ဘယ်လို ရှင်းရှင်းမလင်းနိုင်တဲ့ ပြသနာ အဆုံး မှာ ( ရခိုင်ပြည်နယ် အရေး ဗားရှင်း - ၁ )
ဘင်္ဂလီပြသနာအကြောင်းရင်း
ပြသနာတစ်ခုကို ရှင်းရတော့မယ်ဆို အကြောင်းရင်းရှာရမယ် ၊ ဖြစ်ရတဲ့အကြောင်းရင်းက စရှင်းရမယ်လို့ အတွေးအခေါ်ပညာရှင် အီဂဲရစ် က အဓိပ္ပါယ်ဖွင့်တယ် ။
ဆိုလိုချင်တာကတော့ ဇစ်မြစ်ကို ရှင်းရမှာဖြစ်တယ် ။ ရခိုင်ပြည်မှာ ဖြစ်ပွားရတဲ့ ဘင်္ဂလီပြသနာကိုကြည့်မယ်ဆိုရင် အကြောင်းရင်းနှစ်ချက်ကိုအသေအချာတွေ့ရ
မှာဖြစ်တယ် ။ ပထမအကြောင်းရင်းက လတ်တလောနဲ့မကြာသေးမှီက ခိုးဝင်လာတဲ့ဘင်္ဂလီတွေနဲ့ မျိုးရိုးစဉ်ဆက်ရခိုင်ပြည်မှာ အနည်းဆုံး ဂျနရေးရှင်းသုံးခုလောက်
အခြေချနေထိုင်နေကြတဲ့ ဘင်္ဂလီတွေ မကွဲပြားတာဖြစ်တယ် ။
ခိုးဝင်လာသူ နဲ့ အစဉ်အဆက်နေထိုင်သူ
ဘူးသီးတောင်၊ မောင်တောနယ်မြေတွေဟာ တဘက်နိုင်ငံဘင်္ဂလားဒျေ့်နဲ့အင်မတန်နီးကပ်နေတဲ့အတွက် ၊ နယ်မြေလုံခြုံမှု့မရှိတဲ့ မြန်မာနိုင်ငံထဲကို အကြောင်းအမျိုး
မျိုးကြောင့် ခိုးဝင်လာတဲ့ ဘင်္ဂလီတွေရှိနေတာဟာလည်း ငြင်းမရတဲ့အချက်တွေဖြစ်တယ် ။ မြန်မာနိုင်ငံနယ်စပ်လုံခြုံရေးအားနည်းမှု့ ၊ နယ်စပ်ဒေသကာကွယ်ရေးလက်
နက်ကိုင် ၀န်ထမ်းတွေရဲ့ အားနည်းမှု့တွေအပြင် ၊ ဒီအရှုပ်တော်ပုံထဲကို အိုင်အန်ဂျီအိုတွေနဲ့ ယူအန်အဖွဲ့အစည်းတွေပါ နက်နက်နဲနဲပါဝင်နေတယ်ဆိုတဲ့အထောက်အ
ထားတွေကိုလည်း အင်တာနက်မှာတွေ့ရှိရတယ် ။ ယူအန်ဝန်ထမ်းတွေရဲ့ စပိဘုတ်တွေနဲ့တောင် တဖက်နိုင်ငံက ကျောမွဲနေစရာမရှိတဲ့ ဘင်္ဂလီတွေကို မြန်မာဘက်ကို
ခိုးသွင်းတဲ့အထောက်အထားတခုကို လည်းတွေ့ရတယ် ။
ဒါပေမယ့်တဖက်မှာ ထောက်ပြစရာရှိတာက ဒီဘူးသီးတောင်မောင်တော ခရိုင်အတွင်းမှာလည်း နှစ်ရာနဲ့ချီပြီးအခြေချနေထိုင်ခဲ့တဲ့ ဘင်္ဂလီတွေရှိတယ်ဆိုတဲ့ အဖြစ်ပဲ
ဖြစ်တယ် ။ နယ်မြေနဲ့ဘာသာစကား ၊ ယဉ်ကျေးမှု့နီးကပ်လွန်းတာကြောင့် အခုမှခိုးဝင်လာသူနဲ့ နှစ်ရာချီအခြေချခဲ့တဲ့ဘင်္ဂလီတွေကို ခွဲထုတ်ဖို့အင်မတန်ခက်ခဲတဲ့
အနေအထားပဲဖြစ်နေတယ် ။
မြန်မာအစိုးရရဲ့ နိုင်ငံသားဖြစ်တည်မှု့ ဥပဒေ
၁၉၈၂-ခုနှစ်၊ နိုင်ငံသားဖြစ်မှု ဥပဒေအရ တိုင်းရင်းသားလို့သတ်မှတ်ထားသူတိုင်း နိုင်ငံသားဖြစ်ခွင့်ရှိရမယ်လို့ဆိုတယ် ။ ဒါကြောင့်မို့လဲ ဘင်္ဂလီတွေရဲ့ရိုဟင်ဂျာဆိုတဲ့
တိုင်းရင်းသားလူမျိုးတမျိုး ဖြစ်တည်လာတာလို့လဲယူဆနိုင်တယ် ။ တကယ်လို့ ရိုဟင်ဂျာဆိုတဲ့လူမျိုးရှိတဲ့အကြောင်းသာ မြန်မာအစိုးရအနေနဲ့အတည်ပြုလိုက်မယ်ဆို
ရင်တော့ ရခိုင်ပြည်နယ်က ဘင်္ဂလီလူမျိုးအားလုံးနီးပါးကို နိုင်ငံသားအဖြစ် ၊ တိုင်းရင်းသားအဖြစ်လက်ခံရမှာဖြစ်တယ် ။ ဒါ့အပြင် ဘင်္ဂလီတွေရဲ့မျှော်လင့်ချက်က
၁၉၈၂ ခုနှစ် နိုင်ငံသား ဖြစ်မှု ဥပဒေ အရဆိုရင် ၁၉၄၈ ခုနောက်ပိုင်း မြန်မာနိုင်ငံကို ဝင်ရောက် နေထိုင်သူတွေကို မြေးအဆင့် တတိယ မျိုးဆက်ကို နိုင်ငံသား အဖြစ် အသိအမှတ်
ပြုပေးဖို့ ပါဝင် နေပါတယ်။ ဒီဥပဒေအရသာ တိတိကျကျလုပ်မယ်ဆိုရင် ရခိုင်ပြည်မှာအခြေချနေထိုင်သူဦးရေရဲ့အများစုဟာ နိုင်ငံသားတွေဖြစ်လာ
ကြမှာဖြစ်ပါတယ် ။ ပြသနာကတော့ နှစ်ပေါင်းများစွာ တအိအိနဲ့ဝင်ရောက်နေတဲ့ ထောင်သောင်းသိန်းပေါင်းများစွာသော ဘင်္ဂလီတွေရဲ့ အချက်အလက်မှတ်တမ်းတွေ
လူဝင်မှု့ကြီးကြပ်ရေးဝန်ကြီးဌာနမှာ ပြည့်စုံလုံလောက်စွာ ဒါမှမဟုတ် အချက်အလက်အနည်းစုလောက်တောင် ရှိပုံမရဘူး ။
ဒီတော့ တတိယမျိုးဆက် ကို လက်ခံရမှာအမှန်ဖြစ်ပေမယ့် ၊ တတိယမျိုးဆက်စစ်လားမစစ်လားဆိုတာကတော့ သက်သေပြဖို့ ၊ ခွဲခြားဖို့ခက်ခဲတဲ့ကိစ္စဖြစ်လာတယ် ။
လူ့အခွင့်အရေးနဲ့ ဥပဒေအရကြည့်ရင် တတိယမျိုးဆက်ကို တော့ နိုင်ငံသားအဖြစ်လက်ခံရမှာ ဧကန်မလွဲပါပဲ ၊ ရခိုင်တိုင်းရင်းသားများအဖို့ လက်ခံနိုင်သည်ဖြစ်စေ
လက်မခံနိုင်သည်ဖြစ်စေ ၊ ဒီအမှန်တရားကို လက်ခံရမှာဖြစ်ပါတယ် ။ နိုင်ငံတကာအဖွဲ့အစည်းတွေကလည်း ဒီဖြစ်ရပ်ကို စောင့်ကြည့်နေကြပါတယ် ။
ပြောင်းရွှေ့ဘင်္ဂလီ များအား ပြန်ပို့၍မရ
ဥပဒေအရ တတိယမျိုးဆက်တွေကို နိုင်ငံသားအဖြစ်လက်ခံပေးလိုက်ပြီဆိုရင်တောင် ကျူးကျော်ဝင်ရောက်လာတာသေချာပြီဖ်ြစ်ကြောင်းစစ်ဆေးတွေ့ရှိလာတဲ့ ဘင်္ဂလီတွေ
ရဲ့ ပြသနာကလည်းရှိနေပြန်သေးတယ် ။ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ထဲရောက်နေတဲ့ ဘင်္ဂလီလူမျိုးမှန်သမျှကို ဘင်္ဂလားနယ်ခြားစောင့်တပ်က သေသေချာချာစစ်ဆေးပြီး
မှ ဘင်္ဂလားနိုင်ငံထဲ ၀င်ခွင့်ပေးတဲ့သဘောရှိပါတယ် ။ ဟိုနယ်ဒီနယ် ကူးလူးနေတဲ့ ဘင်္ဂလီတွေရှိပေမယ့်လည်း ၂၀၁၂ရခိုင်ပြသနာအပြီးမှာ နယ်ခြားစောင့်တပ်တွေက ကြပ်
မတ်နေပါပြီ ။ ရခိုင်ပြည်ထဲ လက်ရှိရောက်နေတဲ့ ဘင်္ဂလီတွေကို ဘင်္ဂလားဒေခ်ျ့နိုင်ငံထဲကို ပြန်ပို့လို့မရတာကတော့ အသေအချာပဲ ၊ ရခိုင်ပြည်ထဲမှာ ဆက်လက်လက်ခံထား
ဖို့ကလည်း ခက်ခဲတဲ့အရာတစ်ခုဖြစ်လာပါပြီ ။ ဘင်္ဂလားဒျေ့်ကလည်း လက်မခံ ၊ ရခိုင်ပြည်ရှိ ဌာနေတိုင်းရင်းသားတွေနဲ့လည်းမတည့်တဲ့ ဘင်္ဂလီတွေရဲ့ အနာဂါတ်နဲ့ ဒီဘင်္ဂ
လီတွေနဲ့ နီးကပ်စွာရှိနေတဲ့ ဌာနေတိုင်းရင်းသားတွေရဲ့ အနာဂါတ်ဟာလည်း စိုးရိမ်ရေမှတ်ဘက်ကို ညွန်ပြလျှက်ရှိပါတယ် ။
မတူညီတဲ့ရှု့ထောင့်နှစ်ခုက ကြည့်တဲ့ မတူညီတဲ့အမြင်တွေ
ဘင်္ဂလီကိစ္စတွေကို နိုင်ငံသားဖြစ်တည်မှု့ဥပဒေနဲ့ပဲ ရှင်းနိုင်တာကတော့ အမှန်ပဲဖြစ်တယ် ။ အခုရခိုင်ပြည်မှာဖြစ်နေတဲ့ပြသနာတွေက ဥပဒေနဲ့မရှင်းပဲ ၊ လူမျိုးအလိုက်
ရှင်းကြလို့ဖြစ်ရတဲ့ပြသနာတွေပဲဖြစ်တယ် ။ ဒီပြသနာတွေအပေါ်မှာလည်း မြန်မာနိုင်ငံသားတွေရဲ့ အမြင်နဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ဥရောပရဲ့အမြင်ကအင်မတန်
ကွဲပြားတယ် ။ မြန်မာနိုင်ငံသားတွေရဲ့အမြင်မှာက ဘင်္ဂလီတွေဟာ ကျုးကျော်ဝင်ရောက်လာသူဖြစ်တယ် ။ ကျူးကျော်ဝင်ရောက်လာတိုင်းနိုင်ငံသားပေးရ ၊ ပြသနာဖြစ်တဲ့
အတွက် သီးသန့်နယ်မြေဖြစ်ပေးရရင် ကန္တာရရွက်ဖျင်တဲ ပုံပြင်ထဲက ကုလားအုတ်လို ဖြစ်လိမ့်မယ် လို့မြင်တယ် ၊ နောက်ပြီး ဒီဘင်္ဂလီတွေဟာ အိမ်ရှင်ကို ရန်မူတဲ့ ဧည့်
သည်တွေဖြစ်တယ် ၊ အဓိကကတော့ ကျူးကျော်ဘင်္ဂလီတွေကို နိုင်ငံသားမပေးနိုင်ဘူးဆိုတဲ့ အမြင်ဖြစ်တယ် ။
နိုင်ငံတကာအဖွဲ့အစည်း တွေနဲ့ ဥရောပရဲ့အမြင်ကတော့ လူ့အခွင့်အရေးစံချိန်စံညွန်း ၊ လူသားချင်းစာနာထောက်ထားမှု့တွေနဲ့ နိုင်ငံသားဖြစ်တည်မူ့ဥပဒေတွေကို
မြင်တယ် ။ သူတို့ရဲ့အမြင်မှာတော့ ဘင်္ဂလီတွေဟာ ရိုဟင်ဂျာဆိုတဲ့လူမျိုးတမျိုးအနေနဲ့ ရှိနှင့်ပြီးဖြစ်တယ် ။ ဒီလူမျိုးဟာ ရခိုင်ပြည်နယ်အနောက်ဖျားမှာရှိတာ နှစ်ရာနဲ့
ချီပြီဖြစ်တယ် ။ အင်အားကြီးမားတဲ့ ရခိုင်လူမျိုး ဗုဒ္ဓဘာသာတွေကို အစိုးရက အကာကွယ်ပေးထားတဲ့အတွက် ဒီဘင်္ဂလီတွေဟာ အင်အားကြီးလူမျိုးနဲ့ အစိုးရရဲ့ အနှိမ့်
ချအတိုက်ခိုက်ခံနေရတာ ဆယ်စုနှစ်များစွာကြာပြီဖြစ်တယ် ။ လူ့အခွင့်အရေး မရဘူး ၊ လူသားချင်းစာနာထောက်ထားမှု့ မခံရဘူး ။ ဒါကြောင့်လဲ နိုင်ငံတကာအဖွဲ့အ
စည်းတော်တော်များများဟာ ရခိုင်မြောက်ပိုင်းမှာအခြေစိုက်ပြီး ဘင်္ဂလီတွေအတွက် အကူအညီပေးနေခဲ့ကြတာကြာပြီဖြစ်တယ် ။
အစိုးရ ရဲ့ အကျပ်အတည်း
မြန်မာအစိုးရအဖို့လည်း သွေးနုသားနု ဒီမိုကရေစီ နဲ့ ဒယီးဒယိုင်ခရီးဆက်နေရတဲ့အပြင် ၊ အစိုးရကဖန်တီးတဲ့ ရခိုင်ပြည်အရေးဆိုပြီး လူ့အခွင့်ရေးသမားအချို့နဲ့လေ့
လာသူအချို့က တံဆိပ်ကပ်လာတဲ့ပြသနာတွေနဲ့လည်းရင်ဆိုင်နေရတယ် ။ တကယ်တော့ ရခိုင်ပြည်နယ်အရေးဟာ မြန်မာနိုင်ငံသစ်ကို နိုင်ငံတကာအမြင်မှာ သိက္ခာကျ
စေခဲ့တာပါ ။ ဌာနေတိုင်းရင်းသားတွေရဲ့ နိုင်ငံသားရပိုင်ခွင့်အခွင့်အရေးနဲ့ ဘင်္ဂလီတွေအတွက် တောင်းဆိုနေတဲ့ လူ့အခွင့်အရေးအဖွဲ့အစည်းတွေရဲ့ လူ့အခွင့်အရေး
တောင်းဆိုချက်တွေအကြား အစိုးရဟာ ဗျာများနေခဲ့တာပါ ။ ဒါအပြင် အစ္စလာမ်နိုင်ငံတွေရဲ့ ဖိအား ၊ ကုလသမဂ္ဂရဲ့ တိုက်တွန်းမှု့တွေနဲ့ အင်အားကြီးနိုင်ငံတခုရဲ့ဒီအရေး
အပေါ်မှာ စိတ်ဝင်စားမှု့တွေဟာ အစိုးရနဲ့ ပြည်သူအများစုအတွက် ပိုမိုအကျပ်အတည်းဆိုက်စေခဲ့ပါတယ် ။ အမှန်ကတော့ ဒီပြသနာဟာ အစိုးရဖန်တီးသည်ဖြစ်စေ ၊
အစိုးရမဖန်တီးသည်ဖြစ်စေ ၊ တနေ့တချိန်မလွဲမသွေဖြစ်ရမဲ့ ပြသနာကိုဖြစ်ပါတယ် ။ ရခိုင်ပြည်နယ်သာမက ၊ အာသံဘက်မှာ ၊ အိန္ဒိယနယ်စပ်တစ်လျှောက်မှာ ပြန့်ကား
ထွက်လာတဲ့ ဘင်္ဂလီအနွယ်တွေနဲ့ ဌာနေတိုင်းရင်းသားအနွယ်တွေ ရဲ့ ပဋိပက္ခဟာ ကမ္ဘာသိဖြစ်ခဲ့တာပါ ။ မြန်မာအစိုးရအနေနဲမငြင်းဆန်နိုင်တာတခုကတော့ ရခိုင်ပြည်နယ်
အရေးကို သေသေချာချာမကိုင်တွယ်နိုင်ခဲ့တဲ့ အားနည်းချက်ပဲ ဖြစ်ပါတော့တယ် ။ဘယ်လို ရှင်းရှင်းမလင်းနိုင်တဲ့ ပြသနာ အဆုံး
ဘာတွေပဲဖြစ်ဖြစ် ရခိုင်ပြည်နယ်ထဲ အခုလက်ရှိရောက်နေတဲ့ ဘင်္ဂလီတွေဟာ ရခိုင်ပြည်နယ်ထဲမှာပဲ အခြေချနေထိုင်ကြတော့မှာဖြစ်ပါတယ် ။ ဘာသာမတူတဲ့ လူမျိုးမတူတဲ့
အသိုင်းအ၀န်းနှစ်ခုရဲ့ ပဋိပက္ခကလည်း အစဉ်အမြဲရှိနေတော့မှာပါ ။အနည်းဆုံး ၁၉၈၂ နိုင်ငံသားဖြစ်မှု့ဥပဒေအရပဲဖြစ်ဖြစ် အခုလက်ရှိနေထိုင်နေတဲ့ဘင်္ဂလီတွေရဲ့ သား
မြေးတွေဟာလည်း တရားဝင်နိုင်ငံသားတွေဖြစ်လာကြပြီး ရခိုင်ပြည်နဲ့တကွ ၊ မြန်မာတစ်နိုင်ငံလုံးကို သွားလာခွင့် ၊ ပြည်သူ့ဝန်ထမ်းလုပ်ပိုင်ခွင့် ၊ နိုင်ငံသားတစ်ယောက်ရဲ့
အခွင့်အရေးအကုန်လုံးကို ရရှိကြတော့မှာ ဖြစ်ပါတယ် ။ ရခိုင်တိုင်းရင်းသားတွေဟာ ဘင်္ဂလီတွေနဲ့အတူယှဉ်တွဲနေထိုင်ရတော့မှာဖြစ်ပြီး မြန်မာနိုင်ငံသမိုင်းမှာ မိမိတို့ပြည်
နယ်ထဲ ပထမဆုံးအခြားလူမျိုးတမျိုးအားလက်ခံလိုက်ရတဲ့ တိုင်းရင်းသားအဖြစ်မှတ်တမ်းဝင်သွားမှာလည်းဖြစ်ပါတယ် ။ အခုအချိန်မှာတော့ နိုင်ငံတကာရဲ့ဖိအားတွေအောက်
မှာ အစိုးရအနေနဲ့လည်း ဘာမှလုပ်လို့မရတော့ပဲ လက်ခံရတော့မှာ သေချာပါတယ် ။ ဒီပြသနာရဲ့ အကြောင်းရင်းကိုထိုးချရတော့မယ်ဆိုရင်တော့ အစိုးရအဆက်ဆက်ရဲ့
ရခိုင်ပြည်နယ်စပ်ကို အာရုံစိုက်အားနည်းမူ့တွေ ၊ ပြည်သူ့ဝန်ထမ်းတွေရဲ့ လာဘ်ပေးလာဘ်ယူ ခြစားမူ့ပြသနာတွေနဲ့ ဘင်္ဂလားဒျေ့်အစိုးရ ရဲ့ အိမ်နီးချင်းကောင်းမပီသစွာ
ကိုယ့်တိုင်းရင်းသား ကိုယ့်လူမျိုးကို ပြန်လည်လက်မခံနိုင်တာတွေကိုပဲ ပြရတော့မှာဖြစ်ပါတော့တယ် ။
မာဃသစ္စာ
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ