[mrsorcerer:35632] [Richard Aung] မလေးရှားသွားမည့် ဘင်္ဂလာဒေခ်ျ့နိုင်ငံသားများ မြန်မာ နယ်စပ် အနီးတွင် ဖမ်းဆီး

Narinjara News

မလေးရှားနိုင်ငံသို့ ထွက်ခွာရန် စီစဉ်နေသူ ကလေးနှစ်ဦး အပါအ၀င် စုစုပေါင်း ဘင်္ဂလာဒေခ်ျ့နိုင်ငံသား ၉ ဦးကို စက်လှေ တစ်စီးပေါ်မှ တနင်္လာနေ့ နံနက်က ဖမ်းဆီးမိခဲ့သည်ဟု ဘင်္ဂလာ နယ်ခြား စောင့်တပ်ဖွဲ့က ပြောသည်။

သူတို့အား မြန်မာ နယ်စပ်အနီးတွင် တည်ရှိသော ကော့စ်ဘဇား ခရိုင် တက်ကနက်မြို့နယ် ကာတာဘူည ဆိပ်ကမ်းရှိ စက်လှေ တစ်စီးပေါ်မှ ဖမ်းမိခြင်း ဖြစ်သည်ဟု ဆိုသည်။

ဖမ်းဆီးခံရသူများထဲတွင် နာဆီးမာဆိုသော အမျိုးသမီး တစ်ဦးနှင့် ကလေးငယ် နှစ်ဦးတို့ပါဝင်ပြီး ကျန်သူများမှာ အမျိုးသားများ ဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးခံရသူများ အထဲတွင် အမျိုးသား (၃) ဦးမှာ ဘင်္ဂလာဒေခ်ျ့နိုင်ငံ မြောက်ပိုင်း Myamar singh ခရိုင်မှ ဖြစ်ကြပြီး နာဆီးမာ အပါအ၀င် ကျန်လူများမှာ ကော့စ်ဘဇားခရိုင် အတွင်းမှ ဖြစ်ကြသည်ဟု ဘီဂျီဘီ ဘင်္ဂလာနယ်ခြား စောင့်တပ်ဖွဲ့က ပြောသည်။

သူတို့အား သတင်းအရ တနင်္လာနေ့ နံနက် ၅ နာရီခန့်တွင် ကာတာဘူည ဆိပ်ကမ်းအား ၀င်ရောက် စီးနှင်း ရှာဖွေစဉ် ဖမ်းဆီးမိခြင်း ဖြစ်ပြီး စစ်ဆေးမေးမြန်းစဉ်အတွင်း အဆိုပါ စက်လှေဖြင့် မလေးရှားကို သွားရောက်မည့်သူများ ဖြစ်ကြောင်း ၀န်ခံသည်ဟု အမှတ် ၄၂ ဘီဂျီဘီ တပ်ရင်းမှူး ဒုတိယ ဗိုလ်မှူးကြီး ဂျာဟစ် ဟူဆိန်ကို ကိုးကားပြီး ဘင်္ဂလာဒေခ်ျ့ သတင်းစာများက ဖေါ်ပြသည်။

ယခုအခါ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင် ရိုဟင်ဂျာဆိုသူများကို ယူအန် ဒုက္ခသည်များ ဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံးမှ ဒုက္ခသည်အဖြစ် အသိအမှတ်ပြုပြီး ခိုလုံခွင့် ကဒ်ပြားများ ထုတ်ပေးနေရာ အဆိုပါ အခွင့်အရေးကို လိုချင်၍ မလေးရှားသို့ ထွက်ခွာသူများပြား နေကြောင်း သိရသည်။

နိုဝင်္ဘာလ ၅ ရက်နေ့ စောစောပိုင်းကလည်း စစ်ကိုင်းတိုင်း ကလေးမြို့တွင် ဘင်္ဂလာဒေခ်ျ့မှ ခိုးဝင်လာသူ ဘင်္ဂလီ ၁၉ ဦးကို ဖမ်းဆီးမိခဲ့သည်ဟု သိရသည်။

ခိုးဝင်လာသူများသည် မြန်မာနိုင်ငံကို ဖြတ်သန်းပြီး မလေးရှားနိုင်ငံသို့ သွားကြမည့်သူများ ဖြစ်ကြသည်ဟု သတင်းများတွင် ဖေါ်ပြသည်။

မြန်မာ အစိုးရ၏ ဘာသာရေး အရ ခွဲခြားမူနှင့် ညှဉ်းပမ်း နှိပ်စက်မူများကြောင့် ထွက်ပြေးလာကြရသော ရိုဟင်ဂျာများ ဖြစ်သည်ဟု အကြောင်းပြ ပြောဆိုကာ ယူအန် လိမ်လျှောက်ပြီး တတိယ နိုင်ငံသို့ ရောက်ရှိသွားကြသော ဘင်္ဂလာဒေခ်ျ့နိုင်ငံသားများလည်း အများအပြား ရှိကြောင်း ခိုင်လုံသော သတင်းအရ သိရသည်။

ယူအန် လျှောက်ရာနှင့် တတိယ နိုင်ငံသို့ အခြေချရန် လျှောက်ထားရာတွင် မြန်မာနိုင်ငံမှ ထုတ်ပေးသော ဧည့်နိုင်ငံသား အဖြူရောင် ကဒ်ပြားများမှာ အထူး အသုံးဝင်သဖြင့် နိုင်ငံသား စစ်စစ်ကို ထုတ်ပေးသော ပန်းရောင်ကဒ်ထက် မလေးရှားတွင် ဈေးရရှိကြောင်း သတင်း ရရှိသည်။



--
Posted By အောင်မျိုးကျော် to Richard Aung at 11/06/2012 05:49:00 PM

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ