[mrsorcerer:35645] [Richard Aung] ဖော်တော်ဦးဘုရား ဂေါပကအဖွဲ့၏ လူလည်ကျမှုတာဝနှ်ရှိသူများ သိစေချင်ဟုဆို

ဖော်တော်ဦးဘုရား ဂေါပကအဖွဲ့၏ လူလည်ကျမှုတာဝနှ်ရှိသူများ သိစေချင်ဟုဆို

November 6, 2012Home, သတင်း

အင်းလေးဖောင်တော်ဦး ဘုရား ဂေါပကအဖွဲ့ဝင် (၉)ဦးတို့ ၏ ဘုရားဆိုင်ခန်းများအား သတ် မှတ်စပေါ်ငွေသွင်းခြင်းမပြုဘဲ မိမိတို့ ကိုယ်ကျိုးစီးပွားအတွက် အသုံးချနေခြင်း၊ ဘုရားပိုင်ဆိုင် ခန်းများအား မိမိတို့သဘောဖြင့် ရောင်းစားခြင်းများပြုလျက်ရှိနေ ခြင်း၊ ဘုရားနှင့် ပတ်သက်၍ တာဝန်ကင်းစွာနေလျက်ရှိနေခြင်း တို့အား ပြည်နယ်အဆင့် တာဝန် ရှိသူများ သိရှိ၍ စုံစမ်းစစ်ဆေးမှု များ ပြုလုပ်ပေးစေလိုကြောင်း ဖောင်တော်ဦးဘုရား နမ့်ဟူး ကျောင်းတိုက်မှ ဆရာတော် ဦး…က ဆိုသည်။
""ဦးဇင်းက လူလည်ကျတာ မျိုး လုံးဝလက်မခံဘူး။ ဂေါပက အဖွဲ့က ဘုရားလာတယ်။ ရုံးထဲ ၀င်ထိုင်ပြီးရင်ပြန်သွားတာလဲ။ ဘုရားရင်ပြင်မှာ ပြီးတော့ ဘာမှ လိုက်လံစစ်ဆေးတာမျိုးလုံးဝမရှိ ဘူး။ ဒီဂေါပက လက်ထက်မှာ ၁၀ပေ ပတ်လည် ဆိုင်ခန်းတွေ ကို နှစ်ခန်းခွဲပြီး လူနှစ်ဦးကို ငှား တယ်။ ဒီဂေါပကက ဘယ်လောက် လူလည်ကျသလဲဆိုတော့ ဆယ် ပေခန်းတစ်ခန်းနှစ်ယောက်ပေး တာကို သူတို့က  ၁၀ပေခန်းနှစ် ခန်းကို တစ်ယောာက်တည်းယူ တယ်။ စုစုပေါင်း သူတို့(၉) ယောက်ရှိတာ ဆယ်ပေခန်းတွေ ကို နှစ်ခန်းခွဲပြီး ငှားတဲ့သူတွေ တောင် ဘုရားအတွက်ဆိုပြီး ဘာ မျှမသွင်းဘူး။ ပြီးတော့ တချို့ ဂေါပကတွေ အဲဒီဆိုင်ခန်းတွေကို (၂၆)သိန်း၊  သိန်း(၅၀)စသဖြင့် ရောင်းစားကြတယ်။ နောက်ကြ တော့ ဘာဖြစ်လာသလဲဆိုတော့ ဘုရားမှာ ဈေးသည်တွေများလာ တယ်။ ကိုယ့်သဘောနဲ့ကိုယ် ဆိုင် ခန်းတွေ ဖွင့်လာကြတယ်။ ဒါနဲ့ ပတ်သက်ပြီး ဂေါပကကသွား ပြောတော့ နင်တို့တောင် ဘုရား ဆိုင်ခန်းတွေ ရောင်းစားနေတာ။ ငါတို့က ဈေးရောင်းပြီးပြန်မှာဆို ပြီး ဂေါပကလူတွေကို ပြန်အော်။ အဲဒီမှာ ဂေါပကလူတွေလည်း ဘာမျှ မပြောရဲတော့ဘူး။ ဘုရား မှာ ဈေးရောင်းရင် ဘုရားဘဏ္ဍာ အတွက်လည်း ပြန်ပေးရမယ် လေ။ အခု သူတို့ကိုယ်တိုင် စည်း ကမ်းမရှိတော့ ဘယ်သူ့မှ ဘုရား ပေါ်မှာ  စည်းကမ်းဆိုတာကို မလိုက် နာတော့ဘဲ ဖြစ်ချင်သလို ဖြစ်နေတာ""ဟု နမ့်ဟူးကျောင်း တိုက်မှ ဆရာတော်ဦး…က ပြေကြားခဲ့သည်။
ဖောင်တော်ဦးဘုရား ဂေါပ က အဖွဲ့အနေဖြင့်လည်း ဘုရား ပေါ်ရှိ ဈေးသည်များထံမှ ဘုရား အတွက် သတ်မှတ်ဘဏ္ဍာငွေ များလုံးဝကောက်ခံနိုင်ခြင်းမရှိဘဲ ကောက်ခံခြင်းပြုပါကလည်းယင်း တို့၏ ဘုရားဆိုင်ခန်းများ ရောင်း စားနေမှု၊ ဘုရားပိုင်ဆိုင်ခန်းများ အား လစဉ်ငွေပေးသွင်းခြင်းမရှိ ဘဲ ကိုယ်ကျိုးအတွက် သုံးစွဲနေမှု စသည်တို့အား ပြန်လည်ထောက် ပြမည်ကိုစိုးသဖြင့် မည်သို့မျှ ဘုရားအတွက် ငွေကောက်ခံနိုင် ခြင်းမရှိကာ အချို့ဈေးသည်များ ဆိုလျှင် နှစ်ရှည် ဘုရားအတွက် ငွေမပေးကြောင်း အဆိုပါ ဦးဇင်း ၏ ပြောပြချက်အရ သိရသည်။

ခန့်ခန့် (ဒဿနိက)

The Hot News



--
Posted By အောင်မျိုးကျော် to Richard Aung at 11/06/2012 04:47:00 PM

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ