လွမ်းမော … ရာသီ တင်ကိုမင်းညို ။ နိုဝင်ဘာ ၉၊ ၂၀၁၂  လူသည် လွမ်းမောတတ်သော သတ္တ၀ါဖြစ်သည်။ လူနှင့် တိရိစ္ဆာန်အကြား စည်းခြားလိုက်သည့်အရာထဲတွင် လူ၏လွမ်းမောတတ်သော စိတ်ခံစားမှု သတ္တိသည်လည်း ပါဝင်မည်ဟုထင်သည်။ လွမ်းမောတတ်သော အလွမ်းသည် မေတ္တာတရားမှ မြစ်ဖြားခံ ဖြစ်တည်လာသည်ဟု ယုံကြည်သည်။ အိပ်၊ စား၊ ကာမ သုံးခုသာ သိသော၊ ပြုမူလုပ်ဆောင်လျှက်ရှိသော တိရိစ္ဆာန်တွင် မေတ္တာတရားအတွက် နေရာမရှိနိုင်ပေ။ ငယ်ဘ၀ ကစားဖေါ်၊ ကစားဖက် သူငယ်ချင်းများကို လွမ်းသည်။ ငယ်ဘ၀ စာသင်ကျောင်းကလေးကို လွမ်းသည်။ ရွာဦး ဘုန်းတော်ကြီး ကျောင်းတွင် စာစသင်ခဲ့သည်။ ဘုန်းကြီး၏ ကျက်သရေခန်းထဲက ငှက်ပျောခိုင်များကို လွမ်းသည်။ ဘုန်းကြီး ကျိန်းနေချိန် သူငယ်ချင်းများနှင့် ငှက်ပျောသီးခိုးစားကြသောအခါ ဖြစ်ပေါ်လာသည့်ရင်ခုန်သံကို လွမ်းသည်။ ဘုန်းကြီးမိ၍ [...]

Read more of this post