ရေးခဲ့မိသော မှတ်တမ်းများ (၂) အုန်းနိုင် နိုဝင်ဘာ ၁၇၊ ၂၀၁၂ ● ကျောင်းသားညီညွတ်ရေးတပ်ဦးခေါင်းဆောင်ဟောင်း ရှေ့နေကြီး ဦးတင်ရွှေ တက္ကသိုလ်ရိပ်သာလမ်း ရုံးရှေ့ရောက်တော့ တွေ့ရတဲ့လူအုပ်ကို ကျနော်နဲ့အတူပါလာတဲ့လူငယ်နှစ်ယောက်က တအံ့တသြဖြစ်ကြပါတယ်။ အဲဒီမှာ မုံရွာက ကိုတင်ရွှေကြီးကိုပါ တွေ့ရပါတယ်။ သူနဲ့လက်ဖက်ရည်ဆိုင်ထိုင်ကြပါတယ်။ ကိုတင်ရွှေကို မန္တလေးနဲ့ အထက်ဗမာပြည်တာ ၀န်ပေးထားလို့ မကြာခင်သွားမယ်လို့ပြောပါတယ်။ ကိုတင်ရွှေဟာ အခု အသက် (၅၀) ကျော်ပြီပေါ့။ (နောက်တော့ စစ်အစိုးရလက်ထက် အကျဉ်းထောင်တွင်းမှာပဲ ကွယ်လွန်ကျဆုံးသွားခဲ့ရပါတယ်)  ဒါပေမယ့် ကျနော်တို့ တက္ကသိုလ်ရောက်စ  ကိုတင်ရွှေရဲ့ပုံသဏ္ဍာန် မပျက်ပါ ဘူး။ ၁၉၅၃ ခုနှစ်လောက်က ရန်ကုန်တက္ကသိုလ်မှာ ကိုတင်ရွှေနဲ့တွေ့ခဲ့တာပါ။ အဲဒီနှစ်လောက်က ကျောင်းသားအရေးအခင်းတစ်ခုမှာ ပါ ၀င်လှုပ်ရှားခဲ့လို့ တက္ကသိုလ်က ရာသက်ပန်ကျောင်းထုပ်ခံခဲ့ရသူပါ။ နောက်သုံးနှစ်လောက်အကြာ ကျောင်းကပြန်လက်ခံတော့ ရန်ကုန် တက္ကသိုလ် [...]

Read more of this post