို့ သွားမလည်ပတ်ရန် ကျနော်က ပြော ပါသည်။ သို့သော် သိပ်မထူးပါ။
ထို့ကြောင့် ကျနော်က အခိုင်အမာ ပြောရတော့သည်။ တော်လှန်ရေးသမားဟု တော်လှန်ရေးကိစ္စမှတစ်ပါး အခြား အကျိုးမရှိတဲ့ အန္တရာယ်ရှိတဲ့အလုပ်တွေ မလုပ်သင့်ကြောင်း၊ ထိခိုက်သွားလျှင် တော်လှန်ရေးကို ထိခိုက်နစ်နာသွားမှာ ဖြစ် ကြောင်း အတင်းပြော၍ မသွားရန်တားမြစ်ရသည်။ ဒီတော့မှ တဖြည်းဖြည်း အသွားရပ်သွားတော့သည်။" ဟူ၍ ရေးသား ထားလေသည်။
၁၉၄၂ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်နေ့တွင် ဂျပန်တပ်မတော် ဒုတိယဗိုလ်ချုပ်ကြီး ကာဝါရှီးမားနှင့် ဗိုလ်လက်ျာကြီး မှူး၍ ဗိုလ်လရောင်၊ ဗိုလ်မင်းရောင်၊ ဗိုလ်ဗလ၊ ဗိုလ်ဉာဏ တို့နှင့် ဗိုလ်မြင့်အောင်တို့ပါဝင်သော ထားဝယ်စစ်ကြောင်းဖြင့် မြန်မာနိုင်ငံအတွင်းသို့ ချီတက်၍ ဗြိတိသျှတို့ကို တိုက်ခိုက်ခဲ့သည်။
၁၉၄၂ ခုနှစ် ဇူလိုင်လ ၂၇ ရက်နေ့တွင် ဘီအိုင်အေဖျက်သိမ်းပြီး ဗမာ့ကာကွယ်ရေးတပ်မတော် (ဒီဘီအေ) ပြန် လည်ဖွဲ့စည်းသောအခါ ဗိုလ်ကြီးအဆင့်ဖြင့် စက်အမြောက်တပ်ရင်းတွင် တာဝန်ထမ်းဆောင်ခဲ့သည်။
ဖက်ဆစ်ဂျပန်တော်လှန်ရေးကာလတွင် တိုင်း ၇ (သရက်၊ အောင်လံ၊ မကွေး၊ မင်းဘူး) တာဝန်ကျပြီး စက်အ မြောက်တပ်ရင်းကို ခေါင်းဆောင်ကာ ဖက်ဆစ်ဂျပန်တို့ကို တော်လှန်တိုက်ခိုက်ခဲ့သည်။
ဖက်ဆစ်တော်လှန်ရေးအပြီးတွင် ၁၉၄၅ ခုနှစ် ဇွန်လ ၂၄ ရက်နေ့တွင် နတ္တလင်းမြို့သို့ ဗိုလ်ချုပ်အောင်ဆန်း ရောက်ရှိလာရာ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မြင့်အောင်၊ ဗိုလ်ဗလတို့နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။ ထိုနေ့၌ပင် နတ္တလင်းမြို့ ဗိုလ်ချုပ်အောင်ဆန်း ခေတ္တတည်းခိုရာ နေအိမ်၌ မိမိကိုယ်မိမိ သတ်သေသွားလေသည်။
"ဗိုလ်ချုပ်အောင်ဆန်းက ဗြိတိသျှမဟာမိတ်ဖို့စ် ၁၃၆ တို့က ဂျပန်ဖက်ဆစ်တော်လှန်ရေးအတွက် ထုတ်ပေးထားခဲ့ သော လက်နက်များ ပြန်အပ်ခိုင်းနေသဖြင့် အရေအတွက်ပြည့်အောင်သာ လည်သလိုပြန်အပ်ဖို့၊ ကျန်လက်နက်များကို ချန် ထားပြီး မပြီးဆုံးသေးသော လွတ်လပ်ရေးအတွက် ပြင်ဆင်ထားရန်" ပြောဆိုရာ ဗိုလ်မြင့်အောင်က "ဒီလိုဆိုရင် ကျနော်တို့ အသက်စွန့်ပြီး လုပ်ဆောင်ခဲ့တာတွေဟာ အလကားပေါ့" ဟုပြောရာ ဗိုလ်ချုပ်က သူပြောခဲ့သည့်အတိုင်း အကင်းမပါးရ ကောင်းလားဟု မာမာထန်ထန်ပြောခဲ့ကြောင်း၊ ထို့နောက် ဗိုလ်မြင့်အောင်သည် နေမကောင်းဟုဆိုကာ ကိုယ့်ဟာကိုယ် သတ်သေသွားကြောင်း" ပြောကြားခဲ့လေသည်။
ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ဗလကလည်း ဗိုလ်မြင့်အောင် ကွယ်လွန်သွားပုံကို ၁၉၇၃ ခုနှစ် ဇူလိုင်လ ၁၈ ရက်နေ့ ထုတ် အာဇာနည်နေ့အကြို ကြေးမုံသတင်းစာ၌ "ထိုနေ့" အမည်ခေါင်းစဉ်တပ်၍ အောက်ပါအတိုင်း ရေးသားခဲ့လေသည်။
"... ၁၉၄၅ ခုနှစ်တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် ဖီးလ်မာရှယ်ဆာဝီလျံစလင်းတို့ အဆက်အသွယ်ရပြီးနောက် ဂျပန် တပ်များကို ကျနော်တို့တပ်များနှင့် မဟာမိတ်တပ်များ ပူးပေါင်းတိုက်ကြရပါသည်။ ဤကဲ့သို့ ပူးပေါင်းဆောင်ရွက်ပြီး နယ် မြေ အတော်များများကို သိမ်းပိုက်မိသောအခါ ရဲဘော်သုံးကျိပ်တော်တော်များများ စုမိနေသည့် နတ္တလင်းမြို့သို့ ဗိုလ်ချုပ် အောင်ဆန်း လိုက်လာပါသည်။
"ကျွန်တော်တစ်ခုခုဆုံးဖြတ်ရမယ့် ပြဿနာပေါ်နေတယ်။ အဲဒါ ခင်ဗျားတို့နဲ့ တိုင်ပင်ဖို့ပဲ။ ပြဿနာကတော့ ကျွန် တော့ကို ဘရိတ်ဂိဒီးယားခန့်ပြီး တပ်ထဲမှာ ဆက်အမှုထမ်းဖို့ ဆာဝီလျံစလင်းတို့က ပြောနေတယ်။ ကျွန်တော်ကတော့ အ ဖြေမပေးသေးဘူး။ အဲဒါ ခင်ဗျားတို့ ဘယ်လိုသဘောရသလဲ မေးဖို့ပါပဲ။"
ဗိုလ်ချုပ်သည် အထက်အပါအတိုင်း ကျနော်တို့ကို စကားစလိုက်ပြီး နိုင်ငံရေးနှင့်ပတ်သက်သည့် အကြောင်းများ ကိုလည်း ရှင်းပြပါသည်။ အထူးသဖြင့် လွတ်လပ်ရေးရဖို့အတွက် မသေချာသေးကြောင်းကို အကယ်တဝင့် ရှင်းပြပါသည်။ ဤကဲ့သို့ ရှင်းပြပြီးနောက် ကျနော်တို့အားလုံးကပင် စစ်တပ်တွင် အမှုထမ်းသည်ထက် တိုင်းပြည်အတွက် ကျယ်ကျယ်ပြန့် ပြန့် တာဝန်ယူ လုပ်နိုင်မည့် နိုင်ငံရေးနယ်တွင်သာ ဗိုလ်ချုပ်ရှိသင့်ကြောင်း အဖြေပေးလိုက်ကြပါသည်။
ဤကဲ့သို့ အားလုံးက သဘောတူပြီးဖြစ်ကြသော်လည်း အချို့အယူအဆများတွင် မကျေမလည်ဖြစ်မည်ထင်၍ ဗိုလ်ချုပ်က ထပ်ပြီးရှင်းပြနေခိုက် "ကျွန်တော်နေမကောင်းလို့ အိပ်ချင်တယ်ဗျာ"ဟု ဗိုလ်မြင့်အောင်က ကျနော့်အား လှမ်း ပြောလိုက်သဖြင့် မောင်သန်းနိုင် (ကွယ်လွန်သူ သခင်ဗဟိန်း၏ညီ)အား ကျနော်က အိမ်အပေါ်ထပ်တွင် အိပ်ယာပြင်ပေး ရန်နှင့် ဗိုလ်မြင့်အောင်အား ခေါ်သွားရန် ပြောလိုက်ပါသည်။
သူတို့ ထသွား၍ ငါးမိန့်နစ်ခန့်သာ ရှိမည်ထင်ပါသည်။ "ဗိုလ်မှူး"ဟု အော်လိုက်သည်နှင့် "ဒိုင်း"ဆိုသည့် သေနတ် သံကို တပြိုင်တည်း ကြားလိုက်ရသဖြင့် ကျွန်တော်တို့အားလုံး တပြိုင်တည်းထ၍ အိပ်ပေါ်ထသို့ သွားကြရာ စစ်ဝတ်စုံအ ပြည့်အစုံဖြင့် ၄၅ ဘို့ ပစ်စတိုသေနတ်ကို ညာလက်တွင် ဆုပ်ကိုင်လျက် လျဲကျနေသည့် ဗိုလ်မြင့်အောင်အား တွေ့ရ၍ သူ့ ဘေးတွင် မောင်သန်းနိုင်ငိုလျက် ထိုင်နေပါသည်။
ဗိုလ်ချုပ်ကစပြီ ကျွန်တော်တို့အားလုံး လုံးဝစကားမပြောနိုင်တော့ပါ။ အတန်ကြာကြည့်နေပြီးမှ ကျွန်တော်က သူ့ လက်ထဲတွင် ဆုပ်ကိုင်ထားသည့် သေနတ်မှာ ကျည်ဆန်ဝင်ပြီးသားဖြစ်နေ၍ သိရသဖြင့် သေနတ်ကိုင်ထားသည့်လက်ကို အသာအယာဖြေ၍ ယူလိုက်ပါသည်။ ညာဘက်နားထင်မှပေါက်၍ ဘယ်ဘက်ဂျိုစောင်းဖောက်ပြီး အုတ်နံရံတွင် စူးဝင်သွား သည့် ကျည်ဆန်ရာကိုလည်း ကျနော် သတိထားလိုက်မိပါသည်။
"အင်း နိုင်ငံရေးသမားတွေဟာ နောက်ဆုံးတော့ ဒီလိုပဲ သေကြရတာပဲ" ဗိုလ်ချုပ်သည် ကျနော်တို့၏ ဆိတ်ငြိမ်နေ သည့် ပတ်ဝန်းကျင်ကို ဤစကားကလေးဖြင့် လှုပ်ရှားလိုက်ပြီး နောက်ထပ် စကားမပြောတော့ဘဲ လှည့်၍ အိမ်အောက်ထပ် သို့ ဆင်းသွားပါတော့သည်။"
ထို့တောက် ဗိုလ်မြင့်အောင်၏ ရုပ်ကလာပ်ကို နတ္တလင်းမြို့ရှိ ဗမာသင်္ချိုသို့ သဂြုင်္ိဟ်ခဲ့ရာ ဗိုလ်ချုပ်အောင်ဆန်းနှင့် တကွ တော်လှန်ရေးရဲဘော်အားလုံး နတ္တလင်းမြို့သူမြို့သားများပါ လိုက်ပါပို့ဆောင်ခဲ့ကြလေသည်။
ဗိုလ်မြင့်အောင် ၁၉၅၉ ခုနှစ် မတ်လ ၂၇ ရက် တပ်မတော်နေ့တွင် မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုနောက်ဆုံး ကဏ္ဍ၌ ကိုယ်ကျိုးမငဲ့ဘဲ တိုင်းပြည်နှင့် လူမျိုးလွတ်လပ်ရေးအတွက် သက်စွန့်ဆံဖျား ကြိုးပမ်းဆာင်ရွက်မှုကြောင့် နိုင်ငံ တော်က လွတ်လပ်ရေးမော်ကွန်းဝင် (ပထမအဆင့်) တံဆိပ် ချီးမြှင့်ခဲ့လေသည်။
Kyaw Thu - FFSS Yangon Activity,
အလုံးစုံပြီးပြည့်စုံသော နာရေးကုသိုလ်
ကျော်သူ (နာရေးကူညီမှုအသင်း - ရန်ကုန်)
နိုဝင်ဘာ ၅၊ ၂၀၁၂
ကျော်သူ (နာရေးကူညီမှုအသင်း - ရန်ကုန်)
နိုဝင်ဘာ ၅၊ ၂၀၁၂
မြန်မာသက္ကရာဇ် ၁၃၇၄ ခု၊ သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာနေ့) ခရစ်နှစ် ၂ဝ၁၂ ခုနှစ်၊ အောက်တိုဘာလ (၃ဝ) ရက်နေ့တွင် နာရေးကူ ညီမှုအသင်း (ရန်ကုန်) မှ အသင်းသူ/သားများ၊ ဝန်ထမ်းများတို့မှ ပြည်မြို့ရှိ ရွှေပေါက်ပင်ဆရာတော် ဘဒ္ဒန္တသောမစာရ၏ အကျွတ်အ လွတ်အဓိဋ္ဌာန်ကျင့်စဉ်အား (၂၁.၁ဝ.၂ဝ၁၂) ရက်နေ့မှစ၍ (၂၉.၁ဝ.၂ဝ၁၂) ရက်နေ့အထိ (၉) ရက်တိုင်တိုင် အဓိဋ္ဌာန်ကျင့်စဉ်ပြီးမြောက် အောင်မြင်ခဲ့သည့် နေ့ဖြစ်သည်။ (၃၁.၁ဝ.၂ဝ၁၂) ရက်နေ့ နံနက် (၃း၃ဝ) နာရီအချိန်တွင် ပြည်မြို့မှ ရွှေပေါက်ပင်ဆရာတော် ဘဒ္ဒန္တသော မစာရ ကြွရောက်လာခဲ့သည်။ ထို့နောက် နာရေးကူညီမှုအသင်း (ရန်ကုန်) ၌ ခေတ္တကျိန်းစက်အနားယူခဲ့ပြီး နံနက် (၆းဝဝ) နာရီအချိန်တွင် မြတ်စွာဘုရားရှင်အား သစ်သီးဆွမ်း၊ ရေချမ်း၊ ပန်း၊ ဆီမီးဆက်ကပ်ခဲ့ပြီး ဆရာတော်ကြီးအား အာရုံဆွမ်းဆက်ကပ် လှူဒါန်းခဲ့သည်။ ထိုနေ့ နံနက် (၈းဝဝ) နာရီအချိန်တွင် နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ နိဗ္ဗာန်မော်တော်ယာဉ်များအား အန္တရာယ်ကင်း မေတ္တာ ပို့ဆုတောင်းခြင်း ပြုလုပ်ခဲ့ပြီးနောက် သက်သတ်လွတ်ဆွမ်းဟင်းလျာများ၊ သစ်သီးများ၊ အချိုရည်များအား အသင်းသူ/ သားများ၊ ဝန်ထမ်းများ၊ ဆရာတော်ကြီး ၏ တပည့်ဒါယကာ၊ ဒါယကာမများ၊ ဆေးခန်းသို့လာရောက် ဆေးဝါးကုသ ကြသောလူနာများတို့နှင့် စည်ကားသိုက်မြိုက်စွာ ဆပ်ကပ်လှူ ဒါန်းခဲ့ပြီး ရွှေပေါက်ပင်ဆရာတော်ကြီးမှ ကြွရောက် လာကြသော တပည့်ဒါယကာ၊ ဒါယကာမများ၊ ဧည့်ပရိတ်သတ်များ၊ အသင်းသူ/သားများ၊ ဝန်ထမ်းများအား အကျွတ် အလွတ်နှင့်ပတ်သတ်သော တရားဒေသနာအား ဟောကြားချီးမြှင့်ကာ ရေစက်သွန်းချ အမျှပေးဝေ၍ လောင်းလှူလိုက်သော သက်သတ်လွတ်ဆွမ်းဟင်းလျာများအား ကြွရောက်လာသော ဧည့်ပရိတ်သတ်အပေါင်းတို့အား ကျွေးမွေး ဒါနပြုခဲ့ပါ သည်။
နာရေးကူညီမှုအသင်း (ရန်ကုန်) အနေဖြင့် အများပြည်သူကြုံတွေ့နေရသော နာရေးကိစ္စရပ်များအား ကူညီဖေးမ သင်္ဂြိုလ်ပေးခြင်းတို့ကို ပြုလုပ်ပေးနေရုံဖြင့် အလုံးစုံ တာဝန်ကျေမှုမရှိသေးချေ။ ဘဝတစ်ပါးသို့ အကြောင်းအမျိုးမျိုးတို့ဖြင့် ပြောင်းလဲသွားကြသူများရှိရာ မြင့်မြတ် သောဘုံဘဝ၊ ချမ်းသာမှုအစစ်တို့ကိုရရှိသွားသော ပုဂ္ဂိုလ်တို့ရှိသလို အများစုမှာ အပါယ်ဘုံသို့ရောက်ရှိကြရပြီး မကျွတ်မလွတ်သော ဘုံ ဘဝများတို့၌ များစွာရှိနေသည်။ ထို့ကြောင့် မကျွတ်မလွတ်သော ဘဝတွင် ရောက်ရှိနေကြသူအပေါင်းတို့အနက် ကျွတ်သင့်ကျွတ်ထိုက်သော သတ္တဝါအပေါင်းတို့အား နာရေးကူညီမှု အသင်း(ရန်ကုန်) အသင်းသူ/သားများ၊ ဝန်ထမ်းများနှင့် ရွှေပေါက်ပင်ဆရာတော်ကြီး၏ တပည့်ဒါ ယကာ၊ ဒါယကာမများ တို့မှ စုပေါင်းအဓိဋ္ဌာန် ရက်တိုအားသတ်မှတ်ပြီး စုပေါင်းသီလခံယူ၍ အဓိဌာန်ကျင့်စဉ်များအား ကျင့်ကြံ၊ အားထုတ် ကြကာ အဓိဋ္ဌာန်ပြည့်မြောက် အောင်မြင်ခဲ့သော သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာနေ့) ရက်မြတ်တွင် စုပေါင်းအမျှဝေ ပေးခဲ့ကြပါသည်။ ထို့ကြောင့် ကျွတ်သင့်ကျွတ်ထိုက်သော သတ္တဝါအပေါင်းတို့အတွက် ကောင်းခြင်းမင်္ဂလာတို့ဖြင့် ပြီးပြည့်စုံစေသောကြောင့် အလုံးစုံပြီးပြည့်စုံ သော ကောင်းမှုကုသိုလ်ကြီး တစ်ရပ်အား နာရေးကူညီမှုအသင်း (ရန်ကုန်) အနေဖြင့် ထမ်းရွက်ပေးနိုင်ပြီ ဖြစ်ပါသည်။
(သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာနေ့) ရက်မြတ်တွင်ပြုလုပ်ခဲ့သော ဤကောင်းမှုကုသိုလ်တော်သတင်းအား အချိန်နှင့်တပြေးညီ တင်ပြရမည်ဖြစ်သော်လည်း နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ပေးဆပ်မှုသတင်းများသည် လွန်စွာ များပြားနေပါသဖြင့် ယနေ့မှ အကျွတ်အလွတ်ကောင်းမှုကုသိုလ်သတင်းအား တင်ပြရခြင်းအပေါ် ခွင့်လွှတ်မုဒိတာပွားနိုင် လိမ့်မည်ဟု မျှော်လင့်စွာဖြင့် နာရေးကူညီမှုအသင်း (ရန်ကုန်) ၏ ကောင်းမှုကုသိုလ်အစုစုတို့အား အများပြည်သူ၊ ကမ္ဘာ့ ပြည်သူလူထုအပေါင်းတို့အား အမျှပေးဝေ လိုက်ရပါသည်။)
SUNDAY, NOVEMBER 4, 2012
TheGeek - US Election 2012 and the World
အမေရိကန်သမ္မတရွေးကောက်ပွဲ အနိုင်အရှုံးနဲ့ နိုင်ငံတကာအပေါ် ဘယ်လိုသက်ရောက်မလဲ
နိုင်ငံတကာသာဂိ၊ နိုဝင်ဘာ ၅၊ ၂၀၁၂
လာမယ့် နိုဝင်ဘာ ၆ မှာ အမေရိကန်တပြည်လုံး အမေရိကန်သမ္မတနဲ့ အထွေထွေရွေးကောက်ပွဲ ကျင်းပတော့မယ်။ လက်ရှိသမ္မတ အိုဘားမားနဲ့ ပြိုင်ဖက် မစ်ရော်နီတို့ အကြိတ်အနယ် ဖြစ်နေပါတယ်။ လက်ရှိ လူထုစစ်တမ်းတွေအရ သူတို့ ၂ ဦးစလုံး အပြတ်အသတ်မဖြစ်သေးပါဘူးတဲ့။
အမေရိကန်ပြည်သူတွေက သူတို့အတွက် နောက်လေးနှစ်မှာ ဘယ်သူက အကောင်းဆုံး အုပ်ချုပ်မယ့်သူ ဖြစ်မလဲ ဆိုတာကို လာမယ့် အင်္ဂါနေ့မှာ ဆုံးဖြတ်မှာပါတယ်။ သူတို့ရဲ့ ပြည်တွင်းစီးပွားရေး၊ ပြည်တွင်းလူမှုရေးဘ၀တွေအတွက် အကောင်းဆုံးလုပ်ပေးမယ့်သူ၊ လုပ်ပေးမယ့် ခေါင်းဆောင်ကိုပဲ ရွေးကြမှာ ဖြစ်ပါတယ်။ အမေရိကန်ပြည်တွင်းက နိုင်ငံသားတွေအများစုကတော့ အဲသည် စံနှုန်းကိုပဲ စိတ်ဝင်စားပါတယ်။ အခြားနိုင်ငံတွေနဲ့ အခြားနိုင်ငံသားတွေရဲ့ အခြေအနေတွေကို စိတ်ဝင်စားပြီး ထည့်စဉ်းစားတာ မရှိပါဘူး။
နိုင်ငံတကာက ပြည်သူတွေနဲ့ အစိုးရတွေ အားလုံးကတော့ အမေရိကန်ပြည်ထောင်စု သမ္မတရွေးကောက်ပွဲကို သူတို့ရွေးကောက်ပွဲလိုမျိုး စိတ်ဝင်စားကြ၊ အားပေးကြပါတယ်။ ဆွေးနွေးကြ၊ စဉ်းစားကြပါတယ်။ အခု သည်ဆောင်းပါးရေးနေသလိုမျိုးပေါ့။
တောင်အမေရိကနဲ့ အမေရိကအလယ်ပိုင်း နိုင်ငံတွေကတော့ အိုဘားမားနိုင်ခဲ့ရင် လက်ရှိ ကုန်သွယ်မှု၊ နားလည်မှုစာချွန်၊ လူဝင်မှုစနစ်တွေအတိုင်း ဆက်သွားမှာဖြစ်တဲ့အတွက် ထူးခြားမှု မရှိသော်လည်း မစ်ရော်နီနိုင်ခဲ့ရင်ဖြင့် အမေရိကန်ပြည်တွင်းက လုပ်ငန်းတွေ၊ အလုပ်ရှင်တွေကို ကာကွယ်တဲ့ ကုန်သွယ်မှုတွေ ပြန်လည် အသက်သွင်းမှာဖြစ်တဲ့အတွက် အငြင်းပွားစရာတွေ ပြန်ဖြစ်ကြမှာ ဖြစ်ပါတယ်။
ဥရောပနိုင်ငံတွေအတွက်ကတော့ သူတို့ ကျဆင်းနေတဲ့ စီးပွားရေးကို ကျားကန်နိုင်ဖို့အတွက် အမေရိကန်ရဲ့ လွန်ခဲ့တဲ့ ၄ နှစ်က အိုဘားမားအစိုးရ လုပ်ထုံးလုပ်နည်းဖြစ်တဲ့ အစိုးရကိုယ်တိုင် ၀င်ရောက် စွက်ဖက်မှု၊ ချေးငွေ အတိုးနှုန်းများကို ၀င်ရောက် သတ်မှတ်မှု စတဲ့ ပုံစံတွေကို ဆောင်ရွက်နေရာကနေ ချက်ခြင်းကြီး ပြောင်းလဲပစ်ဖို့တော့ မလွယ်ပါဘူး။ သို့သော်လည်း မစ်ရော်နီအစိုးရကနေပြီးတော့ ဥရောပရဲ့ စီးပွားရေးပြန်လည်ထူထောင်မှုမှာ အစိုးရစွက်ဖက်မှုထက် လုပ်ငန်းရှင်တွေကနေ တိုက်ရိုက်ကိုင်တွယ်ပြီး ဆောင်ရွက်ကြဖို့ တိုက်တွန်းတာတွေ ဖြစ်လာနိုင်ပါတယ်။
အရှေ့အလယ်ပိုင်းနဲ့ အာဖရိကနိုင်ငံတွေအတွက်ကတော့ အိုဘားမားလက်ထက် အမေရိကန်ရဲ့ တိုက်ရိုက်စွက်ဖက်မှုတွေထက် ဒေသခံတွေနဲ့ အိမ်နီးချင်းတွေကတဆင့် ပြုပြင်ပြောင်းလဲမှုတွေကို အားပေး မြှောက်ပင့်ပေးတဲ့ ပေါ်လစီနဲ့ လှုပ်လှုပ်ရှားရှားဖြစ်နေတာတွေဟာ အိုဘားမားနောက် ၄ နှစ်မှာ ပိုအရှိန်ရလာနိုင်ပါတယ်။ ဒေသဆိုင်ရာ နိုင်ငံပေါင်းစုံအဖွဲ့တွေဖြစ်တဲ့ ဥရောပသမဂ္ဂတို့၊ အာဖရိကသမဂ္ဂတို့၊ အာရပ်သမဂ္ဂတွေရဲ့ အခမ်းကဏ္ဍကို အားပေးတာတွေ ပိုမိုးကျယ်ပြန့်လာနိုင်ပါတယ်။ သို့သော် မစ်ရော်နီသာ အနိုင်ရခဲ့ရင်ဖြင့် တမျိုးတဖုံ ဖြစ်သွားနိုင်ပါတယ်။ တိုက်ရိုက်ဖိအားပေးတာတွေ၊ နောက်ကွယ်ကနေ စွက်ဖက်တာတွေ၊ ဆွေးနွေးပွဲတိုင်းမှာ အမေရိကန်က နေရာတကာ ပါတာတွေ ပြန်မြင်ရနိုင်ပါတယ်။ အီရန်တို့ ပါလစ်တိုင်းနဲ့ အစ္စရေး တို့မှာ တမျိုးတဖုံ ဖြစ်နိုင်ပါတယ်။
အာရှနဲ့ တရုတ်မှာတော့ ကုန်သွယ်ရေးနဲ့ စစ်စခန်းပြင်ဆင်ရေး လုပ်ငန်းများနဲ့ အမေရိကန်က နေရာယူထားတာ ဖြစ်ပါတယ်။ တရုတ်နဲ့ အိန္ဒိယတို့ရဲ့ စီးပွားပြိုင်ဆိုင်မှုတွေအားလုံးမှာ အမေရိကန်ဟာ နှစ်ဖက်စလုံးအတွက် ဖောက်သည်ကြီးအဖြစ် ဆက်လက်ရပ်တည်နေပါတယ်။ သူအဓိက ၀င်ရောက် စွက်ဖက်မှုဟာ မြန်မာပြည်ပဲ ရှိပါတော့တယ်။ မြောက်ကိုရီးယားနဲ့ ပတ်သက်ပြီး အာရှနိုင်ငံတွေကိုယ်တိုင်က ရှေ့ကနေ ရင်ဆိုင်ကြဖို့ကို အားပေးနေတဲ့ ပုံပါပဲ။ မစ်ရော်နီများ နိုင်ခဲ့ရင် အဲသည်ပေါ်လစီတွေကို သိပ်ပြီး ၀င်ရောက်စွက်ဖက်မှု ပြောင်းလဲမှု သိပ်လုပ်မယ့်ပုံမရှိပါဘူး။ ဘာကြောင့်ဆိုတော့ သူကိုယ်တိုင်က ဘယ်လိုမှ ရေးကြီးခွင်ကျယ် မပြောခဲ့လို့ပါပဲ။
တရုတ်၊ ရုရှား၊ မြောက်ကိုရီးယား၊ အီရန်၊ အာရှ၊ အာဖရိကနဲ့ တောင်အမေရိကက အာဏာရှင်များနဲ့ ဆက်ဆံရေးကတော့ အိုဘားမားရဲ့ ရှေ့ ၄ နှစ်မှာ ပိုမို ထိတွေ့ဆက်ဆံ၊ ပိုမို ဖိအားပေးဆိုတဲ့ ပုံစံနဲ့ သွားမှာပါပဲ။ ပြီးတော့ အိမ်နီးချင်းနိုင်ငံတွေကို ပိုမို အုပ်စုဖွဲ့စေပြီးတော့ အဆိုပါနိုင်ငံတွေကို ရင်ဆိုင်ခိုင်းမယ့် ပုံကို ဖော်ဆောင်မှာ ဖြစ်ပါတယ်။ မစ်ရော်နီတို့ အစိုးရသာ ပြောင်းလဲသွားမယ်ဆိုရင် ရီပတ်ဘလစ်ကန်ပါတီရဲ့ မူလပေါ်လစီဖြစ်တဲ့ သူရဲကောင်း အာကျယ်ကြီးအဖြစ် ပြန်လည် မြင်တွေ့ကြရမယ် ဖြစ်ပါတယ်။
ဒါကတော့ လက်ရှိ အမေရိကန်ပြည်တွင်းက သတင်းတွေ၊ အာဘော်တွေကို လိုက်လံ ဖတ်ရှုရင်း စိတ်ထဲပေါ်တာတွေ ချရေးလိုက်တာပါ။ အမေရိကန်ပြည်သားတွေကတော့ ၄ နှစ်တခါ ၈ နှစ်တခါ သမ္မတအသစ်၊ ပေါ်လစီ စနစ်အသစ်တွေ ပြောင်းလဲ အကောင်အထည်ဖော်နေကြဆိုတော့ သူတို့အတွက်က ငါးပျံတလှည့်၊ ဗုံလုံတလှည့်ဆိုတာကို အတွေ့အကြုံ ရှိပြီး ဖြစ်ပါတယ်။ နိုင်လွန်းလှ (၄ နှစ် ၈ နှစ်)၊ ရှုံးလွန်းလှ (၄ နှစ်၊ ၈ နှစ်) ဆိုတော့ တာတိုပြေးတဲ့ဆီမှာ အပင်ပန်းခံသင့်သလောက် ခံကြသလို ရေရှည်အတွက်လည်း သက်လုံကောင်းအောင် အမောလုံကြတဲ့ ရွေးကောက်ပွဲနဲ့ သွားကြတဲ့ ပုံပါပဲ။
တခါ နိုင်တာနဲ့ တသက်လုံး နိုင်ပြီဆိုပြီး မမော်ကြွားသလို၊ တခါလောက် ရှုံးတာနဲ့ တသက်လုံး မခေါ်နိုင် မပြောနိုင် စိတ်ဆိုး စိတ်ကောက်ကြတဲ့ လူမျိုးတွေ မဟုတ်ပါဘူး။
ကဲ … ဘယ်သူနိုင်မလဲ။ အိုဘားမား လား၊ အိုဘားမား လား။
Send email to - editors@moemaka.com to contact and contribute with MoEmAKa
MoeMaKa on Facebook Page from here (For Burma / Myanmar User)
MoeMaKa News & Media covering Burmese Community
PO Box 320-207, San Francisco, CA 94132-0207, USA.
http://MoeMaKa.Com - Burmese Language
http://MoeMaKa.Org - English Edition
http://MoeMaKa.Net - Audio & Video Archives



