ကုသိုလ်မှတ်စု ကျော်သူ - နာရေးကူညီမှုအသင်း (ရန်ကုန်) နိုဝင်ဘာ ၁၆၊ ၂၀၁၂ ● ပုခုံးထမ်းခဲ့သော အလင်းတန်းများ နာရေးကူညီမှုအသင်း(ရန်ကုန်)သည် ၂ဝဝ၁ ခုနှစ်မှစတင်ခဲ့ပြီး အများပြည်သူတို့၏ နာရေးကိစ္စ အဝဝတို့ကို (အခမဲ့) လိုက်ပါပို့ဆောင် ကူညီသင်္ဂြိုလ်ပေးခဲ့သည်မှာ (၁.၁.၂ဝ၁၃) ခုနှစ်ဆိုလျှင် (၁၂) နှစ် တင်းတင်း ပြည့်တော့မည်ဖြစ်သည်။ ၂ဝဝ၇ ခုနှစ်၊ မတ်လ (၂) ရက်နေ့ (တောင်သူလယ်သမားနေ့) တွင် ထပ်မံတိုးချဲ့ကာ သုခကုသိုလ်ဖြစ်ဆေးခန်း၊ ၂ဝ၁ဝ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၃)ရက်နေ့ (ဗိုလ်ချုပ်အောင် ဆန်းမွေးနေ့) တွင် သုခအလင်း စာကြည့်တိုက်အား စတင်ဖွင့်လှစ်ခဲ့သည်။ သုခအလင်း စာကြည့်တိုက်သည် နေ့စဉ်နှင့်အမျှ စာအုပ်ငှားရမ်းကြသူများနှင့် ပြင်ပမှ လာရောက် ဖတ်ရှုလေ့လာကြသူများ၊ စာအုပ်များလာရောက် လှူဒါန်းကြသူများ၊ နယ်ဒေသများရှိ [...]

Read more of this post