ခင်မောင်တိုး … မောင်ရင်ငတေ၊ နိုဝင်ဘာ ၁၆၊ ၂၀၁၂ ဘယ်လိုပဲဖြစ်ဖြစ် … မောင်ရင်ငတေတို့ခေတ်ရဲ့ အကောင်းဆုံးနဲ့ နာမည်အကြီးခဲ့ဆုံး အဆိုတော်၊ မဇ္ဈိမလှိုင်းဆိုတာ သူနဲ့တွဲလျှက်ပါ၊ အခု နှစ်ထောင့်ဆယ်နှစ်ခု မဇ္ဈိမလှိုင်းအဖွဲ့ကိုပဲ မရည်ရွယ်ပါဘူး၊ ဟိုတုန်းက မဇ္စျိမလှိုင်း ကိုပါ၊ ရှေးသရောအခါကို ပြန်လှန်လိုတာမျိုး မဟုတ်ပါဘူး၊ ခင်ဝမ်း နာမည်ကြီးတယ်၊ ခိုင်ထူး နာမည်ကြီးတယ်၊ ခင်မောင်တိုး နာမည်ကြီးတာကိုတော့ ဘယ်သူမှမမှီဘူး၊ ခင်ဝမ်းကို မောင်ရင်ငတေ အကြိုက်ဆုံးပါ၊ ခင်မောင်တိုးသီချင်းတွေ ပေါက်ပြီးမှသာ ခင်ဝမ်းကို လူငယ်တွေ လက်ခံခဲ့တာပါ၊ မောင်ရင်ငတေရဲ့ ဒီအမြင်မှားရင်တောင်မှ ခင်မောင်တိုးကြိုက်သူများ လက်ခံ နိုင်မှာပါ၊ ကိုယ်ပိုင်သံစဉ် အဆိုတော်၊ ဒီဘက်ခေတ်ထိပါလာတဲ့ အဆိုတော်၊ သူ့ရဲ့သီချင်းခွေတွေ ကြိုးကြာသံတို့ မဟာဆန်သူတို့မကပါဘူး၊ ဝိုင်းရဲ့ဆည်းဆာတို့  ဂီတဉ္စလီတို့ အားလုံး … အားလုံးဟာ [...]

Read more of this post