[mrsorcerer:35621] Fwd: [လူဗိုလ်ဟူသည် ...] ကိုယ်ညံ့နေတာ ရှက်တတ်ကြစမ်းပါ_လူထုစိန်ဝင်း



---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2012/11/5
Subject: [လူဗိုလ်ဟူသည် ...] ကိုယ်ညံ့နေတာ ရှက်တတ်ကြစမ်းပါ_လူထုစိန်ဝင်း
To: lubo601@gmail.com



by May Trace on Monday, November 5, 2012 at 12:18pm 

     မြန်မာနိုင်ငံဟာ ကိုလိုနီခေတ်အခါကတည်းက အာရှတိုက်မှာ အချမ်းသာဆုံးနိုင်ငံ ဖြစ်ခဲ့ပါတယ်။ ဆန်စပါး၊ ကျွန်းသစ်၊ ရေနံနဲ့  ကျောက်သံပတ္တမြားတို့ ကြောင့် အထူးထင်ရှားကျော်ကြားခဲ့ပါတယ်။ စာတတ်မြောက်မှုနှုန်းကလည်း အာရှတိုက်မှာ အမြင့်မားဆုံး ဖြစ်ခဲ့ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံဟာ အင်္ဂလိပ်ရှင်ဘုရင်ရဲ့  သရဖူထိပ်က စိန်ပွင့်ကြီးဟု တင်စားခေါ်ဝေါ်ခဲ့ကြပါတယ်။

     အခုအချိန်မှာတော့ ကျွန်မကိုယ်တိုင်ကတောင် မြန်မာနိုင်ငံဟာ အာရှတိုက်မှာ အချမ်းသာဆုံးဆိုတာကို သံသယဖြစ်နေမိပါတယ်။ ဒီလိုဖြစ်တာ ကျွန်မတစ်ယောက်တည်း မဟုတ်ပါဘူး။ လူများစုကြီးကကို ထင်နေတာပါ။ နောက်ဆုံးကျတော့ "ကျွန်မတို့ ကိုယ်က ညံပါတယ်" လို့  စိတ်ပျက်လက်ပျက်နဲ့  ကောက်ချက်ချလိုက်မိပါတယ်။


     တကယ် သေသေချာချာတွေးကြည့်တော့ မြန်မာနိုင်ငံဟာ အင်မတန်မှကို နေချင့်စဖွယ်ရှိတဲ့  နိုင်ငံပါ။ အိမ်နီးချင်းနိုင်ငံတွေ အားလုံးလိုလိုမှာ မိုးကြီးရေလျှံလို့ ရွာတွေပျက်၊ လူတွေ ရာထောင်ချီသေကြရတာနဲ့ ၊ တစ်နှစ်ပတ်လုံး မိုးမရွာလို့  လယ်ယာတွေပျက်ပြီး လူတွေ၊ကျွဲ နွားတွေ ရာထောင်ချီ သေကြရတာနဲ့ ။ တော်ကြာ မုန်တိုင်းကြောင့်၊ တော်ကြာ ငလျင်ကြောင့်၊ တော်ကြာ တောမီးလောင်လို့ ၊ မီးတောင်ပေါက်ကွဲလို့  လူတွေ သေကြ၊ မြို့ ရွာတွေ ပျက်ကြ၊ အငတ်ဘေးကြောင့် လူတွေ ထောင်နဲ့ သောင်းနဲ့  ဒုက္ခရောက်ကြရနဲ့  နေ့ တိုင်း ကြားသိ မြင်တွေ့ နေရတာပါပဲ။

     သဘာဝမိခင်ကြီးက မြန်မာနိုင်ငံအပေါ်မှာ အင်မတန်မှကို ဂရုဏာကြီးမားခဲ့တာပါ။ ရာသီဥတုကလည်း မျှတတယ်။ စားရေးဝတ်ရေးအတွက်လည်း ဆန်ရေစပါး၊ သားငါးလည်း ပေါများကြွယ်ဝတယ်။ ၀ါချည်လည်း ထွက်တယ်။ နေစရာအိမ်အတွက် သစ်ဝါးကလည်း ပေါမှပေါ။ ဒါ့အပြင် မြေအောက်သတ္တုသိုက်တွေ၊ ရတနာကျောက်မျက်သိုက်တွေအပြင် ရေနံကြောတွေတောင် ရှိသေး။

     ဒီနေ့  အာရှမှာ ထိပ်ဆုံးရောက်နေတဲ့  ဂျပန်ဆိုတာ မြေအောက်မှာ ငလျင်ကြောကြီးတွေပဲ ပေါတာ။ ဆန်စပါး၊ ကောက်ပဲသီးနှံလည်း ပြင်ပက တင်သွင်းရ၊ ၀က်သား၊ အမဲသားတွေလည်း နိုင်ငံခြားက ၀ယ်ရ၊ ရေနံဆိုလည်း သူများကို လုံးလုံးကြီး မှီခိုနေရတာ။ အာရှကျားတစ်ကောင်ဖြစ်တဲ့ စင်ကာပူဆိုလည်း သောက်စရာရေတောင် သူများဆီက ၀ယ်သောက်နေရတာ။ မြို့ ကလေးက သေးသေးမို့  စက်မှုလုပ်ငန်းတွေအတွက် အလုပ်လုပ်မယ့် အလုပ်သမား မရှိဘူး။ ဒီတော့ သူများနိုင်ငံက ခေါ်ယူခိုင်းစေနေရတာ။

     မြန်မာနိုင်ငံလို နိုင်ငံက တကယ်ဆို ကမ္ဘာမှာတောင် ရှားမှရှားပါ။ လူဦးရေနဲ့  သယံဇာတ မျှတရုံမက ပိုလျှံတောင်နေတယ်။ ကိုလိုနီခေတ်ကတောင် လူနေမှုအဆင့်အတန်းနဲ့  ပညာအဆင့်အတန်းမှာ တစ်ခြားနိုင်ငံတွေထက် နှာတစ်ဖျားသာတာချည်းပဲ။

     ရှေးက သဘောင်္ဆိပ်၊ ဘူတာရုံတို့ မှာ ကူလီအလုပ်လုပ်တဲ့  မြန်မာလူမျိုး မရှိဘူး။ ရှေးက လက်ဖက်ရည်ဆိုင်ဆို ပေါက်ဖော်ဆိုင်တွေချည်း ရှိကြတာလေ။ မြန်မာလူမျိုးတွေက အောက်ထစ် ရုံးစာရေးလေးလောက်၊ မူလတန်းဆရာမလေးလောက်ကို အနိမ့်ဆုံးထားလုပ်ကြတာ။ အမှန်ပြောရရင် ခုခေတ်ကျမှ ညံ့နေကြတာပါ။ ရှေးကဘိုးဘေးတွေကို ရှက်ဖို့ ကောင်းလှပါတယ်။ နိုင်ငံ ညံ့ဖျင်းနေတာ မဟုတ်ပါဘူး။ လူတွေ ညံ့နေကြတာပါ။

     ဒါကို အလွယ်လမ်းလိုက်ပြီး ဖြေရှင်းနေကြတော့ အိမ်နီးချင်းနိုင်ငံတွေမှာ တရားမ၀င်လုပ်သားများအဖြစ် သွားသူတွေ တစ်နေ့ တစ်ခြား များသထက်များလာတယ်လို့  ဆိုပါတယ်။ ပညာတတ်အသိုင်းအ၀ိုင်းကျတော့လည်း ဂျပန်၊ ကိုရီးယား၊ ထိုင်း၊ စင်ကာပူ၊ အမေရိကန် စတဲ့  နိုင်ငံတွေသွားပြီး အိုးတိုက်ပန်းကန်ဆေးလုပ်လိုလုပ်၊ စားပွဲထိုး လုပ်လိုလုပ်၊ အရောင်းဈေးသည် လုပ်လိုလုပ်နဲ့  ကျပန်းလုပ်နေကြပါတယ်။

     ဒီလို ဖြေရှင်းတာ မမှန်ပါဘူး။ တကယ်တော့ ကိုယ့်တိုင်းပြည် တိုးတက်အောင် ကိုယ်ကိုယ်တိုင်လုပ်ကြရမှာပါ။ မြန်မာတွေမှာ အရည်အချင်း ရှိပါတယ်။ သမိုင်းခေတ်အဆက်ဆက်ကို ပြန်ကြည့်ရင် သိနိုင်ပါတယ်။ မင်းတုန်းမင်းကြီး လက်ထက်မှာကတည်းက ကြေးသွန်းစက်၊ ဒင်္ဂါံးစက်တွေ၊ ဆပ်ပြာစက်ရုံတွေ၊ လက်နက်စက်ရုံတွေ တည်ဆောက်လုပ်ကိုင်နိုင်နေကြပြီ မဟုတ်ပါလား။ ဒီခေတ်ရောက်မှ ချိုချဉ်နဲ့  ရှောက်သီးဆေးပြားထုပ်ကအစ သူများနိုင်ငံက သွင်းယူနေရတာ ရှက်စရာကောင်းလှပါတယ်။ စဉ်းစားပြီး ကိုယ်ညံ့နေတာ ရှက်တတ်ကြပါကုန်။

မှ/
ဆရာ လူထုစိန်ဝင်း



--
Posted By Blogger to လူဗိုလ်ဟူသည် ... at 11/06/2012 06:10:00 AM

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ