ဝီရသူ (မစိုးရိမ်) နိုဝင်ဘာ ၁၉၊ ၂၀၁၂ 10.11.2012- ရက်နေ့က ဖြစ်သည်။ စာရေးသူသည် စာရေးဆရာကြီး ဦးအောင်သင်းအိမ်သို့ သွားရောက်ဖြစ်ခဲ့၏။ ဆရာကြီးမှာ အသက်(၈၄)နှစ်ကျော် အရွယ်ဖြစ်သည့်အပြင် ခြေဖမိုးများရောင်သည့် ရောဂါကြောင့် အိုမင်းရင့်ရော်လျက်ရှိ၏။ ယခင်ကလို စကားပြောဟန်ပန်ပင် အားမပါတော့ပေ။ ခပ်တိုးတိုး ခပ်ယဲ့ယဲ့သာ ပြောဆိုနိုင်ပေသည်။ စာရေးသူက အသင့်ပါလာသော ကိုယ်တိုင်ရေး စာအုပ်နှင့် အားဆေးတစ်ဗူး လက်ဆောင်ပေးလိုက်၏။ ဆေးကုသ စရိတ်အဖြစ် ငွေကျပ်သုံးသောင်းလည်း ပေးလှူလိုက်၏။ ဆရာကြီးက- "တပည့်တော်က လှူရမှာပါ ကိုယ်တော်"ဟု အားတုံ့အားနာ ပြောရှာလေသည်။ သူရေးသော စာအုပ်တစ်ထပ်ကြီးကိုလည်း တစ်အုပ်ချင်းလက်မှတ်ထိုး၍ ပြန်လှူရှာ၏။ ဆရာကြီးကို ကြည့်ရသည်မှာ စိတ်မချမ်းသာ။ သူကတော့ ဇရာကိုလည်း မှုပုံမရ။ ဗျာဓိကိုလည်း မှုပုံမပေါ်။ စကားတွေ တသီကြီးသာ ပြောနေရှာ၏။ [...]

Read more of this post