[mrsorcerer:36148] သိုဟန်ဘွား

သိုဟန်ဘွား AD 1527-1543

6:52 AM SHAN HISTORY NO COMMENTS

မြန်မာသက္ကရာဇ် (၈၈၈) ခု၊ အေဒီ ၁၅၂၇ ခု အင်းဝပျက်သည့်နှစ်သည်
မင်းဝမင်းနရပတိ၊ ပြည်ဘုရင် ဆင်ဖြူရှင် သတို့မင်းစော၊ ဟံသာဝတီမင်း
ဗညားရံတို့ အနိစ္စရောက်သည့် နှစ်လည်းသည်။ ထိုအချိန်ကား ရှမ်းပြည်တွင်
သိုဟန်ဘွား ဒုတိယအကြိမ် နန်းတက်ခြင်းဖြစ်သည်။

သက္ကရာဇ် (၇၂၆)၊ အေဒီ ၁၃၆၄ ခုတွင် အင်းဝကို သတိုးမင်းဖျားက တည်ထောင်ပြီး
ဘုရင်နရပတိ တိုင်အောင် မင်း ၁၄ ပါးတွင် မင်းစဉ်ပြတ်၍ မိုးညှင်းစဝ်လုံသား
သိုဟန်ဘွားသည် အင်းဝကိုတက်၍ မင်းပြုတော်မူသည်။ သိုဟန်ဘွားကို
အဘစဝ်လုံပေးသော အလုံးအရင်းကား တိုက်ဆင်နှစ်ရာ၊ မြင်းလေးထောင်၊
စစ်သူရဲခြောက်သောင်း ပေးသည်ဟူ၏။ နရပတိ၏တူတော် မင်းကြီးရန်နောင်သည်
အင်းဝပျက်သောအခါ မြို့ပြင်တောအရပ်မှာ ရှောင်ရှားနေသည်ကို
မိုးညှင်းစဝ်လုံကျခါ်၍ "ငါ့သား သိုဟန်ဘွားသည် ဗမာအမှု၌ မလိမ္မာပါ။
မင်းကြီးသွန်သင်ပဲ့ပြင်၍ စီရင်ခင်းစီရင်ဖွယ်ရှိသောအခါ ငါ့သားနှင့်
တိုင်ပင်၍ စီရင်ကွပ်ညှပ်ပါ" ဟူ၍ ဆို၏။ ပြင်စည်မြို့ကိုလည်း ပေး၍ စား၏။
စဝ်လုံလည်း အင်းဝနိုင်ငံကို စီရင်တော်မူပြီးလျှင် မိုးညှင်းသို့ပြန်လေ၏။
သိုဟန်ဘွားလည်း စလင်းမြို့ကို စည်သူကျော်ထင်အားပေး၏။ ပုဂံကို
သတို့အားပေးမြဲပေး၍ စားရ၏။ ကမ်းနီမြို့ကို နော်ရထာအားပေး၏။ ပေါင်းတည်ကို
ပျံချီကိုပေး၏။ အမြင့်ကို သက်တော်ရှည်အားပေး၏။

အင်းဝဘုရင်သိုဟန်ဘွားလည်း ပြည်တောင်ငူသို့ချီ၍ သိမ်းယူမည့်အကြောင်းကို
မင်းကြီးရန်နောင်အား တိုင်ပင်တော်မူသော် မင်းကြီးရန်နောင်လည်း
"ဤစော်ဘွားချီ၍ လုပ်ကြံချေက ပြည်တောင်ငူမျှသည် ခံနိုင်ချိမ့်မည်မဟုတ်။
ယင်းသို့မခံနိုင်၍ ပျက်ခဲ့လျှင် ဗမာနိုင်ငံ ဟူ၍ မရှိပြီ။ ရှမ်းတို့သာ
ဗမာတို့ကို အစိုးရလေတော့မည်။ ကြွင်းမိသည့် ဗမာကြွင်းပါစေ" အမှတ်ရှိ၍
ဤသို့လျှောက်၏။ "ပြည်တောင်ငူကိုချီ၍ လုပ်ကြံတော်မူမည် မိန့်တော်မူရာမှာ
ဆင်မြင်းဗိုလ်ပါသာ ပင်ပန်းတော့မည်။ ဘုန်းတော်ကြောင့် အလိုလိုညွတ်လာလေမည်။
အင်းဝကို အလိုတော်ပြည့်လေပြီးသည်ကို နေဝံ့မည်လော" ဟူ၍ လျှောက်၏။

"သိုဟန်ဘွားကား ကောင်းမှု မကောင်းမှုကိုမသိ။ ရတနာသုံးပါး ကိုလည်း မရိုသေ။
ချီ၍ လုပ်ကြံက ပျက်ချေတော့မည်။" ဟုယူဆ၍ သိုဟန်ဘွားထံ လက်ဆောင်ပဏ္ဏာများ
ဆက်သပြီး ရင်းနှီးမှုကို ရယူမှ နိုင်ငံအရှည်တည်တံ့မည့် အကြောင်းကို
ပြည်တောင်ငူမင်းတို့အား မင်းကြီးရန်နောင်က စကားဆိုသည်။
ပြည်တောင်ငူမင်းတို့လည်း ပဏ္ဏာကာရပို့သကြ၍ အချစ်ကိုယ်တူဖြစ်ကြ၏။
တောင်ငူနယ်စပ်နှင့် အင်းဝကျေးစပ်တွင် ရှမ်းတို့နေလာမည်စိုး၍
ကန်ချောင်းဆည်မြောင်းရှိသမျှကိုလည်း တောင်ငူ မဟာသီရိဇေယျသူရက ဖျက်ဆီးရ၏။
သက္ကရာဇ် (၈၉၂) ခုတွင် တောင်ငူမဟာသီရိ ဇေယျသူရ အနိစ္စရောက်၍
သားတော်မင်းတရား ရွှေထီးမင်းဖြစ်သည်။

သက္ကရာဇ် (၈၉၄) အေဒီ ၁၅၃၂ ခုနှစ်တွင် မိုးညှင်း စဝ်လုံသည်
အင်းဝသို့ချီလာပြီး သားသိုဟန်ဘွားကိုခေါ်ပြီး ပြည်သို့ချီလေသည်။
ပြည်ဘူရင်ထွေးလည်း မိုးညှင်းစဝ်လုံ တို့တိုက်ခိုက်လျှင် အထူးထူးသော
ပုဆိုးကောင်းများကိုယူ၍ အခြွေအရံ (၁၀၀၀) ခန့်နှင့် မိုးညှင်းစဝ်လုံကို
ဆက်သလေ၏။ မိုးညှင်းစဝ်လုံလည်း အခြွေအရံနှင့်တကွ သိမ်းပြီးလျှင်
အင်းဝသို့ပြန်လေသည်။ အင်းဝသို့ရောက်လျှင် အင်းဝတွင် စီမံခန့်ခွဲပြီး
ပြန်လေ၏။ ဒီပဲယင်းသို့ရောက်လျှင် ပြည်ဘုရင်ထွေးကို အခြွေအရံနှင့်တကွ
လွှတ်ပေးလေ၏။ မိုးညှင်းစလုံလည်း မြေတူးအလွန်သို့ ရောက်လျှင်
အတွင်းရှမ်းအပြင်ရှမ်း အချင်းတများရှိရာတွင် မိမိကျွန်အမတ်တို့ လုပ်ကြံ၍
အနိစ္စရောက်တော်မူလေ၏။

အေဒီ ၁၅၃၉ ခုနှစ်တွင် တောင်ငူဘုရင် တပင်ရွှေထီးသည် ဟံသာဝတီကို
တိုက်ခိုက်သိမ်းပိုက်သည်။ မွန်ဘုရင်သူရှင်တကာရွတ်ပိ မခံနိုင်သဖြင့်
ယောက်ဖတော် ပြည်ဘုရင် နရပတိထံသို့ ပူးပေါင်းလေသည်။ တပင်ရွှေထီးတို့သည်
ပြည်အထိ လိုက်၍တိုက်ခိုက်သည်။ ပြည်ဘုရင်လည်း အင်းဝဘုရင် သိုဟန်ဘွားကို
အကူအညီတောင်းသဖြင့် အင်းဝဘုရင် သိုဟန်ဘွားသည် ရေတပ်ဖြင့်
ပြည်သို့ရောက်လာ၏။ ရေတပ်တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ထိုနှစ် ပြည်ကို
တပင်ရွှေထီးတို့က မအောင်နိုင်သေးချေ။ အေဒီ ၁၅၄၁ ခုနှစ်တွင် တပင်ရွှေထီး
ကြည်းတပ်အလုံးအရင်းဖြင့် ပြည်ကို ချီတက်တိုက်ခိုက်ပြန်၏။

ပြည်ကိုဝန်းရံတိုက်ခိုက်စဉ် အင်းဝဘုရင်သိုဟန်ဘွား၊
အုန်းပေါင်းခွန်မှိုင်း၊ မိုးမိတ်သိုချည်ဘွား၊ မိုးညှင်းစဝ်လုံငယ် တို့သည်
ပြည်ဘုရင်ကို ကူညီရန်အတွက်ပြည်သို့ဆင်းလာစဉ် ကျော်ထင်နော်ရထာတို့က
လမ်းတွင်ဆီးကြို တိုက်ခိုက်သဖြင့် ရှမ်းစော်ဘွားများ ပျက်၍ အင်းဝသို့
ဆုတ်ခွာကြရလေသည်။

အင်းဝတွင် သိုဟန်ဘွားသည် "ရဟန်းသံဃာတို့သည် သားမယားမရှိဘဲလျက်
တပည့်တပန်းထား၍ အခြွေအရံဆည်းပူးကြသည်။ ပုန်ကန်သောင်းကျန်းလိုက
ပုန်ကန်သောင်းကျန်းနိုင်ဖွယ် ရှိသည်" ဟု သံဃာတော်များကို အလှူဒါန
လုပ်ဟန်ဖြင့် ပင့်ဆောင်၍ သတ်ပစ်လေသည်။ ထို့ကြောင့် အေဒီ ၁၅၄၈ ခုတွင်
မင်းကြီးရန်နောင်က ပရိယာယ်ဆင်၍ သိုဟန်ဘွားကို လုပ်ကြံသတ်ဖြတ်ပစ်လေသည်။

မှတ်ချက်။ ။အရှင်သုခမိန္ဒ (တန့်ယန်း) ၏ ရှမ်းတိုင်းရင်းသားများ၏
ယုံကြည်မှုနှင့် ဓလေ့ထုံးစံများ စာအုပ်မှကောက်နှုတ်တင်ပြသည်။
--

http://blog.mrjugger.net စာလာဖတ်ဖို့ဖိတ်ခေါ်ပါတယ်

★* 。 • ˚ ˚ ˛ ˚ ˛ •
•。★.★ 。* 。
° 。 ° ˛˚˛ * _Π_____*。*˚
˚ ˛ •˛•˚ */______/~\。˚ ˚ ˛
˚ ˛ •˛• ˚ | 田田 |門| ˚

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။

Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1

မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။

ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ