မိုးမခပေးစာ နိုဝင်ဘာ ၂၂၊ ၂၀၁၂ ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ် အမက (၃) မူလတန်းလွန်ကျောင်းရှိ ပညာရေးဝန်ထမ်းများသည် အချိန်ပိုကြေး ဟုဆိုကာ လစဉ် ငါးထောင်ကျပ်မှ တစ်သောင်းကျပ်အထိ တောင်းယူလျက်ရှိသည်။ပြည်သူ့ဘဏ္ဍာငွေများဖြင့် တည်ဆောက်ထားသော နိုင်ငံတော်ပိုင်အဆောက်အဦးဖြစ်သော ကျောင်းကို အလွဲသုံးစားပြုလုပ်လျက်ရှိသည်။ ပြင်ပတွင်လဲ ကျူရှင်များသင်ကြားလျက်ရှိသည်။ ထို့ပြင် စာမေးပွဲချခြင်း၊အမှန်တကယ်ရရှိသော အဆင့်ထက်ချခြင်း စသည့်နည်းလမ်းများဖြင့် အချိန်ပိုနှင့်ကျူရှင်မတက်ရောက်နိုင်သော ဆင်းရဲနွမ်းပါးသော ကျောင်းသားများနှင့်မိဘပြည်သူများကို ပညာအမျိုးမျိုးပြပြီး နှိပ်စက်ကလူ ပြုလျက်ရှိသည်။ အထက်ပါ ပညာရေးဝန်ထမ်းများ၏အကျင့်ပျက်ခြစားမှူများကိုဖော်ထုတ်ရန် နိုင်ငံ့ဝန်ထမ်းတဦးဖြစ်သူ ဦးလှမင်းသည် ရန်ကုန်တိုင်းဒေသ ကြီး ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ် အမက (၃) မူလတန်းလွန်ကျောင်းမှ ပညာရေးဝန်ထမ်းများ ကျောင်းပြင်ပ ကျောင်းချိန်ပြင်ပတွင် ကျူရှင်သင်ကြားနေချိန် နိုဝင်ဘာလ ၁၂ ရက် ၂၀၁၂  ညနေ [...]

Read more of this post