အရင်းအနှီးကြီးသော ဆုံးဖြတ်ချက်တခု သော်တာ (မကွေး) နိုဝင်ဘာ ၁၅၊ ၂၀၁၂ "ဟာ...ဦးလေး ..အလည်လာတာလား" တစ်ညနေအပြင်ကအပြန် အမေ့မောင်အငယ်ဆုံးကို ကျနော် တအံ့တသြနှုတ်ဆက်မိတယ်။ မအံ့သြလို့လည်း မနေနိုင်ဘူးဗျ။ ဦးလေးက ရွာမှာ အလုပ်နဲ့လက်ပြတ်တယ်မရှိဘူး။ ကျနော်ရွာကို သုံးလေးနှစ်နေမှ တစ်ခေါက်ရောက်ရင်တောင် ညစာစားပြီးထိုင်ရင်းလုပ်ရတဲ့ ကြိုး ကျစ်တာတို့၊ နှီးဖျှာတာတို့လုပ်ရင်း တူဝရီးနှစ်ယောက် စကားပြောဖြစ်တာလေ။ "မင်းဦးကြီး (ဗဂျီး) ဦးခေါင်းထိပ်က အဖုကြီးလာလို့ ဆေးခန်းလာပြတာ'' တဲ့။ ဦးလေးပြောမှ အိမ်ထောင့်က ခေါက်ကုလားထိုင်ပေါ်မှာ လျော့တိလျော့ရဲထိုင်နေတဲ့ အမေ့အကိုဦးခေါင်းကို သတိထားလိုက်မိတယ်။ ပြောင်နေအောင်ရိတ်ထားတဲ့ ဦးခေါင်းထိပ်တည့်တည့်မှာ တစ်လက်မလောက်ရှိတဲ့ အဖုကြီးတစ်ခုတွေ့ရတယ်။ ဦးလေးတို့ရွာက မြို့နဲ့အ လှမ်းမဝေးလှပါဘူး။ ကျန်းမာရေးအသိတော့ တော်တော်လေးကိုနည်းတယ်။ ရွာမှာက ကျန်းမာရေးဆေးခန်းလည်းမရှိဘူးလေ။ ကျန်းမာ ရေးနှင့်ပတ်သက်လို့ တစ်ခုခုဖြစ်ရင် ကိုပိန်ကိုဘဲအားကိုးနေကြရတာ။ ကိုပိန်မှာလည်း [...]

Read more of this post