ကယ်ပါတိုင်းသား (ပေးစာ) နိုဝင်ဘာ ၂၃၊ ၂၀၁၂ ပုပ္ပါးတောင်သည် နတ်တို့ပျော်စံရာနတ်တောင်။ မြန်မာ့အနုစာပေစတင်ဖွဲ့စပ်ရာ ကဗျာတောင်။ ပရဆေးမျိုးစုံပေါက်ရောက်ရာ ဆေးတောင်။ ရှားပါးမျောက်မျိုးစိတ်နှင့် အခြားတိရစ္ဆာန်တို့ပေါက်ဖွားပျော်မြူးရာ သားပျော်တောင်၊ ကျေးပျော်တောင်။ မြန်မာ့ကိုးကွယ်ယုံကြည်မှုတို့ မြစ်ဖျားခံရာ အမြင့်တောင်။ အခေါင်တောင်။ ထိုတောင် ဤတောင် ကျုပ်တို့ယဉ်ကျေးမှုတောင်ကို ဘာမဟုတ်တဲ့ ဘိလပ်မြေအစားထိုး (pozolan) မှုန့်ထုတ်ဖို့အတွက် တောင်ကြီး အောက်ခြေကို စက်ကြီးစက်ငယ်နဲ့ မရပ်မနား တူးဖောက်ဖြိုဖျက်နေကြပေပြီ။ မကြာခင်မှာ တောင်ကြီးပြိုလဲသွားတော့မှာပါ။ မြန်မာ့ကိုးကွယ်ယုံကြည်မှုကြီးပြိုလဲသွားတော့မှာပါ။ အဓိဋ္ဌာန်ပြု တရားရှာသူတို့နေရာ ပျောက်သွားတော့မှာပါ။ ထိုစက်ရုံကို မြန်မာ့ယဉ်ကျေးမှုနဲ့ သယံဇာတတွေဖျက်ဆီးရာမှာ၊ မြန်မာ့အနာဂတ်ကို ချိန်းချောက်ရာမှာ၊ မြန်မာ့ဂေဟစနစ်ကို ဖျက်ဆီးရာမှာ၊ မြန်မာ့သွေးကြောတွေကို ခုတ်ထစ်ရာမှာ အလွန်နာမည်ကျော်တဲ့ လျှပ်စစ်ဝန်ကြီးဌာနကတည်တာပါ။ ဆည်တွေဆောက်ရာမှာ အဲဒီအမှုန့်တွေသုံးဖို့ပါတဲ့။ တနည်းအားဖြင့်ပြောရရင် ပုပ္ပါးတောင်ကို ဖျော်ပြီး ဆည်ဆောက်မလို့တဲ့။ တိုက်ဆောက် [...]
Read more of this post