ရောက်တတ်ရာရာ အတိုအစများ မောင်ရင်ငတေ နိုဝင်ဘာ ၇၊ ၂၀၁၂ ● စပျစ်သီးခူးသမား ဒီလဒီရာသီကကောက်ရိတ်သိမ်းပွဲရာသီ ပြင်သစ်လူမျိုးတို့ရဲ့ Les vendanges ခေါ်တဲ့ စပျစ်သီးခူးပွဲ ရာသီ၊ နှစ်စဉ်နှစ်တိုင်း သြဂုတ် စက်တင် ဘာ အောက်တိုဘာဆိုရင် ဒီစပျစ်သီးခူးပွဲလို ရာသီအလုပ် တွေပေါ်တဲ့အချိန်ပေါ့။ မောင်ရင်ငတေတို့လည်း ဒီရာသီရောက်မှာကိုမျှော်ပြီး အလုပ်ရမလားလို့ တောင့်တခဲ့ရတာပေါ့။ ဒီအလုပ်က အချိန်တိုတိုအတွင်းမှာ မြိုးမြိုးမျက်မျက် ရတာမဟုတ်လား၊ ပင်ပန်းသလားတော့ မမေးပါနဲ့ လုပ်ခဲ့ဖူးတဲ့ အလုပ်တွေမှာတော့ အတော့်ကိုပင်ပန်းတဲ့ အလုပ်ပါ။ ဒါပေမဲ့ ပင်ပန်းတယ်ဆိုပေမဲ့ စက်ရုံအလုပ်ရုံတွေထဲမှာလို လှောင်ပိတ် ကျဉ်းကြပ်မှုများစွာနဲ့ စိတ်ကောရုပ်ကော ထွက်ပေါက်ပိတ်နေတာမျိုး မဟုတ်ပါဘူး။ စိတ်လွတ်လပ်စွာ စိမ်းလန်းစိုပြေတဲ့ ကွင်း ပြင်ကျယ်တမျှော်တခေါ်ကြီးမှာ အုပ်စုလိုက်စုဖွဲ့ပြီး တပျော်တပါး လုပ်ရတာဆိုတော့ လုပ်ပျော်ခဲ့ပါတယ်။ ပြင်သစ်ဘဝသက်တမ်း ၁၂ [...]

Read more of this post