အမေ့အိမ်က အပြန်၊ ခြင်္သေ့လည်ပြန် အကြည့်၊ ကြိုးကြာငှက်လည်း မရှိတော့ပြီ ဉာဏ်ဦးမောင် နိုဝင်ဘာ ၁၇၊ ၂၀၁၂ လျှော့လျှော့ပေါ့ပေါ့ ပြောရလျင် ခုဆို ကိုယ့်အသက်က သက်လတ်ပိုင်းအရွယ်။ တောမှာမွေးတဲ့ တောသားတစ် ယောက်။ အနုပညာနဲ့တော့ မစိမ်းတဲ့သူ။ ကိုယ့်အရွယ်အရဆိုလျင်ဖြင့် ခေတ်နောက်ကျတယ် လို့ဆိုလေမလား၊ ခေတ်မီတယ်လို့ဆိုလေမလားမသိ။ အနုပညာနယ်ပယ်၊ တိတိကျကျ ပြောရလျင် တေးသီချင်းနယ်ပယ်က မြန် မာပြည်ရဲ့ စတီရီယိုဂန္ထဝင်အဆိုတော်ကြီးသုံးဦးနဲ့ ကောင်းကောင်းရင်းနှီးခဲ့ဖူးတယ်။ တစ်ဦးက ဘိုထီးလို့ခေါ်ကြတဲ့ စိုင်းထီးဆိုင်။ သူ့ကိုစတွေ့တော့ ကိုယ့်အသက်က မငယ်လှတော့။ ငယ်စဉ်က တည်းက စိုင်းထီးဆိုင်အကြောင်းကြားနေခဲ့ဖူးပေမယ့် သူနဲ့စတွေ့တာ ရင်းနှီးတာက ရှစ်ဆယ်ခုနစ်အလွန်များ မှာမှ။ မန္တလေး လားရှိုးပြေးဆွဲတဲ့ လားရှိုးမန်း ဟိုင်းလပ်ကားပေါ်မှာ သူနဲ့စတင်ရင်းနှီးခဲ့ရတာ။ မှတ်မှတ်ရရ။ အဲဒီနေ့က နှင်းတွေသိပ်သိပ်သည်းသည်းကို ဝေနေခဲ့တယ်။ လားရှိုးကိုအသွား [...]

Read more of this post