[mrsorcerer:35632] [Richard Aung] အားလုံးပါဝင်သည့် ညီလာခံကြီး ဖော်ဆောင်ရန် ABSDF နှင့် ၈၈ လိုလား

နေမျိုး
ထိုင်းနိုင်ငံသို့ ရောက်ရှိလာသည့် ၈၈ မျိုးဆက်ကျောင်းသားများသည်အစိုးရနှင့်အပစ်အခတ်ရပ်စဲရေးသဘောတူညီမှုမရရှိသေးသည့် ကျောင်း သားတပ်မတော် ခေါ် ABSDF နှင့် တနင်္လာနေ့က ချင်းမိုင်မြို့တွင် အလွတ်သဘော တွေ့ဆုံခဲ့ကြောင်း သိရှိရသည်။
၎င်းတို့၏ ခရီးစဉ်သည် သမ္မတရုံးဝန်ကြီး ဦးအောင်မင်း ဦးဆောင်သည့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းစဉ်၏ အစိတ်အပိုင်း တရပ် ဖြစ် သလို အားလုံးပါဝင်သည့် ညီလာခံကြီး တရပ် ဖော်ဆောင်နိုင်ရေး ကြိုးပမ်းမည်ဖြစ်ကြောင်း ၈၈ ကျောင်းသားခေါင်းဆောင် တဦးဖြစ် သူကို မြအေး က ပြောသည်။
"အပြန်အလှန် ညှိနှိုင်း ပြီးတော့ တိုင်းပြည်ကို ဖွံ့ဖြိုးတိုးတက်အောင် ဒီမိုကရေစီ နိုင်ငံဖြစ်အောင် ဘယ် လိုလုပ်သွားကြမယ်။ အခွင့်အရေးတွေ ကို မျှမျှတတ ရရှိအောင် ဘယ်လိုပုံဖော်ကြမယ်ဆိုတာက ကျနော်တို့ ပြည်တွင်းရော၊ပြည်ပရော နယ်စပ်မှာရှိတဲ့ အဖွဲ့အစည်းတွေရော၊ ဒီမိုက ရေစီ ရေးအတွက် ကြိုးပမ်းလှုပ်ရှားသူ အားလုံး ပါဝင်နိုင်တဲ့ အခြေအနေမျိုးဖြစ်အောင် လုပ် သွားပါမယ်။ တဘက်ကလည်း တိုင်းရင်းသား ညီလာခံကြီး ဖြစ်အောင် အားလုံးပါဝင်နိုင်ဖို့ တန်းတူညီမျှမှုအခွင့်အရေးတွေ၊ လွတ်လပ်မှု တွေ တရားမျှတမှုတွေဖော်ဆောင် ပေးနိုင်တဲ့ ညီ လာ ခံကြီးဖြစ်အောင် ဆက်လုပ်သွားပါမယ်" ဟု မဇ္ဈိမကို ပြောသည်။
ပြည်ပရောက် အဖွဲ့အစည်းများ၏ အကြံဥဏ်နှင့်သဘောထားများသည် မြန်မာပြည် ဒီမိုကရေစီ ထွန်းကားရေးအတွက် အများကြီး အ ထောက် အကူပြုမည်ဟု ၎င်းတို့ယုံကြည်ပြီး ခရီးစဉ်တွင် ABSDF နှင့် ထပ်မံတွေ့ဆုံဆွေးနွေးဦးမည် ဖြစ်ကြောင်း ကိုမြအေး က ဆက်ပြော သည်။
"၈၈ က ပေါက်ဖွားလာတဲ့ ABSDF နဲ့ အဓိကထားပြီးတွေ့ပါမယ်။ ABSDF ဆိုတာ ကျနော်တို့ ၈၈ က ပေါက်ဖွားလာတဲ့ကျောင်းသားတပ်မတော် တခုဖြစ်တဲ့ အတွက်ကြောင့် မို့လို့ ABSDF နဲ့ တွေ့ဖို့ကိစ္စဟာ လက်ရှိ ၈၈ မျိုးဆက်ကျောင်း သားများရဲ့ အရေးကိစနဲ့ တစုံတရာအားဖြင့်စဉ်းစား ရမှာဖြစ်ပါတယ်။ လေးလေးနက်နက်ကို စဉ်းစားသွားရ မှာ ဖြစ်ပါတယ်။ ABSDF နဲ့တွေ့ကိုတွေ့မှာ ဖြစ်ပါတယ်" ဟု ဆို သည်။
ABSDF ဥက္ကဋ္ဌ ကိုသံခဲ ကလည်း ၈၈ နှင့် ABSDF တို့သည် ၈ လေးလုံး အရေးတော်ပုံကြီးမှ အတူတကွ ပေါ်ပေါက် လာခဲ့ပြီး တိုင်းပြည် အပေါ် ထားသည့် စေတနာနှင့် သဘောထားများတွင် ကွဲလွဲမှုမရှိကြောင်း ပြောသည်။
"၂ ရက် ၃ ရက်အတွင်း ABSDF အခြေစိုက် စခန်း တခုခုမှာ တွေ့ဆုံပါမယ်။ ABSDF နဲ့ ၈၈ ကျောင်း သား တွေ၊ လွတ်မြောက်နယ်မြေ ရောက် ကျောင်းသားတွေ၊ နိုင်ငံတကာရောက် ကျောင်းသားတွေ စုဆုံဆွေးနွေးပြီး ပြည်တွင်းငြိမ်းချမ်း ရေးမှာ လက်တွဲလုပ်နိုင်မယ့် အင်အားစု အား လုံးပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲကြီးတွေ ရောက်ဖို့အတွက်၊ အဲဒီလို တွေ့ဆုံပွဲကြီးတွေ ဖော် ဆောင်သွားနိုင်ဖို့ ကြိုးစားနေပါ တယ်" ဟု မဇ္ဈိမကို ပြောသည်။
ခရီးစဉ်အတွင် ကိုမြအေး နှင့်အတူ ကိုထွန်းမြင့်အောင်၊ ကိုစိုးထွန်း၊ မမေကြည်လွင်၊ မစန်းစန်းမော်၊ မမီးမီး၊ မသဇင်ဝိုင်း တို့လည်း လိုက်ပါ လာ ကြပြီး တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) အပါအဝင် အမျိုးသမီး သမဂ္ဂများ၊ ရွှေ့ပြောင်း အလုပ်သမားများ၊ ရွှေ့ပြောင်း မြန်မာကျောင်းများ၊ ဒုက္ခသည်စခန်းများ၊ လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့အစည်းများနှင့်ပါ တွေ့ဆုံသွားမည်ဖြစ်ကြောင်း သိရ သည်။
လက်နက်ကိုင် တိုင်းရင်းအဖွဲ့အစည်းများအနေနှင့် တန်းတူရေးအတွက် အပစ်ရပ်ရုံဖြင့် မလုံလောက်ကြောင်း ကိုသံခဲ က ဆက်ပြောသည်။
"ဒီကနေ့ အရင်တုန်းကနဲ့ မတူတဲ့၊ တဘက်နဲ့တဘက် မရခဲ့ဖူးတဲ့ တွေ့ဆုံဆွေးနွေးရေး အခွင့်အရေး တွေရနေတယ်ဆိုပေမယ့်ဒီအခွင့်အရေး ဟာ ဘယ်လောက်အထိ မြဲမလဲဆိုတာ အာမခံချက်မရှိဘူးဆိုတာ အားလုံးလည်း နားလည်ပြီး သား လို့ ယူဆပါတယ်။ အပစ်အခတ် ရပ်စဲရေး နဲ့ မလုံလောက်တော့ဘူး၊ နိုင်ငံရေးအရ ဆက်စပ်နိုင်တဲ့ တိုင်းရင်းသားတွေ အတွက် အာ မခံချက်ရှိဖို့ လိုလာတယ်ဆိုတာက ပိုပြီးမြင်သာလာတယ်" ဟု မဇ္စျိမ ကိုပြောသည်။
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး ABSDF ရှစ်လေးလုံးအရေးတော်ပုံကြီးမှ ပေါက်ဖွား ခဲ့ပြီး ဒီမိုကရေစီရေး အ တက် လက်နက်ကိုင် လှုပ်ရှားသည့် အဖွဲ့အစည်း ဖြစ်သည်။
ထို့အတူ ၈၈ မျိုးဆက်ကျောင်းသားများမှာလည်း မြန်မာပြည်တွင်း၌ ဒီမိုကရေစီရေးအတွက် ဆက်လက်ရပ်ခံတိုက်ပွဲဝင်နေသောကျောင်း သား အဖွဲ့အစည်း တခု ဖြစ်သည်



--
Posted By အောင်မျိုးကျော် to Richard Aung at 11/06/2012 06:07:00 PM

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ