[mrsorcerer:35451] အချိန်ဆွဲတဲ့အကျင့်ကိုဖျောက်ဖို့ နည်းလမ်းတစ်ခု | Your Life Success

အချိန်ဆွဲတဲ့အကျင့်ကိုဖျောက်ဖို့ နည်းလမ်းတစ်ခု

ကျနော့်ဆီကို အီးမေးလ်ပို့လာကြတဲ့သူတွေ အများဆုံး မေးကြတာကတော့ အချိန်ဆွဲခြင်းနဲ့ ပတ်သက်လို့ပါပဲ။

သူတို့ဟာ တစ်ခုခုကို စလုပ်ချင်နေကြတယ်။ ဒါပေမယ့် အရေးကြီးတဲ့ကိစ္စတွေမှာနည်းနည်း Facebook ပေါ်မှာက များများ၊ သူတို့အချိန်တွေ ပျောက်ဆုံးနေကြတယ်။

သေချာပါတယ်။ ကျနော်တို့အားလုံး အဲဒီလို ဖြစ်နေကြတာပါပဲ။ ဒါပေမယ့် အဲဒါနဲ့ပတ်သက်ပြီး သင်ဘာလုပ်နိုင်သလဲ။

ဒီနေ့တော့ ကျနော် အများဆုံးအသုံးပြုလေ့ရှိတဲ့ နည်းလမ်းတစ်ခုကို မျှဝေချင်ပါတယ်။ လွန်ခဲ့တဲ့ နှစ်နှစ်ကျော်လောက်ကတည်းက ကျနော့်ကို အချိန်ဆွဲတဲ့အကျင့်ကို ဖျောက်ဖို့ အထောက်အကူအဖြစ်ဆုံး နည်းလမ်းပါ။

အဲဒါကတော့ ဖိအားတွေကို လျှော့ချဖို့နဲ့ မျှော်မှန်းချက်တွေကိုလည်း တတ်နိုင်သမျှ လျှော့ချဖို့ပါပဲ။

ဘာဖြစ်လို့လဲဆိုတော့ သင်ဟာ ကြီးမားတဲ့ အလုပ်တစ်ခု ဒါမှမဟုတ် ပရောဂျက်တစ်ခု ဒါမှမဟုတ်ရင်လည်း သင့်ရှေ့မှာ ဆေးစရာ ပန်းကန်တွေ တစ်ပုံတစ်ပင်ကြီးကို တွေ့တဲ့အခါ အဲဒါက သင့်ရဲ့ အတွင်းထဲမှာ ဖိအား ဒါမှမဟုတ် ခုခံအား (resistance) တစ်ခုကို ဖြစ်ပေါ်စေပါတယ်။ ဒီတော့ သင်က အဲဒါကို လုပ်ရမှာ ကြောက်လာတယ်၊ အဲဒီအစား သင့်ကို သက်သောင့်သက်သာရှိစေမယ့် တစ်ခုခုကို လုပ်တော့တယ်။ ဗီဒီယိုဂိမ်းကစားတာမျိုး၊ အီးမေးလ်ကြည့်တာမျိုးလိုပေါ့။

ဒီတော့ ကျနော် လုပ်လေ့ရှိတဲ့နည်းလမ်းက ဒါတွေပါ။

ကျနော် ကိုယ့်ကိုယ်ကိုယ်ပြောတယ်။ ငါ ဒီအလုပ်ကို ဒီနေ့ ၂မိနစ်ပဲလုပ်မယ်။ ပြီးတော့ နောက်တစ်နေ့မှာ ဆက်လုပ်မယ်။
ဒါတောင်မှ စမလုပ်ဖြစ်သေးဘူးဆိုရင်တော့ ကျနော်ဟာ ၁ မိနစ်ပဲလုပ်မယ်လို့ ကိုယ့်ကိုယ်ကိုယ်ပြောတယ်။
အဲဒီနောက်တော့ ကျနော်ဟာ သက်သောင့်သက်သာရှိတဲ့အခါတိုင်းမှာ နောက်ထပ် တစ်မိနစ် တစ်မိနစ်စီ ထပ်လုပ်သွားတယ်။

အဲဒီလို အားထုတ်မှု နည်းနည်းလေးပဲ ပြုလုပ်ရတဲ့အခါ၊ ဒါဟာ ကိစ္စကြီးတစ်ရပ်လို၊ ခက်ခဲတဲ့ သက်သောင့်သက်သာမရှိတဲ့ အလုပ်တစ်ခုလို မခံစားရတော့ဘူး။ ပျော်စရာလို့လည်း ခံစားရမှာတော့ မဟုတ်ဘူး။ အများအားဖြင့်တော့ အဲဒီအလုပ်ဟာ သူ့သဘောအတိုင်းသာ ရှိနေပြီး ကျနော်ဟာ တစ်မိနစ် ဒါမှမဟုတ် နှစ်မိနစ်ပဲ လုပ်ပါတယ်။

အဲဒီနောက်တော့ ကျနော် ရပ်လိုက်တယ်ဆိုတာ မရှိပါဘူး။ အဲဒီအစား ကျနော်က ကိုယ့်ကိုယ်ကိုယ်ပြောတယ်။ "ဟုတ်ပြီ၊ ဒီ မိနစ်လေးတွေဟာ တကယ်တော့ အဆိုးကြီးမဟုတ်ပါဘူး"
ဒီတော့ ကျနော် နောက်ထပ် နာရီဝက် ဒါမှမဟုတ် အဲဒီထက်ပိုပြီး ဆက်လုပ်ပါတော့တယ်။

ဒါမဟုတ် ကျနော်ဟာ စိတ်ဝင်စားမှုမီးတောက်လေးကို ထွန်းညှိလိုက်တာမျိုး ဖြစ်ချင်ဖြစ်သွားတယ်။ ဒါမှမဟုတ် အဟုန်ကို ရှေ့ကို နည်းနည်းလေးဖြစ်ဖြစ် ကန်ထွက်လိုက်ရသလိုပါပဲ။
ပြီးတော့ ဒါက အလုပ်တွေ အများကြီး ပြီးလေ့ရှိတယ်လေ။

စလုပ်တာကို သင်တတ်နိုင်သမျှ လွယ်အောင်လုပ်ပါ။ ဒီနည်းလမ်းနဲ့ သင့်ကိုယ်သင် ကြင်နာပါ။
ပြီးတော့ သင်ဘယ်လောက် စလုပ်မိတယ်ဆိုတာရယ်၊ ကာလအတန်ကြာ အချိန်ဆွဲနေတာနဲ့ပတ်သက်လို့ သင် ဘာလုပ်ဖြစ်သွားတယ်ဆိုတာရယ်ကို အံ့သြစွာ တွေ့ရပါလိမ့်မယ်။


Ref: My Most Often Used Tip for Breaking Out of Procrastination by Henrik Edberg


Like Your Life Success on Facebook and

Join Our Community of Incredible People!


Related Posts:

တိုးတက်မှုနိယာမ

သင့်ရဲ့ဘ၀ဟာ ရေခွက်တစ်ခွက်နဲ့ တူပါတယ်

အချိန် စီမံခန့်ခွဲမှု (Time Management)

အောင်မြင်မှုအတွက် စုစည်းခြင်း

အချိန်မလောက်တဲ့သူတွေ အတွက်



Your Life Success

Happiness, Success & Useful Tips for YOUR Life...

www.yourlifesuccess.blog.com

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ