ဝါရှင်တန်မက်ထရိုအရပ် သပြေညိုကျောင်းရိပ်က မေငြိမ်း မိုးမခအင်တာဗျူး၊ နိုဝင်ဘာ ၂၀၊ ၂၀၁၂           စာရေးဆရာမ၊ မြန်မာစာဆရာမ (ဒေါ်)မေငြိမ်းနဲ့ မိသားစုတို့ ၂၀၀၉ နှစ်ဆန်းပိုင်းမှာ အမေရိကန်ပြည်၊ ၀ါရှင်တန်ဒီစီ မက်ထရိုဒေသကို ပြောင်းရွှေ့အခြေချထိုင်ခဲ့တယ်။ ၂၀၀၈ နှစ်ကုန်ပိုင်းလတွေမှာ စာရေးဆရာမနဲ့ မိသားစုဟာ ထိုင်းမြန်မာနယ်စပ်ဒေသမှာ 'ရွေှ့ပြောင်းမိသားစု'အဖြစ် ရုန်းကန် စွန့်စားမှုတွေကို ဖြတ်သန်းခဲ့ရတယ်။ အမေရိကန်ပြည်ထောင်စုရောက်ရှိပြီး စာပေနဲ့ စာနယ်ဇင်းအသိုင်းအ၀ိုင်းမှာ ကျင်လည်နေရင်းကနေ သူနေထိုင်ရာ ကွန်မြူနီတီနဲ့အတူ မြန်မာဘာသာစကားသင်တန်းကျောင်းလေးတခုကို ကိုယ်ထူ ကိုယ်ထ ကိုယ့်အားကိုယ်ကိုးပြီး မိဘတွေ၊ လူငယ်တွေ၊ ကလေးတွေနဲ့ စုပေါင်းလို့ ဖွင့်လှစ်ခဲ့ကြတယ်။ စာသင်ကျောင်းလေးနံမယ်က သပြေညို။ ပြည်ပမှာ ရောက်ရှိနေတဲ့ စာရေးဆရာမ မေငြိမ်းကို မိုးမခက လက်ရှိဖြတ်သန်းနေမှုနဲ့ မြန်မာကွန်မြူနီတီရဲ့ သပြေညိုကျောင်းရိပ်ကလေးအကြောင်းကို မေးမြန်းဖြစ်ခဲ့ပါတယ်။ မေး။   ။ [...]

Read more of this post