ပါးစပ်နဲ့ကိုယ် အိုးစားမကွဲဖို့ ဓမ္မဘေရီ အရှင်ဝီရိယ(တောင်စွန်း)၊ နိုဝင်ဘာ ၁၆၊ ၂၀၁၂ မိမိရဲ့ ညာဘက် မျက်စေ့မှာရှိတဲ့ တိမ်ကို လေဆာစနစ်နဲ့ ကုသဖို့ စီစဉ်တဲ့အခါ ထုံးစံအတိုင်း ခန္ဓာကိုယ်ရဲ့  ပကတိခံနိုင်ရည်ကို သိဖို့အတွက် သွေးဖောက်ပြီး ရောဂါစစ်ဆေးဖို့ စီစဉ်ရပါတယ်။ မျက်စေ့ကုသမှုကို ဒေါက်တာ လင်ဒါဗူး (Bach Lan Linda Vu) ဆိုတဲ့ ဗီယက်နမ်အမျိုးသမီး ဆရာဝန်မက ကုသမှာဖြစ်ပေမယ့် ရောဂါစစ်ဆေးမှုကိုတော့ ကုသမှု ကုန်ကျစရိတ်အ၀၀ကို ကုသိုလ်ဖြစ် တာဝန်ယူမယ့် ဒေါက်တာမောင်မောင်ဦးကပဲ သူ့ဆေးခန်းမှာ တာဝန်ယူ စစ်ဆေးပေး ရမှာပါ။           ဒေါက်တာမောင်မောင်ဦးက "မျက်စေ့ ကုသဖို့အတွက်သာမကဘဲ ခန္ဓာကိုယ်တစ်ခုလုံးအတွက်ပါ အပိုအလိုတွေကို သိရအောင် ရောဂါအားလုံးကို စစ်ဆေးပေးမယ် …" ဆိုပြီး သွေးကို ငါးစီစီ [...]

Read more of this post