အော်ရီဂွန်၊ ပေါ့တလန်၊ သီရိမင်္ဂလာကျောင်း စုပေါင်းကထိန်သင်္ကန်းလှူဒါန်းပွဲ မိုးမခဓာတ်ပုံသတင်း၊ နိုဝင်ဘာ ၂၇၊ ၂၀၁၂ အမေရိကန်ပြည်ထောင်စု၊ အော်ရီဂွန်ပြည်နယ်၊ ပေါ့တလန်မြို့၊ သိရီမင်္ဂလာကျောင်းမှာ ၂ဝ၁၂-ခု၊ နိုဝင်ဘာလ(၂၄)ရက်၊ စနေနေ့က ကျင်းပပြုလုပ်တဲ့ စုပေါင်းမဟာဘုံကထိန် သင်္ကန်းဆက်ကပ် လှူဒါန်းပွဲရဲ့ မုဒိတာအလှ ကုသိုလ်ပုံရိပ်လေးများပါ။ ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပူဇော်ပွဲသို့ ၊ ကာလီဖိုးနီးယားပြည်နယ်၊ ဝါရှင်တန်ပြည်နယ်၊ အော်ရီဂွန်ပြည်နယ်တို့မှ သံဃာတော်(၁၁)ပါးကြွရောက်ချီးမြှောက်ကြပါတယ်။ ကြွရောက်လာကြသော သံဃာတော်များနှင့်ဧည့်ပရိသတ်တို့အား အလှူရှင်များဖြစ်သော ။ မမော် ၊ ဇော်ဝင်း။ ကိုဇော်မျိုးသိမ်းမိသားစုတို့က ဆိတ်သားနဲ့ ကြက်သားဒံပေါက်။ ကိုကျော်စွာ မထွေးထွေးဝင်း မိသားစုတို့က သစ်သီးမျိုးစုံ။ အေးမြလှိုင်နှင့် နန်းနွမ်းမိုတို့က စိတ်တိုင်းကျလဘက်ရည်၊ ငှက်ပျောဆနွင်းမကင်း စသည်များဖြင့် ဧည့်ခံကျွေးမွေးကုသိုလ်ပြုကြပါတယ်။ အေးချမ်းလှတဲ့ အော်ရီဂွန်ရဲ့ဆောင်းကာလမှာ မြန်မာမိသားစုများ အချင်းချင်း ကာယကံမေတ္တာ၊ ဝစီကံမေတ္တာများအတူ [...]
Read more of this post