[mrsorcerer:35751] Donkey & old farmer

ဒီပုံပြင်လေးကိုတော်တော်များများကကြားဖူးကြမှာပါ

တစ်ခါကလယ်သမားအိုကြီးမှာမြည်း
တစ်ကောင်ရှိသတဲ့
တစ်နေ့မှာတော့မြည်းဟာခြေချော်ပြီး
ရေတွင်းပျက်ကြီးထဲကျသွားလေရော
တဲ့ကွယ်
ရေတွင်းပျက်မှာရေမရှိ တော့ရေနစ်မ
သေဘူးပေါ့ကွယ်
ဒါနဲ့မြည်းကအော်ပါရောသူ့သခင်
ကြားပြီးလာကယ်အောင်ပေါ့
လယ်သမားကြီးလဲကြားပြီးသွားကြည့်
တော့ တွင်းကနက်တယ်ကွဲ့
ဒါနဲ့သူတွေးတယ်  ငါ့မြည်းကအိုနေပြီ
ပဲ မထူးပါဘူးလေဆိုပြီး ရေတွင်းထဲမှာ
ပဲကောင်းကောင်းမြှုပ်နှံပေးမယ်လို့
ဆုံးဖြတ်လိုက်တယ်
ဒီလိုနဲ့အိမ်နီးခြင်းတွေအကူခေါ်ပြီး
ရေတွင်းကိုမြေစဖို့တော့တယ်

အစမှာမြည်းလေးကအော်တာပေါ့
နောက်အခြေအနေကိုရိပ်မိသွားတော့
သူ့ကိုကယ်မဲ့သူမရှိဘူးသူကိုယ်တိုင်ကြိုး
စားရမယ်ဆိုတာသိသွားတယ်

လူတွေကမြည်းလေးအော်သံမကြားရ
တော့သေများသွားပလားလို့
ငုံ့ကြည့်လိုက်တော့
အံသြစရာမြင်ကွင်းတစ်ခုသွားတွေ့တယ်
မြည်းလေးဟာသူ့ကိုယ်ပါကျလာတဲ့အ
မှိုက်တွေ မြေစာတွေကိုကိုခါချပြီး အဲဒီ
အပေါ်တက်ရပ်ရင်းတစ်လှမ်းစီ
အပေါ်ရောက်အောင်ကြိုးစားနေတာကိုးကွဲ့

ဒီလိုနဲ့လူတွေကမြေသားတွေထည့်လိုက်မြည်းကခါချပြီးတက်လိုက်နဲ့
နောက်ဆုံးမြည်းလေးကမြေပြင်ပေါ်ကို
ရောက်ပြီးအသက်ဘေးကလွတ်မြောက်
သွားတော့တယ်တဲ့

ကလေးတို့ရေ   ကလေးတို့လည်း

အခက်အခဲတွေကိုအသုံးချပြီးအောင်
မြင်မူဆီအရောက်သွား နိုင်ရမယ်နော်
အခက်အခဲကြုံရင်  စိတ်မပျက်ဘဲ
အောင်မြင်ဖို့အတွက်အထောက်အကူတွေလို့မြင် နိုင်အောင်ကြီုးစားကြရမယ်
ကွဲ့
မိမိကိုယ်သာကိုးကွယ်ရာဆိုတာကိုနား
လည်ထားရမယ်နော်

ပုံပြင်လေးကမဆုံးသေးဘူးကွဲ့
လယ်သမားကြီးကမြည်းကိုအီမ်ပြန်
ခေါ်သွားတာပေါ့
ဒါပေမဲ့မြည်းလေးကဘယ်ကျေနပ်မလဲ
ကွယ်သူ့ကိုသတ်ဖို့ကြံစည်ခဲ့တာကိုး

ဒါနဲ့လယ်သမားကြီးကိုကိုက်လိုက်ပါလေရောကွယ်
လယ်သမားကြီးလည်းကိုက်ခံရတဲ့အနာက ပိုးဝင်ပြီးသေပါလေရောတဲ့ကွယ်

လယ်သမားကြီးကဒီအနာလေးလောက်
နဲ့ဆရာဝန်ကိုပိုက်ဆံသွားမပေးနေပါဘူးလို့တွေးလားမသိဘူးနော်

ကလေးတို့ရေဒါကြောင့်ကလေးတို့လည်းအသေးအဖွဲပါဆိုပြီးပေါ့ပေါ့တန်တန်
မလုပ်မိဖို့
အမှိုက်ကစပြဿာတ်မီးလောင်တတ်တယ်ဆိုတာမမေ့ကြနဲ့နော်

အရေးအကြီးဆုံးက  ကိုယ်လုပ်တာမှား
သွားပြီဆိုရင်  ဘာမှမဖြစ်ခဲ့သလို
ဟန်ဆောင်ပြီးအမှားကိုအဖတ်ဆယ်
ဖို့မကြိုးစားဘဲ
အမှားကိုဝန်ခံရဲရမယ်ကွဲ့

လောကနီတိမှာတော့

တစ်ခါပြဿနာဖြစ်ဖူးသူနှင့်ပြန်ပြေ
လည်လိုသောသူသည်ကိုယ်ဝန်ယူလို
သောအသရထိုရ်မြင်းမနှင့်တူ၏
သေခြင်းအားတမ်းတသည်မည်၏

လို့ဆိုထားတယ်ကွဲ့
သားတို့သမီးတို့လည်းမြည်းကိုက်ခံရ
ခြင်းမှကင်းဝေးကြပါစေကွယ်

မိုးသောက်ထွန်း

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ