[mrsorcerer:35865] Fwd: သစ်ထူးလွင်



---------- Forwarded message ----------
From: Thit Htoo Lwin
Date: Monday, November 12, 2012
Subject: သစ်ထူးလွင်
To: snsoenaing4@gmail.com


သစ်ထူးလွင်

________________________________

စဉ့်ကိုင်မြို့နယ်ရှိ မြစည်းခုံ စေတီတော်ကြီး ငလျှင်ကြောင့် ပျက်စီး
နောက်ဆက်တွဲ ငလျင်လှုပ်ခတ်မှုကြောင့် ဒေသခံတွေ စိုးရိမ်
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် အိန္ဒိယ ခရီးစဉ် ထွက်ခွာ
Online Charging နှင့် Convergent Billing စနစ် ၀န်ကြီး စစ်ဆေး
နိုဝင်ဘာလ (၁၁)ရက်နေ့ ထုတ် မော်နီတာ သတင်း ဂျာနယ် အတွဲ (၂)၊ အမှတ် (၂၇)
၈၈ မျိုးဆက် မွန်ပြည်နယ် ခရီးစဉ် (ရုပ်/သံ)
တရုတ်လူမျိုးတစ်ဦးက အမှိုက်ကောက် ကလေးငယ် တစ်ဦးအား ရိုက်နှက်ခဲ့သဖြင့် ရုန်းရင်းဆန်ခတ် ဖြစ်ပွါး
လယ်သမားနှင့် အင်းသူကြီးတို့ပြသနာ တိုင်ကြားထားသော်လည်းဖြေရှင်းပေးခြင်းမရှိသေး
ရခိုင်ပြည်နယ်တွင် ပင်လယ်ရေကြောင်းလုံခြုံရေးအားနည်း
ကျောက်တော်မြို့နယ် အတွင်း နိုင်ငံသားကတ် ကိုင်ဆောင် ထားသည့် ဘင်္ဂါလီ လူမျိုးမရှိ
SHADE ဂျာနယ်၊ အတွဲ(၇)၊အမှတ်(၁)၊နိုဝင်ဘာ(၁၄)ရက်နေ့မှ(၂၀)ရက်နေ့အထိ။
" ပြည်တွင်းငြိမ်းချမ်းရေးကို အမှန်တကယ်တည်ဆောက်လိုကြလျှင် "
ငလျင်ဒဏ်ခံ ပြည်သူများအတွက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ သိန်း(၁၀၀) လှူဒါန်း
တောင်ကုတ်မြို့နယ် NLD ကျေးရွာရုံး တိုက်ခိုက်ခံရ
နိုဝင်ဘာ ၁၂ ရက်နေ့ထုတ် Weekly Eleven News Journal အတွဲ ၈ အမှတ် ၆
နောက်ဆက်တွဲ ငလျင်ဒဏ် စိုးရိမ်ရ
ငလျင်ကြီးနောက် နောက်ဆက်တွဲငလျင်တွေလှုပ်
တပ်မတော်နဲ့ လက်နက်ကိုင် မောင်တောမှာတိုက်ပွဲဖြစ်
ကျွန်တော်တို့ရဲ့ ရန်ကုန်ပြည်သူ့ဆေးရုံကြီး
ပျက်စီး ၊ သေဆုံး ၊ ဒဏ်ရာရမှု တချို့ ဖြစ်ပေါ်ခဲ့တဲ့ ရွှေဘို ငလျှင် (သတင်း-ရုပ်/သံ)
ပြည်တွင်းထုတ် ဂျာနယ်များတွင် မြန်မာ့ယဉ်ကျေးမှုနှင့် ဆန့်ကျင်သော အမျိုးသမီးပုံများ ဖော်ပြနေခြင်းကိစ္စ
ပုဂံမှာ ဟိုတယ်တွေ တည်ဆောက် နေတာရပ်ဖို့ ဒေသခံတွေ တောင်းဆို
ဝါ၀ါဝင်းရှေ့ကလယ်သမားတွေ ဇာတ်နာလွန်းပြီ
စံရိပ်ငြိမ်ဖြစ်စဉ်ပါဝင်သူများ ရဲတပ်ဖွဲ့မှ စုံစမ်းနေပြီ
ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း သပိတ်ကျင်းမြို့မှ ငလျင်ဒဏ်သင့် ဒေသခံ ပြည်သူများအား တွေ့ဆုံအားပေး

စဉ့်ကိုင်မြို့နယ်ရှိ မြစည်းခုံ စေတီတော်ကြီး ငလျှင်ကြောင့် ပျက်စီး

Posted: 12 Nov 2012 08:09 AM PST

၁၁.၁၁.၁၂ ၊ နံနက် ၇ နာရီ ၄၂ မိနစ် တွင် လှုပ်ခတ် သွားသော မြေငလျင် ဒဏ်ကြောင့် မန္တလေးတိုင်း ဒေသကြီး ကျောက်ဆည် ခရိုင် စဉ့်ကိုင်မြို့နယ် တအုံရွာ ၌ တည်ရှိသော မြစည်းခုံ စေတီ တော်ကြီးမှာ စိန်ဖူးတော် ပြတ်ထွက် သွားခြင်း၊ ကြာမှောက် ကြာလှန်များ ပျက်စီး သွားခြင်း တို့ ဖြစ်ပေါ် ခဲ့ပါသည်။

၎င်း အဖြစ်အပျက်နှင့် ဓာတ်ပုံများကို ယင်း မြစည်းခုံ ကျောင်း ဆရာတော် ဦဿးသန မှ ပေးပို့ တင်ပြထားခြင်း ဖြစ်ပါသည်။

by Myanmar News Now






                                        
http://feeds.feedburner.com/thithtoolwin/yIWV

နောက်ဆက်တွဲ ငလျင်လှုပ်ခတ်မှုကြောင့် ဒေသခံတွေ စိုးရိမ်

Posted: 12 Nov 2012 07:53 AM PST

မြန်မာပြည် အလယ်ပိုင်း ဒေသမှာ တနင်္ဂနွေနေ့ မနက်ပိုင်းက ပြင်းအား ၆ဒသမ၈ အဆင့်ရှိ ငလျင်ကြီး ပြင်းပြင်း ထန်ထန် လှုပ်ခတ် ပြီးတဲ့နောက် ပြင်းအား အတန်အသင့်ရှိတဲ့ ငလျင်ငယ် တွေဟာ ဒီမနက်ထိ ဆက်လက် လှုပ်ခတ် နေဆဲဖြစ်ပါတယ်။ ဒီလို ငလျင်ငယ်တွေ ဆက်တိုက် လှုပ်ခတ်နေ တာကြောင့် ဒေသခံ ပြည်သူတွေဟာ အထိတ်တလန့် ဖြစ်နေကြပြီး မိုးဇလဌာန ငလျင်ဌာနခွဲက တာဝန်ရှိသူတဦးက ငလျင်ဒဏ်ခံခဲ့ရတဲ့ အဆောက်အဦးတွေရဲ့ ကြံခိုင်မှုကို သေချာ စစ်ဆေးမှု မလုပ်ဘဲ ဆက်လက် မနေထိုင်ဖို့ အတွက် သတိပေး ပြောကြားပါတယ်။ သတင်းအပြည့်အစုံကို ထိုင်းအခြေစိုက် သတင်းထောက် ကိုမိုးဇော်က တင်ပြပါမယ်။

တနင်္ဂနွေနေ့ မနက် ၇နာရီ ၄၂မိနစ်ကျော်မှာ စစ်ကိုင်းတိုင်းဒေကြီး  ရွှေဘိုမြို့ မြောက်ဖက် ၄၅မိုင်အကွာမှာ ဗဟိုပြုလှုပ်ခတ်ခဲ့တဲ ပြင်းအား ၆ဒသမ၈ အဆင့်ရှိ ငလျင်ကြီး လှုပ်ခတ်ပြီးတဲ့နောက်မှာ အဲ့ဒီ့နေ့မှာပဲ ပြင်းအား ရစ်ခ်ျတာ စကေး အဆင့် ၅လောက်ရှိတဲ့ နောက်ဆက်တွဲ ငလျင်ငယ် ၃ခု ဆက်လက်လှုပ်ခတ်ခဲ့ပါတယ်။

ဒီလိုနောက်ဆက်တွဲ ဆက်လက်ဖြစ်ပေါ်နေတဲ့ငလျင်ငယ်တွေဟာ ဒီကနေ့ အထိလည်း ဆက်လက် လှုပ်ခတ် နေဆဲဖြစ်တယ်လို့ ငလျင်ဒဏ်ကို အဆိုးဝါးဆုံး ခံခဲ့ရတဲ့ ရွှေဘိုခရိုင် ကျောက်မြောင်းမြို့နယ်ခွဲက ဒေသခံ တယောက်က ပြောပါတယ်။

"ငလျင်ကလည်းအခုထိ လှုပ်တုံး။ ဒီနေ့ မနက် ၉နာရီကျော်က အထိလှုပ်သွားသေးတယ်ဗျာ။ လူတွေ ထိတ်လန့်ယုံလောက်ပဲ ဖြစ်တယ်ဗျ။"

အခြားထိခိုက်မှုများပြားခဲ့တဲ့ မန္တလေးတိုင်း ဒေသကြီးက စဉ့်ကူးမြို့က ဒေသခံတဦးကတော့ ညကလည်း ငလျင်ငယ်တွေ အဆက်မပြတ်ဆိုသလို လှုပ်ခတ်နေတာကြောင့် လူတွေ အထိတ်တလန့်နဲ့ ဖြစ်ခဲ့ကြတယ်လို့ ပြောပါတယ်။

"ညပိုင်းကတော့ ၃ခါလောက် ၄ခါလောက် ဆက်တိုက်ပေါ့ဗျာ။ မနေ့ညကတော့ မအိပ်ရဘူးပေါ့ဗျာ။ လူတွေကတော့ အပြင်ဖက်ထွက်အိပ်နေကြတာပေါ့။ ဒါပေမဲ့ မအိပ်ရဘူး။ ခဏလေး နာရီ တနာရီ နှစ်နာရီလောက်ခြားပြီးရင် တခါ လှုပ်လိုက်ပေါ့။ သူက လင်းပိုင်းလောက်ထိ ၄နာရီလောက်ထိ လှုပ်တယ်ဗျ။ လှုပ်တာက ကျနော်တို့ ၁၂ခွဲလောက်က တော်တော်လေး လှုပ်လိုက်သေးတယ်ဗျ။ နောက်တခါ ၂နာရီလောက်က တခါ လှုပ်လိုက်သေးတယ်ဗျ။ ညပိုင်းကိုက ၃ခါ ၄ခါလောက်က အတော်လှုပ်တယ်ဗျ။ အရင်နီးပါးလောက် မပြင်းပေမဲ့လည်း အတော်ကို သိသာတယ်ဗျ။"

မိုးလေ၀သနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဒီနေ့ထုတ်ပြန်တဲ့သတင်းမှာတော့ သန်းခေါင်ကျော် ၁နာရီအချိန်လောက်မှာ ပြင်းအား ၅ဒသမ၇ ရစ်ခ်ျတာစကေးရှိတဲ့ ငလျင်တခု ထပ်မံလှုပ်ခတ်ခဲ့ကြောင်း ဖော်ပြပါတယ်။

မိုးဇလဌာန ငလျင်ဌာနခွဲ၊ ဦးစီးအရာရှိ ဦးကျော်ကျော်လင်းကတော့ ငလျင်ကြီးတခုလှုပ်ပြီးတဲ့နောက် ရက်ပိုင်းကနေ လပိုင်းကြာအောင်အထိ ငလျင်ငယ်တွေ ဆက်တိုက်ဆိုလို ဆက်လက်လှုပ်ခတ်တတ်ကြောင်း ပြောပါတယ်။ တချို့ ပြင်းအား ၃လောက်သာ ရှိတဲ့ ငလျင်ငယ်တွေကိုတော့ သက်ဆိုင်ရာဌာနက တိုင်းထွာဖို့ ခက်ခဲကြောင်း ပြောပါတယ်။

"သူတို့ဒေသမှာတော့ အသေးလေးတွေပေါ့ဗျာ။ အသေးလေးတွေဆိုတာက ၃အဆင့်လောက်ပဲ ရှိတဲ့ ဟာမျိုးတွေပေါ့။ ၃ဆင့်လောက်ရှိတဲ့ဟာကျ ကျနော်တို့ တိုင်းထွာရေးစက်တွေနဲ့ နည်းနည်း ဝေးကွာ နေတဲ့အခါကျ တခါတလေ record မရတတ်ဘဲ ရှိတတ်တယ်။ ကျနော်တို့ရဲ့ တိုင်းထွာရေး စခန်းတွေက ဘယ်မှာရှိလဲဆို အဲဒီဖက်နဲ့ အနီးဆုံးဆို မန္တလေးမှာ ရှိတယ်။ မန္တလေးစက်က အဲဒီနားဆိုရင် ၄ အဆင့်၊ ၅အဆင့်လောက်မှ တိုင်းထွာလို့ ရတာ။ ၃အဆင့်လောက်ကျ ဒီစက်တွေက record မ၀င်ဘူး။ ဒါပေမဲ့ ဒေသခံတွေကတော့ ၃လောက်ဆိုရင်ကို ဘာပဲ ပြောပြော ငလျင်လှုပ်တယ်ဆိုပြီးတော့ သတိပြုမိတာပေါ့။"

ဒီလိုနောက်ဆက်တွဲငလျင်ငယ်တွေ ဆက်လက်လှုပ်ခတ်တတ်တာကြောင့် ငလျင်ကြီးလှုပ်စဉ်က ထိခိုက်ပျက်ဆီးခဲ့တဲ့နေအိမ်တွေကို သေချာစစ်ဆေးမှုမရှိဘဲ မနေထိုင်ဖို့ကိုလည်း ဦးကျော်ကျော်လင်းက အကြံပြုထားပါတယ်။

"ငလျင်ကြီးလှုပ်ခဲ့တဲ့အချိန်တုံးက ကိုယ်အိမ်တွေဘာတွေ ပျက်ဆီးသွားတယ်။ တချို့အိမ်တွေ ပြိုကျသွားတယ်ဆို အဲဒီပြိုကျနေတဲ့အဆောက်အဦးတွေ ပျက်ဆီးနေတဲ့ အဆောက်အဦးတွေကိုတော့ သေချာ အင်ဂျင်နီယာတွေနဲ့ စစ်ဆေးပြီးမှပဲ ပြန်လည်နေထိုင်တာတော့ ပိုပြီး သင့်တော်ပါတယ်။ အဲ့လို ပြိုပျက်သွားတဲ့ အဆောက်အဦး တွေက နောက်ထပ် ငလျင်ငယ်လေးတွေ လှုပ်လည်း ပြန်ပြီးတော့ နံရံတွေ ပြိုကျတာတို့ ဘာတို့ စသည့်ဖြင့် ပိုပြီးတော့ ပျက်နိုင်ပါတယ်။ ပျက်နိုင်တဲ့ အတွက်ပေါ့လေ။ အဲ့လိုအဆောက်အဦး ဆိုရင်တော့ သေချာ ပြုပြင်ပြီးမှ ပြန်နေတာက ပိုသင့်တော်ပါတယ်။ လောလောဆည်တော့ အဲလို ပျက်ဆီးနေတဲ့ နေအိမ်တွေမှာ မနေဘဲနဲ့ တခြား ဆွေမျိုးသားချင်းအိမ်ပေါ့။ သို့မဟုတ် ယာယီအိမ်တွေမှာ သွားပြီး ရွှေ့ပြောင်းနေတာက ပိုပြီး သင့်တော်ပါတယ်။"

အစိုးရပိုင်သတင်းစာတွေမှာလည်း ငလျင်လှုပ်ချိန်နဲ့ လှုပ်ပြီးနောက် လိုက်နာဆောင်ရွက်ရမဲ့ အချက်တွေကို ဖော်ပြပြီး သတိပေးနိုးဆော်ထားပါတယ်။ တနင်္ဂနွေနေ့က လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် ကျောက်မြောင်းနဲ့ စဉ်ကူးမြို့ကို ဆက်သွယ်ဖို့ ဆောက်လုပ်နေတဲ့ ရတနာသိင်္ဃခေါ် ဧရာဝတီ မြစ်ကူးတံတားပျက်ဆီးခဲ့သလို ဘုရားစေတီတွေ၊ ဘုန်းတော်ကြီးကျောင်းတွေနဲ့ အဆောက်အဦးတွေပျက်ဆီးခဲ့ရပြီး အနည်းဆုံး လူ တဒါဇင်လောက် သေဆုံးခဲ့ပါတယ်။ သမ္မတရုံး Website မှာတော့ ခြောက်ဦးသေဆုံးကြောင်း ဖော်ပြပါတယ်။

ငလျင်လှုပ်ခတ်ပြီးနောက်မှာတော့ နိုင်ငံတော် ဒုသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းနဲ့အဖွဲ့ဟာ ငလျင်ဘေးသင့်တဲ့ဒေသကို ချက်ချင်းသွားရောက်ပြီး ဆေးဝါး၊ အစားအသောက်နဲ့ ထောက်ပံ့ငွေတွေ ပေးအပ်နေပါတယ်။ လောလောဆယ်မှာ စစ်ကိုင်းနဲ့ မန္တလေးတိုင်းဒေသကြီးက အာဏာပိုင်တွေနဲ့ လူမှုအဖွဲ့အစည်းတွေကလည်း ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေကို ဆောင်ရွက်နေပါတယ်။

ပြီးခဲ့တဲ့နှစ် မတ်လအတွင်းကလည်း ရှမ်းပြည်နယ်အရှေ့ပိုင်း လွယ်မွေမြို့အနီးမှာ ဗဟိုပြုပြီး ပြင်းအားအဆင့် ၇ ရှိ ငလျင်လှုပ်ခတ်ခဲ့တာကြောင့် လူ ၇၀ကျော်သေဆုံးကြောင်း အစိုးရက သတင်းထုတ်ပြန်ပါတယ်။ ဒေသခံတွေကတော့ အနည်းဆုံး လူ ၁၃၀ကျော်လောက် သေဆုံးခဲ့တယ်လို့ ခန့်မှန်းပြီး ဒီငလျင်ကြီးလှုပ်ခတ်ပြီးတဲ့နောက်မှာ လနဲ့ချီပြီး ငလျင်ငယ်လေးတွေ မကြာခဏဆိုသလို လှုပ်ခတ်ခဲ့ပါတယ်။

 ကိုမိုးဇော် (ဗွီအိုအေ)
http://feeds.feedburner.com/thithtoolwin/yIWV

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် အိန္ဒိယ ခရီးစဉ် ထွက်ခွာ

Posted: 12 Nov 2012 07:06 AM PST

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ည (၇)နာရီ မိနစ်(၄၀)တွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ အိန္ဒိယနိုင်ငံ ခရီးစဉ်သို့ ထွက်ခွာ သွားခဲ့သည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


ဓါတ်ပုံ- National League for Democracy

http://feeds.feedburner.com/thithtoolwin/yIWV

Online Charging နှင့် Convergent Billing စနစ် ၀န်ကြီး စစ်ဆေး

Posted: 12 Nov 2012 06:50 AM PST

ဆက်သွယ်ရေးနှင့် သတင်း အချက်အလက် နည်းပညာ ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသိန်းထွန်းသည် ယမန်နေ့မွန်းတည့် ၁၂ နာရီက မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း ရန်ကုန်မြို့ဟံသာဝတီရှိသတင်း အချက်အလက် နည်းပညာ ဌာနနှင့် အော်တိုတယ်လီဖုန်း စခန်း၌ ပြည်ပ နိုင်ငံများနှင့် အင်တာနက် ချိတ်ဆက်ထားမှု၊ ADSL သုံးစွဲသူများ လွယ်ကူ အဆင် ပြေစေရေး စီမံ ဆောင်ရွက် ထားရှိမှု၊ ကြိုးဖုန်း (Auto Phone) သုံးစွဲသူများ အတွက် ဆောင်ရွက် ထားရှိမှု များကို လည်းကောင်း၊ နံနက် ၉ နာရီခွဲတွင် မိုဘိုင်းလ် ဆက်သွယ်ရေး စခန်း ဗဟန်း အိတ်ချိန်းရှိ GSM မိုဘိုင်းလ် တယ်လီဖုန်း များအတွက် Online Charging System (OCS) ၏ ဆောင် ရွက် နေပုံများနှင့် အလုံ အိတ်ချိန်းရှိ CDMA မိုဘိုင်းလ် တယ်လီဖုန်း များအတွက် Convergent Billing System (CBS)ဆောင်ရွက်နေပုံ များကိုလည်းကောင်း လိုက်လံ ကြည့်ရှု စစ်ဆေးသည်။

တယ်လီဖုန်း သုံးစွဲသူများ အနေနှင့် အမှန်တကယ် သုံးစွဲ ခဲ့သည့်အတိုင်း တယ်လီဖုန်း သုံးစွဲခများ ပေးဆောင် နိုင်ရန် တယ်လီဖုန်း သုံးစွဲခ ကောက်ခံမှု စနစ်များသည် မှန်ကန် မြန်ဆန်ပြီး ထင်သာမြင်သာ ရှိရမည် ဖြစ်သည့်အပြင် မိမိတို့ ဌာနနှင့် ပတ်သက်၍ စမ်းသပ်စစ်ဆေး လိုပါက မှန်ကန်စွာ ရှင်းလင်း ပြောကြား ပေးကြရန်နှင့် GSM တယ်လီဖုန်းများ အတွက် ဖုန်းခေါ်ဆိုခ ကောက်ယူမှု စနစ် Online Charging System (OCS) နှင့် CDMA ဖုန်းများအတွက် ဖုန်းခေါ်ဆိုခ ကောက်ခံမှု စနစ် Convergent Billing System (CBS)တို့ကို မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း အနေဖြင့် အာမခံ တာဝန်ယူ ဆောင်ရွက် ကြရမည် ဖြစ်ကြောင်း ပြည်ထောင်စု ဝန်ကြီးက လှည့်လည်စစ်ဆေး ကြည့်ရှုစဉ် မှာကြားခဲ့သည်။

GSM မိုဘိုင်းလ် တယ်လီဖုန်း များအတွက် ဒေါ်တင်နွယ်မိုး (လက်ထောက် အင်ဂျင်နီယာ ဖုန်း ဝ၉-၅၁ဝဝ ဝဝ၁)၊ ဒေါ်ခင်ဖြိုး (အင်ဂျင်နီယာမှူး ဖုန်း ဝ၉- ၅ဝ၂၁ဝ၁ဝ)၊ CDMA မိုဘိုင်းလ် တယ်လီဖုန်း များအတွက် ဦးသန့်ဇင်ထွေး (လက်ထောက် အင်ဂျင်နီယာ ဖုန်း ဝ၉- ၇၃ဝဝ ဝ၁ဝဝ)၊ ဦးကိုကိုအောင် (အင်ဂျင်နီယာမှူး ဖုန်း ဝ၉- ၈၅ဝဝ ဝဝ၁) နှင့် ကြိုးဖုန်း (Auto Phone) များအတွက် ဦးဇော်မင်းဦး (အင်ဂျင်နီယာမှူး ဖုန်း ဝ၉- ၅၄၂ ၁ဝ၇၇) တို့ထံ တယ်လီဖုန်း ခေါ်ဆိုခ များနှင့် ပတ်သက်၍ ဆက်သွယ် မေးမြန်းနိုင်ကြောင်း သိရသည်။

မြ၀တီ


http://feeds.feedburner.com/thithtoolwin/yIWV

နိုဝင်ဘာလ (၁၁)ရက်နေ့ ထုတ် မော်နီတာ သတင်း ဂျာနယ် အတွဲ (၂)၊ အမှတ် (၂၇)

Posted: 12 Nov 2012 06:34 AM PST

နိုဝင်ဘာလ (၁၁)ရက်နေ့ ထုတ် မော်နီတာ သတင်း ဂျာနယ် အတွဲ (၂)၊ အမှတ် (၂၇)

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



http://feeds.feedburner.com/thithtoolwin/yIWV

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ