Narinjara News
ရခိုင်ပြည်နယ်တွင် ယ္ခုနောက်ဆုံး ထပ်မံ ဖြစ်ပွါးခဲ့သော အကြမ်းဖက်မှုများနှင့် အိုးမဲ့အိမ်မဲ့ဖြစ်ရခြင်းအတွက် မိမိတို့ သံရုံးများအနေဖြင့် လွန်စွာ စိတ်ထိခိုက်ရပါသည်။ အဆိုပါ အကြမ်းဖက်မှုများက ထောင်ပေါင်းများစွာသော အပြစ်မဲ့ပြည်သူများ၏ ပိုင်ဆိုင်မှုနှင့် အသက်အိုးအိမ်များ ဆုံးရှုံးမှုကို ဖြစ်စေခဲ့သည်။ ရခိုင်အကြမ်းဖက်မှုများ အမြန်ဆုံး ရပ်တန့်သွားအောင် သက်ဆိုင်သူအားလုံး လက်တွဲဆောင်ရွက်ကြဖို့ မိမိတို့သံရုံးများက တိုက်တွန်းလိုက်ပါသည်။
ရခိုင်ပြည်နယ်တွင်း လုံခြုံအေးချမ်း တည်ငြိမ်မှု ပြန်လည်ရရှိရေးအတွက် နိုင်ငံတကာစံချိန်စံညွှန်းများနှင့်အညီ မြန်မာအစိုးရက ဆောင်ရွက်နေခြင်းကို မိမိတို့နိုင်ငံများက ထောက်ခံအားပေးသည်။ ထိုသို့ တရားဥပဒေစိုးမိုးရေးနှင့်အညီ ဆောင်ရွက်ကြရာတွင် တာဝန်ခံမှု ထင်သာမြင်သာရှိမှု အပြည့်အ၀ရှိရန်လည်း လိုအပ်သည်။
ရခိုင်အရေးနှင့်ပတ်သက်၍ မြန်မာအစိုးရက စုံစမ်းရေးကော်မရှင်တရပ် ဖွဲ့စည်းထူထောင်ထားခြင်းကို ကြိုဆိုပါသည်။ သို့သော် လက်ရှိဖြစ်ပေါ်နေသော အကြမ်းဖက်မှုများ ပေါ်ပေါက်ရခြင်း၏ အရင်းခံအကြောင်းတရားများကို စုံစမ်းဖေါ်ထုတ်နိုင်ရန်နှင့် နောက်နောင် အလားတူ ထပ်မံဖြစ်ပွါးခြင်းကို တားဆီးနိုင်ရန်အတွက် လွတ်လပ်ပြီး ပွင့်လင်းမြင်သာမှုရှိရှိ လုပ်ဆောင်ခွင့်ပေးရန် အစိုးရအာဏာပိုင်များကို တိုက်တွန်းလိုက်ပါသည်။
ရခိုင်ပြည်သူများလိုအပ်နေသော လူသားချင်းစာနာသည့် အကူအညီအထောက်အပံ့များ လုံခြုံစိတ်ချစွာ အချိန်မီရောက်ရှိနိုင်ရေးအတွက် အစိုးရမှ ကူညီဆောင်ရွက် ပေးရန်လည်း တိုက်တွန်းသည်။ ရခိုင်ဒေသတွင် အရေးပေါ်လိုအပ်သော လူသားချင်းစာနာသည့်အကူအညီများနှင့် ရေရှည် ပြန်လည်ထူထောင်နိုင်ရးအတွက် နိုင်ငံတကာအသိုင်းအ၀ိုင်းမှ ကူညီရန် အဆင်သင့် ရှိနေသည်။ ထို့အပြင် ထိထိရောက်ရောက် ကူညီသွားနိုင်ရန်အတွက် မိမိတို့နိုင်ငံများမှ ပူးပေါင်းဆောင်ရွက်မှု အပြည့်နှင့် လုပ်ကိုင်သွားမည်ဟု ဆုံးဖြတ်ထားသည်။
မြန်မာပြည်သူများ လိုလားတောင့်တနေသော ငြိမ်းချမ်းပြီး သာယာဝပြောသည့် လူ့အဖွဲ့အစည်း ပေါ်ထွန်းလာရေးနှင့် တရားဥပဒေစိုးမိုးသော ဒီမိုကရေစီအပြောင်းအလဲ လုပ်ငန်းစဉ်များကို မိမိတို့နိုင်ငံများမှ အပြည့်အ၀ အားပေးထောက်ခံသွားမည်ဖြစ်သည်။ လက်ရှိ ရခိုင်ပြည်အရေးတွင်သာမက တနိုင်ငံလုံး၏ ရည်မှန်းချက် ပြည့်ဝရေးအတွက်ပါ မိမိတို့ဆက်လက် ကူညီသွားရန် အဆင်သင့်ရှိကြောင်း ပြောကြားလိုသည်။
သြစတြေးလျားသံရုံး
အီဂျစ်သံရုံး
ပြင်သစ်သံရုံး
ဂျာမဏီသံရုံး
ဂျပန်သံရုံး
ဆော်ဒီအာရေးဗီယားသံရုံး
တူရကီသံရုံး
ဗြိတိန်သံရုံး
အမေရိကန်သံရုံး
(Source: Internet)
--
Posted By အောင်မျိုးကျော် to Richard Aung at 11/10/2012 03:48:00 PM --
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
