[mrsorcerer:36054] Fwd: [လူဗိုလ်ဟူသည် ...] အဆက်အစပ်မရှိတဲ့ အပိုင်းအစများ



---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2012/11/23
Subject: [လူဗိုလ်ဟူသည် ...] အဆက်အစပ်မရှိတဲ့ အပိုင်းအစများ
To: lubo601@gmail.com



by Mar Ga Luelin on Friday, November 23, 2012 at 2:17am ·


( ၁ )

အခုခေတ်အမျိုးသမီးတွေမှာ
ကင်မရာရှေ့ရောက်သွားတဲ့အခါ
ပါးအလိုလိုဖောင်းလာတဲ့ ရောဂါနဲ့
လက်နှစ်ချောင်းအကြောဆွဲဝေဒနာတွေရှိတယ်

ဒီစာသားတွေဟာတောင်ရောက်လိုက် မြောက်ရောက်ဖြစ်ချင်ဖြစ်မယ်
အခုခေတ်ယောင်္ကျားတွေဟာ
အရင်ခေတ်ကလောက် ကာလသားရောဂါ မဖြစ်ကြတော့ဘူး
( အိပ်ခ်ျအိုင်ဗွီတော့ ဖြစ်ချင် ဖြစ်လေမပေါ့ ) . . .

မိုးတွေရွာတဲ့အခါ
နေတွေပူတဲ့အခါ
အဲ့ဒီခါးကိုင်းကိုင်းနဲ့ အဖွားဟာ
ကောင်းကင်ကို မျက်လုံးမွဲမွဲနဲ့မော့ကြည့်ရှာ
စိတ်ကို ဖြတ်ခနဲ့ ဆွဲဆုပ်လိုက်ပြီး
ကတ္တရာလမ်းမ ပေါ်ပွတ် တိုက် ချ သွား
 ငါ့အဖွားတော့မဟုတ်ပေမယ့်
အဲ့ဒီ ခဏတာမှာ ခံစားမှု့ဟာအရေပြားစုတ်ပြဲ
ဟုတ်တယ် ဘာမှမဆိုင်ဘူး
အလိုလို ကို စူးနေတာ . . .

ပေါင်တိုတွေ ( စကတ်တပိုင်းမြိုထားတဲ့ ပေါင်သားတွေ )
ဂျင်းဘောင်းဘီ တွေ သွေးစုတ်နေတဲ့ ခြေတံတွေ
ကုသိုလ်ရေးဆိုပြီး နားကို အပ်နဲ့ကလော်နေတဲ့ သံစဉ်တွေ
ကဲကဲ ဆုအရှည်ကြီးမပေးနဲ့
ရချင်တာရလေ ကျေနပ်ပါတယ်
အဓိက ကတော့ အလှူငွေလေးထည့်
လက်အုပ်လေးချီ လှူပါတယ်လို့ စိတ်ထဲကရွတ်ရင်ပြီးရောမလား
အေးအေး  ပေါင်တိုလေးကလဲ မျက်လုံးထဲကထွက်သွား
ရာဂတွေ တဏှာတွေ လာလာမီးမညှိနဲ့လေကွယ်
သေချာတာကတော့ ဂျင်းဘောင်းဘီမျှော့နက်နက်ကျပ်ကျပ်သပ်သပ်တွေ
အတွယ်ခံနေတဲ့ ကောင်တို့ကို အရမ်းအမြင်ကပ်တာပဲ . . .

ဝေး .  .   .   အခုတလော
ကရင်လူမျိုးတွေကို ချစ်နေမိတယ်
ကယားလူမျိုးတွေကို ချစ်နေမိတယ်
ဟိန္ဒူတွေကို မေတ္တာထားနေမိတယ်
ဘာမှတော့မဆိုင်ဘူးပေါ့လေ
အထက်က စာပုဒ်တွေနဲ့ ဆက်စပ်ဖို့လည်း
အတင်းမကြိုးစားချင်တော့တဲ့အတွက်
တစစီပဲ ဖြန့်ကြဲထားလိုက်တယ် . . .

နေပူတဲ့အခါ မိုးရွာစေချင်တယ်
မိုးရွာတဲ့အခါ နေသာစေချင်တယ်
ဒီနေ့ အချစ်နဲ့နမ်းခဲ့ရတဲ့ နုတ်ခမ်းသားထူအမ်းအမ်းဟာ
ဆေးလိပ်သောက်လို့ မကောင်း . . .

( ၂ )

တခါတလေ သုဘရာဇာဖြစ်ချင်လိုက်တာ . . .

မာဃသစ္စာ


--
Posted By Blogger to လူဗိုလ်ဟူသည် ... at 11/24/2012 02:52:00 AM

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ