[mrsorcerer:35627] Fwd: သစ်ထူးလွင်



---------- Forwarded message ----------
From: Thit Htoo Lwin
Date: Monday, November 5, 2012
Subject: သစ်ထူးလွင်
To: snsoenaing4@gmail.com


သစ်ထူးလွင်

________________________________

မန္တလေးမြို့တွင် ညပိုင်း၌ ကားမှန်များအခွဲခံနေရ
တရားဥပဒေစိုးမိုးရေး၊ ထိရောက်ပြစ်ဒဏ်ရရှိရေး ဆွေးနွေးခြင်း
နိုဝင်ဘာလ (၅)ရက်နေ့ ထုတ် အလင်းတန်းဂျာနယ် အမှတ်စဉ် ၇၂၉
မြေပုံ တောင်ပေါ် ခံတပ် စစ်တပ်က တက်ရောက် ရှင်းလင်း
ပြည်အရန်မီးသတ် ၂၀၀ ခန့် ဆန္ဒဖော်ထုတ်
မကွေးတိုင်း စကုမြို့နယ်တွင် ဆွမ်းစားကျောင်းပြိုကျပြီး ၈၀ ခန့် ဒဏ်ရာရရှိ
ကလေးမြို့ ကျောက်တစ်လုံးအနီး ဘင်္ဂါလီ (၁၉) ဦး ဖမ်းမိ
မုန့်ဟင်းခါးဝယ်စားကြရာမှ လူပေါင်း ၄၈ ဦး အစာအဆိပ်သင့်ခဲ့
ဆန္ဒပြ တော်ဝင် အလုပ်သမားများ ကျန်းမာရေး အခြေအနေ စိုးရိမ်နေရဆဲ
ဖိနပ်ပျံများနှင့် ကမ္ဘာ့မွေထိုင်းချန်ပီယံ ရှုံးခဲ့သည့်
အထူးစီမံချက်အဖွဲ့ မှ စည်းကမ်းမဲ့ ပြိုင်ကား(၂)စီးနှင့် ဆိုင်ကယ်(၂)စီးအား ထပ်မံဖမ်းဆီး ရမိ
ငြိမ်းချမ်းရေးအတွက် ရှမ်းညီလာခံ ကျင်းပမယ်
နေပြည်တော် လယ်သမား အရေး
နယူးယောက်ပြည်သူတွေကို အစိုးရ သတိပေး
Sandy မုန်တိုင်းသင့်သူတွေ အအေးဒဏ်နဲ့ ထပ်ကြုံ
နိုဝင်ဘာ ၄ ရက်နေ့ထုတ် Weekly Eleven News Journal အတွဲ ၈ အမှတ် ၅
"ဒီစကား" အောင်ဆန်းစုကြည်
နိုဝင်ဘာလ(၅)ရက်နေ့ ထုတ် လျှပ်တစ်ပြက်သတင်းဂျာနယ် အတွဲ (၄)၊ အမှတ် (၄)
တော်ဝင်စက်ရုံက အစာငတ်ခံဆန္ဒပြနေတဲ့ အလုပ်သမားများ ဆေးရုံတင်ကုသနေရ
ပြုပြင် ပြောင်းလဲရေး အတွက် အတွေးအခေါ် မပြောင်းသူတွေရှိ
သမ္မတဦးသိန်းစိန် အာရှ-ဥရောပညီလာခံ တက်ရောက်
ဆီးရီးယား ပဋိပက္ခ အစ္စရေးအထိ ရိုက်ခတ်

မန္တလေးမြို့တွင် ညပိုင်း၌ ကားမှန်များအခွဲခံနေရ

Posted: 05 Nov 2012 05:39 AM PST

ကားပိုင်ရှင် မျိုးမင်း၏ TOYOTA BLIT  ကား
မန္တလေးမြို့ တွင် ညပိုင်း၌ လမ်းဘေးတွင် ရပ်ထားသော ကားများကို ဆိုင်ကယ်များဖြင့် ကပ်၍ ခဲလုံးဖြင့် ထုကာ မှန်များကို ထုခွဲ၍ မောင်းပြေးမှုများ ရှိနေကြောင်း သိရှိရပါသည်။

ကားများမှာ နောက်ဝင်သည့် မော်ဒယ်အမြင့် ကားများဖြစ်၍ ကားပိုင်ရှင်များမှာ သိန်းနဲ့ချီနှစ်နာမှုများ ရှိနေပါသည်။ တချို့ကားများဆိုလျှင် ကားမှန်မှာ ဝယ်လို့မရ၍ မြန်မာ လုပ်မှန်များနဲ့  အစားထိုး တပ်ဆင်ရသဖြင့် ကားတန်ဖိုးမှာ လျှော့နည်းမှုများရှိ သွားပါသည်။

ပြီးခဲ့တဲ့ အောက်တိုဘာလ (၃၀)ရက်နေ့ က မန္တလေးမြို့ လမ်း ၈၀ မီနီစတိုးရှေ့တွင် ရပ်ထားသော မီနီစတိုးပိုင်ရှင်၏ FORD ကားအား လည်းကောင်း/ ၆၃ လမ်း ၃၈.၃၉ ကြားတွင် ရပ်ထားသော ကားပိုင်ရှင် မျိုးမင်း၏ TOYOTA BLIT  ကားအား လည်းကောင်း နံနက်ခင်း၌ သူ၏ ကားအားကြည့်သော အခါ နောက်မှန်ကိုဖောက်၍ ကားနောက် ခန်းထဲတွင် ကျောက်ခဲ တစ်လုံးကို တွေ့ရကြောင်း ကားပိုင်ရှင် ကိုမျိုးမင်း မှ ပြောပြပါသည်။

ကိုမျိုးမင်းမှာ မှန်ဆိုင်သို့သွား၍ မှန်သွားတပ်သောအခါ မှန်ဆိုင်၏ ပြောပြချက်အရ အစ်ကို့ကားကဲ့သို့ မှန်ထုခံရ၍ လာတပ်သောကားမှာ ယနေ့တွင် ၅ စင်းခန့်ရှိကြောင်း ပြောပြ၍ မိမိကို မကျေနပ်သူများက လုပ်ခြင်းမဟုတ်ပဲ သက်သက်မဲ့ ဖျက်လို့ဖျက်ဆီးဖြင့် မင်းမဲ့စရိုက်ဆန်ဆန် လုပ်ခြင်းဖြစ်သည်ဟု နားလည်းသိရှိလိုက်သည်၊ ဤကဲ့သို့ ပြုလုပ်ခြင်းများသည်  နေ့ကြီးရက်ကြီးများတွင် အဖြစ်များသည်ဟု ကိုမျိုးမင်း က ပြောပြပါသည်။

ထိုသို့ စိတ်ဓာတ်ရေးရာ အောက်တန်းကျ၍ နိုင်ငံကြီးသား မပီသသော မင်းမဲ့စရိုက်ဆန်ဆန် ပြုလုပ်နေသူများကို ပြင်းပြင်းထန်ထန် ဖမ်းစီး အရေးယူ ပေးစေချင်ပါသည်။ ထိုသို့ဖြစ်ပွားနေကြောင်းကို ကားပိုင်ရှင်များနှင့် မန္တလေး ရဲတပ်ဖွဲ့ဝင်များ/ နယ်မြေခံတာဝန်ရှိသူများ သိစေချင်ကြောင်း ကိုမျိုးမင်း က ပြောပါသည်။

Wai Yan Shein htet
by Myanmar  News Now

http://feeds.feedburner.com/thithtoolwin/yIWV

တရားဥပဒေစိုးမိုးရေး၊ ထိရောက်ပြစ်ဒဏ်ရရှိရေး ဆွေးနွေးခြင်း

Posted: 05 Nov 2012 05:23 AM PST

၅.၁၁.၂၀၁၂ ရက်နေ့ နေ့လည် ၁ နာရီ အချိန်တွင်  ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့၊ နိုင်/လုံ အစည်းအဝေး ခန်းမတွင် လုံခြုံရေးနှင့်‌ နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး တင်ဝင်း ဦးစီးပြီး  တိုင်းဒေသကြီးလွှတ်တော်  တရားသူကြီးချုပ်နှင့်‌ တိုင်း/ခရိုင် တရားသူကြီးများ၊ တိုင်းဥပဒေချုပ်နှင့်‌ တိုင်း/ခရိုင် ဥပဒေအရာရှိများ၊ တိုင်း/ခရိုင် အုပ်ချုပ်‌ရေးမှူးများ၊ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးနှင့်‌ ခရိုင် ရဲတပ်ဖွဲ့မှူးများ၊ ဌာနခွဲမှူးများ  တက်ရောက်၍ ဖြစ်ပွားသောမှုခင်းများနှင့်‌ပတ်သက်ပြီး  ထိရောက် ပြစ်ဒဏ်ရရှိရေး   ဆွေးနွေးကြသည့်အပြင်    တရားဥပဒေစိုးမိုးရေး ဆောင်ရွက်ရေးလုပ်ငန်းများတွင် ပြည်သူလူထု နှင့်‌ အတူလက်တွဲ ပူးပေါင်းဆောင်ရွက်ကြရန် ဆွေးနွေးခဲ့ကြကြောင်း  Myanmar News Now မှသတင်းရရှိပါသည်။


ရန်ကုန်မြို့ မှာ အထူးစီမံချက်အဖွဲ့မှ အခြာကျသည့်‌ နေရာများတွင် ယာဉ်ပိတ်ဆို့ စစ်ဆေးမှုများ ပြုလုပ်နေစဉ်။
http://feeds.feedburner.com/thithtoolwin/yIWV

နိုဝင်ဘာလ (၅)ရက်နေ့ ထုတ် အလင်းတန်းဂျာနယ် အမှတ်စဉ် ၇၂၉

Posted: 05 Nov 2012 04:53 AM PST

နိုဝင်ဘာလ (၅)ရက်နေ့ ထုတ် အလင်းတန်းဂျာနယ် အမှတ်စဉ် ၇၂၉

ဂျာနယ် ဖတ်ရန် ဒီနေရာကို နှိပ်ပါ



http://feeds.feedburner.com/thithtoolwin/yIWV

မြေပုံ တောင်ပေါ် ခံတပ် စစ်တပ်က တက်ရောက် ရှင်းလင်း

Posted: 05 Nov 2012 04:07 AM PST

ရခိုင်ပြည်နယ် မြေပုံမြို့တွင် မွတ်ဆလင်များက ခံတပ် သဘောမျိုး တည်ဆောက် နေရာယူ ထားသော တောင်ပေါ်ကို ယနေ့ စစ်တပ်က တက်ရောက်ရှင်းလင်းပြီး မွတ်ဆလင် မိသားစုများ ကို တောင်အောက်တွင် တည်ဆောက် ထားသော ဒုက္ခသည် စခန်းသို့  ပို့ဆောင်သည်ဟု သိရသည်။

" ဒီကနေ့ မြို့နယ် အုပ်ချုပ်ရေးမှူး၊ လ၀ကမှူး၊ စစ်တပ်နဲ့ ရဲတွေ တောင်ပေါ်ကို တက်သွားတာကို တွေ့ရပါတယ်။ လက်ရှိ စာရင်းနဲ့ အသေအပျောက် စာရင်းတွေကို ကောက်ယူတယ်လို့ ပြောပါတယ်။ ဒါ့ပြင် တုတ်ဓါး လက်နက်တွေကို အကုန်လုံးသိမ်းပါတယ်။ သိမ်းရတဲ့ တုတ်ဓါး လက်နက်က ထော်လာဂျီ နှစ်စီး တိုက်ရတယ်လို့ သိရပါတယ်" ဟု မြေပုံ ဒေသခံ ကိုမောင်မောင်က ပြောသည်။

မြေပုံမြို့တွင် ရခိုင်များနှင့် ဘင်္ဂလီ မွတ်ဆလင်များ တိုက်ခိုက်မူတွင် လူပေါင်း ၂၀ ကျော် သေဆုံးခဲ့ပြီး အိမ်ခြေပေါင်း ၈၀၀ ကျော် မီးထဲပါသွားခဲ့သည်ဟု သိရသည်။ ထိုအထဲတွင် ရခိုင်အိမ် ၄၂ ဆောင် ပါဝင်ကြောင်း  သိရသည်။

အဆိုပါ တိုက်ခိုက်စဉ် အတွင်း မွတ်ဆလင်များမှာ တောင်ပေါ်ကို တက်ပြေးသွားပြီး တောင်ပေါ်မှနေကာ ရခိုင်များကို ပြန်လည် ခုခံ တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

" သူတို့က အဲဒီ တောင်ပေါ်မှာ ခံတပ် သဘောမျိုး တည်ဆောက်ထားတကာက လွန်ခဲ့တဲ့ ဇွန်လ အရေးအခင်း ပြီးကတည်းက ဖြစ်ပါတယ်။  ကျင်းတွေ တူးထားတယ်။ ဆက်သွယ်ရေးမြောင်းတွေလည်း လုပ်ထားတယ်လို့ ပြောပါတယ်။ တကယ့်ကို စစ်စခန်း တစ်ခုလို အခိုင်အမာ တည်ဆောက်ထားတယ်လို့ သိရပါတယ်။ ပြဿနာ ဖြစ်တော့ အဲဒီ တောင်ပေါ်ကနေ မွတ်ဆလင်တွေက ရခိုင်တွေကို ခံချခဲ့တာ ဖြစ်ပါတယ်" ဟု သူက ဆိုသည်။

အောက်တိုဘာလ မြေပုံတွင် ဖြစ်ပွားခဲ့သော အရေးအခင်းတွင် မွတ်ဆလင်များက တောင်ပေါ်မှ ခုခံပြီး ရခိုင်များက တောင်ကို အောက်မှနေ ၀ိုင်းထားကာ  အပြန်အလှန် တိုက်ခိုက်မူများ ပေါ်ပေါက်ခဲ့သည်။

ယခုအခါ မြေပုံ အခြေအနေမှာ အေးဆေး တည်ငြိမ်နေပြီး ပုံမှန် အတိုင်း ရှိနေသည်ဟု ဆိုသည်။

နှစ်ဘက်စလုံးမှ ဒုက္ခသည်များအား နိုင်ငံ တကာအဖွဲ့အစည်းများမှ အကူအညီများ လာရောက် ဖြန့်ဖြူး ပေးဝေမူများ ရှိနေသော်လည်း ရခိုင် ဒုက္ခသည်များ အနေဖြင့် အကူအညီ အနည်းငယ်သာ ရရှိသဖြင့် လုံလောက်မူ မရှိဘဲ ဖြစ်နေကြောင်း ကိုမောင်မောင်က ပြောသည်။

" ရခိုင် ဒုက္ခသည်တွေကတော့ တောင်ပိုင်းရပ်ကွက် ဘော်လုံးကွင်းမှာ ရွက်ဖျင်တဲတွေထိုးပြီး နေရာချထားပေးပါတယ်။ ဒုက္ခသည်က သုံးထောင်ခန့်ရှိပါတယ်။ ဒဏ်ရာ ရတဲ့ သူက ၇၀ ကျော်ရှိပါတယ်။ အစားအစာနဲ့ ဆေးဝါးတွေ အထူး လိုအပ်နေပါတယ်" ဟု သူက ဆက်ပြောသည်။

မွတ်ဆလင်များကိုမူ တောင်အောက်တွင် တည်ဆောက်ထားသော ဒုက္ခသည် စခန်းတွင် စစ်တပ် အစောင့်အရှောက်များဖြင့် ထားရှိပြီး မွတ်ဆလင် ဒုက္ခသည် အရေအတွက်မှာ ၃၉၃၉ ယောက် ရှိကြောင်း သိရသည်။

မြေပုံမြို့တွင် ယခင်ကတည်းက နေထိုင်နေသော မွတ်ဆလင်များမှာ ဒေသခံ ရခိုင်များနှင့် သင့်သင့်မြတ်မြတ် နေထိုင်ခဲ့ကြသော်လည်း နောက်ပိုင်း  ပြင်ပ ရောက်လာသူများမှာ  သဘောထား တင်းမာသူများ ဖြစ်ကာ ရခိုင်အိမ်များကို စတင် မီးရှို့ တိုက်ခိုက်ရာမှ ယခုကဲ့သို့ အပြန်အလှန် တိုက်ခိုက်မူများ ပေါ်ပေါက်ခဲ့ရခြင်း ဖြစ်သည်ဟု ကိုမောင်မောင်က ပြောသည်။

နိရဉ္စရာ သတင်းဌာန


http://feeds.feedburner.com/thithtoolwin/yIWV

ပြည်အရန်မီးသတ် ၂၀၀ ခန့် ဆန္ဒဖော်ထုတ်

Posted: 05 Nov 2012 03:49 AM PST

ပဲခူးတိုင်း ဒေသကြီး ပြည်မြို့မှာ မီးသတ်ဌာန တပ်ဖွဲ့ဝင် တဦးကို  တရားရုံးက ထောင်ဒဏ်စီရင် လိုက်တာနဲ့ ပတ်သက်ပြီး မကျေနပ်လို့ အရန်မီးသတ် တပ်ဖွဲ့ဝင် ၂၀၀ လောက် ဆန္ဒပြကြ ပါတယ်။ အခင်းဖြစ်ပွားပုံမှာ ပြီးခဲ့တဲ့ သင်္ကြန်တုန်းက မီးလောင်လို့ မီးသတ်ဌာနက သွားရောက် မီးငြိမ်းရာကနေ လမ်းမှာ ယာဉ်တိုက်မှု ဖြစ်သွားပြီး လူတဦး သေဆုံးခဲ့ပါတယ်။ အဲဒီအမှုနဲ့ ပတ်သက်ပြီး မီးသတ် ကားမောင်းသူ အရန်မီးသတ် ဒု-တပ်ကြပ် ဇော်ထွေးကို

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


ပြီးခဲ့တဲ့ ဧပြီလ ၁၆ ရက် ၂၀၁၂ သင်္ကြန် အတက်နေ့  ပြည်မြို့မှာ မီးလောင်မှုကို ငြှိမ်းသတ်ဖို့  သွားရောက်တဲ့  မီးသတ်ယာဉ်နဲ့  ရေပက်ခံထွက် ဆိုင်ကယ် တစ်စီး တိုက်မိခဲ့စဉ်။
http://feeds.feedburner.com/thithtoolwin/yIWV

မကွေးတိုင်း စကုမြို့နယ်တွင် ဆွမ်းစားကျောင်းပြိုကျပြီး ၈၀ ခန့် ဒဏ်ရာရရှိ

Posted: 05 Nov 2012 03:03 AM PST

မကွေးတိုင်း စကုမြို့နယ် မန်ကျည်းပင်ရွာ လေးထပ် ကျောင်းတိုက်မှာ နိုဝင်ဘာ ၁ ရက်နေ့ ကထိန်ပွဲ ပြုလုပ်နေချိန် ဆွမ်းစား ကျောင်းဆောင်ပြိုကျပြီး လူ ၈၀ လောက် ဒဏ်ရာရရှိခဲ့ပါတယ်။

မန်ကျည်းပင်ရွာနေ ဦးလှမိုးက "နေ့ခင်းတနာရီလောက် တရားချီးမြှင့်တဲ့ အခါမှာ အရင်နှစ်တွေထက် လူက အရမ်းများပြီး ပြည့်ကျပ်သွားတယ်။ တရားလည်းသိမ်းပြီး ရေစက်ချပြီးတဲ့အခါ အမျိုးသမီးတွေက ထပြန်တော့ ပျဉ်ပေါက်ပြီး ၀ုန်းဆိုပြီး ပြိုကျသွားတာ" လို့ ပြောပါတယ်။

အမျိုးသမီးအများစု အပါအ၀င် ၈၀ လောက် ဒဏ်ရာရသွားခဲ့ပြီး မင်းလှ ဆေးရုံနဲ့ မင်းဘူးဆေးရုံတွေကို ပို့ဆောင်ပေးခဲ့ရတယ်လို့ ဆိုပါတယ်။ မင်းဘူးဆေးရုံမှာ တက်ရောက်ကုသတဲ့ လူနာတွေထဲက တချို့ ဒဏ်ရာ ပြင်းထန်တယ်လို့ ဦးလှမိုးက ပြောပါတယ်။

ဒဏ်ရာရရှိသူတွေကို မကွေးတိုင်းဝန်ကြီးချုပ် ဦးဘုန်းမော်ရွှေက ၁ ယောက်ကို ၁ သောင်းနှုန်းနဲ့ မြို့နယ် အုပ်ချုပ်ရေးမှူးက ကျပ် ၅ ထောင်စီ ထောက်ပံ့ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

by ဒီဗွီဘီ



http://feeds.feedburner.com/thithtoolwin/yIWV

ကလေြး

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ