From: Thit Htoo Lwin <noreply@blogger.com>
Date: 2012/11/15
Subject: သစ်ထူးလွင်
To: snsoenaing4@gmail.com
သစ်ထူးလွင် |
- အခြေခံဥပဒေ ခုံရုံးဥပဒေကြမ်း ဖြည့်စွက်စာသားအား တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ ကန့်ကွက်
- မြန်မာ့ ဒီမိုကရေစီ ခေါင်ဆောင်း ဒေါ်အောင်ဆန်းစုကြည် ၏ အိန္ဒိယ ခရီးစဉ် ဓါတ်ပုံစုစည်းမှု
- ATM စက်များတွင် တစ်နေ့လျှင် အများဆုံး ကျပ်ငွေ(၉)သိန်းသာ ထုတ်ယူနိုင်
- နယ်စပ်ဖြတ်ကျော်ဝင်/ထွက်မှုများကြောင့် ကြိမ်ချောင်း-တောင်ပြို ကားလမ်းအား ရက်အကန့် အသန့်မရှိ ပိတ်
- ကမ္ဘာသုံး Master Card များမြန်မာနိုင်ငံတွင် စတင်အသုံးပြုနိုင်ပြီ
- သမ္မတ အိုဘားမား မြန်မာခရီးစဉ် မြောက်ကိုရီးယား အန္တရာယ် ပူပန်
- နယူးဒေလီရှိ မြန်မာသံရုံးသို့ ဒေါ်အောင်ဆန်းစုကြည် လည်ပတ်
- တကျော့ပြန်လာပြီဖြစ်တဲ့ သမ္မတ နဲ့ လွှတ်တော်ဥက္ကဋ္ဌ အားပြိုင်မှု
- အစိုးရလွတ်ငြိမ်းချမ်းသာခွင့် နိုင်ငံရေးအကျဉ်းသားမပါ
- ဆီတွဲရထား တိမ်းမှောက်ပြီး မီးလောင်ဒဏ်ရာရသူများ အကူအညီလိုအပ်
- သစ္စာရှိသော သခင်
- နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား ဆွေးနွေးမည်
- နိုဝင်ဘာလ (၁၂)ရက်နေ့ ထုတ် အလင်းတန်းဂျာနယ် အမှတ်စဉ် ၇၃၀
- အဆိုတော် ခင်မောင်တိုး ကွယ်လွန်
- မြန်မာစစ်တပ် ယာဉ်တန်းကို ကေအိုအေ မိုင်းခွဲတိုက်ခိုက်
- တရုတ် ကွန်မြူနစ် ပါတီ ခေါင်းဆောင်ပိုင်း အပြောင်းအလဲစတင်
- ဟားမက် စစ်ခေါင်းဆောင် ကျဆုံး
- အကျဉ်းသား (၄၅၂) ဦး လွတ်ငြိမ်းသက်သာခွင့်ပြု
- ဂန္ဒီ နေရူးကို ဒေါ်အောင်ဆန်းစုကြည် အတုယူ
- ဒေါ်အောင်ဆန်းစုကြည် နေရူးခန်းမမှာ မိန့်ခွန်းပြောကြား
- ကျားဖြူနဲ့ ဖလုံစဝေါ် ဒီမိုမဟာမိတ် ကထွက်
| အခြေခံဥပဒေ ခုံရုံးဥပဒေကြမ်း ဖြည့်စွက်စာသားအား တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ ကန့်ကွက် Posted: 15 Nov 2012 07:14 AM PST နေပြည်တော်၊ နိုဝင်ဘာ ၁၅ ယနေ့ ပြုလုပ်သော ပြည်သူ့ လွှတ်တော် အစည်းအဝေး သို့ အမျိုးသား လွှတ်တော်က ပေးပို့ လာသည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ခုံရုံးဆိုင်ရာ ဥပဒေကြမ်း ပါ အသစ် ဖြည့်စွက် ရမည့် စာသားကို တပ်မတော် သား လွှတ်တော် ကိုယ်စားလှယ် များနှင့် အရပ်သား လွှတ်တော် ကိုယ်စားလှယ် နှစ်ဦးတို့က မတ်တတ် ရပ်ကာ ကန့်ကွက် ခဲ့ကြောင်း နေပြည်တော် The Voice Weekly သတင်းထောက်က သတင်း ပေးပို့သည်။ အဆိုပါ စာသားမှာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ခုံရုံး ဆိုင်ရာ ဥပဒေကြမ်းပါ ပုဒ်မ-၁၂/ (ဇ) အောက်တွင် အသစ် ဖြည့်စွက် ရမည့် စာသား ဖြစ်သော မိမိတို့၏ လုပ်ငန်း တာဝန်များ၊ ဆောင်ရွက်ချက် များနှင့် စပ်လျဉ်း၍ မိမိတို့အား ရွေးချယ်သည့် သက်ဆိုင်ရာ နိုင်ငံတော် သမ္မတ၊ ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ (သို့မဟုတ်) အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ ထံသို့ အသိပေး အစီရင် ခံခြင်းနှင့် ပတ်သက်သော စာသား ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။ "ခုံရုံး ဆိုတာက လွတ်လပ်တဲ့ အဖွဲ့အစည်း ဖြစ်တဲ့ အတွက် အစီရင်ခံစရာ မလိုဘူး၊ အကယ်၍ အစီရင်ခံမယ် ဆိုရင် နိုင်ငံတော် သမ္မတ၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၊ အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ လက်အောက် ကို ရောက်သွားမှာ ဖြစ်တာကြောင့် ကန့်ကွက်တာ ဖြစ်ပါတယ်'' ဟု ကန့်ကွက် ရာတွင် ပါဝင်သည့် သီပေါ မြို့နယ် အရပ်သား ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဖြစ်သူ ဦးရဲထွန်းက ဆိုသည်။ ယနေ့တွင် ယင်းစာသားနှင့် ပတ်သက်၍ ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌက သဘောတူ၊ မတူ ဆန္ဒ တောင်းခံ ခဲ့ရာ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် ၁၀၁ ဦးနှင့် အရပ်သား ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် နှစ်ဦး တို့က ကန့်ကွက် ဆန္ဒမဲ ပေးခဲ့ကြခြင်း ဖြစ်သည်။ ယနေ့ ပြုလုပ်သော ပထမ အကြိမ် ပြည်သူ့ လွှတ်တော် ပဉ္စမ ပုံမှန် အစည်းအဝေး ဆယ့်သုံးရက် မြောက် နေ့တွင် လွှတ်တော်သို့ တက်ရောက်ခွင့် ရှိသူ ၄၂၉ ဦးတွင် ၃၈၀ ဦးတက်ရောက် ခဲ့ပြီး တက်ရောက်မှု ရာခိုင်နှုန်း ၈၈.၅၈ ရာခိုင်နှုန်း ရှိကြောင်း၊ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် ကိုးဦး ခွင့်ဖြင့် ပျက်ကွက်ကြောင်း လွှတ်တော် ရောက် The Voice Weekly သတင်းထောက် က သတင်း ပေးပို့သည်။ The Voice Weekly | ||||
| မြန်မာ့ ဒီမိုကရေစီ ခေါင်ဆောင်း ဒေါ်အောင်ဆန်းစုကြည် ၏ အိန္ဒိယ ခရီးစဉ် ဓါတ်ပုံစုစည်းမှု Posted: 15 Nov 2012 06:40 AM PST ဒေါ်အောင်ဆန်း စုကြည် ရဲ့ ဖခင် မြန်မာ့ လွတ်လပ်ရေး ဖခင်ကြီးနဲ့ အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းဟာ တိုင်းပြည် ဗြိတိသျှ ကိုလိုနီ လက်အောက်က လွတ်မြောက်ဖို့ ကြိုးပမ်းတဲ့ ကာလတွေမှာ အိန္ဒိယ ခေါင်းဆောင် တွေနဲ့ အင်မတန် ရင်းနှီးတဲ့ ခင်မင်မှုတွေ ရှိခဲ့ကြပါတယ်။ (ဘီဘီစီ) ဓါတ်ပုံပေါင်း (၄၂)ကို တဆက်တည်း ကြည့်ရှုနိုင်ပါတယ် ဒီနေရာကို နှိပ်ပါ | ||||
| ATM စက်များတွင် တစ်နေ့လျှင် အများဆုံး ကျပ်ငွေ(၉)သိန်းသာ ထုတ်ယူနိုင် Posted: 15 Nov 2012 05:56 AM PST Master Card ၊ Maestro ၊ Cirrus Card များကို ကိုင်ဆောင်ထားသူများအနေဖြင့် CB ဘဏ် ATM စက်များတွင် နိုဝင်ဘာ (၁၅) ရက်နေ့မှ စတင်ကာငွေများ စတင်ထုတ်ယူနိုင်ပြီဖြစ်ကြောင်း သိရသည်။ အဆိုပါ ကတ်ကိုင်ဆောင်ထားသူများအနေဖြင့် ATM စက်များတွင် တစ်နေ့လျှင် သုံးကြိမ်သာ ထုတ်ယူနိုင်မည်ဖြစ်ပြီး တစ်ခါထုတ်ယူပါက ငွေကျပ် သုံးသိန်းအထိသာ ထုတ်ယူနိုင်ခြင်းသည်။ "လောလောဆယ်တော့ အဲ့လိုသုံးမျိုးကို ထုတ်ပေးလို့ရတယ်။ တစ်နေ့ကို သုံးကြိမ်အထိ ထုတ်လို့ ရပါတယ်။ ပြီးတော့ တစ်ခါထုတ်ရင် သုံးသိန်းအထိ ထုတ်ပေး လို့ရတယ်။" ဟု CB ဘဏ်မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ အဆိုပါကတ်များအား CB ဘဏ်၏ ATM စက်ထားရှိသည့် နေရာ ဒေသအသီးသီး၌ (၂၄)နာရီ ထုတ်ယူနိုင်ခြင်းဖြစ်ပြီး ATM စက်မှာ တစ်နိုင်ငံလုံးတွင် (၃၆) လုံးရှိသည်။ တစ်ခါထုတ်ယူပါက Master Card charges အနေဖြင့် ငွေကျပ်(၅၀၀၀) ဖြတ်တောက် သွားမည် ဖြစ်ကြောင်းကိုလည်း သိရသည်။ "Master က ချမှတ်ပေးထားတဲ့ နှုန်းအတိုင်းပဲ။ Master ကတ်ပေါ်မှာထုတ် တဲ့အတွက် ကွန်မြူနစ်ကေး ရှင်း ယူတဲ့သဘောပါ။ အနည်းအများ အပေါ် မခွဲတော့ဘူး။" ဟု CB ဘဏ်မှ တာဝန်ရှိသူ တစ်ဦးက ဆက်ပြောသည်။ CB ဘဏ်သည် နိုဝင်ဘာ (၃) ရက်နေ့တွင်လည်း အီလက်ထရွန်းနစ် ငွေချေစနစ် ကုမ္ပဏီတစ်ခု ဖြစ် သည့် VISA ကုမ္ပဏီနှင့် လိုင်စင်စင်သဘောတူညီချက် ရေးထိုးခဲ့ပြီး ၂၀၁၃ ခုနှစ် ဧပြီလတွင် စတင် အသုံးပြုနိုင်ရန်လျာထားကြောင်း သိရသည်။ ထက်အောင်ခန့်(မြစ်မခ) by Myit Makha Mediagroup | ||||
| နယ်စပ်ဖြတ်ကျော်ဝင်/ထွက်မှုများကြောင့် ကြိမ်ချောင်း-တောင်ပြို ကားလမ်းအား ရက်အကန့် အသန့်မရှိ ပိတ် Posted: 15 Nov 2012 05:36 AM PST မြန်မာ-ဘင်္ဂလားဒေ့ရှ် မောင်တော နယ်စပ် ဒေသများ၌ ကုန်းလမ်းခရီး နှစ်နိုင်ငံ ပို့ကုန်သွင်းကုန် လုပ်ငန်းများ လည်ပတ် စီးဆင်း ရာတွင် အဓိက အရေးပါ နေသော လမ်းပိုင်းဖြစ်သည့်  ကြိမ်ချောင်း-တောင်ပြို ကားလမ်းအား ဒေသတွင်း အခြေအနေ များကြောင့် သက်ဆိုင်ရာမှ ရက်အကန့် အသန့်မရှိ ပိတ်ထားကြောင်း ကြိမ်ချောင်း ကားဂိတ်မှ ယာဉ်မောင်းများနှင့် ပို့ကုန် လုပ်ငန်းရှင် အချို့ ထံမှ သိရသည်။ သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||||
| ကမ္ဘာသုံး Master Card များမြန်မာနိုင်ငံတွင် စတင်အသုံးပြုနိုင်ပြီ Posted: 15 Nov 2012 05:22 AM PST ကမ္ဘာ တစ်ဝှမ်းလုံးတွင် သယ်ယူ အသုံးပြုနိုင်သော Master Card များကို နိုဝင်ဘာလ ၁၅ ရက်နေ့ မှ စတင်ကာ CB ဘဏ် ATM စက်များတွင် အသုံးပြု နိုင်ပြီဖြစ်ပြီး နိုင်ငံစီးပွားဖွံ့ ဖြိုး တိုးတက်စေရန်နှင့် ဟိုတယ်ခရီးသွား လုပ်ငန်းများ ပိုမိုတိုးတက် လာစေမည့် ခြေလှမ်းသစ် ဖြစ်ကြောင်း သိရသည်။ "CB ဘဏ်က ATM စက်များဖြင့် နိုင်ငံတကာ ငွေပေးချေခြင်းကို ---- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||||
| သမ္မတ အိုဘားမား မြန်မာခရီးစဉ် မြောက်ကိုရီးယား အန္တရာယ် ပူပန် Posted: 15 Nov 2012 04:42 AM PST အမေရိကန် သမ္မတ အိုဘားမား၏ မြန်မာနိုင်ငံ ခရီးစဉ်နှင့် ပတ်သက်၍ လုံခြုံရေး စိုးရိမ်မှု မှာ မြောက်ကိုရီးယား ဖြစ်ကြောင်း သံတမန် သတင်း ရပ်ကွက်တခုက ပြောသည်။ သမ္မတ အိုဘားမား၏ အတွက် လုံခြုံရေးကို အမေရိကန် Secret Service များက ၎င်းတို့ဘာသာ လုပ်ဆောင်ခွင့် မြန်မာဘက်က ပေးထားပြီး လက်နက်များပါ မိမိအစီအစဉ်ဖြင့် သယ်ယူ တင်သွင်းခွင့် ပြုထားကြောင်း သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||||
| နယူးဒေလီရှိ မြန်မာသံရုံးသို့ ဒေါ်အောင်ဆန်းစုကြည် လည်ပတ် Posted: 15 Nov 2012 04:08 AM PST ဒေါ်အောင်ဆန်းစုကြည်သည် နယူးဒေလီတွင် ရှိသည့် မြန်မာ သံရုံးသို့ ကြာသပ တေးနေ့ နံနက် ၁၁ နာရီ မိနစ် ၂ဝ တွင်သွားရောက် လည်ပတ်ခဲ့သည်။ မြန်မာသံရုံး ယာယီတာဝန်ခံ ဦးဘလှအေး အပါအဝင် သံရုံး မိသားစုများက ကြိုဆို နှုတ်ဆက် ကြသည်။ ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ WHO တွင် တာဝန် ထမ်းဆောင် နေသည့် ရဲဘော်သုံးကျိတ်ဝင် ဗိုလ်ရန်နိုင် ၏ သမီးဖြစ်သူ ဒေါက်တာအမရာမွန်နိုင် လည်း ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုရာတွင် ပါဝင်ခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည် နှင့် ဒေါက်တာ အမရာမွန်နိုင်တို့မှာ ကျောင်းနေဘက် ငယ်သူငယ်ချင်းများဖြစ်ကြသည်။ မြန်မာသံရုံး မိသားစုနှင့် မိနစ် ၄ဝ ခန့်ကြာ နှုတ်ဆက်ပြီးနောက် ဒေါ်အောင်ဆန်းစုကြည်သည် ပြန်လည် ထွက်ခွာသွားခဲ့သည်။ သံရုံးယာယီ တာဝန်ခံ ဦးဘလှအေး က " အခုလို ၁၉၉၅ ခုနှစ် ကတည်းက အပ်နှင်းထားတဲ့ ဆုကို လာရောက် လက်ခံတဲ့ ကိစ္စဟာ ဝမ်းမြောက်ဝမ်းသာ စရာ ကိစ္စဖြစ်တယ်။ မနေ့က နေရူးလက်ချာမှာ ဒေါ်အောင်ဆန်းစုကြည် ထည့်သွင်း ပြောကြားသွားသလိုပဲ အိန္ဒိယနိုင်ငံနှင့် ပါတ်သက်ပြီးတော့ စိတ်ပျက်မှု မရှိဘူး၊ မျှော်လင့်ချက်ထား တယ်။ နှစ်နိုင်ငံ ပြည်သူချင်း ဆက်ဆံရေးကို တိုးမြှင့်သွားမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောထားတဲ့ အတွက် နှစ်နိုင်ငံ ဆက်ဆံရေးအတွက် ကောင်းတဲ့ အလားအလာ၊ ရှေ့ကိုပိုမို တိုးတက်သွားဖို့ပဲ ရှိတယ်" ဟု မဇ္စျိမ ကို ဖြေကြားသည်။ ဒေါ်အောင်ဆန်းစုကြည် ကားပေါ်တက်ခါနီးတွင် ၁၉ ရက်နေ့တွင် မြန်မာနိုင်ငံကို ရောက်ရှိလာမည့် အမေရိကန် သမ္မတကြီး ဘားရက်အိုဘားမား နှင့် တွေ့ရန် အစီအစဉ် ရှိ၊ မရှိ မဇ္စျိမက မေးမြန်းရာ ဒေါ်အောင်ဆန်းစုကြည်က "တွေ့မှာပါ" ဟုဖြေကြားသွားကြောင်း သတင်းရရှိသည်။ နယူးဒေလီ (မဇ္ဈိမ) | ||||
| တကျော့ပြန်လာပြီဖြစ်တဲ့ သမ္မတ နဲ့ လွှတ်တော်ဥက္ကဋ္ဌ အားပြိုင်မှု Posted: 15 Nov 2012 03:54 AM PST ဖွဲ့စည်းပုံ အခြေခံ ဥပေဒဆိုင်ရာ ခုံရုံးတဖွဲ့လုံးကို နုတ်ထွက် စေတဲ့အထိ ဖြစ်ခဲ့တဲ့ သမ္မတ ဦးသိန်းစိန်နဲ့ ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းတို့ အားပြိုင်ပွဲ တကျော့ ပြန်လာနေပြီ ဖြစ်ပါတယ်။ အားပြိုင်ပွဲကို အစ ပြန်ဖော်ပေး လိုက်တာကတော့ ပြီးခဲ့တဲ့ အပတ် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးမှာ ဖြစ်ပါတယ်။ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးဟာ နအဖစစ်အစိုးရက ဦးသိန်းစိန် အစိုးရဆီကို အာဏာလွှဲ မပေးခင် ၂၀၁၀ ခုနှစ်ထဲမှာ ပြဋ္ဌာန်းပေးသွားခဲ့တဲ့ ပြည်သူ့လွှတ်တော် ဆိုင်ရာဥပဒေနဲ့ အမျိုးသား လွှတ်တော်ဆိုင်ရာ ဥပဒေတွေကို ပယ်ဖျက် အစားထိုးဖို့ ပြည်သူ့ လွှတ်တော်ဥပဒေ (၂၀၁၂ ခုနှစ်) နဲ့ အမျိုးသား လွှတ်တော်ဥပဒေ ၂၀၁၂ ခုနှစ်တွေကို ရေးဆွဲ အတည်ပြုခဲ့ပါတယ်။ ပြဿနာက အဲဒီမှာ စတာ ဖြစ်ပါတယ်။ ဥပဒေထဲမှာ အရင် သမ္မတ နဲ့ အငြင်းပွားခဲ့တဲ့ "လွှတ်တော်အသီးသီးက ဖွဲ့စည်းတဲ့ ကော်မတီနဲ့ ကော်မရှင်တွေဟာ ပြည်ထောင်စုအဆင့်ဖြစ်သည်" ဆိုတဲ့ အချက်နဲ့ အခြား လွှတ်တော်အမတ်တွေကို အခွင့်အရေး လုပ်ပိုင်ခွင့်တွေ ပိုပေးထားတဲ့ အချက် အများကြီး ပါဝင်လာပါတယ်။ ဒီနေရာမှာ လွှတ်တော်အမတ်တွေအတွက် ရုံးခန်းဖွင့်လှစ်ပေးရေး အပါအ၀င် အခြား အချက်အလက်တွေကို မဆွေးနွေးလိုပေမယ့် သမ္မတနဲ့ အဓိက ပြဿနာဖြစ်ရတဲ့ လွှတ်တော်အသီးသီးက ဖွဲ့ထားတဲ့ ကော်မတီနဲ့ ကော်မရှင်အဖွဲ့တွေဟာ ပြည်ထောင်စုအဆင့် ဟုတ် မဟုတ်ဆိုတဲ့ အချက်ကိုပဲ ဆွေးနွေးပါ့မယ်။ ဒီ ဥပေဒ ၂ ခုကို ပြည်ထောင်စုလွှတ်တော်က အတည်မပြုခင် အစည်းအဝေးကို သူရဦးရွှေမန်းက သ၀ဏ်လွှာ ၂ စောင် ပေးပို့ပြီး အဲဒါကို လွှတ်တော်က အတည်ပြုပေးခဲ့ပါတယ်။ အဲဒီအထဲက သ၀ဏ်လွှာတစောင်မှာ အရင် ဖွဲ့စည်းပုံအခြေခံဥပေဒဆိုင်ရာ ခုံရုံးက အဆုံးအဖြတ်ပေးသွားတဲ့ "လွှတ်တော်အသီးသီးက ဖွဲ့စည်းထားတဲ့ ကော်မတီနဲ့ ကော်မရှင်တွေဟာ ပြည်ထောင်စုအဆင့်လို့ အဓိပ္ပာယ် ဖွင့်ဆိုခြင်းဟာ ဖွဲ့စည်းပုံအခြေခံဥပေဒနဲ့ ကိုက်ညီခြင်း မရှိ" ဆိုတဲ့ ဆုံးဖြတ်ချက်ဟာ နဂိုကတည်းကပင် ပျက်ပြယ်တဲ့ ဆုံးဖြတ်ချက် ဆိုပြီး ပါရှိပါတယ်။ အဓိပ္ပာယ်ကတော့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းဟာ သူတို့ကိုယ်တိုင် ရေးဆွဲပြဋ္ဌာန်းပြီး အတင်းအကျပ်နည်းနဲ့ အတည်ပြုထားတဲ့ ဖွဲ့စည်းပုံ အခြေခံဥပေဒပုဒ်မ ၃၂၄ ပါ "နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပေဒဆိုင်ရာ ခုံရုံး၏ ဆုံးဖြတ်ချက်သည် အပြီးအပြတ် အတည်ဖြစ်သည်" ဆိုတာကို သ၀ဏ်လွှာတစောင်ရေးပြီး ချိုးဖောက်လိုက်တာလို့လည်း အဓိပ္ပာယ်ဖွင့်နိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ပြည်ထောင်စုလွှတ်တော်က အတည်ပြုပေးလိုက်တဲ့ ပြည်သူ့လွှတ်တော်ဥပေဒ ၂၀၁၂၊ အမျိုးသားလွှတ်တော် ဥပေဒ ၂၀၁၂ မှာပါတဲ့ လွှတ်တော်အသီးသီးက ဖွဲ့ထားတဲ့ ကော်မတီတွေ ကော်မရှင်တွေကို ပြည်ထောင်စုအဆင့် အဓိပ္ပာယ် သတ်မှတ်တာ အပါအ၀င် အချက် ၁၀ ချက်ကို သမ္မတက လက်မခံနိုင်ကြောင်း သဘောထားမှတ်ချက်နဲ့တကွ အကြောင်းပြန်ကြားထားပြီးလည်း ဖြစ်ပါတယ်။ သမ္မတက လက်မခံတဲ့ အချက် ၁၀ ချက် အနက် ၁ ချက်ကလွဲပြီး ကျန်တာတွေအားလုံး ပြည်ထောင်စုလွှတ်တော်က အတည်ပြုထားတဲ့အတိုင်းပဲ ဖြစ်သင့်တယ်လို့ လွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီက သဘောထားမှတ်ချက်ပေးဖို့လည်း ဆွေးနွေးထားပြီဖြစ်ပါတယ်။ ဒီတော့ ဘာတွေ ဆက်ဖြစ်လာနိုင်သလဲ။ သမ္မတက ဘယ်လိုပဲ သဘောထားသည်ဖြစ်စေ၊ ပြည်ထောင်စုလွှတ်တော်က ဒီ ဥပေဒကြမ်း ၂ ခုကို မဲခွဲဆုံးဖြတ်၊ အများစုမဲနဲ့ အတည်ပြုခဲ့ရင် သမ္မတ အနေနဲ့ ဘာမှ မတတ်နိုင်တော့ပါဘူး။ တကယ်လို့ ဥပဒေကြမ်း ပူးပေါင်းကော်မတီရဲ့ အကြံပြုချက်အတိုင်းသာ အတည်ဖြစ်ခဲ့ရင် ဒီ ဥပေဒ ၂ ခုဟာ အစိုးရနဲ့ လွှတ်တော်အကြား သဘောထား ကွာဟချက် အများဆုံး ဥပဒေတွေ ဖြစ်လာပါလိမ့်မယ်။ ဒီလိုဆိုရင် လွှတ်တော်က ဖွဲ့စည်းထားတဲ့ ကော်မတီတွေ၊ ကော်မရှင်တွေဟာ စိတ်ချလက်ချ ပြည်ထောင်စု အဆင့် ဖြစ်လာမှာလား။ လောလောဆယ် အခြေအနေမှာ ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာခုံရုံး တခုလုံး နုတ်ထွက်သွားပြီ ဖြစ်တဲ့အတွက် ခုံရုံးမရှိ လစ်လပ်နေတဲ့ အခြေအနေပါ။ ဒါပေမယ့် မကြာခင် ခုံရုံးကို ပြန်ဖွဲ့ရပါဦးမယ်။ ခုံရုံးအဖွဲ့အတွက် သမ္မတ၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌနဲ့ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ၃ ယောက်စီ အမည်စာရင်းပေး ဖွဲ့စည်းရမှာဖြစ်ပေမယ့် ဥက္ကဋ္ဌကိုတော့ သမ္မတက ရွေးချယ်ပြီး ပြည်ထောင်စုလွှတ်တော်က အတည်ပြုပေးရပါလိမ့်မယ်။ ဖွဲ့စည်းပုံဆိုင်ရာခုံရုံး ရှိလာရင် သမ္မတဟာ ဒီကိစ္စ တင်ပြပီး နောက်ထပ် အဆုံးအဖြတ် ရယူနိုင်ပါသေးတယ်။ လက်ရှိ လွှတ်တော်တွေကပဲ ပြဋ္ဌာန်းပြဋ္ဌာန်း၊ အရင် စစ်အစိုးရကပဲ ပြဋ္ဌာန်းပေးခဲ့ ပေးခဲ့ ဥပေဒ တခုဟာ ဖွဲ့စည်းပုံအခြေခံဥပေဒနဲ့ မကိုက်ညီဘူးဆိုရင် "မကိုက်ညီကြောင်း" ခုံရုံးက အဆုံးအဖြတ် ပေးနိုင်ခွင့် ရှိနေပါသေးတယ်။ တကယ်တော့ ပြဿနာကို ရှင်းသင့်တဲ့နည်းနဲ့ မရှင်း ရှည်လျားအောင် လုပ်နေသူဟာ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းလို့ ကောက်ချက်ချနိုင်ပါတယ်။ တကယ်တော့ ဒီ အချက်ကို ပြင်ချင်တယ်ဆိုရင် အရင်တကြိမ် အငြင်းပွားချိန် သမ္မတ ဦးသိန်းစိန် သ၀ဏ်လွှာ ပေးပို့တင်ပြသလို ဖွဲ့စည်းပုံ အခြေခံဥပေဒကို ပြင်ဆင် ဖြည့်စွက်တဲ့နည်းနဲ့ အကောင်အထည် ဖော်နိုင်ပါတယ်။ ဒါပေမယ့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းဟာ စစ်အာဏာရှင်ဟောင်းတွေနဲ့ လက်ရှိ စစ်တပ်က သဘောကျဖို့ မရှိတဲ့ ဖွဲ့စည်းပုံ အခြေခံဥပေဒကို ပြင်ဖို့ ဆိုတာမျိုး ဘယ်ကိစ္စမှာမှ ထည့်မပြောသလို အကောင်အထည်ဖော်မယ့်ပုံလည်း လုံးဝ မတွေ့ရပါဘူး။ ဒီအတွက် သမ္မတဦးသိန်းစိန်နဲ့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း အငြင်းပွား အားပြိုင်မှုဟာ ဆက်ပြီး ရှိနေဦးမယ် ဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။ by တိုင်းကျော် (ဒီဗွီဘီ) | ||||
| အစိုးရလွတ်ငြိမ်းချမ်းသာခွင့် နိုင်ငံရေးအကျဉ်းသားမပါ Posted: 15 Nov 2012 03:42 AM PST နိုင်ငံတော်သမ္မတက လွတ်ငြိမ်း ချမ်းသာခွင့် ပေးပြီး မြန်မာနိုင်ငံ အကျဉ်းထောင် အသီးသီးက အကျဉ်းသား ၄၅၂ ဦး လွှတ်ပေးရာမှာ နိုင်ငံရေး အကျဉ်းသားတွေ မပါဝင် သေးဘူးလို့ သိရပါတယ်။ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ကနေ အသက်ရွယ်ကြီးတဲ့သူ၊ ကျန်းမာရေးချို့တဲ့သူ၊ နိုင်ငံခြားသားတွေ အပါအ၀င် အကျဉ်းသား ၄၅၂ ဦးကို ပုဒ်မ ၄၀၁ အရ လွှတ်ပေး လိုက်တဲ့အထဲမှာ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေ မပါဝင်ဘူးလို့ နိုင်ငံရေး အကျဉ်းသား အကူအညီပေး သူတွေက ပြောကြပါတယ်။ လွှတ်ပေးလိုက်တဲ့သူတွေ အများစုထဲမှာ ပြစ်ဒဏ်ကျခံနေတဲ့ တပ်မတော်သားတွေ အများစု ပါဝင်တယ်လို့ သိရပါတယ်။ အင်းစိန်ထောင်က လွတ်လာတဲ့သူ ၃၀ ကျော်ထဲမှာ ကလေးစစ်သား၊ တပ်ပြေး စတာတွေ ပါဝင်တယ်လို့ အကျဉ်းသားအကူအညီ ပေးသူတဦးက ဒီဗွီဘီကို ပြောပါတယ်။ လွိုင်ကော်အကျဉ်းထောင်ကနေ လွှတ်ပေးလိုက်တဲ့သူ ၅ ဦးရှိတယ်လို့ အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူးတဦးက ဒီဗွီဘီကို အတည်ပြုပြောဆိုပြီး အဲဒီအထဲမှာ နိုင်ငံရေးအကျဉ်းမပါဘူးလို့ သူက ဆိုပါတယ်။ လွိုင်ကော်ထောင်မှာ ၂၀၀၈ ခုနှစ်ကတည်းက ဖောက်ခွဲမှု ပုဒ်မ (၃/၆)၊ တရားမဝင် အဖွဲ့အစည်းတွေနဲ့ ဆက်သွယ်မှုတို့ စတာတွေနဲ့ ထောင်ဒဏ် တသက်တကျွန်းနဲ့ ၈ နှစ် ချမှတ်ခံရတဲ့ လူအခွင့်အရေးလှုပ်ရှားသူ ဦးမြင့်အေး မလွတ်မြောက်သေးပါဘူး။ မန္တလေး အိုးဘိုးအကျဉ်းထောင်က လွတ်မြောက်လာတဲ့သူတွေထဲမှာ တပ်မတော်သား ၁၇ ဦး၊ အိပ်ခ်ျအိုင်ဗွီဝေဒနာသည်က ၆ ဦး၊ နိုင်ငံခြားသား ၂ ဦးတို့ ပါဝင်တယ်လို့ အကျဉ်းသားလွတ်မြောက်တာကို သွားရောက်သတင်းယူနေတဲ့ သတင်းထောက် ကိုမင်းထက်ငြိမ်းချမ်းက ပြောပါတယ်။ တချိန်တည်းမှာပဲ အမေရိကန်နိုင်ငံ သမ္မတ အိုးဘားမား ပထမဦးဆုံးခရီးစဉ်အဖြစ် မြန်မာနိုင်ငံကို သွားဖို့ရှိနေပါတယ်။ အဲဒီအတွက် အကျဉ်းသားတွေကို လွှတ်ပေးတားဖြစ်နိုင်တယ်လို့ နိုင်ငံရေးအကျဉ်းသားများအဖွဲ့ချုပ်ရဲ့ ဦးညိုထွန်းက ဒီဗွီဘီကို ပြောပါတယ်။ "အမေရိကန်ရဲ့ အမြင့်ဆုံးသမ္မတလာမှာဖြစ်တဲ့အတွက် သူတို့အနေနဲ့ ပျော့ပျောင်းတယ်၊ နောက်ပြီး နိုင်ငံအတွက်ရော၊ အကျဉ်းသားတွေအတွက်ရော ကောင်းရာကောင်းကြောင်း လုပ်နေတယ်လို့ သက်သေပြချင်တဲ့သဘော ဒါပဲ ဖြစ်နိုင်ပါတယ်။" မြန်မာနိုင်ငံမှာ ယုံကြည်ချက်ကြောင့် အကျဉ်းခံနေရတဲ့ နိုင်ငံရေးအကျဉ်းသား ၂၀၀ လောက် ရှိတယ်လို့ မြန်မာနိုင်ငံ နိုင်ငံရေးအကျဉ်းသားများအဖွဲ့ချုပ်က ပြောဆိုထားပါတယ်။ by မင်းလွင် (ဒီဗွီဘီ)
| ||||
| ဆီတွဲရထား တိမ်းမှောက်ပြီး မီးလောင်ဒဏ်ရာရသူများ အကူအညီလိုအပ် Posted: 15 Nov 2012 03:33 AM PST စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်မှာ လွန်ခဲ့တဲ့ရက်ပိုင်းက လောင်စာဆီ တင်တဲ့ရထား မှောက်ပြီး မီးလောင် ဒဏ်ရာရ သူတွေအတွက် ဆေးဖိုး ကုန်ကျစရိတ် အကူအညီ အရေးတကြီး လိုအပ်နေတယ်လို့ ဆေးရုံ ၀န်ထမ်းတဦးက ပြောပါတယ်။ ကျန်ရှိလူနာ ၆၀ ကျော်ထဲက စိုးရိမ်ရတဲ့ လူနာတွေရှိနေပြီး ဆေးဝါး ၁ ရက်တာကုန်ကျ စရိတ်ဟာ ၃၁ သိန်းလောက်ကုန်ကျတဲ့အတွက် ဆေးဝါးအကူအညီ လိုအပ်နေတယ်လို့ တာဝန်ကျဆရာမ တဦးက ဒီဗွီဘီကို ပြောပါတယ်။ နိုဝင်ဘာလ ၉ ရက်နေ့က မန္တလေးကနေ မြစ်ကြီးနားသွားမည့် ဓာတ်ဆီတင်ရထား ကျွန်းလှမြို့နယ်အပိုင် ချပ်ကြီးဘူတာအ၀င် တိမ်းမှောက်ခဲ့စဉ်က "အခြေအနေက အေ၊ ဘီ၊ စီ ခွဲထားတယ်။ ဒဏ်ရာပေါ်မူတည်ခွဲထားတာ၊ အေအဆင့်က ဘယ်နှယောက်၊ ဘီအဆင့်က ဘယ်နှယောက်ဆိုတာတော့ ပြောလို့မရဘူး။ ဆုံးတဲ့သူက ၁၆ ယောက်ရှိတာတော့ ပြောလို့ရတယ်။ ဆေးဝါးအကူအညီတွေ လိုတယ်၊ ဆေးဝါးက ၁ ရက်ကို ၃၁ သိန်းလောက်ကုန်တယ်။ တမျိုးတည်းမဟုတ်ဘူး အမျိုးပေါင်းအများကြီး၊ စာမျက်နှာ ၂ မျက်နှာလောက်ရှိတယ်။ လူနာက စုစုပေါင်း ၆၀ ကျော်ရှိတယ်။" မီးလောင်ကျွမ်းမှုဖြစ်ပွားတဲ့နေ့မှာပဲ လူ ၂၅ ဦး သေဆုံးခဲ့ရပြီး ကန့်ဘလူဆေးရုံမှာ တက်ရောက် ကုသမှုခံယူတဲ့ လူနာ ၈၀ ကျော်ထဲက ၁၆ ဦး ထပ်မံသေဆုံးခဲ့တာပါ။ ကျွန်းလှဆေးရုံကို ရောက်ရှိကုသမှုခံယူတဲ့ လူနာ ၈ ဦးအနက် ၃ ဦးကတော့ သက်သာလို့ ဆင်းသွားပြီလို့ ဆေးရုံတာဝန်ရှိသူတဦးက ဒီဗွီဘီကို ပြောပါတယ်။ ကျန်နေတဲ့ လူနာတွေကတော့ စိုးရိမ်ဖွယ်ရာ မရှိဘူးလို့ ဆိုပါတယ်။ ကန့်ဘလူမြို့နယ်၊ ချပ်ကြီးကျေးရွာ ဘူတာမှာ နိုဝင်ဘာလ ၉ ရက်နေ့ မနက်ပိုင်းက လောင်စာဆီတင် ရထားတစီး တိမ်းမှောက်သွားပါတယ်။ တိမ်းမှောက်တဲ့ ရထားပေါ်ကနေ လယ်ကွင်းတွေထဲကို ကျလာတဲ့ လောင်စာဆီတွေကို အနီးအနားက ရွာသားတွေ ခပ်ယူနေချိန်မှာ ရုတ်တရက် မီးထလောင်တဲ့အတွက် သေဆုံးဒဏ်ရာရမှု များခဲ့တာပါ။ by နော်နိုရင်း (ဒီဗွီဘီ) | ||||
| Posted: 15 Nov 2012 03:13 AM PST တိရစ္ဆာန်တွေပဲ သခင်အပေါ် သစ္စာရှိတာ မဟုတ်ပါဘူး။ တိရစ္ဆာန်အပေါ် သစ္စာရှိတဲ့ သခင်တွေလည်း ရှိနေတတ်ပါတယ်။ ပုံမှာ မြင်တွေ့နေရတဲ့ အမျိုးသမီးကတော့ သြစတေးလျနိုင်ငံ ဗစ်တိုးရီးယား ပြည်နယ် Geelong မှာ နေထိုင်ပြီး မြင်းစီး ဝါသနာ ပါသူ ဖြစ်ပါ တယ်။ တစ်နေ့ ပုံမှန်ရက်များအတိုင်း Avalon ကမ်းခြေကို မြင်းစီး ထွက်ရာ ဒုက္ခ တစ်ခု ကြုံရပါတယ်။ ရွံ့ နွံ့ တစ်ခုတည်း ဝင်မိသွားခြင်း ဖြစ်ပါတယ်။ သူမအနေနဲ့ တစ်ဦးတည်း ရုန်းထွက် လွတ်မြောက်နိုင်ပေမယ့် သူစီးလာတဲ့ မြင်းကို မထားခဲ့ရက်နိုင် ပါဘူး။ မြင်းအနေနဲ့ တဖြည်းဖြည်း နှစ်မြှုပ်ပြီး ခေါင်းပါ ရွံ့ အောက် ရောက် ရတော့မှာ ဖြစ်ပါတယ်။ ဒါကြောင့် သူမ လက်နဲ့ မြင်းခေါင်းကို အပေါ် ပင့်ပေးထားရပြီး ကယ်သူကို စောင့်ဆိုင်း နေရပါတယ်။ သူမကတော့ ရွံ့ နွံ ကနေ အလွယ်တကူရုန်းထွက်နိုင်စွမ်း ရှိပါတယ်။ မြင်းကတော့ ခေါင်းအပေါ် ပင့်ထားမှာ သေဘေးမှာ လွတ်မြောက်ရမှာ ဖြစ်ပါတယ်။ သုံးနာရီလုံးလုံး မလွတ်တန်း ခေါင်းမ ထားပေးရပြီးမှ ကယ်သူများ ရောက်လာပါတယ်။ ၅၀၀ ကီလိုဂရမ် လေးတဲ့ မြင်းကိုလည်း ရွံ့ နွံက ကယ်ထုတ်ပေးနိုင်ခဲ့ပါတယ်။ သုံးနာရီလုံးလုံး မြင်းရဲ့ အသက် ဆက်ရှင်ဖို့ ရွံ့ နွံထဲမှာ အတူရုန်းကန်ခဲ့တဲ့ သူမဟာလည်း သစ္စာရှိသော သခင်အဖြစ် လူသိများလာပါတယ်။ International news for myanmar | ||||
| နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား ဆွေးနွေးမည် Posted: 15 Nov 2012 03:01 AM PST နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား အမျိုးသား လွှတ်တော် ယနေ့ အစည်းအဝေးတွင် အဆိုအဖြစ် အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးမြညိမ်းက တင်သွင်းသွားမည် ဖြစ်ကြောင်း သိရ သည်။ အဆိုပါ အဆိုအား အမျိုးသား လွှတ်တော် ကိုယ်စားလှယ်တစ်ဦး က ထောက်ခံပြီး တပ်မတော်သား ကိုယ်စားလှယ် (၂) ဦးက ဆွေးနွေးသွား မည် ဖြစ်ကြောင်း သိရသည်။ ယင်းအဆိုနှင့် ပတ်သက်၍ လည်း ဥပဒေကြမ်းကော် မတီမှ အစီအရင်ခံစာ ဖတ်ကြားတင် သွင်းသွားမည် ဖြစ်သည်။ ယင်းအဆိုအား တင်သွင်းခဲ့သည့် အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးမြညိမ်းက နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံဥပဒေ ကို ပြင်ဆင်သည့် ဥပဒေကြမ်းအား အတည်ပြု ပေးနိုင်ရန် လွှတ်တော်သို့ တင်ပြခဲ့သည်။ အဆိုပါ အဆိုအား ယနေ့၌ပင် ပြည်သူ့လွှတ်တော်၌ အမျိုးသားလွှတ်တော်မှ အတည်ပြု ပေးပို့လိုက်သည့် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား လက်ခံဆွေးနွေးသွား မည် ဖြစ်ပြီး နိုဝင်ဘာလ ၁၆ ရက်နေ့တွင် ကျင်းပမည့် ပြည်ထောင်စု လွှတ်တော်တွင် ဆက်လက်အတည်ပြုဆုံးဖြတ်သွားမည် ဖြစ်ကြောင်း သိရသည်။ မောင်ပိုင် (နေပြည်တော်)-Yangon Media Group | ||||
| နိုဝင်ဘာလ (၁၂)ရက်နေ့ ထုတ် အလင်းတန်းဂျာနယ် အမှတ်စဉ် ၇၃၀ Posted: 15 Nov 2012 02:57 AM PST | ||||
| အဆိုတော် ခင်မောင်တိုး ကွယ်လွန် Posted: 14 Nov 2012 08:16 PM PST စတီရီယို ခေတ်ဦး အဆိုတော် တစ်ဦး ဖြစ်သည့်အပြင် ကိုယ်ပိုင်သံစဉ်ဖြင့် နာမည်ကျော်ကြားခဲ့သူ အဆိုတော် ခင်မောင်တိုးသည် နိုဝင်ဘာလ (၁၅) ရက်နေ့ နံနက်(စကာင်္ပူ စံတော်ချိန်)(၈နာရီ ၂၀မိနစ်) အချိန်က စင်ကာပူ၌ ဆေးကုသ ခံနေရာမှ ကွယ်လွန် သွားခဲ့ကြောင်း ပန်းရဲ့လမ်း ဂီတအဖွဲမှ ကိုသားထွေးက အတည်ပြု ပြောကြားခဲ့ပါသည်။ သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||||
| မြန်မာစစ်တပ် ယာဉ်တန်းကို ကေအိုအေ မိုင်းခွဲတိုက်ခိုက် Posted: 14 Nov 2012 07:56 PM PST ကချင်ပြည်နယ်၊ မိုးကောင်း-ဖားကန့် လမ်းပေါ်မှာ ရှစ်မိုင်ရွာ ဘက်ကနေ စစ်ကြောင်း ချီတက်လာတဲ့ အစိုးရ စစ်ယာဉ်တန်း တွေထဲက ကား ၅ စီးကို ဒီကနေ့ မနက်ပိုင်း ၁၁ နာရီလောက်က မိုးကောင်း-ကာမိုင်းကြား နန့်ဟိုင်နဲ့ လကတ်ယန် ကျေးရွာတွေအနီးမှာ ကေအိုင်အေဘက်က မိုင်းခွဲ တိုက်ခိုက် ခဲ့တယ်လို့ သိရပါတယ်။ သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||||
| တရုတ် ကွန်မြူနစ် ပါတီ ခေါင်းဆောင်ပိုင်း အပြောင်းအလဲစတင် Posted: 14 Nov 2012 07:21 PM PST ဒီကနေ့ ဗုဒ္ဓဟူးနေ့မှာပဲ တရုတ် ကွန်မြူနစ် ပါတီ ခေါင်းဆောင် Hu Jintao ဟာ ဥက္ကဋ္ဌ ရာထူးကနေ တရားဝင် အနားယူ သွားပြီ ဖြစ်ပါတယ်။ နိုင်ငံရဲ့ထိပ်သီး ခေါင်းဆောင် နေရာ ကိုတော့ ဒုသမ္မတ Xi Jinping က လွှဲပြောင်းယူဖို့ စီစဉ် ထားပါတယ်။ ဘေဂျင်းမြို့တော် ပြည်သူ့ ခန်းမကြီးမှာ သီတင်း တပတ်ကြာ ကျင်းပတဲ့ ပါတီ ညီလာခံရဲ့ နောက်ဆုံးနေ့မှာ သမ္မတ Hu က --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||||
| Posted: 14 Nov 2012 07:09 PM PST ဟားမက် အဖွဲ့ စစ်ခေါင်းဆောင် အာမက် ဂျဘာရီ အစ္စရေး လေကြောင်း တိုက်ခိုက်မှုမှာ ကျဆုံး သွားပါတယ်။ ဂါဇာမှာ သူလိုက်ပါတဲ့ ကားကို ပစ်ခတ် လုပ်ကြံခံရတာ ဖြစ်ပြီး အဆင့်မြင့်ဆုံး သတ်ဖြတ် ခံရတဲ့ ဟားမက် ခေါင်းဆောင် ဖြစ်ပါတယ်။ အရပ်သား ၁ဝ ယောက် အစ္စရေး တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရတဲ့ အတွက် ပါလက်စတိုင်း ဘက်က အစ္စရေး နယ်ထဲ ပစ်ခတ် တုံ့ပြန် ပါတယ်။ အစ္စရေး ဝန်ကြီးချုပ် ကတော့ ဟားမက် ပစ်မှတ်တွေကို ဆက်တိုက်မယ်လို့ ဆိုပါတယ်။ ပါလက်စတိုင်း တွေကို အစ္စရေးက သတ်ဖြတ် နေတာကို သည်းခံမှာ မဟုတ်ဘူးလို့ အီဂျစ် က အစ္စရေး သံအမတ် ကို သတိပေးခဲ့ သလို ဟားမက် အကြမ်းဖက်မှု တွေ အတွက် အစ္စရေးရဲ့ ခုခံခွင့်ကို ထောက်ခံတယ်လို့ အမေရိကန်က ဆိုပါတယ်။ လုံခြုံရေး ကောင်စီ အရေးပေါ် အစည်းအဝေး လုပ်နေသလို အာရပ် အဖွဲ့ချုပ် ကလဲ စနေနေ့မှာ တွေ့ဆုံဖို့ ရှိပါတယ်။ ဘီဘီစီ (မြန်မာပိုင်း)
| ||||
| အကျဉ်းသား (၄၅၂) ဦး လွတ်ငြိမ်းသက်သာခွင့်ပြု Posted: 14 Nov 2012 06:54 PM PST နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၂၀၄၊ ပုဒ်မခွဲ (က)နှင့် အညီ ၊ပြစ်မှု ဆိုင်ရာ ကျင့်ထုံး ဥပဒေပုဒ်မ ၄၀၁(၁) အရ ၂၀၁၂ ခုနှစ် နိုဝင်ဘာ ၁၅ ရက်မှ စ၍စုစုပေါင်း အကျဉ်းသား ၄၅၂ ဦးအား ပြစ်ဒဏ်မှ လွတ်ငြိမ်းသက်သာခွင့်ပြု လိုက်ကြောင်း သတင်းရရှိပါသည်။ သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||||
| ဂန္ဒီ နေရူးကို ဒေါ်အောင်ဆန်းစုကြည် အတုယူ Posted: 14 Nov 2012 06:45 PM PST ဗုဒ္ဓဟူးနေ့ က ဒေါ်အောင်ဆန်းစုကြည်ဟာ အိန္ဒိယ နိုင်ငံ ခေါင်းဆောင်တွေဖြစ်ခဲ့ကြတဲ့ မဟတ္တမ ဂန္ဒီ နဲ့ ဂျဝါဟာလာ နေရူး တို့ဟာ သူ့ရဲ့အနီးစပ်ဆုံး ခေါင်းဆောင် တွေ အဖြစ် ခံယူထားပုံ ကို ဖွင့်ဟ ပြောကြားခဲ့ပါတယ်။ နိုင်ငံရေး အရ၊ အသိအမြင် ခံယူမှုပိုင်းအရ၊ စိတ်ဓာတ်ပိုင်းဆိုင်ရာအရ နီးနီးကပ်ကပ်ရှိ တာ ကို နေရူး အောက်မေ့ဘွယ် အမှာစကား ပြောကြားရာမှာ ဒေါ်အောင်ဆန်းစုကြည် က ထည့်သွင်း ပြောသွားတာပါ။ သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||||
| ဒေါ်အောင်ဆန်းစုကြည် နေရူးခန်းမမှာ မိန့်ခွန်းပြောကြား Posted: 14 Nov 2012 08:30 PM PST အနှစ် ၄၀ အတွင်း အိန္ဒိယ နိုင်ငံကို ပထမဆုံး အကြိမ်ရောက်ရှိနေတဲ့ ဒေါ်အောင်ဆန်းစုကြည် ဟာ နိုဝင်ဘာ ၁၄ ရက် နေ့မှာတော့ အိန္ဒိယ ခေါင်းဆောင်ကြီး နေရူး အောက်မေ့ဖွယ်ခန်းမ မှာ မိန့်ခွန်း ပြောကြား ခဲ့ပါတယ်။ အဲဒီ အခမ်းအနား ကို အိန္ဒိယ လူမျိုး ၁၀၀၀ ကျော်နဲ့ မြန်မာ လူမျိုး ၂၀၀ ကျော် တက်ရောက် ခဲ့ကြပါတယ်။ အိန္ဒိယ ခေါင်းဆောင် တွေထဲက ကွန်ဂရက် ပါတီ ဥက္ကဌ ဆိုနီယာ ဂန္ဒိနဲ့ သားဖြစ်သူ ရာအူးလ် ဂန္ဒီတို့လည်း တက်ရောက် ခဲ့ကြပါတယ်။ သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||||
| ကျားဖြူနဲ့ ဖလုံစဝေါ် ဒီမိုမဟာမိတ် ကထွက် Posted: 14 Nov 2012 06:29 PM PST တိုင်းရင်းသား ပါတီ ၅ ခုနဲ့ ပြည်မ ပါတီ ၅ ခု ပေါင်းထားတဲ့ ဒီမိုကရေစီ မိတ်ဆွေ ၁ဝ ပါတီမှာ သဘော ကွဲလွဲလို့ တိုင်းရင်းသားပါတီ တခိျု့ ဆက်လက် ပူးပေါင်းဖို့ ရပ်စဲလိုက်တယ်လို့ သိရပါတယ်။ ပူးပေါင်းဖို့ ရပ်စဲလိုက်တဲ့ ပါတီတွေကတော့ ကျားဖြူပါတီ ခေါ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ (SNDP) နဲ့ ဖလုံ- စဝေါ် ဒီမိုကရက်တစ် ပါတီ (PSDP) တို့ပဲ ဖြစ်ပါတယ်။-- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
| You are subscribed to email updates from Thit Htoo Lwin To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
| Google Inc., 20 West Kinzie, Chicago IL USA 60610 | |
--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ





















