ဆင်းရဲလှချည်- ဒို့မြန်ပြည် ဘုန်းသျှံ (လန်ဒန်ဝိဟာရ)၊ နိုဝင်ဘာ ၁၀၊ ၂၀၁၂ အွန်လိုင်းသတင်းမှာ ဖတ်လိုက်ရပါတယ်၊ လူလိမ် "လူကြီးမင်း"၊ လူညာ "လူကြီးမင်း" ဘာပဲ ညာပဲ-စသည်ဖြင့် ကြမ်းတမ်းသည့် အသွင်ဆောင်သော အရေးအသား အပြောအဆို အသံတွေပဲပေါ့။ ခေတ်မီဖွင့်ဖြိုးစ ဖြစ်လာတဲ့ နိုင်ငံတိုင်းမှာ ဒီလို အခြေအနေ၊ ဒီလို ပြဿနာ၊ ဒီလို ဖြစ်ရပ်တွေက အဆန်းတော့ မဟုတ်လှပါဘူး။ မြန်မာနိုင်ငံလို ပွင့်လင်းစ ဖြစ်နေတဲ့ နိုင်ငံမှာ၊ ဒါဟာ အစပဲ ရှိဦးမှာပါ။ လာမည် မကြာမှီတွေ အများကြီးပါ၊ ဒီလိုသတင်းမျိုးတွေ စောင့်ပြီးတော့သာ ဖတ်ကြရတော့မှာပါ။ ရောင်းသူတွေကလည်း ပုံစံအမျိုးမျိုးနဲ့ ဝယ်လိုသူတွေကို လောဘနဲ့ မက်လုံးပေးကြ။ ဝယ်လိုသူတွေကလည်း ဈေးပေါပေါနဲ့ ရလိုမှု လောဘတွေတက်ကြ။ ရောင်းသူ-ဝယ်သူ အလိုမပြည့်ကြ [...]

Read more of this post