[mrsorcerer:36041] Fwd: သစ်ထူးလွင်



---------- Forwarded message ----------
From: Thit Htoo Lwin
Date: Thursday, November 22, 2012
Subject: သစ်ထူးလွင်
To: snsoenaing4@gmail.com


သစ်ထူးလွင်

________________________________

(၄၈)မီနီဘတ်စ် တိမ်းမှောက် ခရီးသည်များ ထိခိုက်ဒဏ်ရာရ
လာမည့်နှစ်၌ နည်းပညာတက္ကသိုလ် တစ်ခုစီသာ ထားရှိတော့မည်
ကြယ်ကျစ်နှင့်ညောင်ဖြူ မီးသင့်ခဲ့သည့် တောင်ကြီးမီးပုံးပျံဖွင့်ပွဲည
မိုဘိုင်းဖုန်းဈေးများ ကျပ် တစ်သိန်းခွဲဝန်း ကျင် အထိ ကျဆင်းမည်
လယ်မြေများ ပြန်မရမချင်း အဖမ်းဆီးခံ၊ အသက်အသေခံ၍ ဆန္ဒထုတ်ဖော် တောင်းဆိုသွားမည်
မြို့တော်ခန်းမရှေ့၌ တစ်ကိုယ်တော် ဆန္ဒပြသူ အဖမ်းခံရ
လှည်းတန်း ဆင်ရေတွင်းမှတ်တိုင်အနီး၄၈ မီနီဘတ်စ် တစ်စီးတိမ်းမှောက်လူ၂၀ကျော်ဒဏ်ရာရ
ဒုတိယ ကာကွယ်ရေး ဝန်ကြီး ဗိုလ်မှူး ချုပ် အောင်သော်နှင့် Reuters သတင်းဌာန တွေ့ဆုံ
အကျင့်ပျက်ချစားမှု ဝိုင်းဝန်းတိုက်ဖျက်ဖို့ လိုအပ်
မလေးရှားသွား လူမှောင်ခိုလှေ တိမ်းမှောက်
အပစ်ရပ်ရေး ဘယ်လောက် ကြာကြာ ခံနိုင်မလဲ
မြန်မာ ပြုပြင်ပြောင်းလဲရေး IMF ချီးကျူး
မွန်ဘိုင်းမြို့  တိုက်ခိုက်သူကို ကွပ်မျက်
ပေါက္ကံပြည် ရှေးစေတီဟောင်းတို့ ကိန်းဝပ်စံပယ်နေရသည့် ဟိုတယ်ပရိဝုဏ်တွင်း
အမျိုးသမီးစစ်မှုထမ်းများ လိုအပ်သည့်အချိန်တွင် ခန့်ထားနိုင်ရန် ဆောင်ရွက်သွားမည်ဟုဆို
နိုဝင်ဘာလ (၂၂) ရက်နေ့ ထုတ် 7Day News ဂျာနယ် အတွဲ ၁၁၊ အမှတ် ၃၇
နိုဝင်ဘာလ (၂၂) ရက်နေ့ ထုတ် မြန်မာအင်ဒီပဲန်ဒင့် သတင်းဂျာနယ် အမှတ် (၂၈)

(၄၈)မီနီဘတ်စ် တိမ်းမှောက် ခရီးသည်များ ထိခိုက်ဒဏ်ရာရ

Posted: 22 Nov 2012 01:38 AM PST

 ရန်ကုန်-အင်းစိန် လမ်းမကြီးတွင် ပြေးဆွဲ နေသော မထသ(၄၈) ယာဉ်လိုင်း မီနီဘတ်စ် တစ်စီးမှာ အင်းစိန် လမ်းမပေါ်၌ စက်ဘီးကို   ရှောင်ရာမှ ဘရိတ်ပေါက်၍ အရှိန်လွန်ကာ လမ်းဘေး ပလက်ဖောင်း ပေါ်သို့  တိမ်းမှောက်ခဲ့ခြင်းကြောင့် ခရီးသည်များ ဒဏ်ရာ ရရှိခဲ့သည်။ ဖြစ်ပွားပုံမှာ အင်းစိန်မှ သိမ်ဖြူသို့ ပြေးဆွဲသော မထသ (၄၈) မီနီဘတ်စ်မှာ နိုဝင်ဘာလ(၂၂)ရက် မနက် ၉ နာရီခန့်က ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



http://feeds.feedburner.com/thithtoolwin/yIWV

လာမည့်နှစ်၌ နည်းပညာတက္ကသိုလ် တစ်ခုစီသာ ထားရှိတော့မည်

Posted: 22 Nov 2012 01:31 AM PST

၂၀၁၃-၂၀၁၄ ခုနှစ် ပညာသင်နှစ်မှ စတင်၍ ပြည်နယ်နှင့် တိုင်းဒေသ ကြီးများ၌ အင်ဂျင်နီယာဘွဲ့ (B.E) တက်ရောက် နိုင်သော နည်းပညာ တက္ကသိုလ် တစ်ခုစီသာ ထားရှိတော့မည် ဖြစ်သည်။ အဆိုပါ ပညာသင် နှစ်မှစ၍ ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးရှိ နည်းပညာ တက္ကသိုလ် အားလုံး၌ အင်ဂျင်နီယာဘွဲ့ (B.E)တန်းများ မတက်ရောက် နိုင်တော့ပဲ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


http://feeds.feedburner.com/thithtoolwin/yIWV

ကြယ်ကျစ်နှင့်ညောင်ဖြူ မီးသင့်ခဲ့သည့် တောင်ကြီးမီးပုံးပျံဖွင့်ပွဲည

Posted: 22 Nov 2012 01:22 AM PST

တောင်ကြီး တန်ဆောင်တိုင် မီးပုံးပျံပြိုင်ပွဲ ဖွင့်ပွဲနေ့ည မီးပုံးပျံ လွှတ်တင်ရာ၌ ရာသီဥတု အခြေအနေကြောင့် မီးပုံပျံနှစ်လုံး မီးလောင် ပျက်စီးခဲ့ပြီး တစ်စုံတစ်ရာ ထိခိုက်မှု မရှိခဲ့ကြောင်း မီးပုံးပျံ အမှတ်ပေး ဒိုင်လူကြီးများထံက သိရသည်။ "မနေ့က ဖွင့်ပွဲလုပ်တာပါ၊ အဲ့ဒီမှာ လွှတ်တဲ့ မီးပုံးပျံတွေထဲက နှစ်လုံးက ရာသီဥတုကြောင့် မီးလောင်ပြီး ပျက်ကျခဲ့တာပါ။ ထိခိုက်မှုတော့ မရှိခဲ့ပါဘူး" ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



http://feeds.feedburner.com/thithtoolwin/yIWV

မိုဘိုင်းဖုန်းဈေးများ ကျပ် တစ်သိန်းခွဲဝန်း ကျင် အထိ ကျဆင်းမည်

Posted: 22 Nov 2012 01:12 AM PST

မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း (သတင်း အချက်အလက်နှင့် နည်းပညာဌာန) မှ UMTS/3G လိုင်းတစ်သန်း တပ်ဆင် တိုးချဲ့မည် ဖြစ်ကြောင်းသိရသည်။

ယင်းကြောင့် လာမည့် ဒီဇင်ဘာနှင့် ဇန်န၀ါရီလများတွင် မိုဘိုင်းဖုန်းဈေးများ ကျပ် တစ်သိန်းခွဲဝန်းကျင်အထိ ကျဆင်းနိုင် ဖွယ်ရှိကြောင်း သိရသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (သတင်းအချက်အလက်နှင့် နည်းပညာဌာန) မှ UMTS/3G လိုင်းတစ်သန်း တပ်ဆင်တိုးချဲ့မည် ဖြစ်ရာ ယင်းကဲ့သို့ မိုဘိုင်း ဖုန်းဈေးနှုန်းများ ကျဆင်းနိုင်ဖွယ်ရှိကြောင်း မိုဘိုင်း အင်ဂျင်နီယာချုပ် က ပြောကြားသည်။

ဖူးပွင့်သော် - Yangon Media Group
http://feeds.feedburner.com/thithtoolwin/yIWV

လယ်မြေများ ပြန်မရမချင်း အဖမ်းဆီးခံ၊ အသက်အသေခံ၍ ဆန္ဒထုတ်ဖော် တောင်းဆိုသွားမည်

Posted: 22 Nov 2012 12:59 AM PST

ဝါဝါဝင်း ကုမ္ပဏီရှေ့ ၂၂ရက် ကြာ ဆန္ဒထုတ်ဖော် တောင်းဆို ခဲ့သော်လည်း ထူးခြားမှု တစုံတရာ မရှိ၍ လမ်းလျှောက် ဆန္ဒထုတ်ဖော်ခဲ့သူ လယ် သမားများက ၎င်းတို့ လယ်ယာမြေများ ပြန်လည် မရမချင်း အဖမ်းဆီးခံ၊ အသက်အသေခံပြီး ဆက်လက် ဆန္ဒထုတ်ဖော် သွားမည်ဖြစ်ကြောင်း----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

သိမ်းဆည်းခံ လယ်သမားများ ဝါဝါဝင်း ကုမ္ပဏီရှေ့ (၂၃) ရက်ကြာ ဆန္ဒထုတ်ဖော် တောင်းဆို ခဲ့သော်လည်း ထူးခြားမှု တစုံတရာ မရှိ၍ ယနေ့ နံနက် ကိုးနာရီခွဲ ခန့်မှစ၍ လမ်းလျှောက် ဆန္ဒထုတ်ဖော်။  ။ ဓါတ်ပုံ - The Myanma Age
http://feeds.feedburner.com/thithtoolwin/yIWV

မြို့တော်ခန်းမရှေ့၌ တစ်ကိုယ်တော် ဆန္ဒပြသူ အဖမ်းခံရ

Posted: 22 Nov 2012 12:48 AM PST

စစ်ကိုင်းတိုင်း ကောလင်းမြို့နယ်တွင် ဖြစ်ပေါ်နေသော သစ်ခိုးထုတ်မှုများတွင် အောက်ခြေ ဝန်ထမ်းများ ပါဝင်ကြောင်း ဌာနဆိုင်ရာများသို့ တိုင်ကြားခဲ့သော်လည်း ထိထိရောက်ရောက် အရေးယူမှု မရှိသောကြောင့် ရန်ကုန်မြို့ မြို့တော်ခန်းမအနီးတွင် တစ်ကိုယ်တော်ဆန္ဒပြသူ ကိုအောင်ကြည်မြင့်ကို ကျောက်တံတားရဲစခန်းမှ မွန်းလွဲ တစ်နာရီခွဲခန့်တွင် ဖမ်းဆီး သွားကြောင်း သတင်းရရှိသည် ။

သတင်း - ဓါတ်ပုံ ။  ။ မြန်မာ့ခေတ်
http://feeds.feedburner.com/thithtoolwin/yIWV

လှည်းတန်း ဆင်ရေတွင်းမှတ်တိုင်အနီး၄၈ မီနီဘတ်စ် တစ်စီးတိမ်းမှောက်လူ၂၀ကျော်ဒဏ်ရာရ

Posted: 22 Nov 2012 12:38 AM PST

ရန်ကုန်-နိဝင်ဘာ၂၂

လှည်းတန်း ဆင်ရေတွင်း မှတ်တိုင်အနီးတွင် ယနေ့နံနက် ၉ နာရီ ခန့်တွင် ၄၈ မီနီဘတ်စ် တစ်စီးတိမ်းမှောက်ပြီး ကားပေါ်ပါလူ ၂၀ ကျော် ဒဏ်ရာရရှိ သွားကြောင်း သိရသည်။
'' ဒဏ်ရရတဲ့သူတွေ ဒီမှာရောက်နေတယ်။ ၁၅ ဦးအထက်ပဲ။ ထပ်လာနေသေးတယ်'' ဟု ရန်ကုန်ဆေးရုံကြီးမှ အရေးပေါ်ဌာနမှာ တာဝန်ရှိသူတစ်ဦးက ပြောသည်။

Popular Myanmar News Journal
http://feeds.feedburner.com/thithtoolwin/yIWV

ဒုတိယ ကာကွယ်ရေး ဝန်ကြီး ဗိုလ်မှူး ချုပ် အောင်သော်နှင့် Reuters သတင်းဌာန တွေ့ဆုံ

Posted: 22 Nov 2012 12:28 AM PST

ဒုတိယ ကာကွယ်ရေး ဝန်ကြီးချုပ် ဗိုလ်မှူးချုပ် အောင်သော်
၁၉၆၂ ခုနှစ်တွင် နိုင်ငံ့အာဏာကို သိမ်းပိုက်ခဲ့သော မြန်မာစစ်တပ်သို့ ဆယ်ကျော်သက် အရွယ်ကပင် စတင် ဝင်ရောက် တာဝန် ထမ်းဆောင်ခဲ့သူ အသက် ၅၉ နှစ်အရွယ်ရှိ ဒုတိယ ကာကွယ်ရေးဝန်ကြီး၊ ဗိုလ်မှူးချုပ် အောင်သော်က Reuters သတင်းဌာနနှင့် နှစ်နာရီကြာ ဆုံတွေ့ခဲ့သော တွေ့ဆုံခန်းတစ်ရပ်၌ အခြေမခိုင် သေးသော ဒီမိုကရက်တစ် ပြုပြင်ပြောင်း လဲမှု ခေတ်သစ်တွင် မြန်မာစစ်တပ်က သြဇာကြီးမားသော အခန်း ကဏ္ဍကို ဆက်လက် ထိန်းသိမ်းကိုင်စွဲ ထားရသည့် အကြောင်းရင်းကို ရှင်းလင်းပြောကြားသွားခဲ့သည်။

ဗိုလ်မှူးချုပ် အောင်သော်၏ Reuters သတင်းဌာနနှင့် တွေ့ဆုံခန်းသည် မြန်မာ့နိုင်ငံရေး အပြောင်းအလဲများ စတင် ခဲ့သည့် နောက်ပိုင်း၊ မြန်မာစစ်တပ် အကြီးအကဲ တစ်ဦးနှင့် နိုင်ငံတကာမီဒီယာတို့ ပထမဆုံး အကြိမ် ဆုံတွေ့ခဲ့သော တွေ့ ဆုံခန်းလည်း ဖြစ်ခဲ့သည်။ အဆိုပါ တွေ့ဆုံခန်းတွင် ဗိုလ်မှူးချုပ် အောင်သော်က မြန်မာ စစ်တပ်ကို မြန်မာဒီမိုကရေစီ သန္ဓေ၏ ဗိသုကာအဖြစ် လည်းကောင်း၊ စောင့်ရှောက်သူ အဖြစ်လည်းကောင်း ပုံဖော် ပြောကြားသွားခဲ့သည်။
ဒုတိယ ကာကွယ်ရေး ဝန်ကြီးချုပ် ဗိုလ်မှူးချုပ် အောင်သော်

ထိုအချက်ကြောင့်ပင် တပ်မတော်က ပါလီမန်တွင် ရပ်တည်ခွင့်ကို စွန့်လွတ်ရန် အစီအစဉ် မရှိခဲ့ခြင်း ဖြစ်သည် ဟု ဗိုလ်မှူးချုပ် အောင်သော်က ပြောကြား ခဲ့သည်။ မြန်မာ စစ်တပ်သည် ပါလီမန်၏ ၂၅ ရာခိုင်နှုန်းသော အမတ် နေရာများကို စစ်တပ်က တိုက်ရိုက် အဆိုပြုခန့်အပ်သော ရွေးကောက်ခံ မဟုတ်သည့် ကိုယ်စားလှယ် များဖြင့် နေရာယူထားခဲ့သည်။

"ဒီမိုကရေစီအသွင် ကူးပြောင်းရေးကို အစိုးရက ဦးဆောင်နေတာပါ" ဟု ဗိုလ်မှူးချုပ် အောင်သော်က ဆိုသည်။ "ကာကွယ်ရေး တပ်ဖွဲ့တွေကလည်း ပြောင်းလဲရေး လုပ်ငန်းစဉ်မှာ တကယ့်ကို တက်တက်ကြွကြွ ပါဝင် ဆောင် ရွက်နေကြပါတယ်"

ဗိုလ်မှူးချုပ် အောင်သော်၏ မှတ်ချက်စကားများသည် နိုဝင်ဘာ ၁၉ ရက်တွင် မြန်မာနိုင်ငံသို့ ရောက်ရှိလာမည့် ပထမဆုံးသော အမေရိကန် သမ္မတ Barrck Obama ၏ ခရီးစဉ် မတိုင်မီ ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။

Reuters သတင်းဌာနနှင့် တွေ့ ဆုံခန်းတွင် ဒုတိယ ကာကွယ်ရေးဝန်ကြီး၊ ဗိုလ်မှူးချုပ် အောင်သော်က မြန်မာ နိုင်ငံ၏ ၁၉၈၈ ခုနှစ် လူထုအုံကြွမှုဖြစ်စဉ်ကို "အလွန့်အလွန် ဝမ်းနည်းဖွယ် အမှတ်ရစရာများ" အဖြစ် ပြောကြား ခဲ့သည်။ မြန်မာ နယ်နိမိတ် များကို ထာဝရ ပြောင်းသွားစေ လောက်အောင် ခြိမ်းခြောက်နေ သည့် နိုင်ငံအဝှမ်း မင်းမဲ့စရိုက် လွှမ်း မိုးနေခြင်းကြောင့် စစ်တပ်က မလွှဲမရှောင်သာ ဝင်ရောက် ထိန်းသိမ်းခဲ့ရခြင်း ဖြစ်ကြောင်း ဗိုလ်မှူးချုပ်အောင်သော် က ပြောကြားခဲ့သည်။

"၁၉၈၈ ခုနှစ်မှာ တစ်နိုင်ငံလ

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ