ငါသည် အန္ဓ လူ့ဗာလ ကျော်မိုး (စကားဝါမြေ) နိုဝင်ဘာ ၁၅၊ ၂၀၁၂ ငါ၏ရုပ်သွင် ဟိုယခင်က ဆံပင်မဲနက် ဖွေးညက်စိုပြေ အသားရေနှင့် သွားတွေခိုင်မာ စားလိုရာကို ဝါးကာမျိုချ လွန်အားရ၏ ....။ ရွှင်ပြစိတ်ပျို ခြေလက်ထိုက လိုရာသို့ပါ ကိုယ်ကျန်းမာ၍ ရာထူး,အာဏာ ငွေ,ပညာဖြင့် နေရာတကာ  "ငါ ... ငါ ...ငါ" ဟု ငါမှ ငါကွ တကြွကြွလုပ် မာနတံခွန် ထူခဲ့၏ ...။ ယခုချိန်တွင် ငါ့ရုပ်သွင်က ဆံပင်ဖြူကျဲ  မွဲခြောက်တွန့်ကြေ အသားရေဖြင့် ခါးတွေကကိုင်း နားကထိုင်းလျက် လိုတိုင်းမပါ ခြေလက်နာ၍ ခန္ဓာကပြို စိတ်ကအိုပြီ စားလိုသမျှ အဟာရ၌ သွားကမရှိ ဝါးမျိုကြည့်လဲ မသိရသာ ဖြစ်ရပါ၍ ရင်မှာသောက ဗျာပါဒနှင့် [...]

Read more of this post